La Liga Premier League Transfer News

ကာဗယ္လ္ဟိုကို ေလွ်ာ့ေဈးနဲ႔ ေခၚယူသြားဖို႔ လက္စတာစီးတီးစီစဥ္ေန

ပရီးမီးယားလိဂ္ကလပ္ လက္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိမယ့္ အသင္းကို အားျဖည့္ဖို႔အေနနဲ႔ ရီးရဲလ္ ဘက္တစ္အသင္းရဲ႕ ကြင္းလယ္အဖ်က္ကစားသမား ဝီလီယမ္ ကာဗယ္လ္ဟိုကို လာမယ့္အေျပာင္းအေရႊ႕ကာလမွာ ေခၚယူဖို႔ ႀကဳိတင္ခ်ိတ္ဆက္ေနတယ္လို႔ ဆုိပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ေပၚတူဂီလက္ေရြးစင္ကို လက္စတာရွဳိင္းယားအေျခစိုက္ ပရီးမီးယားလိဂ္ခ်န္ပီယံေဟာင္းအေနနဲ႔ စီးရီးေအကလပ္ အင္တာမီလန္နဲ႔ ယွဥ္ၿပဳိင္ေခၚယူရဖို႔ ရွိေနၿပီး ကိုဗစ္-၁၉ ေၾကာင့္ ေဈးႏွဳန္းသတ္မွတ္ခ်က္က်ဆင္းလာတဲ့ အေနအထားမွာ ေပါင္ ၁၄ သန္းေလာက္နဲ႔ ေခၚယူႏုိင္ဖြယ္ရွိပါတယ္။

အသင္းရဲ႕ ကြင္းလယ္အဖ်က္ပုိင္းမွာ ႏုိင္ဂ်ီးရီးယားလက္ေရြးစင္ ဝီလ္ဖရက္ အန္ဒီဒီ ေျခစြမ္းျပသေနခဲ့ေပမယ့္ အသင္းႀကီးေတြရဲ႕ မ်က္စိက်ေနမွဳအရ အသင္းမွာ ဆက္လက္ထိန္းသိမ္းထားႏုိင္ဖို႔ လက္စတာတို႔အေနနဲ႔ မေသခ်ာတာေၾကာင့္ ႀကဳိတင္အားျဖည့္မွဳအျဖစ္ ကာဗယ္လ္ဟိုကို ရည္ရြယ္ေနတာလည္းျဖစ္ပါတယ္။

လာလီဂါမွာ ေနာက္ပုိင္းႏွစ္ေတြမွာ ကစားသမားေကာင္းေတြ ေခၚယူထားခဲ့ၿပီး ေျခစြမ္းတက္လာခဲ့တဲ့ ဘက္တစ္အေနနဲ႔ ကိုဗစ္-၁၉ ကာလမွာ သူတုိ႔ရဲ႕ ကစားသမားေကာင္းေတြကို ထိန္းသိမ္းႏုိင္ဖို႔ ခက္ခဲလာခဲ့ၿပီး ဘဏၰာေရးအေျခအေနအရ ျပန္လည္လက္လႊတ္ရဖို႔ ရွိေနသလို ကာဗယ္လ္ဟိုကို ေရာင္းခ်ခဲ့ရင္ေတာ့ ေျပာင္းေရႊ႕ေၾကးကို စပုိ႔တင္းလစၥဘြန္းနဲ႔ ၇၅-၂၅ စီ ခြဲယူရမွာလည္းျဖစ္ပါတယ္။

ေပၚတူဂီလက္ေရြးစင္အသင္းရဲ႕ သက္တမ္းအဆင့္ဆင့္ကို ကိုယ္စားျပဳ ျဖတ္သန္းခဲ့ၿပီး လက္ရွိမွာ လက္ေရြးစင္အသင္းႀကီးအတြက္ ၅၉ ပြဲကစား ၄ ဂိုးသြင္းယူထားခဲ့တဲ့ ကာဗယ္လ္ဟိုဟာ ဥေရာပရဲ႕ အေကာင္းဆုံးကြင္းလယ္လူေတြထဲက တစ္ဦးျဖစ္ၿပီး သူ႕ကို ေခၚယူႏုိင္သလို အန္ဒီဒီကိုပါ ဆက္လက္ထိန္းသိမ္းထားႏုိင္ခဲ့မယ္ဆုိရင္ေတာ့ လက္စတာအသင္းရဲ႕ ပုိမိုအားေကာင္းတဲ့ပုံစံကို လာမယ့္ရာသီမွာ ေတြ႕ျမင္ရဖို႔ရွိတယ္လုိ႔ ခန္႔မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမယ့် အသင်းကို အားဖြည့်ဖို့အနေနဲ့ ရီးရဲလ် ဘက်တစ်အသင်းရဲ့ ကွင်းလယ်အဖျက်ကစားသမား ဝီလီယမ် ကာဗယ်လ်ဟိုကို လာမယ့်အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ကြိုတင်ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ကို လက်စတာရှိုင်းယားအခြေစိုက် ပရီးမီးယားလိဂ်ချန်ပီယံဟောင်းအနေနဲ့ စီးရီးအေကလပ် အင်တာမီလန်နဲ့ ယှဉ်ပြိုင်ခေါ်ယူရဖို့ ရှိနေပြီး ကိုဗစ်-၁၉ ကြောင့် ဈေးနှုန်းသတ်မှတ်ချက်ကျဆင်းလာတဲ့ အနေအထားမှာ ပေါင် ၁၄ သန်းလောက်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။

အသင်းရဲ့ ကွင်းလယ်အဖျက်ပိုင်းမှာ နိုင်ဂျီးရီးယားလက်ရွေးစင် ဝီလ်ဖရက် အန်ဒီဒီ ခြေစွမ်းပြသနေခဲ့ပေမယ့် အသင်းကြီးတွေရဲ့ မျက်စိကျနေမှုအရ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လက်စတာတို့အနေနဲ့ မသေချာတာကြောင့် ကြိုတင်အားဖြည့်မှုအဖြစ် ကာဗယ်လ်ဟိုကို ရည်ရွယ်နေတာလည်းဖြစ်ပါတယ်။

လာလီဂါမှာ နောက်ပိုင်းနှစ်တွေမှာ ကစားသမားကောင်းတွေ ခေါ်ယူထားခဲ့ပြီး ခြေစွမ်းတက်လာခဲ့တဲ့ ဘက်တစ်အနေနဲ့ ကိုဗစ်-၁၉ ကာလမှာ သူတို့ရဲ့ ကစားသမားကောင်းတွေကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲလာခဲ့ပြီး ဘဏ္ဏာရေးအခြေအနေအရ ပြန်လည်လက်လွှတ်ရဖို့ ရှိနေသလို ကာဗယ်လ်ဟိုကို ရောင်းချခဲ့ရင်တော့ ပြောင်းရွှေ့ကြေးကို စပို့တင်းလစ္စဘွန်းနဲ့ ၇၅-၂၅ စီ ခွဲယူရမှာလည်းဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ သက်တမ်းအဆင့်ဆင့်ကို ကိုယ်စားပြု ဖြတ်သန်းခဲ့ပြီး လက်ရှိမှာ လက်ရွေးစင်အသင်းကြီးအတွက် ၅၉ ပွဲကစား ၄ ဂိုးသွင်းယူထားခဲ့တဲ့ ကာဗယ်လ်ဟိုဟာ ဥရောပရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်သလို အန်ဒီဒီကိုပါ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင်တော့ လက်စတာအသင်းရဲ့ ပိုမိုအားကောင်းတဲ့ပုံစံကို လာမယ့်ရာသီမှာ တွေ့မြင်ရဖို့ရှိတယ်လို့ ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.