International Match Report Other Premier League

ရော်နယ်လ်ဒိုမရှိလည်း အပူအပင်မရှိခဲ့တဲ့ အဇာဘိုင်ဂျန် ဝ-၃ ပေါ်တူဂီ ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

ပရီးမီးယားလိဂ်ကစားသမား ၃ ဦးရဲ့အသီးအပွင့်ကိုစားရတဲ့ ပေါ်တူဂီရဲ့နိုင်ပွဲ
ရော်နယ်လ်ဒိုမပါတဲ့ ပေါ်တူဂီရဲ့နိုင်ပွဲကတော့ သက်သောင့်သက်သာပဲ ရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေတဆင့် မြို့ခံပြိုင်ဘက်ကစားသမား ဘာနက်ဒို ဆေးလ်ဗားက အထင်ကြီးစရာ​ကောင်းလွန်းတဲ့ဂိုးတဂိုးကို သွင်းယူသွားခဲ့သလို ဒုတိယဂိုးမှာလည်း ဘရူနိုကပဲ လီဗာပူးလ်တိုက်စစ်မှူး ဒီယိုဂို ဂျိုတာအတွက် ထပ်မံဖန်တီးပေးခဲ့ပေမယ့် အန်ဒရေ ဆေးလ်ဗားက အဆုံးသတ်သွားခဲ့သလို ဒုတိယပိုင်းမှာတော့ ဂျိုတာက ပွဲသိမ်းဂိုးကို သွင်းယူပြီး မန်စီးတီးကစားသမား ကန်ဆယ်လိုက ဖန်တီးမှုပြုလုပ်ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ကစားသမား ၃ ဦးရဲ့အသီးကိုစားရတဲ့ ပေါ်တူဂီရဲ့နိုင်ပွဲကတော့ ချိုမြိန်သွားခဲ့ပါတယ်။

ပေါ်တူဂီကို အစဥ်အလာမပြတ် ဂိုးမသွင်းသေးတဲ့ အဇာဘိုင်ဂျန်
အဇာဘိုင်ဂျန်အသင်းက ပြီးခဲ့တဲ့မတ်လမှာ ပေါ်တူဂီနဲ့ ကစားစဥ်ကလည်း ဂိုးပေါက်ပျောက်သွားနေခဲ့သလို အဲဒီနောက်ပိုင်းကစားရတဲ့ ကမ္ဘာ့ခြေစစ်ပွဲစဥ်တိုင်းမှာ ဂိုးရခဲ့ပေမယ့် ဒီနေ့ပွဲမှာလည်း ထပ်ပြီးဂိုးမိုးခေါင်ခဲ့ပြန်ပါတယ်။ သမိုင်းကြောင်းအရ ပေါ်တူဂီနဲ့ ပြိုင်ပွဲစုံ ၈ ကြိမ်တွေ့ဆုံရာမှာ ၁ ဂိုးသာ စျေးဦးပေါက်ထားပြီး ဒါဟာလည်း ၁၉၉၉ ခုနှစ်ကဖြစ်တာမို့ ဒီအသင်းနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် ဂိုးမရတာ နှစ် ၂၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

၁၄ ပွဲဆက် ရှူံးပွဲမရှိစံချိန်နဲ့ သာယာနေတဲ့ ပေါ်တူဂီ
ဒီနေ့နိုင်ပွဲကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ပေါ်တူဂီအသင်းအတွက် ၁၄ ပွဲဆက် ရှူံးပွဲမရှိစံချိန်ကို ရေးထိုးနိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ခြေစစ်ပွဲ ၅ ပွဲမှာလည်း ဆာဘီးယားအသင်းကို မတ်လတုန်းက ၂ ဂိုးစီသရေကျခဲ့တာကိုလွဲရင် ၄ ပွဲအထိ အနိုင်ကစားထားတာပါ။ ဒါ့အပြင် ဒီအဆင့်မှာ အင်အားနည်းအသင်းတွေနဲ့ တွေ့ဆုံရ​တယ်ဆိုတာ မှန်ကန်ပေမယ့် ၁၃ ပွဲအနိုင်၊ ၁ ပွဲသရေမှာ ၄၃ ဂိုးအထိသွင်းယူပြီး ၆ ဂိုးသာခွင့်ပြထားရလို့ ကောင်းမွန်လွန်းလှတဲ့မှတ်တမ်းလို့ ဆိုရမှာပါ။

ရော်နယ်လ်ဒိုမရှိလည်း အပူအပင်မရှိ
ဒီပွဲက ပေါ်တူဂီတို့ ချွေးမှထွက်ရဲ့လားလို့ မေးယူရမယ့်နိုင်ပွဲမျိုးဖြစ်ပြီး နည်းပြ ဖာနန်ဒို ဆန်းတို့စ်ရဲ့အသင်းကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုမပါလည်း အတောင့်တင်းဆုံးနဲ့ ပါရမီအပြည့်ဝဆုံးလူစာရင်း​ကို ပိုင်ဆိုင်ထားခြင်းမှာ ဂိုးဧရိယာထဲမှ အဆုံးသတ်ဖို့ အချိတ်အဆက်မိမိလှုပ်ရှားနေတဲ့ တိုက်စစ်မှူး အန်ဒရေ ဆေးလ်ဗားနဲ့ ဒီယိုဂို ဂျိုတာ၊ တောင်ပံတလျှောက်ကနေ ဖြတ်တင်ပေးပို့ပြီး ဘောလုံးတွေခင်းပေးနေတဲ့ ဘာနတ်ဒို ဆေးလ်ဗား၊ အစဥ်အလာမပြတ် ဖန်တီးပေးပို့မှုတွေကို အချိန်ပြည့် သပ်သပ်ရပ်ရပ်နဲ့ လှလှပပပြုလုပ်နေတဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့အစွမ်းက အံ့မခန်းဖြစ်ခဲ့တာပါ။

ကွင်းလယ်ကို ဘုရင်လိုကြီးစိုးခဲ့ပြန်တဲ့ စစ်သူကြီး ဘရူနို ဖာနန်ဒက်စ်
ဒီနေ့ပွဲက ဘရူနို ဖာနန်ဒက်စ်ရဲ့ပွဲလို့ ဆိုရမှာပါ။ Rating အရ ၁၀ မှတ်မှာ ၁၀ မှတ်အပြည့်ရတယ်လို့ ဆိုနိုင်လောက်တဲ့အထိ တိကျကောင်းမွန်သပ်ရပ်တဲ့ ကစားဟန်နဲ့ ပေါ်တူဂီကွင်းလယ်တခုလုံးကို အင်ဂျင်တလုံးလို မောင်းနှင်ပြီး ပြိုင်ဘက်ကွင်းလယ်ကို ဆရာတဆူလို ကြီးစိုးကစားသွားခဲ့တာပါ။ ရော်နယ်လ်ဒိုပြီးရင် ပေါ်တူဂီရဲ့အကောင်းဆုံးကစားသမားလို့ဆိုရမယ့် စစ်သူကြီးရဲ့ အဓိကချက်ကောင်းပေးပို့မှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ်ရခဲ့ပြီး မန်ယူနိုက်တက်မှာလည်း သူက အခုထိ အဝေးကွင်းရှူံးပွဲမရှိသေးတဲ့ ကစားသမားဖြစ်ပါတယ်။

နိုင်ငံ့ပွဲတိုင်းလည်း ခြေစွမ်းတောက်ပတဲ့ ဒီယိုဂို ဂျိုတာ
လီဗာပူးလ်တိုက်စစ်မှူး ဒီယိုဂို ဂျိုတာဟာ လီဗာပူးလ်အသင်းနဲ့ ပွဲတွေမှာသာမက မိခင်ပေါ်တူဂီနိုင်ငံအသင်းနဲ့ ပွဲတွေမှာလည်း အမြဲခြေစွမ်းပြလေ့ရှိပြီး ယခုပွဲမှာလည်း ဘရူနို ဖာနန်ဒက်စ်ပြီးရင် ဒီပွဲရဲ့ ခြေစွမ်းအတောက်ပဆုံးကစားသမားလို့ သတ်မှတ်နိုင်သလို ဘရူနိုက ၁၀ မှတ်အပြည့်ရတယ်လို့ဆိုရင် သူရဲ့ Rating က ၈ မှတ်ခွဲအထိ ထိုက်တန်ခဲ့သူပါ။ တိုက်စစ်မှူးတယောက်အနေနဲ့ ကစားပုံမှာ တွဲလုံးပိုင်းတွေကအစ အပြစ်ပြောစရာ မရှိသလို ဘောလုံးပိုင်ဆိုင်မှုတွေကိုပါ ပါးပါးနပ်နပ်နဲ့ လှုပ်ရှားကစားပြီး ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း တဂိုးသွင်းပြီး အောင်ပွဲခံခွင့်ရခဲ့သူပါ။

ကိုယ်ပိုင်တန်ဖိုးကို ဆက်လက်ပြသသွားတဲ့ ရူဘင် ဒီယာ့စ်
ဒီပွဲမှာ မန်စီးတီးဗဟိုခံစစ်မှုး ရူဘင် ဒီယာ့စ်တယောက် ဘာတွေလုပ်ပြသွားခဲ့လဲလို့မေးရင် သူ့အလုပ်ပဲသူလုပ်သွားခဲ့တယ်လို့ ဆိုနိုင်သလို ဒါဟာ ကျေကျေညက်ညက်၊ သေ​သေသပ်သပ်နဲ့ ပုံမှန်အလုပ်တခုကို ထမင်းစားရေသောက်သလိုနီးပါး လုပ်ပြသွားခဲ့တာပါ။ အမြင့်ဘောအသာစီးရယူမှုအပိုင်းက ထပ်ချီးကျူးစရာရှိသလို ပြိုင်ဘက်ကစားသမားတွေကို လှုပ်မရအောင် အတိအကျထိန်းချုပ်သွားခဲ့လို့ ၈ မှတ်အထိ ပေးလို့ရတဲ့ ခံစစ်စွမ်းဆောင်ရည်မျိုးလို့ သတ်မှတ်ရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ကစားသမား ၃ ဦးရဲ႕အသီးအပြင့္ကိုစားရတဲ့ ေပၚတူဂီရဲ႕ႏိုင္ပြဲ

ေရာ္နယ္လ္ဒိုမပါတဲ့ ေပၚတူဂီရဲ႕ႏိုင္ပြဲကေတာ့ သက္ေသာင့္သက္သာပဲ ရွိခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဖန္တီးမႈကေနတဆင့္ ၿမိဳ႕ခံၿပိဳင္ဘက္ကစားသမား ဘာနက္ဒို ေဆးလ္ဗားက အထင္ႀကီးစရာ​ေကာင္းလြန္းတဲ့ဂိုးတဂိုးကို သြင္းယူသြားခဲ့သလို ဒုတိယဂိုးမွာလည္း ဘ႐ူႏိုကပဲ လီဗာပူးလ္တိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာအတြက္ ထပ္မံဖန္တီးေပးခဲ့ေပမယ့္ အန္ဒေရ ေဆးလ္ဗားက အဆုံးသတ္သြားခဲ့သလို ဒုတိယပိုင္းမွာေတာ့ ဂ်ိဳတာက ပြဲသိမ္းဂိုးကို သြင္းယူၿပီး မန္စီးတီးကစားသမား ကန္ဆယ္လိုက ဖန္တီးမႈျပဳလုပ္ခဲ့ျခင္းမွာ ပရီးမီးယားလိဂ္ကစားသမား ၃ ဦးရဲ႕အသီးကိုစားရတဲ့ ေပၚတူဂီရဲ႕ႏိုင္ပြဲကေတာ့ ခ်ိဳၿမိန္သြားခဲ့ပါတယ္။

ေပၚတူဂီကို အစဥ္အလာမျပတ္ ဂိုးမသြင္းေသးတဲ့ အဇာဘိုင္ဂ်န္
အဇာဘိုင္ဂ်န္အသင္းက ၿပီးခဲ့တဲ့မတ္လမွာ ေပၚတူဂီနဲ႔ ကစားစဥ္ကလည္း ဂိုးေပါက္ေပ်ာက္သြားေနခဲ့သလို အဲဒီေနာက္ပိုင္းကစားရတဲ့ ကမာၻ႔ေျခစစ္ပြဲစဥ္တိုင္းမွာ ဂိုးရခဲ့ေပမယ့္ ဒီေန႔ပြဲမွာလည္း ထပ္ၿပီးဂိုးမိုးေခါင္ခဲ့ျပန္ပါတယ္။ သမိုင္းေၾကာင္းအရ ေပၚတူဂီနဲ႔ ၿပိဳင္ပြဲစုံ ၈ ႀကိမ္ေတြ႕ဆုံရာမွာ ၁ ဂိုးသာ ေစ်းဦးေပါက္ထားၿပီး ဒါဟာလည္း ၁၉၉၉ ခုႏွစ္ကျဖစ္တာမို႔ ဒီအသင္းနဲ႔မွ တိုက္တိုက္ဆိုင္ဆိုင္ ဂိုးမရတာ ႏွစ္ ၂၀ ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။

၁၄ ပြဲဆက္ ရႉံးပြဲမရွိစံခ်ိန္နဲ႔ သာယာေနတဲ့ ေပၚတူဂီ

ဒီေန႔ႏိုင္ပြဲေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္မွာ ေပၚတူဂီအသင္းအတြက္ ၁၄ ပြဲဆက္ ရႉံးပြဲမရွိစံခ်ိန္ကို ေရးထိုးႏိုင္ခဲ့သလို ေနာက္ဆုံးကစားခဲ့တဲ့ ေျခစစ္ပြဲ ၅ ပြဲမွာလည္း ဆာဘီးယားအသင္းကို မတ္လတုန္းက ၂ ဂိုးစီသေရက်ခဲ့တာကိုလြဲရင္ ၄ ပြဲအထိ အႏိုင္ကစားထားတာပါ။ ဒါ့အျပင္ ဒီအဆင့္မွာ အင္အားနည္းအသင္းေတြနဲ႔ ေတြ႕ဆုံရ​တယ္ဆိုတာ မွန္ကန္ေပမယ့္ ၁၃ ပြဲအႏိုင္၊ ၁ ပြဲသေရမွာ ၄၃ ဂိုးအထိသြင္းယူၿပီး ၆ ဂိုးသာခြင့္ျပထားရလို႔ ေကာင္းမြန္လြန္းလွတဲ့မွတ္တမ္းလို႔ ဆိုရမွာပါ။

ေရာ္နယ္လ္ဒိုမရွိလည္း အပူအပင္မရွိ
ဒီပြဲက ေပၚတူဂီတို႔ ေခြၽးမွထြက္ရဲ႕လားလို႔ ေမးယူရမယ့္ႏိုင္ပြဲမ်ိဳးျဖစ္ၿပီး နည္းျပ ဖာနန္ဒို ဆန္းတို႔စ္ရဲ႕အသင္းကေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုမပါလည္း အေတာင့္တင္းဆုံးနဲ႔ ပါရမီအျပည့္ဝဆုံးလူစာရင္း​ကို ပိုင္ဆိုင္ထားျခင္းမွာ ဂိုးဧရိယာထဲမွ အဆုံးသတ္ဖို႔ အခ်ိတ္အဆက္မိမိလႈပ္ရွားေနတဲ့ တိုက္စစ္မႉး အန္ဒေရ ေဆးလ္ဗားနဲ႔ ဒီယိုဂို ဂ်ိဳတာ၊ ေတာင္ပံတေလွ်ာက္ကေန ျဖတ္တင္ေပးပို႔ၿပီး ေဘာလုံးေတြခင္းေပးေနတဲ့ ဘာနတ္ဒို ေဆးလ္ဗား၊ အစဥ္အလာမျပတ္ ဖန္တီးေပးပို႔မႈေတြကို အခ်ိန္ျပည့္ သပ္သပ္ရပ္ရပ္နဲ႔ လွလွပပျပဳလုပ္ေနတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕အစြမ္းက အံ့မခန္းျဖစ္ခဲ့တာပါ။

ကြင္းလယ္ကို ဘုရင္လိုႀကီးစိုးခဲ့ျပန္တဲ့ စစ္သူႀကီး ဘ႐ူႏို ဖာနန္ဒက္စ္
ဒီေန႔ပြဲက ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ပြဲလို႔ ဆိုရမွာပါ။ Rating အရ ၁၀ မွတ္မွာ ၁၀ မွတ္အျပည့္ရတယ္လို႔ ဆိုႏိုင္ေလာက္တဲ့အထိ တိက်ေကာင္းမြန္သပ္ရပ္တဲ့ ကစားဟန္နဲ႔ ေပၚတူဂီကြင္းလယ္တခုလုံးကို အင္ဂ်င္တလုံးလို ေမာင္းႏွင္ၿပီး ၿပိဳင္ဘက္ကြင္းလယ္ကို ဆရာတဆူလို ႀကီးစိုးကစားသြားခဲ့တာပါ။ ေရာ္နယ္လ္ဒိုၿပီးရင္ ေပၚတူဂီရဲ႕အေကာင္းဆုံးကစားသမားလို႔ဆိုရမယ့္ စစ္သူႀကီးရဲ႕ အဓိကခ်က္ေကာင္းေပးပို႔မႈ ၅ ႀကိမ္အထိ ျပဳလုပ္ခဲ့သလို ဂိုးဖန္တီးမႈ ၂ ႀကိမ္ရခဲ့ၿပီး မန္ယူႏိုက္တက္မွာလည္း သူက အခုထိ အေဝးကြင္းရႉံးပြဲမရွိေသးတဲ့ ကစားသမားျဖစ္ပါတယ္။

ႏို္င္ငံ့ပြဲတိုင္းလည္း ေျခစြမ္းေတာက္ပတဲ့ ဒီယိုဂို ဂ်ိဳတာ
လီဗာပူးလ္တိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာဟာ လီဗာပူးလ္အသင္းနဲ႔ ပြဲေတြမွာသာမက မိခင္ေပၚတူဂီႏိုင္ငံအသင္းနဲ႔ ပြဲေတြမွာလည္း အၿမဲေျခစြမ္းျပေလ့ရွိၿပီး ယခုပြဲမွာလည္း ဘ႐ူႏို ဖာနန္ဒက္စ္ၿပီးရင္ ဒီပြဲရဲ႕ ေျခစြမ္းအေတာက္ပဆုံးကစားသမားလို႔ သတ္မွတ္ႏိုင္သလို ဘ႐ူႏိုက ၁၀ မွတ္အျပည့္ရတယ္လို႔ဆိုရင္ သူရဲ႕ Rating က ၈ မွတ္ခြဲအထိ ထိုက္တန္ခဲ့သူပါ။ တိုက္စစ္မႉးတေယာက္အေနနဲ႔ ကစားပုံမွာ တြဲလုံးပိုင္းေတြကအစ အျပစ္ေျပာစရာ မရွိသလို ေဘာလုံးပိုင္ဆိုင္မႈေတြကိုပါ ပါးပါးနပ္နပ္နဲ႔ လႈပ္ရွားကစားၿပီး ျပန္လည္ဆယ္ယူႏိုင္ခဲ့ၿပီး ကိုယ္တိုင္လည္း တဂိုးသြင္းၿပီး ေအာင္ပြဲခံခြင့္ရခဲ့သူပါ။

ကိုယ္ပိုင္တန္ဖိုးကို ဆက္လက္ျပသသြားတဲ့ ႐ူဘင္ ဒီယာ့စ္
ဒီပြဲမွာ မန္စီးတီးဗဟိုခံစစ္မႈး ႐ူဘင္ ဒီယာ့စ္တေယာက္ ဘာေတြလုပ္ျပသြားခဲ့လဲလို႔ေမးရင္ သူ႔အလုပ္ပဲသူလုပ္သြားခဲ့တယ္လို႔ ဆိုႏိုင္သလို ဒါဟာ ေက်ေက်ညက္ညက္၊ ေသ​ေသသပ္သပ္နဲ႔ ပုံမွန္အလုပ္တခုကို ထမင္းစားေရေသာက္သလိုနီးပါး လုပ္ျပသြားခဲ့တာပါ။ အျမင့္ေဘာအသာစီးရယူမႈအပိုင္းက ထပ္ခ်ီးက်ဴးစရာရွိသလို ၿပိဳင္ဘက္ကစားသမားေတြကို လႈပ္မရေအာင္ အတိအက်ထိန္းခ်ဳပ္သြားခဲ့လို႔ ၈ မွတ္အထိ ေပးလို႔ရတဲ့ ခံစစ္စြမ္းေဆာင္ရည္မ်ိဳးလို႔ သတ္မွတ္ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.