Article La Liga Other Premier League Serie A

၂၀၂၁ နွေရာသီဈေးကွက်မှာ စမတ်မကျခဲ့ဘဲ ဖွတ်ကျားကျခဲ့ကြတဲ့ ကမ္ဘာ့ထိပ်သီး ၅ သင်း

၅။ မန်ချက်စတာစီးတီး
ဂျက်ခ် ဂရီးလစ်ရှ်ကို အက်စတန်ဗီလာအသင်းကနေ ပေါင်သန်း ၁၀၀ ပေးပြီး ဗြိတိန်စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ တံခါးပိတ်ချိန်မှာ အင်္ဂလန်သားတဦးနဲ့သာ ကျေနပ်ခဲ့ရပြီး ခဲလေသမျှ သဲရေကျခဲ့ရတဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းအပြင် လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့နဲ့ ဒိတ်ဒိတ်ကြဲသတင်းထွက်ခဲ့သမျှ အဆုံးသတ်မှာတော့ ဘယ်သူမှ မရလိုက်ဘဲ လွဲချော်ခဲ့ရပါတယ်။

အထောင်တိုက်စစ်မှူးဟာကွက်ကို မဖြစ်မနေဖြည့်ရမယ့် နည်းပြ ဂွါဒီယိုလာအနေနဲ့ အဓိကပစ်မှတ်ကြီးဖြစ်တဲ့ ဟာရီကိန်းကို တစိုက်မတ်မတ်လိုက်ပြီး အကြီးအကျယ် ဆွဲဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ စပါးစ်ဥက္ကဌ လီဗိုင်းရဲ့ အာဏာစက်နဲ့သာ ဇာတ်သိမ်းပြီး ဝှိုက်ဟတ်လိန်းမှာ ဆက်နေသွားခဲ့ပြီး ရိုမီလူ လူကာကူးကို နံပါတ် ၉ နေရာအတွက် အားဖြည့်ထားတဲ့ ချဲလ်ဆီးအသင်းကို ယှဉ်ပြီး ပရီးမီးယားလိဂ်ဖလားကို မလုနိုင်လောက်တော့ဘူးလို့ သုံးသပ်ခံထားရပါတယ်။

၄။ ရီးရဲလ်မက်ဒရစ်
ရင်းနေးကွင်းလယ်လူ အီဒူယာဒို ကာမာဗင်ဂါတဦးကို အပြောင်းအရွှေ့ Deadline day မှာ ကောက်ခါငင်ခါ ထပ်ဝယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ အဝင်ထက် အထွက်ကပိုများနေခဲ့ပြီး စွယ်စုံနောက်ခံလူ ဒေးဗစ် အလာဘာရဲ့ ရောက်ရှိလာခြင်းမှာ အသင်းရဲ့ဝါရင့် ဗဟိုခံစစ်အထိုင်ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်နဲ့ ရာဖေးလ် ဗာရွန်းတို့အတွဲကိုလည်း ငြမ်းဖျက်ခဲ့သေးတာက စဉ်းစားမရအောင်ဖြစ်စေခဲ့တာပါ။

ခီလီယန် အမ်ဘာပေကို ရဖို့ နည်းပြ အန်ချယ်လော့တီက စိတ်ကူးခဲ့ပေမယ့် ယူရိုသန်း ၂၀၀ နဲ့ နောက်ဆုံးကမ်းလှမ်းခဲ့တာကို PSG ဘက်က အဖက်မလုပ်ခဲ့သလို နော်ဝေသားကွင်းလယ်ကြယ်ပွင့် မာတင် အော်ဒီဂွါဒ်ကိုလည်း အပြီးသတ်ထုတ်ရောင်းခဲ့ရပေမယ့် ပြင်သစ်သား အီဒူယာဒို ကာမာဗင်ဂါကြောင့် ပြန်အဖတ်ဆယ်နိုင်ခဲ့ပြီး အနာဂတ်ကွင်းလယ်လူကို လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် တိုက်စစ်မှူး အမ်ဘာပေနဲ့ တွဲဖက်ပေးနိုင်မလားဆိုတာကတော့ အကောင်အထည် မပေါ်သေးတဲ့ အိပ်မက်သက်သက်ပဲလို့ ဆိုရမှာပါ။

၃။ အင်တာမီလန်
လက်ရှိ စီးရီးအေချန်ပီယံအသင်းဟာ ဂျူဗင်တပ်စ်ရဲ့ လွှမ်းမိုးမှုကို ချိုးဖျက်ပြီး ဆုဖလားသိမ်းပိုက်စေခဲ့တဲ့ နည်းပြ အန်တိုနီယို ကွန်တီနဲ့ လက်တွဲဖြုတ်ခဲ့တာ ထူးဆန်းနေသလို အသင်းရဲ့ ဂိုးသွင်းဘုရင် တိုက်စစ်မှူး ရိုမီလူ လူကာကူးကိုပါ ပေါင် ၉၇ သန်းနဲ့ ချဲလ်ဆီးအသင်းဆီ ထုတ်ရောင်းခဲ့သေးတာပါ။

နည်းပြသစ် ဆီမိုနီ အင်ဇာဂီလက်ထဲမှာ စတားနောက်ခံလူ ဟာကီမီကလည်း PSG ကို ဒိုးသွားခဲ့သလို လူကာကူးနေရာ အစားထိုးဖို့တော့ ရိုးမားရဲ့ ဝါရင့် အက်ဒင် ဂျက်ကိုနဲ့ ယော်ကွင်း ကော်ရီယာတို့နဲ့ ပြန်ချွေးသိပ်နိုင်ခဲ့ပြီး ညာနောက်ခံနေရာအတွက်တော့ ဒတ်ချ်ညာနောက်ခံလူ ဒင်ဇယ်လ် ဒမ်ဖရီးစ်ကို ပြန်ဖြည့်ခဲ့ပေမယ့် ပရိသတ်အချစ်တော် ကစားသမားနှစ်ဦးကို လက်လွှတ်ခဲ့လို့ ဝိုင်းဆဲတာခံနေရတာလည်းဖြစ်ပါတယ်။

၂။ အာဆင်နယ်
ပေါင်သန်း ၁၅၀ အထိ သုံးစွဲထားတဲ့ အာဆင်နယ်အသင်းကို ဒီစာရင်းမှာ ထည့်ပြောရတာတော့ အနည်းငယ်ထူးဆန်းနေပေမယ့် အပြောင်းအရွှေ့ကိုတော့ အမြော်အမြင်ရှိရှိ လုပ်ဆောင်ခဲ့ရဲ့လားလို့ မေးခွန်းထုတ်ခံနေရတာပါ။ ဘန်ဝှိုက်ကို ဘရိုက်တန်အသင်းကနေ ပေါင်သန်း ၅၀ နဲ့ ခေါ်ထုတ်ခဲ့ပေမယ့် အလားအလာရှိပေမယ့် ငယ်ရွယ်လွန်းတဲ့ အသက် ၂၃ နှစ်သားအတွက်တော့ ဈေးများလွန်းတယ်လို့ သတ်မှတ်ခံထားရပါတယ်။

လီနိုကို ယှဉ်ပြိုင်မယ့် ဒုတိယဂိုးသမားနေရာအတွက် ရှက်ဖီးလ်ရဲ့ အာရွန် ရမ်းစ်ဒေးလ်ကိုလည်း ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့တာကလည်း ၂ ရာသီဆက်တိုက် တန်းဆင်းထားရတဲ့ ဂိုးသမားတဦးအတွက် အသုံးကြမ်းလွန်းနေတာပါ။ အကောင်းဘက်ကကြည့်ရင် မာတင် အော်ဒီဂွါဒ်လို ကွင်းလယ်ဖန်တီးရှင်တဦးကို ရလိုက်သလို တိုမီယာစု၊ နူနို တာဗာရက်စ်၊ ဆမ်ဘီ လိုကွန်ဂါတို့လို လူငယ်ကြယ်ပွင့်တွေကို ဖြည့်ထားနိုင်ခဲ့လို့ အနာဂတ်ပိုင်းတော့ တောက်ပလာဖို့ မျှော်လင့်စရာပါ။

၁။ ဘာစီလိုနာ
GOAT ကြီး လီယွန်နယ် မက်ဆီကို လာလီဂါဘဏ္ဍာရေးစည်းမျဉ်းကြောင့် စာချုပ်သစ်မချုပ်နိုင်တော့ဘဲ PSG အသင်းဆီ ရုပ်ပျက်ဆင်းပျက်နဲ့ လက်လွှတ်ခံခဲ့ရတဲ့ ဘာစီလိုနာကတော့ ဥက္ကဋ္ဌတွေရဲ့ အရှုပ်ထုပ်ဇာတ်လမ်းကြောင့် အနိမ့်ပါးဆုံးဘဝကို ရောက်ရှိနေပြီး အပြောင်းအရွှေ့ Deadline မှာ ယူရိုသန်း ၁၂၀ တန် တိုက်စစ်မှူး ဂရိဇ်မန်းကိုပါ အက်သလက်တီကို မက်ဒရစ်ဆီ အငှား+ယူရိုသန်း ၄၀ နဲ့ ဝယ်ယူခွင့်ထည့်ပြီး ခခယယပြန်ပို့ခဲ့ရလို့ ဘာတခုမှ ရစရာမရှိတော့တာပါ။

မမ်းဖစ္စ ဒီပိုင်းလို တောက်ပနိုင်သေးတဲ့ ကစားသမားကောင်းတဦးကိုတော့ အလွတ်နဲ့ နှိုက်ထုတ်လိုက်နိုင်သလို မက်ဆီနဲ့ ပေါင်းကစားချင်လို့ မန်စီးတီးကနေ ရောက်လာကာမှ ဒဏ်ရာဆိုးနဲ့ ကြုံရပြီး အိပ်မက်ပျက်ခဲ့ရတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကတော့ လွဲချော်ဦးမှာဖြစ်ပြီး အဲရစ် ဂါစီယာနဲ့ ယူးဆွတ်ဖ် ဒီမီယာတို့ကတော့ အတွက်အချက်ကောင်းပြီး စမတ်ကျတဲ့ အပြောင်းအရွှေ့လို့ သတ်မှတ်နိုင်သလို လက်ရှိဘာဆာမှာ Deadline day မှာ ရောက်လာတဲ့ သက်ကြားအို လုခ် ဒီဂျောင်နဲ့ မာတင် ဘရိတ်သ်ဝိတ်တို့နှစ်ဦးကသာ နံပါတ် ၉ နေရာကို တိုက်စစ်ဦးဆောင်ဖို့ရှိနေလို့ ရယ်ချင်စရာလည်းကောင်းနေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ မန္ခ်က္စတာစီးတီး
ဂ်က္ခ္ ဂရီးလစ္ရွ္ကို အက္စတန္ဗီလာအသင္းကေန ေပါင္သန္း ၁၀၀ ေပးၿပီး ၿဗိတိန္စံခ်ိန္တင္ေၾကးနဲ႔ ေခၚယူခဲ့တဲ့ မန္စီးတီးအသင္းဟာ အေျပာင္းအေ႐ႊ႕ တံခါးပိတ္ခ်ိန္မွာ အဂၤလန္သားတဦးနဲ႔သာ ေက်နပ္ခဲ့ရၿပီး ခဲေလသမွ် သဲေရက်ခဲ့ရတဲ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းအျပင္ လီယြန္နယ္ မက္ဆီ၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔နဲ႔ ဒိတ္ဒိတ္ႀကဲသတင္းထြက္ခဲ့သမွ် အဆုံးသတ္မွာေတာ့ ဘယ္သူမွ မရလိုက္ဘဲ လြဲေခ်ာ္ခဲ့ရပါတယ္။

အေထာင္တိုက္စစ္မႉးဟာကြက္ကို မျဖစ္မေနျဖည့္ရမယ့္ နည္းျပ ဂြါဒီယိုလာအေနနဲ႔ အဓိကပစ္မွတ္ႀကီးျဖစ္တဲ့ ဟာရီကိန္းကို တစိုက္မတ္မတ္လိုက္ၿပီး အႀကီးအက်ယ္ ဆြဲေဆာင္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ စပါးစ္ဥကၠဌ လီဗိုင္းရဲ႕ အာဏာစက္နဲ႔သာ ဇာတ္သိမ္းၿပီး ဝႈိက္ဟတ္လိန္းမွာ ဆက္ေနသြားခဲ့ၿပီး ႐ိုမီလူ လူကာကူးကို နံပါတ္ ၉ ေနရာအတြက္ အားျဖည့္ထားတဲ့ ခ်ဲလ္ဆီးအသင္းကို ယွဥ္ၿပီး ပရီးမီးယားလိဂ္ဖလားကို မလုႏိုင္ေလာက္ေတာ့ဘူးလို႔ သုံးသပ္ခံထားရပါတယ္။

၄။ ရီးရဲလ္မက္ဒရစ္
ရင္းေနးကြင္းလယ္လူ အီဒူယာဒို ကာမာဗင္ဂါတဦးကို အေျပာင္းအေ႐ႊ႕ Deadline day မွာ ေကာက္ခါငင္ခါ ထပ္ဝယ္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ အဝင္ထက္ အထြက္ကပိုမ်ားေနခဲ့ၿပီး စြယ္စုံေနာက္ခံလူ ေဒးဗစ္ အလာဘာရဲ႕ ေရာက္ရွိလာျခင္းမွာ အသင္းရဲ႕ဝါရင့္ ဗဟိုခံစစ္အထိုင္ျဖစ္တဲ့ ဆာဂ်ီယို ရာမို႔စ္နဲ႔ ရာေဖးလ္ ဗာ႐ြန္းတို႔အတြဲကိုလည္း ျငမ္းဖ်က္ခဲ့ေသးတာက စဥ္းစားမရေအာင္ျဖစ္ေစခဲ့တာပါ။

ခီလီယန္ အမ္ဘာေပကို ရဖို႔ နည္းျပ အန္ခ်ယ္ေလာ့တီက စိတ္ကူးခဲ့ေပမယ့္ ယူ႐ိုသန္း ၂၀၀ နဲ႔ ေနာက္ဆုံးကမ္းလွမ္းခဲ့တာကို PSG ဘက္က အဖက္မလုပ္ခဲ့သလို ေနာ္ေဝသားကြင္းလယ္ၾကယ္ပြင့္ မာတင္ ေအာ္ဒီဂြါဒ္ကိုလည္း အၿပီးသတ္ထုတ္ေရာင္းခဲ့ရေပမယ့္ ျပင္သစ္သား အီဒူယာဒို ကာမာဗင္ဂါေၾကာင့္ ျပန္အဖတ္ဆယ္ႏိုင္ခဲ့ၿပီး အနာဂတ္ကြင္းလယ္လူကို လာမယ့္ႏွစ္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ တိုက္စစ္မႉး အမ္ဘာေပနဲ႔ တြဲဖက္ေပးႏိုင္မလားဆိုတာကေတာ့ အေကာင္အထည္ မေပၚေသးတဲ့ အိပ္မက္သက္သက္ပဲလို႔ ဆိုရမွာပါ။

၃။ အင္တာမီလန္
လက္ရွိ စီးရီးေအခ်န္ပီယံအသင္းဟာ ဂ်ဴဗင္တပ္စ္ရဲ႕ လႊမ္းမိုးမႈကို ခ်ိဳးဖ်က္ၿပီး ဆုဖလားသိမ္းပိုက္ေစခဲ့တဲ့ နည္းျပ အန္တိုနီယို ကြန္တီနဲ႔ လက္တြဲျဖဳတ္ခဲ့တာ ထူးဆန္းေနသလို အသင္းရဲ႕ ဂိုးသြင္းဘုရင္ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကိုပါ ေပါင္ ၉၇ သန္းနဲ႔ ခ်ဲလ္ဆီးအသင္းဆီ ထုတ္ေရာင္းခဲ့ေသးတာပါ။

နည္းျပသစ္ ဆီမိုနီ အင္ဇာဂီလက္ထဲမွာ စတားေနာက္ခံလူ ဟာကီမီကလည္း PSG ကို ဒိုးသြားခဲ့သလို လူကာကူးေနရာ အစားထိုးဖို႔ေတာ့ ႐ိုးမားရဲ႕ ဝါရင့္ အက္ဒင္ ဂ်က္ကိုနဲ႔ ေယာ္ကြင္း ေကာ္ရီယာတို႔နဲ႔ ျပန္ေခြၽးသိပ္ႏိုင္ခဲ့ၿပီး ညာေနာက္ခံေနရာအတြက္ေတာ့ ဒတ္ခ်္ညာေနာက္ခံလူ ဒင္ဇယ္လ္ ဒမ္ဖရီးစ္ကို ျပန္ျဖည့္ခဲ့ေပမယ့္ ပရိသတ္အခ်စ္ေတာ္ ကစားသမားႏွစ္ဦးကို လက္လႊတ္ခဲ့လို႔ ဝိုင္းဆဲတာခံေနရတာလည္းျဖစ္ပါတယ္။

၂။ အာဆင္နယ္
ေပါင္သန္း ၁၅၀ အထိ သုံးစြဲထားတဲ့ အာဆင္နယ္အသင္းကို ဒီစာရင္းမွာ ထည့္ေျပာရတာေတာ့ အနည္းငယ္ထူးဆန္းေနေပမယ့္ အေျပာင္းအေ႐ႊ႕ကိုေတာ့ အေျမာ္အျမင္ရွိရွိ လုပ္ေဆာင္ခဲ့ရဲ႕လားလို႔ ေမးခြန္းထုတ္ခံေနရတာပါ။ ဘန္ဝႈိက္ကို ဘ႐ိုက္တန္အသင္းကေန ေပါင္သန္း ၅၀ နဲ႔ ေခၚထုတ္ခဲ့ေပမယ့္ အလားအလာရွိေပမယ့္ ငယ္႐ြယ္လြန္းတဲ့ အသက္ ၂၃ ႏွစ္သားအတြက္ေတာ့ ေဈးမ်ားလြန္းတယ္လို႔ သတ္မွတ္ခံထားရပါတယ္။

လီႏိုကို ယွဥ္ၿပိဳင္မယ့္ ဒုတိယဂိုးသမားေနရာအတြက္ ရွက္ဖီးလ္ရဲ႕ အာ႐ြန္ ရမ္းစ္ေဒးလ္ကိုလည္း ေပါင္ ၂၅ သန္းနဲ႔ ေခၚယူခဲ့တာကလည္း ၂ ရာသီဆက္တိုက္ တန္းဆင္းထားရတဲ့ ဂိုးသမားတဦးအတြက္ အသုံးၾကမ္းလြန္းေနတာပါ။ အေကာင္းဘက္ကၾကည့္ရင္ မာတင္ ေအာ္ဒီဂြါဒ္လို ကြင္းလယ္ဖန္တီးရွင္တဦးကို ရလိုက္သလို တိုမီယာစု၊ ႏူႏို တာဗာရက္စ္၊ ဆမ္ဘီ လိုကြန္ဂါတို႔လို လူငယ္ၾကယ္ပြင့္ေတြကို ျဖည့္ထားႏိုင္ခဲ့လို႔ အနာဂတ္ပိုင္းေတာ့ ေတာက္ပလာဖို႔ ေမွ်ာ္လင့္စရာပါ။

၁။ ဘာစီလိုနာ
GOAT ႀကီး လီယြန္နယ္ မက္ဆီကို လာလီဂါဘ႑ာေရးစည္းမ်ဥ္းေၾကာင့္ စာခ်ဳပ္သစ္မခ်ဳပ္ႏိုင္ေတာ့ဘဲ PSG အသင္းဆီ ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ လက္လႊတ္ခံခဲ့ရတဲ့ ဘာစီလိုနာကေတာ့ ဥကၠ႒ေတြရဲ႕ အရႈပ္ထုပ္ဇာတ္လမ္းေၾကာင့္ အနိမ့္ပါးဆုံးဘဝကို ေရာက္ရွိေနၿပီး အေျပာင္းအေ႐ႊ႕ Deadline မွာ ယူ႐ိုသန္း ၁၂၀ တန္ တိုက္စစ္မႉး ဂရိဇ္မန္းကိုပါ အက္သလက္တီကို မက္ဒရစ္ဆီ အငွား+ယူ႐ိုသန္း ၄၀ နဲ႔ ဝယ္ယူခြင့္ထည့္ၿပီး ခခယယျပန္ပို႔ခဲ့ရလို႔ ဘာတခုမွ ရစရာမရွိေတာ့တာပါ။

မမ္းဖစၥ ဒီပိုင္းလို ေတာက္ပႏိုင္ေသးတဲ့ ကစားသမားေကာင္းတဦးကိုေတာ့ အလြတ္နဲ႔ ႏႈိက္ထုတ္လိုက္ႏိုင္သလို မက္ဆီနဲ႔ ေပါင္းကစားခ်င္လို႔ မန္စီးတီးကေန ေရာက္လာကာမွ ဒဏ္ရာဆိုးနဲ႔ ႀကဳံရၿပီး အိပ္မက္ပ်က္ခဲ့ရတဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကေတာ့ လြဲေခ်ာ္ဦးမွာျဖစ္ၿပီး အဲရစ္ ဂါစီယာနဲ႔ ယူးဆြတ္ဖ္ ဒီမီယာတို႔ကေတာ့ အတြက္အခ်က္ေကာင္းၿပီး စမတ္က်တဲ့ အေျပာင္းအေ႐ႊ႕လို႔ သတ္မွတ္ႏိုင္သလို လက္ရွိဘာဆာမွာ Deadline day မွာ ေရာက္လာတဲ့ သက္ၾကားအို လုခ္ ဒီေဂ်ာင္နဲ႔ မာတင္ ဘရိတ္သ္ဝိတ္တို႔ႏွစ္ဦးကသာ နံပါတ္ ၉ ေနရာကို တိုက္စစ္ဦးေဆာင္ဖို႔ရွိေနလို႔ ရယ္ခ်င္စရာလည္းေကာင္းေနတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.