Analysis Bundesliga Ligue1 Other Premier League

မက်ဆီ၊ ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျင်ညိုတို့ကို ကျော်ဖြတ်ပြီး ဘလွန်ဒေါဆုကို လီဗန်ဒေါ့ဗ်စကီး ဘာကြောင့်ဆွတ်ခူးရရှိနိုင်သလဲ?

ဒီနှစ် ဘလွန်ဒေါဆုအတွက် စိန်ခေါ်မှုအပြင်းထန်ဆုံးအဖြစ် အပြိုင်ဖြစ်နေတဲ့ ထိပ်ဆုံးကကစားသမား ၃ ဦးကို ညွှန်းဆိုပါဆိုရင်တော့ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ လီယွန်နယ် မက်ဆီနဲ့ ဂျော်ဂျင်ဟိုတို့က လုံးဝပြေးမလွတ်နိုင်သလို ဒီထဲမှာမှ ဘယ်သူက ဘလွန်ဒေါဆုနဲ့ အထိုက်တန်ဆုံးဖြစ်မလည်းဆိုတာကိုတော့ အချက်အလက်အရ ရွေးချယ်သွားရမှာပါ။

ကိုဗစ်ကပ်ဆိုးကြောင့် ၂၀၂၀ ခုနှစ်ရဲ့ ဘလွန်ဒေါဆုနဲ့ ဟက်တက်ကြီးလွဲချော်သွားခဲ့တဲ့ ပိုလန်သားရဲ့ ဝမ်းနည်းစရာအဖြစ်က ဒီနှစ်မှာတော့ ပြန်အဖတ်ဆယ်နိုင်ခဲ့မယ်ဆိုရင် ပိုပြီးလှပသွားဦးမှာပါ။ မက်ဆီ၊ ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျင်ဟိုတို့ကို ကျော်ဖြတ်ပြီး ဘလွန်ဒေါဆုကို လီဗန်ဒေါ့ဗ်စကီး ဘာကြောင့်ဆွတ်ခူးသင့်တာလဲ? ဒီမေးခွန်းကို အချက် ၅ ချက်နဲ့ ဖြေပေးချင်ပါတယ်။

ဘွန်ဒက်လီဂါဖလားတလုံး၊ ကမ္ဘာ့ကလပ်ချန်ပီယံဖလားတလုံး၊ ဂျာမန်စူပါဖလား ၂လုံးသိမ်းပိုက်ထားသူ
ဘလွန်ဒေါဆုဟာ တနှစ်တာအကောင်းဆုံးစွမ်း​ဆောင်ထားတဲ့ တဦးတည်းသောကစားသမားကိုသာ ရွေးချယ်ချီးမြှင့်လေ့ရှိပေမယ့် တကိုယ်တော်အစွမ်းပြမှုတွေကို အတိုင်းအတာတခုအထိသာ ငဲ့ကြည့်လေ့ရှိပြီး အသင်းလိုက်အောင်မြင်မှုကိုသာ ပိုအ​လေးထားပြီး ရွေးချယ်လေ့ရှိသလို အသင်းလိုက်စိတ်ဓာတ်ကသာ အခရာကျတယ်လို့ ဆိုနိုင်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးကို ကြည့်ရင်တော့ ဒီအချက်နဲ့ ပြီးပြည့်စုံနေတာကို တွေ့ရပြီး အထက်ပါဆုဖလား ၃ လုံးကို ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ တရာသီအတွင်း ဆွတ်ခူးထားခဲ့တာကြောင့် ဘလွန်ဒေါဆုအတွက် မှတ်ကျောက်တင်ခံထားရပြီဖြစ်သလို ၂၀၂ဝ-၂၁ ဘောလုံးရာသီရဲ့ ဂျာမန်ဘွန်ဒက်လီဂါ တနှစ်တာအကောင်းဆုံးကစားသမားဆုရှင်လည်းဖြစ်ခဲ့တဲ့အပြင် ၅၉ ဂိုးသွင်းပြီး ၁၁ ဂိုးအထိဖန်တီးထားတာကလည်း အားရစရာပါ။

ပြီးခဲ့တဲ့ရာသီတလျှောက် မက်ဆီနဲ့ ဂျော်ဂျင်ညိုတို့ထက် ခြေစွမ်းပိုတည်​​ငြိမ်ခဲ့သူ
ပြီးခဲ့တဲ့ ဆယ်စုနှစ်တလျှောက် ကမ္ဘာ့အတည်​ငြိမ်ဆုံးခြေစွမ်းပိုင်ရှင်စာရင်းထဲမှာ လီဗန်ဒေါ့ဗ်စကီးကိုလည်း ထည့်သွင်းရမှာဖြစ်သလို ပြီးခဲ့တဲ့ရာသီတလျှောက်မှာတော့ အသက် ၃၃ နှစ်သားကြီးက မအိုဆေ းစားထားသလို သူ့ဘဝရဲ့ အမြင့်ဆုံးခြေစွမ်းနဲ့ ခေါင်အထိရောက်လာခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အကွဲအပြဲများခဲ့တဲ့ ပြီးခဲ့တဲ့ရာသီတာထွက်မှာ ဘာစီလိုနာအသင်းက ရုန်းကန်နေခဲ့ရပြီး သူလည်း ပုံမှန်ခြေစွမ်းကို မထိန်းသိမ်းနိုင်ခဲ့သလို ၂၀၂၁ ခုနှစ်ထဲ ရောက်လာတော့မှသာ ထိပ်တန်း​ခြေစွမ်းကို ပြန်ရခဲ့ပြီး ဂျော်ဂျင်ညိုကို ကြည့်မယ်ဆိုရင်လည်း လမ်းပတ်လက်ထဲမှာ လုံးဝမအောင်မြင်ခဲ့သလို တူဟယ်လ်ရောက်လာတဲ့ ဇန်နဝါရီကမှစပြီး ပြန်ခြေစွာနိုင်ခဲ့ပြီး ပိုလန်တိုက်စစ်မှုးကြီးကတော့ ဥရောပရွှေဖိနပ်ဆု၊ ဘွန်ဒက်လီဂါရွှေဖိနပ်ဆုအပြင် ဘိုင်ယန်ဂန္ထဝင် ဂတ်မူလာရဲ့ ဂိုးသွင်းစံချိန်ကိုပါ ရိုက်ချိုးနိုင်ခဲ့တာကို တွေ့ရမှာပါ။

ဒီရာသီအဖွင့်မှာလည်း ဂိုးတဒိုင်းဒိုင်းသွင်းနေတယ်
ဘလွန်ဒေါဆုရဲ့ သဘာဝက ဆုမချီးမြှင့်ခင်အချိန်အထိ ပြသနေတဲ့ခြေစွမ်းကိုပါ ထည့်သွင်းကြည့်ရှုတာဖြစ်ပြီး ဒီရာသီ ဘွန်ဒက်လီဂါနဲ့ ဂျာမန်စူပါဖလားမှာလည်း ၄ ပွဲကစား ၇ ဂိုးအထိသွင်းယူထားပြီဖြစ်သလို ပြီးခဲ့တဲ့ရာသီက အတောက်ပဆုံးခြေစွမ်းကို အကျမခံဘဲ ဆက်လက်သယ်ဆောင်လာနိုင်ခဲ့တာပါ။

လီဗန်ဒေါ့ဗ်စကီးအကြောင်းပြောမယ်ဆိုတိုင်း ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ် မက်ဆီတို့နဲ့ တတန်းတည်းထားလို့ရတဲ့ တသမတ်တည်း​ခြေစွမ်းတည်ငြိမ်မှုက သေချာပေါက်အသိအမှတ်ပြုစရာဖြစ်သလို ဒီနှစ်အတွက် ဘလွန်ဒေါဆု​ပြေးလမ်းကြောင်း ပြိုင်ဘက်ချန်ထားရစ်မယ့် အဓိကအားသာချက်လည်းဖြစ်နေတာပါ။

ဥရောထိပ်သီးလိဂ် ၅ ခုမှာ ဂိုးသွင်းနှုန်းအများဆုံးသူ
ဒါဟာ လီဗန်ဒေါ့ဗ်စကီးကို မျက်ကွယ်ပြုလို့မရတဲ့ လက်ရှိခြေစွမ်းပိုင်းဖြစ်ပါတယ်။ မက်ဆီတို့ CR7 တို့ဟာ တရာသီကို ဂိုး ၅၀ နဲ့အထက်သွင်းတယ်ဆိုတာမျိုး အကြိမ်ကြိမ်လုပ်ပြခဲ့ဖူးသလို ပြီးခဲ့တဲ့ရာသီကိုကြည့်ရင်လည်း အမြင့်ပျံနေတဲ့ ပိုလန်သားကြီးက ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားထားပြီး ၄၈ ဂိုးနဲ့ ဖန်တီးမှု ၉ ​ကြိမ်ပြုလုပ်ထားတာပါ။

ဒါဟာ ဘိုင်ယန်အသင်း ၅၇ ဂိုးအထိရဖို့ တဦးတည်းပါဝင်ပတ်သက်ထားတဲ့မှတ်တမ်းဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းနှုန်းက တပွဲကို ၁.၂ ဂိုးရှိပြီး ဒီနှစ်အတွက်တော့ ဘယ်တိုက်စစ်မှူးကမှ လိုက်မမီတဲ့ နှုန်းထားမျိုးဖြစ်သလို လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အာလင်း ဟာလန်းနဲ့ ခီလီယံ အမ်ဘာပေတို့တောင် အခုထိမစွမ်းပြနိုင်သေးတာပါ။

ဘွန်ဒက်လီဂါမှာ စံချိန်ချိုးခဲ့တဲ့ရာသီ
၂၀၂၀-၂၁ ရာသီရဲ့ ဘွန်ဒက်လီဂါရွှေဖိနပ်ဆုအပြင် ဥရောပရွှေဖိနပ်ဆုကိုပါ ၄၁ ဂိုးသွင်းပြီး ဆွတ်ခူးထားတဲ့ လီဗန်ဒေါ့ဗ်စကီးက ဘွန်ဒက်လီဂါတရာသီအတွင်း ဂိုးအများဆုံးစံချိန်ရှင်ဖြစ်တဲ့ ဂန္ထဝင်တိုက်စစ်မှုးကြီး ဂတ်မူလာရဲ့ သွင်းဂိုး ၄၀ ကို ကျော်ဖြတ်သွားနိုင်ခဲ့တာဖြစ်ပြီး ဒီထက်ပိုထူးခြားတဲ့အချက်ကလည်း ရှိနေပါသေးတယ်။

အဲဒါကတော့ သူဟာ အဆိုပါ ၄၁ ဂိုးလုံးအပြင် ဖန်တီးမှု ၇ ကြိမ်ကိုပါ ၂၇ ပွဲအတွင်းရအောင် စွမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ပါးစပ်အဟောင်းသားဖြစ်စရာမှတ်တမ်းအရ ပျမ်းမျှ တပွဲ ၁.၅ အထိ သွင်းခဲ့တဲ့နှုန်းထားက ကြောက်ခမန်းလိလိပါ။ ဒါဟာ ဂတ်မူလာရဲ့ ၄၉ ကြာတည်တံ့နေတဲ့ စံချိန်ဟောင်းကိုလည်း အသစ်ရေးနိုင်ခဲ့ပြီး ဒီလို အမြင့်ဆုံးအထိရောက်နေတဲ့ ခြေစွမ်းပိုင်ရှင်ထက် ဘလွန်ဒေါဆုနဲ့ ပိုထိုက်တန်ပါတယ်ဆိုတဲ့သူက လက်ညှိုးညွှန်စရာ မရှိတော့တာလည်းဖြစ်ကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီႏွစ္ ဘလြန္ေဒါဆုအတြက္ စိန္ေခၚမႈအျပင္းထန္ဆုံးအျဖစ္ အၿပိဳင္ျဖစ္ေနတဲ့ ထိပ္ဆုံးကကစားသမား ၃ ဦးကို ၫႊန္းဆိုပါဆိုရင္ေတာ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ လီယြန္နယ္ မက္ဆီနဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔က လုံးဝေျပးမလြတ္ႏိုင္သလို ဒီထဲမွာမွ ဘယ္သူက ဘလြန္ေဒါဆုနဲ႔ အထိုက္တန္ဆုံးျဖစ္မလည္းဆိုတာကိုေတာ့ အခ်က္အလက္အရ ေ႐ြးခ်ယ္သြားရမွာပါ။

ကိုဗစ္ကပ္ဆိုးေၾကာင့္ ၂၀၂၀ ခုႏွစ္ရဲ႕ ဘလြန္ေဒါဆုနဲ႔ ဟက္တက္ႀကီးလြဲေခ်ာ္သြားခဲ့တဲ့ ပိုလန္သားရဲ႕ ဝမ္းနည္းစရာအျဖစ္က ဒီႏွစ္မွာေတာ့ ျပန္အဖတ္ဆယ္ႏိုင္ခဲ့မယ္ဆိုရင္ ပိုၿပီးလွပသြားဦးမွာပါ။ မက္ဆီ၊ ေရာ္နယ္လ္ဒိုနဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔ကို ေက်ာ္ျဖတ္ၿပီး ဘလြန္ေဒါဆုကို လီဗန္ေဒါ့ဗ္စကီး ဘာေၾကာင့္ဆြတ္ခူးသင့္တာလဲ? ဒီေမးခြန္းကို အခ်က္ ၅ ခ်က္နဲ႔ ေျဖေပးခ်င္ပါတယ္။

ဘြန္ဒက္လီဂါဖလားတလုံး၊ ကမာၻ႔ကလပ္ခ်န္ပီယံဖလားတလုံး၊ ဂ်ာမန္စူပါဖလား ၂လုံးသိမ္းပိုက္ထားသူ
ဘလြန္ေဒါဆုဟာ တႏွစ္တာအေကာင္းဆုံးစြမ္း​ေဆာင္ထားတဲ့ တဦးတည္းေသာကစားသမားကိုသာ ေ႐ြးခ်ယ္ခ်ီးျမႇင့္ေလ့ရွိေပမယ့္ တကိုယ္ေတာ္အစြမ္းျပမႈေတြကို အတိုင္းအတာတခုအထိသာ ငဲ့ၾကည့္ေလ့ရွိၿပီး အသင္းလိုက္ေအာင္ျမင္မႈကိုသာ ပိုအ​ေလးထားၿပီး ေ႐ြးခ်ယ္ေလ့ရွိသလို အသင္းလိုက္စိတ္ဓာတ္ကသာ အခရာက်တယ္လို႔ ဆိုႏိုင္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးကို ၾကည့္ရင္ေတာ့ ဒီအခ်က္နဲ႔ ၿပီးျပည့္စုံေနတာကို ေတြ႕ရၿပီး အထက္ပါဆုဖလား ၃ လုံးကို ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ တရာသီအတြင္း ဆြတ္ခူးထားခဲ့တာေၾကာင့္ ဘလြန္ေဒါဆုအတြက္ မွတ္ေက်ာက္တင္ခံထားရၿပီျဖစ္သလို ၂၀၂ဝ-၂၁ ေဘာလုံးရာသီရဲ႕ ဂ်ာမန္ဘြန္ဒက္လီဂါ တႏွစ္တာအေကာင္းဆုံးကစားသမားဆုရွင္လည္းျဖစ္ခဲ့တဲ့အျပင္ ၅၉ ဂိုးသြင္းၿပီး ၁၁ ဂိုးအထိဖန္တီးထားတာကလည္း အားရစရာပါ။

ၿပီးခဲ့တဲ့ရာသီတေလွ်ာက္ မက္ဆီနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ထက္ ေျခစြမ္းပိုတည္​​ၿငိမ္ခဲ့သူ
ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တေလွ်ာက္ ကမာၻ႔အတည္​ၿငိမ္ဆုံးေျခစြမ္းပိုင္ရွင္စာရင္းထဲမွာ လီဗန္ေဒါ့ဗ္စကီးကိုလည္း ထည့္သြင္းရမွာျဖစ္သလို ၿပီးခဲ့တဲ့ရာသီတေလွ်ာက္မွာေတာ့ အသက္ ၃၃ ႏွစ္သားႀကီးက မအိုေဆ းစားထားသလို သူ႔ဘဝရဲ႕ အျမင့္ဆုံးေျခစြမ္းနဲ႔ ေခါင္အထိေရာက္လာခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ အကြဲအၿပဲမ်ားခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီတာထြက္မွာ ဘာစီလိုနာအသင္းက ႐ုန္းကန္ေနခဲ့ရၿပီး သူလည္း ပုံမွန္ေျခစြမ္းကို မထိန္းသိမ္းႏိုင္ခဲ့သလို ၂၀၂၁ ခုႏွစ္ထဲ ေရာက္လာေတာ့မွသာ ထိပ္တန္း​ေျခစြမ္းကို ျပန္ရခဲ့ၿပီး ေဂ်ာ္ဂ်င္ညိဳကို ၾကည့္မယ္ဆိုရင္လည္း လမ္းပတ္လက္ထဲမွာ လုံးဝမေအာင္ျမင္ခဲ့သလို တူဟယ္လ္ေရာက္လာတဲ့ ဇန္နဝါရီကမွစၿပီး ျပန္ေျခစြာႏိုင္ခဲ့ၿပီး ပိုလန္တိုက္စစ္မႈးႀကီးကေတာ့ ဥေရာပေ႐ႊဖိနပ္ဆု၊ ဘြန္ဒက္လီဂါေ႐ႊဖိနပ္ဆုအျပင္ ဘိုင္ယန္ဂႏၴဝင္ ဂတ္မူလာရဲ႕ ဂိုးသြင္းစံခ်ိန္ကိုပါ ႐ိုက္ခ်ိဳးႏိုင္ခဲ့တာကို ေတြ႕ရမွာပါ။

ဒီရာသီအဖြင့္မွာလည္း ဂိုးတဒိုင္းဒိုင္းသြင္းေနတယ္
ဘလြန္ေဒါဆုရဲ႕ သဘာဝက ဆုမခ်ီးျမႇင့္ခင္အခ်ိန္အထိ ျပသေနတဲ့ေျခစြမ္းကိုပါ ထည့္သြင္းၾကည့္ရႈတာျဖစ္ၿပီး ဒီရာသီ ဘြန္ဒက္လီဂါနဲ႔ ဂ်ာမန္စူပါဖလားမွာလည္း ၄ ပြဲကစား ၇ ဂိုးအထိသြင္းယူထားၿပီျဖစ္သလို ၿပီးခဲ့တဲ့ရာသီက အေတာက္ပဆုံးေျခစြမ္းကို အက်မခံဘဲ ဆက္လက္သယ္ေဆာင္လာႏိုင္ခဲ့တာပါ။

လီဗန္ေဒါ့ဗ္စကီးအေၾကာင္းေျပာမယ္ဆိုတိုင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ လီယြန္နယ္ မက္ဆီတို႔နဲ႔ တတန္းတည္းထားလို႔ရတဲ့ တသမတ္တည္း​ေျခစြမ္းတည္ၿငိမ္မႈက ေသခ်ာေပါက္အသိအမွတ္ျပဳစရာျဖစ္သလို ဒီႏွစ္အတြက္ ဘလြန္ေဒါဆု​ေျပးလမ္းေၾကာင္း ၿပိဳင္ဘက္ခ်န္ထားရစ္မယ့္ အဓိကအားသာခ်က္လည္းျဖစ္ေနတာပါ။

ဥေရာထိပ္သီးလိဂ္ ၅ ခုမွာ ဂိုးသြင္းႏႈန္းအမ်ားဆုံးသူ
ဒါဟာ လီဗန္ေဒါ့ဗ္စကီးကို မ်က္ကြယ္ျပဳလို႔မရတဲ့ လက္ရွိေျခစြမ္းပိုင္းျဖစ္ပါတယ္။ မက္ဆီတို႔ CR7 တို႔ဟာ တရာသီကို ဂိုး ၅၀ နဲ႔အထက္သြင္းတယ္ဆိုတာမ်ိဳး အႀကိမ္ႀကိမ္လုပ္ျပခဲ့ဖူးသလို ၿပီးခဲ့တဲ့ရာသီကိုၾကည့္ရင္လည္း အျမင့္ပ်ံေနတဲ့ ပိုလန္သားႀကီးက ၿပိဳင္ပြဲစုံ ပြဲ ၄၀ ကစားထားၿပီး ၄၈ ဂိုးနဲ႔ ဖန္တီးမႈ ၉ ​ႀကိမ္ျပဳလုပ္ထားတာပါ။

ဒါဟာ ဘိုင္ယန္အသင္း ၅၇ ဂိုးအထိရဖို႔ တဦးတည္းပါဝင္ပတ္သက္ထားတဲ့မွတ္တမ္းျဖစ္ၿပီး သူ႔ရဲ႕ ဂိုးသြင္းႏႈန္းက တပြဲကို ၁.၂ ဂိုးရွိၿပီး ဒီႏွစ္အတြက္ေတာ့ ဘယ္တိုက္စစ္မႉးကမွ လိုက္မမီတဲ့ ႏႈန္းထားမ်ိဳးျဖစ္သလို လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ အာလင္း ဟာလန္းနဲ႔ ခီလီယံ အမ္ဘာေပတို႔ေတာင္ အခုထိမစြမ္းျပႏိုင္ေသးတာပါ။

ဘြန္ဒက္လီဂါမွာ စံခ်ိန္ခ်ိဳးခဲ့တဲ့ရာသီ
၂၀၂၀-၂၁ ရာသီရဲ႕ ဘြန္ဒက္လီဂါေ႐ႊဖိနပ္ဆုအျပင္ ဥေရာပေ႐ႊဖိနပ္ဆုကိုပါ ၄၁ ဂိုးသြင္းၿပီး ဆြတ္ခူးထားတဲ့ လီဗန္ေဒါ့ဗ္စကီးက ဘြန္ဒက္လီဂါတရာသီအတြင္း ဂိုးအမ်ားဆုံးစံခ်ိန္ရွင္ျဖစ္တဲ့ ဂႏၴဝင္တိုက္စစ္မႈးႀကီး ဂတ္မူလာရဲ႕ သြင္းဂိုး ၄၀ ကို ေက်ာ္ျဖတ္သြားႏိုင္ခဲ့တာျဖစ္ၿပီး ဒီထက္ပိုထူးျခားတဲ့အခ်က္ကလည္း ရွိေနပါေသးတယ္။

အဲဒါကေတာ့ သူဟာ အဆိုပါ ၄၁ ဂိုးလုံးအျပင္ ဖန္တီးမႈ ၇ ႀကိမ္ကိုပါ ၂၇ ပြဲအတြင္းရေအာင္ စြမ္းေဆာင္ခဲ့ျခင္းျဖစ္ၿပီး ပါးစပ္အေဟာင္းသားျဖစ္စရာမွတ္တမ္းအရ ပ်မ္းမွ် တပြဲ ၁.၅ အထိ သြင္းခဲ့တဲ့ႏႈန္းထားက ေၾကာက္ခမန္းလိလိပါ။ ဒါဟာ ဂတ္မူလာရဲ႕ ၄၉ ၾကာတည္တံ့ေနတဲ့ စံခ်ိန္ေဟာင္းကိုလည္း အသစ္ေရးႏိုင္ခဲ့ၿပီး ဒီလို အျမင့္ဆုံးအထိေရာက္ေနတဲ့ ေျခစြမ္းပိုင္ရွင္ထက္ ဘလြန္ေဒါဆုနဲ႔ ပိုထိုက္တန္ပါတယ္ဆိုတဲ့သူက လက္ညႇိဳးၫႊန္စရာ မရွိေတာ့တာလည္းျဖစ္ေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.