Premier League

ဇြန္လပထမပတ္မွာ ပြဲေတြ ျပန္စဖို႔ မီးစိမ္းျပလုိက္တဲ့ ပရီးမီးယားလိဂ္

လာမယ့္ဇြန္လတစ္ရက္ေန႔က စၿပီး ႏုိင္ငံအတြင္းက ထိပ္တန္းအားကစားၿပဳိင္ပြဲေတြ ျပန္လည္စတင္ဖို႔ အဂၤလန္အစိုးရရဲ႕ ေထာက္ခံခ်က္ကို ရရွိခဲ့အၿပီးမွာ ပရီးမီးယားလိဂ္အေနနဲ႔ ဇြန္လ ပထမပတ္အတြင္းမွာ ပြဲစဥ္ေတြ ျပန္လည္စတင္ႏုိင္ဖို႔ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

ပြဲစဥ္ေတြကိုေတာ့ စီစဥ္ထားတဲ့အတုိင္း ကြင္းပိတ္က်င္းပသြားမွာျဖစ္ၿပီး လူစုလူေဝးနဲ႔ ထိေတြ႕မွဳေတြကိုလည္း ေရွာင္ရွားသြားဖို႔ တားျမစ္ခ်က္ေတြ ထုတ္ျပန္ထားသလို ကြင္းထဲမွာလည္း ပြဲတြင္း ပါဝင္ရမယ့္သူေတြအတြက္ သတ္မွတ္အေရအတြက္ကိုသာ စိစစ္ခြင့္ျပဳသြားမွာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၉ ရက္ေန႔ကတည္းက က်င္းပျခင္းမရွိေတာ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို လာမယ့္ ဇြန္လအတြင္းက တနဂၤေႏြေန႔တစ္ရက္မွာ အေစာဆုံးက်င္းပႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾကၿပီး ျပကၡဒိန္အရေတာ့ ဇြန္လ ၇ ရက္ေန႔မွာ ပြဲစဥ္တစ္ခုလုံးကို အသင္း ၂၀ စလုံးပါဝင္မယ့္ ၁၀ ပြဲကို တစ္ေန႔တည္း ကစားသြားဖြယ္ရွိေနပါတယ္။

မူလေဆြးေႏြးမွဳေတြအရေတာ့ တန္းဆင္းဇုန္ေၾကာက္လို႔ ကိုဗစ္-၁၉ အေၾကာင္းျပၿပီး ကန္႔ကြက္ေနၾကတဲ့ ၆ သင္းကို ခ်န္ထားၿပီး က်န္တဲ့ ၁၄ သင္းရဲ႕ မဲေပးမွဳေတြနဲ႔ ဇြန္လ ၁၂ ရက္ေန႔၊ ေသာၾကာေန႔မွာ စတင္ဖို႔ စီစဥ္ထားေပမယ့္ အေျခအေနေတြအရ ေစာတာပဲျဖစ္ျဖစ္၊ ေနာက္က်တာပဲျဖစ္ျဖစ္ ရက္အေျပာင္းအလဲ ရွိလာႏုိင္ပါတယ္။

ပရီးမီးယားလိဂ္နဲ႔ အာဏာပုိင္ အဖြဲ႕အစည္းေတြရဲ႕ က်န္းမာေရး စံခ်ိန္စံညႊန္းေတြနဲ႔ အျပည့္စုံဆုံး ကြင္း ၁၀ ကြင္းမွာ က်င္းပမယ့္ အစီအစဥ္ကိုေတာ့ အေျပာင္းအလဲလုပ္သြားမလား ေစာင့္ၾကည့္ရဖြယ္ ရွိေနၿပီး အေဝးကြင္းမွာ သြားေရာက္ကစားရမယ့္ အသင္းငယ္ေတြရဲ႕ ကန္႔ကြက္မွဳေၾကာင့္ ျပန္လည္စဥ္းစားသြားဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လာမယ့်ဇွန်လတစ်ရက်နေ့က စပြီး နိုင်ငံအတွင်းက ထိပ်တန်းအားကစားပြိုင်ပွဲတွေ ပြန်လည်စတင်ဖို့ အင်္ဂလန်အစိုးရရဲ့ ထောက်ခံချက်ကို ရရှိခဲ့အပြီးမှာ ပရီးမီးယားလိဂ်အနေနဲ့ ဇွန်လ ပထမပတ်အတွင်းမှာ ပွဲစဉ်တွေ ပြန်လည်စတင်နိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

ပွဲစဉ်တွေကိုတော့ စီစဉ်ထားတဲ့အတိုင်း ကွင်းပိတ်ကျင်းပသွားမှာဖြစ်ပြီး လူစုလူဝေးနဲ့ ထိတွေ့မှုတွေကိုလည်း ရှောင်ရှားသွားဖို့ တားမြစ်ချက်တွေ ထုတ်ပြန်ထားသလို ကွင်းထဲမှာလည်း ပွဲတွင်း ပါဝင်ရမယ့်သူတွေအတွက် သတ်မှတ်အရေအတွက်ကိုသာ စိစစ်ခွင့်ပြုသွားမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကတည်းက ကျင်းပခြင်းမရှိတော့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့် ဇွန်လအတွင်းက တနင်္ဂနွေနေ့တစ်ရက်မှာ အစောဆုံးကျင်းပနိုင်ဖို့ မျှော်လင့်နေကြပြီး ပြက္ခဒိန်အရတော့ ဇွန်လ ၇ ရက်နေ့မှာ ပွဲစဉ်တစ်ခုလုံးကို အသင်း ၂၀ စလုံးပါဝင်မယ့် ၁၀ ပွဲကို တစ်နေ့တည်း ကစားသွားဖွယ်ရှိနေပါတယ်။

မူလဆွေးနွေးမှုတွေအရတော့ တန်းဆင်းဇုန်ကြောက်လို့ ကိုဗစ်-၁၉ အကြောင်းပြပြီး ကန့်ကွက်နေကြတဲ့ ၆ သင်းကို ချန်ထားပြီး ကျန်တဲ့ ၁၄ သင်းရဲ့ မဲပေးမှုတွေနဲ့ ဇွန်လ ၁၂ ရက်နေ့၊ သောကြာနေ့မှာ စတင်ဖို့ စီစဉ်ထားပေမယ့် အခြေအနေတွေအရ စောတာပဲဖြစ်ဖြစ်၊ နောက်ကျတာပဲဖြစ်ဖြစ် ရက်အပြောင်းအလဲ ရှိလာနိုင်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ကျန်းမာရေး စံချိန်စံညွှန်းတွေနဲ့ အပြည့်စုံဆုံး ကွင်း ၁၀ ကွင်းမှာ ကျင်းပမယ့် အစီအစဉ်ကိုတော့ အပြောင်းအလဲလုပ်သွားမလား စောင့်ကြည့်ရဖွယ် ရှိနေပြီး အဝေးကွင်းမှာ သွားရောက်ကစားရမယ့် အသင်းငယ်တွေရဲ့ ကန့်ကွက်မှုကြောင့် ပြန်လည်စဉ်းစားသွားဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.