Other Leagues Premier League Transfer News

ေပါင္ႏွစ္သန္းနဲ႔ ေခၚယူႏုိင္မယ့္ ေနာက္ခံလူအတြက္ အာဆင္နယ္ခ်ိတ္ဆက္ေန

အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ ေငြေၾကး ေခၽြေခၽြတာတာ သုံးစြဲရဖို႔ ရွိေနတာမွာ ေျခစြမ္းရွိၿပီး ေဈးကြက္ေပါက္ေဈးအရ သက္သာစြာ ေခၚယူႏုိင္မယ့္ ကစားသမားေတြကို သူတုိ႔ရဲ႕ ကင္းေထာက္ကြန္ယက္ေတြက ရွာေဖြေနၿပီး ေဘဆယ္လ္အသင္းက ေနာက္ခံလူတစ္ဦးကို ခ်ိတ္ဆက္ေနတယ္လို႔ သိရပါတယ္။

အီ႐ိုင္း ၾကြမ္မိုင္ (Eray Cömert) လို႔ အမည္ရတဲ့ အသက္ ၂၂ ႏွစ္အရြယ္ ေနာက္ခံလူဟာ ၂၀၁၆-၁၇ ရာသီမွာ ဆြစ္ဇာလန္ကလပ္ ေဘဆယ္လ္ရဲ႕ အသင္းႀကီး လူစာရင္းကို ထုိးေဖာက္ဝင္ေရာက္ႏုိင္ခဲ့သူျဖစ္ၿပီး တူရကီႏြယ္ဖြားတစ္ဦးျဖစ္ေပမယ့္ ေမြးဖြားရာႏုိင္ငံကိုပဲ ကိုယ္စားျပဳခဲ့တာလည္းျဖစ္ပါတယ္။

ဆြစ္ဇာလန္လူငယ္လက္ေရြးစင္အသင္းေတြမွာ ယူ-၁၆ အဆင့္ကေန စတင္ေရြးခ်ယ္ခံခဲ့ရတဲ့ ၾကြမ္မိုင္ဟာ ၂၀၁၉ ခုႏွစ္ထဲမွာ လက္ေရြးစင္အသင္းႀကီးအတြက္ ပထမဆုံးပြဲကို ကစားခြင့္ရရွိထားၿပီး ေဘဆယ္လ္အသင္းနဲ႔ ပြဲေပါင္း ၇၃ ပြဲ ကစားၿပီးခဲ့သူလည္းျဖစ္ပါတယ္။

ဒီရာသီမွာ အသင္းအတြက္ ၃၅ ပြဲ ပါဝင္ကစားေပးထားတဲ့ ၾကြမ္မိုင္ဟာ အသင္းနဲ႔အတူ ၁၄ ပြဲ Clean Sheet ရယူႏုိင္ခဲ့ၿပီး အသင္းနဲ႔အတူ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာလည္း ေျခစြမ္းျပႏုိင္လုိ႔ သူ႕ကို ဥေရာပအသင္းတခ်ဳိ႕ကလည္း သတိထားမိလာခဲ့တာျဖစ္ၿပီး ဒီထဲမွာ အာဆင္နယ္လည္း ပါဝင္လာခဲ့တာပါ။

ေဈးကြက္ေပါက္ေဈး ယူ႐ို ၂ သန္းခြဲ (ေပါင္ ၂ သန္း)သာ တန္ေၾကးရွိေနတဲ့ ကစားသမားကို အလြယ္တကူေခၚယူလို႔ ရရွိမယ္ဆုိရင္ေတာ့ အာဆင္နယ္တုိ႔အတြက္ စြန္႔စားလို႔ အဆင္ေျပႏုိင္တဲ့ ေခၚယူမွဳလည္းျဖစ္ႏုိင္ၿပီး ဂါလာတာစာေရးအသင္းကလည္း သူ႕ရဲ႕ တူရကီအႏြယ္ကို အေၾကာင္းျပဳၿပီး ေခၚယူဖို႔ ခ်ဥ္းကပ္ေနေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ငွေကြေး ချွေချွေတာတာ သုံးစွဲရဖို့ ရှိနေတာမှာ ခြေစွမ်းရှိပြီး ဈေးကွက်ပေါက်ဈေးအရ သက်သာစွာ ခေါ်ယူနိုင်မယ့် ကစားသမားတွေကို သူတို့ရဲ့ ကင်းထောက်ကွန်ယက်တွေက ရှာဖွေနေပြီး ဘေဆယ်လ်အသင်းက နောက်ခံလူတစ်ဦးကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

အီရိုင်း ကြွမ်မိုင် (Eray Cömert) လို့ အမည်ရတဲ့ အသက် ၂၂ နှစ်အရွယ် နောက်ခံလူဟာ ၂၀၁၆-၁၇ ရာသီမှာ ဆွစ်ဇာလန်ကလပ် ဘေဆယ်လ်ရဲ့ အသင်းကြီး လူစာရင်းကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သူဖြစ်ပြီး တူရကီနွယ်ဖွားတစ်ဦးဖြစ်ပေမယ့် မွေးဖွားရာနိုင်ငံကိုပဲ ကိုယ်စားပြုခဲ့တာလည်းဖြစ်ပါတယ်။

ဆွစ်ဇာလန်လူငယ်လက်ရွေးစင်အသင်းတွေမှာ ယူ-၁၆ အဆင့်ကနေ စတင်ရွေးချယ်ခံခဲ့ရတဲ့ ကြွမ်မိုင်ဟာ ၂၀၁၉ ခုနှစ်ထဲမှာ လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးပွဲကို ကစားခွင့်ရရှိထားပြီး ဘေဆယ်လ်အသင်းနဲ့ ပွဲပေါင်း ၇၃ ပွဲ ကစားပြီးခဲ့သူလည်းဖြစ်ပါတယ်။

ဒီရာသီမှာ အသင်းအတွက် ၃၅ ပွဲ ပါဝင်ကစားပေးထားတဲ့ ကြွမ်မိုင်ဟာ အသင်းနဲ့အတူ ၁၄ ပွဲ Clean Sheet ရယူနိုင်ခဲ့ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ပွဲစဉ်တွေမှာလည်း ခြေစွမ်းပြနိုင်လို့ သူ့ကို ဥရောပအသင်းတချို့ကလည်း သတိထားမိလာခဲ့တာဖြစ်ပြီး ဒီထဲမှာ အာဆင်နယ်လည်း ပါဝင်လာခဲ့တာပါ။

ဈေးကွက်ပေါက်ဈေး ယူရို ၂ သန်းခွဲ (ပေါင် ၂ သန်း)သာ တန်ကြေးရှိနေတဲ့ ကစားသမားကို အလွယ်တကူခေါ်ယူလို့ ရရှိမယ်ဆိုရင်တော့ အာဆင်နယ်တို့အတွက် စွန့်စားလို့ အဆင်ပြေနိုင်တဲ့ ခေါ်ယူမှုလည်းဖြစ်နိုင်ပြီး ဂါလာတာစာရေးအသင်းကလည်း သူ့ရဲ့ တူရကီအနွယ်ကို အကြောင်းပြုပြီး ခေါ်ယူဖို့ ချဉ်းကပ်နေကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.