Other Premier League

နယ်သာလန်အတွက်ကစားရင်း ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ပရိသတ်တွေကို ဗန်ဒိုက်စိတ်ပူစေတော့မှာလား?

ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ရာသီက အဆင့် ၃ နဲ့ ဇာတ်သိမ်းနိုင်ခဲ့ပေမယ့် လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ကျေနပ်စရာမဖြစ်နိုင်ခဲ့ဘဲ တရာသီလုံးလွဲချော်စေခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အသင်းခေါင်းဆောင် ဗာဂျီးလ် ဗန်ဒိုက်မပါဝင်တဲ့ အသင်းရဲ့ကစားအားက အတော်လေးရုန်းကန်ခဲ့ရကြတာကို တွေ့ခဲ့ကြရတာပါ။

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ပြောသလို ပရီးမီးယားလိဂ်ဖလားကို ကာကွယ်မှာမဟုတ်ဘဲ နောက်တလုံးထပ်သိမ်းပိုက်ဖို့ ကြိုးစားနေခြင်းသာဖြစ်တယ်ဆိုတဲ့ ပြီးခဲ့တဲ့ရာသီက ကြုံးဝါးမှုကလည်း မှေးမှိန်ခဲ့ရသလို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ခရစ္စမတ်ပွဲကျပ်ကာလမှာတင် အန်ဖီးလ်တပ်သားတွေဟာ ဆုဖလားစိန်ခေါ်သူစာရင်းကနေ ထွက်ခွာခဲ့ရတာပါ။

ဒါဟာ အောက်တိုဘာလက အဲဗာတန်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲစဥ်က ဗန်ဒိုက်ရဲ့ဒဏ်ရာက အသင်းကို ရလဒ်ဆိုးစေတဲ့ အဓိကအကြောင်းအရင်းအဖြစ် ထင်ရှားခဲ့သလို ဒီရာသီမှာတော့ နယ်သာလန်သားကြီးဟာ အကောင်းဆုံးခြေစွမ်းကို ပြသပြီး လီဗာပူးလ်တသင်းလုံးကို တကျော့ပြန်ဦးဆောင်ပြနေတာဖြစ်ပါတယ်။

ဆုဖလားမဲ့ရာသီတခုကို ခါးခါးသီးသီးဖြတ်သန်းခဲ့ရတာဟာ ဗန်ဒိုက်ဆုံးရှုံးခဲ့ရလို့ အသင်းရဲ့ကျောရိုးက ပျောက်ဆုံးခဲ့ရတဲ့အပြင် ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဂျိုးဂိုးမက်ဇ်နဲ့ ဂျိုဝယ်လ် မာတစ်ပ်တို့ရဲ့ ဒဏ်ရာတွေက ထပ်မံနှိပ်စက်ခဲ့တာကြောင့် ကလော့ပ် အခြေခံကျကျ တည်ဆောက်ထားခဲ့တဲ့ ဝါရင့်ခံစစ်ကြောင်းကြီးတခုလုံးဟာ ဒုက္ခလှလှတွေ့ခဲ့ရတာပါ။

အခုအချိန်မှာတော့ လီဗာပူးလ်ကို အသစ်တဖန်မွေးဖွားလာစေတဲ့ ဗန်ဒိုက်ကြောင့် ပျော်ရွှင်မဆုံးဖြစ်နေရပြီး ” ရွိုးရွိုက်စ်ခံစစ်မှူး ” အဖြစ် တကျောံ့ပြန်နာမည်ကောင်းရရှိနေချိန်မှာ နိုင်ငံတကာပြိုင်ပွဲတွေရဲ့ စနိုးစနောင့်ဖြစ်စရာ အနှောင့်အယှက်တခုကလည်း ထပ်မံထိုးနှက်လာဦးမလားဆိုတဲ့ ပရိသတ်တွေရဲ့ စိတ်ပူပန်မှုတွေကိုလည်း မနေ့ညကပဲ နယ်သာလန်ပွဲစဥ်ကနေ မြင်တွေ့ရခဲ့ရတာပါ။

ကမ္ဘာ့ခြေစစ်ပွဲအဖြစ် ကစားကြတဲ့ နယ်သာလန်အသင်းနဲ့ တူရကီအသင်းတို့ရဲ့ပွဲစဥ်မှာ ၆-၁ နဲ့ ဒတ်ချ်တို့က အနိုင်ရခဲ့သလို အသက် ၃၀ အရွယ် ဗန်ဒိုက်ဟာလည်း ပွဲချိန်ပြီးခါနီးမှာ ခြေကျင်းဝတ်ကိုကိုင်ပြီး နာကျင်မှုပြင်းထန်နေဟန်နဲ့ မြေမှာလဲကျသွားခဲ့တာကြောင့် အန်ဖီးလ်ပရိသတ်တွေရဲ့ စိတ်ပူပန်မှုကို ခံယူနေရပြီး သူ့အခြေအနေကိုတော့ ပွဲအပြီးမှာ ပြောပြသွားခဲ့တာပါ။

” ကျွန်တော်အခြေအနေကောင်းပါတယ်။ ကံကောင်းထောက်မစွာပါပဲ။ နာကျင်မှုခံစားရပေမယ့် ​ဒဏ်ရာပြင်းပြင်းတော့ မရလိုက်တာပါ။ ကျွန်တော်က လူကောင်သိပ်ထွားတော့ မြေမှာလှဲချပြီး ဟန်ဆောင်နေတယ်ပဲ ထင်မြင်နေကြတာပါ။ သေချာကြည့်မယ်ဆိုရင်တော့ ကျွန်တော်တကယ်နာကျင်ခဲ့ရပြီး မြက်ခင်းပေါ်မှာ ဖြည်းဖြည်းချင်း ပြုတ်ကျသွားခဲ့တာပါ” လို့ဆိုခဲ့တဲ့ သူ့စကားက သံသရာဆိုး တပတ်ပြန်မလည်ဖို့ မျှော်လင့်နေတဲ့ လီဗာပူးလ်ပရိသတ်တွေအတွက် သက်သာရာရခဲ့သလို တနင်္ဂနွေနေ့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဥ်မှာ ဝင်ကစားဖို့ အခြေအနေကောင်းနေတယ်လို့လည်း သိရှိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ရာသီက အဆင့္ ၃ နဲ႔ ဇာတ္သိမ္းႏိုင္ခဲ့ေပမယ့္ လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ ေက်နပ္စရာမျဖစ္ႏိုင္ခဲ့ဘဲ တရာသီလုံးလြဲေခ်ာ္ေစခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ အသင္းေခါင္းေဆာင္ ဗာဂ်ီးလ္ ဗန္ဒိုက္မပါဝင္တဲ့ အသင္းရဲ႕ကစားအားက အေတာ္ေလး႐ုန္းကန္ခဲ့ရၾကတာကို ေတြ႕ခဲ့ၾကရတာပါ။

လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ေျပာသလို ပရီးမီးယားလိဂ္ဖလားကို ကာကြယ္မွာမဟုတ္ဘဲ ေနာက္တလုံးထပ္သိမ္းပိုက္ဖို႔ ႀကိဳးစားေနျခင္းသာျဖစ္တယ္ဆိုတဲ့ ၿပီးခဲ့တဲ့ရာသီက ႀကဳံးဝါးမႈကလည္း ေမွးမွိန္ခဲ့ရသလို ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ခရစၥမတ္ပြဲက်ပ္ကာလမွာတင္ အန္ဖီးလ္တပ္သားေတြဟာ ဆုဖလားစိန္ေခၚသူစာရင္းကေန ထြက္ခြာခဲ့ရတာပါ။

ဒါဟာ ေအာက္တိုဘာလက အဲဗာတန္နဲ႔ ၂ ဂိုးစီသေရက်ခဲ့တဲ့ မာေဆးဆိုက္ဒ္ဒါဘီပြဲစဥ္က ဗန္ဒိုက္ရဲ႕ဒဏ္ရာက အသင္းကို ရလဒ္ဆိုးေစတဲ့ အဓိကအေၾကာင္းအရင္းအျဖစ္ ထင္ရွားခဲ့သလို ဒီရာသီမွာေတာ့ နယ္သာလန္သားႀကီးဟာ အေကာင္းဆုံးေျခစြမ္းကို ျပသၿပီး လီဗာပူးလ္တသင္းလုံးကို တေက်ာ့ျပန္ဦးေဆာင္ျပေနတာျဖစ္ပါတယ္။

ဆုဖလားမဲ့ရာသီတခုကို ခါးခါးသီးသီးျဖတ္သန္းခဲ့ရတာဟာ ဗန္ဒိုက္ဆုံးရႈံးခဲ့ရလို႔ အသင္းရဲ႕ေက်ာ႐ိုးက ေပ်ာက္ဆုံးခဲ့ရတဲ့အျပင္ ဘူးေလးရာ ဖ႐ုံဆင့္ဆိုသလို ဂ်ိဳးဂိုးမက္ဇ္နဲ႔ ဂ်ိဳဝယ္လ္ မာတစ္ပ္တို႔ရဲ႕ ဒဏ္ရာေတြက ထပ္မံႏွိပ္စက္ခဲ့တာေၾကာင့္ ကေလာ့ပ္ အေျခခံက်က် တည္ေဆာက္ထားခဲ့တဲ့ ဝါရင့္ခံစစ္ေၾကာင္းႀကီးတခုလုံးဟာ ဒုကၡလွလွေတြ႕ခဲ့ရတာပါ။

အခုအခ်ိန္မွာေတာ့ လီဗာပူးလ္ကို အသစ္တဖန္ေမြးဖြားလာေစတဲ့ ဗန္ဒိုက္ေၾကာင့္ ေပ်ာ္႐ႊင္မဆုံးျဖစ္ေနရၿပီး ” ႐ြိဳး႐ြိဳက္စ္ခံစစ္မႉး ” အျဖစ္ တေက်ာံ့ျပန္နာမည္ေကာင္းရရွိေနခ်ိန္မွာ ႏိုင္ငံတကာၿပိဳင္ပြဲေတြရဲ႕ စႏိုးစေနာင့္ျဖစ္စရာ အေႏွာင့္အယွက္တခုကလည္း ထပ္မံထိုးႏွက္လာဦးမလားဆိုတဲ့ ပရိသတ္ေတြရဲ႕ စိတ္ပူပန္မႈေတြကိုလည္း မေန႔ညကပဲ နယ္သာလန္ပြဲစဥ္ကေန ျမင္ေတြ႕ရခဲ့ရတာပါ။

ကမာၻ႔ေျခစစ္ပြဲအျဖစ္ ကစားၾကတဲ့ နယ္သာလန္အသင္းနဲ႔ တူရကီအသင္းတို႔ရဲ႕ပြဲစဥ္မွာ ၆-၁ နဲ႔ ဒတ္ခ်္တို႔က အႏိုင္ရခဲ့သလို အသက္ ၃၀ အ႐ြယ္ ဗန္ဒိုက္ဟာလည္း ပြဲခ်ိန္ၿပီးခါနီးမွာ ေျခက်င္းဝတ္ကိုကိုင္ၿပီး နာက်င္မႈျပင္းထန္ေနဟန္နဲ႔ ေျမမွာလဲက်သြားခဲ့တာေၾကာင့္ အန္ဖီးလ္ပရိသတ္ေတြရဲ႕ စိတ္ပူပန္မႈကို ခံယူေနရၿပီး သူ႔အေျခအေနကိုေတာ့ ပြဲအၿပီးမွာ ေျပာျပသြားခဲ့တာပါ။

” ကြၽန္ေတာ္အေျခအေနေကာင္းပါတယ္။ ကံေကာင္းေထာက္မစြာပါပဲ။ နာက်င္မႈခံစားရေပမယ့္ ​ဒဏ္ရာျပင္းျပင္းေတာ့ မရလိုက္တာပါ။ ကြၽန္ေတာ္က လူေကာင္သိပ္ထြားေတာ့ ေျမမွာလွဲခ်ၿပီး ဟန္ေဆာင္ေနတယ္ပဲ ထင္ျမင္ေနၾကတာပါ။ ေသခ်ာၾကည့္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တကယ္နာက်င္ခဲ့ရၿပီး ျမက္ခင္းေပၚမွာ ျဖည္းျဖည္းခ်င္း ျပဳတ္က်သြားခဲ့တာပါ” လို႔ဆိုခဲ့တဲ့ သူ႔စကားက သံသရာဆိုး တပတ္ျပန္မလည္ဖို႔ ေမွ်ာ္လင့္ေနတဲ့ လီဗာပူးလ္ပရိသတ္ေတြအတြက္ သက္သာရာရခဲ့သလို တနဂၤေႏြေန႔ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ ဝင္ကစားဖို႔ အေျခအေနေကာင္းေနတယ္လို႔လည္း သိရွိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.