Premier League Transfer News

နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၅၀ လောက် ဂျင်းခံလိုက်ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလ ကစားသမားခေါ်ယူမှုတွေမှာ ပေါင် ၁၅၆.၈ သန်း သုံးစွဲခဲ့ရာမှာ အမှန်တကယ်ကျသင့်တဲ့ ငွေကြေးထက် ပိုမိုသုံးစွဲခဲ့ရပြီး ကစားသမား ရောင်းချခဲ့တဲ့ အသင်းတွေဆီက ပေါင်သန်း ၅၀ ဝန်းကျင် ဂျင်းထည့်မှုကို ခါးစည်းခံလိုက်ရတယ်လို့ သိရပါတယ်။

နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ ပရီးမီးယားလိဂ်နဲ့ ဥရောပဈေးကွက်မှာ ကလေးတစ်ယောက်လိုဖြစ်နေခဲ့ခြင်းက ရောင်းချင်တဲ့ အသင်းတွေအတွက် အမဲဖြစ်နေပြီး အာဆင်နယ်အသင်းအနေနဲ့ အမှန်တကယ်သုံးစွဲရမယ့် ငွေကြေးထက် ပိုကုန်ခဲ့သလို ကစားသမားကောင်းတစ်ယောက်၊ ဒါမှမဟုတ် အလယ်အလတ်တန်း ကစားသမားနှစ်ယောက်လောက် ခေါ်ယူနိုင်ခွင့်ကိုလည်း နစ်နာခဲ့ရတာပါ။

Transfermarkt ရဲ့ ဈေးနှုန်းသတ်မှတ်မှုတွေအရတော့ အာဆင်နယ်အသင်းဟာ လက်ရှိခေါ်ယူမှု ၆ ခုမှာ ပေါင် ၁၀၇.၁ သန်းသာ ပေးချေသင့်ပြီး နောက်ခံလူ ဘန်ဝှိုက်ကို ဘရိုက်တန်က ခေါ်ယူမှုအတွက် ပေါင် ၂၈.၈ သန်းသာ ခွင့်ပြုသင့်သလို ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်အတွက်လည်း ပေါင် ၁၉.၂ သန်းသာ ထိုက်တန်ခဲ့တာလည်းဖြစ်ပါတယ်။

သူတို့ရဲ့ ခေါ်ယူမှုတွေက တာဝန်ရှိသူတွေရဲ့ အရည်အချင်း မပြည့်မီမှုတွေကို ပြသနေချိန်မှာ ပိုပြီး ဆိုးရွားခဲ့သလို လက်ညှိုးထိုးလို့ ကောင်းသွားတဲ့ အရာကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၃ ပွဲဆက်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဘောင်မဝင်တဲ့ ဝက်စ်ဘရွန်းအရန်တွေကို နိုင်ခဲ့တဲ့ ကာရာဘောင်းဖလားနဲ့တော့ ဘယ်သူကမှ ကျေနပ်မပေးနိုင်ကြတာပါ။

အာဆင်နယ်အသင်းရဲ့ ဆိုးရွားနေတဲ့ ပုံစံအတွက် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်ကလည်း ခနဲ့သွားခဲ့ပြီး လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာရဲ့ အင်္ဂလန်လက်ရွေးစင်နိုင်ပွဲနဲ့ အောင်ပွဲခံမှုတွေမှာ သူ့အနေနဲ့ အမ်းမရိတ်မှာ ဒါမျိုး မရနိုင်တာကြောင့် ပျော်သင့်ပါတယ်လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေအနေနဲ့ ဒီရာသီအပြောင်းအရွှေ့မှာ ကစားသမားတစ်ဦးကိုသာ မယ်မယ်ရရ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်နိုင်ခဲ့ပြီး ပေါင် ၂၅ သန်းနဲ့ နယူးကာဆယ်လ်ကို ရောက်သွားတဲ့ ဂျိုးဝီလော့ခ်အပြင် ဘယ်သူ့အတွက်မှ အကျိုးအမြတ် မရခဲ့ဘဲ လူငယ်အချို့ကိုသာ မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ရောင်းချခဲ့တာလည်းဖြစ်လို့ သူတို့ရဲ့ ရန်ပုံငွေ ရှာဖွေနိုင်စွမ်းက ဟားစရာလည်းဖြစ်ခဲ့တာပါ။

အာဆင်နယ်အပြင် ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ခပ်ကြီးကြီး ဂျင်းခံလိုက်ရတဲ့အထဲမှာ မန်ချက်စတာစီးတီးအသင်းလည်း ပါဝင်နေပြီး သူတို့အနေနဲ့ ဂျက်ခ် ဂရီးလစ်ရှ်အတွက် ပေါင်သန်း ၄၀ လောက် ပိုပေးမိခဲ့ချိန်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဆန်ချို၊ ဗာရွန်းနဲ့ ရော်နယ်လ်ဒိုတို့အတွက် ပေါင်သန်း ၆၀ လောက် ချွေတာပြီး ဖျံကျနိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလ ကစားသမားေခၚယူမႈေတြမွာ ေပါင္ ၁၅၆.၈ သန္း သုံးစြဲခဲ့ရာမွာ အမွန္တကယ္က်သင့္တဲ့ ေငြေၾကးထက္ ပိုမိုသုံးစြဲခဲ့ရၿပီး ကစားသမား ေရာင္းခ်ခဲ့တဲ့ အသင္းေတြဆီက ေပါင္သန္း ၅၀ ဝန္းက်င္ ဂ်င္းထည့္မႈကို ခါးစည္းခံလိုက္ရတယ္လို႔ သိရပါတယ္။

နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ ပရီးမီးယားလိဂ္နဲ႔ ဥေရာပေဈးကြက္မွာ ကေလးတစ္ေယာက္လိုျဖစ္ေနခဲ့ျခင္းက ေရာင္းခ်င္တဲ့ အသင္းေတြအတြက္ အမဲျဖစ္ေနၿပီး အာဆင္နယ္အသင္းအေနနဲ႔ အမွန္တကယ္သုံးစြဲရမယ့္ ေငြေၾကးထက္ ပိုကုန္ခဲ့သလို ကစားသမားေကာင္းတစ္ေယာက္၊ ဒါမွမဟုတ္ အလယ္အလတ္တန္း ကစားသမားႏွစ္ေယာက္ေလာက္ ေခၚယူႏိုင္ခြင့္ကိုလည္း နစ္နာခဲ့ရတာပါ။

Transfermarkt ရဲ႕ ေဈးႏႈန္းသတ္မွတ္မႈေတြအရေတာ့ အာဆင္နယ္အသင္းဟာ လက္ရွိေခၚယူမႈ ၆ ခုမွာ ေပါင္ ၁၀၇.၁ သန္းသာ ေပးေခ်သင့္ၿပီး ေနာက္ခံလူ ဘန္ဝႈိက္ကို ဘ႐ိုက္တန္က ေခၚယူမႈအတြက္ ေပါင္ ၂၈.၈ သန္းသာ ခြင့္ျပဳသင့္သလို ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္အတြက္လည္း ေပါင္ ၁၉.၂ သန္းသာ ထိုက္တန္ခဲ့တာလည္းျဖစ္ပါတယ္။

သူတို႔ရဲ႕ ေခၚယူမႈေတြက တာဝန္ရွိသူေတြရဲ႕ အရည္အခ်င္း မျပည့္မီမႈေတြကို ျပသေနခ်ိန္မွာ ပိုၿပီး ဆိုး႐ြားခဲ့သလို လက္ညႇိဳးထိုးလို႔ ေကာင္းသြားတဲ့ အရာကေတာ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၃ ပြဲဆက္ကို အရွက္တကြဲ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ေဘာင္မဝင္တဲ့ ဝက္စ္ဘ႐ြန္းအရန္ေတြကို ႏိုင္ခဲ့တဲ့ ကာရာေဘာင္းဖလားနဲ႔ေတာ့ ဘယ္သူကမွ ေက်နပ္မေပးႏိုင္ၾကတာပါ။

အာဆင္နယ္အသင္းရဲ႕ ဆိုး႐ြားေနတဲ့ ပုံစံအတြက္ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္ကလည္း ခနဲ႔သြားခဲ့ၿပီး လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာရဲ႕ အဂၤလန္လက္ေ႐ြးစင္ႏိုင္ပြဲနဲ႔ ေအာင္ပြဲခံမႈေတြမွာ သူ႔အေနနဲ႔ အမ္းမရိတ္မွာ ဒါမ်ိဳး မရႏိုင္တာေၾကာင့္ ေပ်ာ္သင့္ပါတယ္လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြအေနနဲ႔ ဒီရာသီအေျပာင္းအေ႐ႊ႕မွာ ကစားသမားတစ္ဦးကိုသာ မယ္မယ္ရရ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာင္းထုတ္ႏိုင္ခဲ့ၿပီး ေပါင္ ၂၅ သန္းနဲ႔ နယူးကာဆယ္လ္ကို ေရာက္သြားတဲ့ ဂ်ိဳးဝီေလာ့ခ္အျပင္ ဘယ္သူ႔အတြက္မွ အက်ိဳးအျမတ္ မရခဲ့ဘဲ လူငယ္အခ်ိဳ႕ကိုသာ မေဖာ္ျပတဲ့ ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ေရာင္းခ်ခဲ့တာလည္းျဖစ္လို႔ သူတို႔ရဲ႕ ရန္ပုံေငြ ရွာေဖြႏိုင္စြမ္းက ဟားစရာလည္းျဖစ္ခဲ့တာပါ။

အာဆင္နယ္အျပင္ ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ခပ္ႀကီးႀကီး ဂ်င္းခံလိုက္ရတဲ့အထဲမွာ မန္ခ်က္စတာစီးတီးအသင္းလည္း ပါဝင္ေနၿပီး သူတို႔အေနနဲ႔ ဂ်က္ခ္ ဂရီးလစ္ရွ္အတြက္ ေပါင္သန္း ၄၀ ေလာက္ ပိုေပးမိခဲ့ခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ဆန္ခ်ိဳ၊ ဗာ႐ြန္းနဲ႔ ေရာ္နယ္လ္ဒိုတို႔အတြက္ ေပါင္သန္း ၆၀ ေလာက္ ေခြၽတာၿပီး ဖ်ံက်ႏိုင္ခဲ့တယ္လို႔လည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.