International Premier League

နော်ဝေကစားကွက်ကို ကူးချပြီး အော်ဒီဂွါဒ်နဲ့ အာဆင်နယ်မှာ အာတီတာ အလုပ်ဖြစ်မလား

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့ တိုက်စစ်က အားလုံးရဲ့ လက်ညှိုးထိုးစရာဖြစ်နေပြီး ဒါက နည်းပြ မီခယ်လ် အာတီတာရဲ့ ထိုင်ခုံကို လှုပ်စေလို့ စပိန်သားအနေနဲ့ သူ့ရဲ့ ကစားကွက်ကို တိုးတက်စေဖို့ ဉာဏ်နီဉာဏ်နက်အမျိုးမျိုး သုံးနေချိန်မှာ နော်ဝေအသင်းနဲ့ ကစားနေခဲ့တဲ့ မာတင် အော်ဒီဂွါဒ်က အလင်းပြသလိုဖြစ်လာခဲ့ပါတယ်။

အာတီတာအနေနဲ့ အသင်းရဲ့ အလုပ်မဖြစ်တဲ့ တိုက်စစ်ကို ပြောင်းလဲနိုင်ဖို့ လိုအပ်နေချိန်မှာ သူ့အတွက် ဖန်တီးမှု မြင့်မားတဲ့ ကစားသမားတွေ မရှိခဲ့တာနဲ့ အသင်းကြီးတွေကို တွေ့ဆုံခဲ့ချိန်မှာ ကွင်းလယ်က အလုပ်မဖြစ်တာကိုလည်း ပြင်ဆင်နိုင်ဖို့ လိုနေပြီး နံပါတ် ၁၀ နေရာကနေ ဘောလုံးတွေ ခင်းပေးမယ့်သူကလည်း ထက်မြက်စွာ ကစားနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဒီအချိန်မှာ နော်ဝေလက်ရွေးစင်အသင်းမှာတော့ အော်ဒီဂွါဒ်အနေနဲ့ ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ လတ်ဗီးယားနဲ့ပွဲမှာ တိုက်စစ်မှူးနောက်က ညာတောင်ပံနေရာမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး Inside Forward လို ကစားခဲ့တဲ့ သူနဲ့ မိုဟာမက် အယ်လ်ယူနူစီတို့ နံပါတ် ၁၀ ဆန်ဆန်နှစ်ယောက်က ဂိုးသွင်းစက် အာလင်း ဟားလန်းကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ခဲ့တာပါ။

ဒါကြောင့် နိုင်ငံအသင်းမှာ ပုံစံကောင်းတွေ ရနေတဲ့ အော်ဒီဂွါဒ်ကို အသင်းအတွက် အင်အားဖြစ်စေဖို့ အာတီတာအနေနဲ့ ၃-၄-၂-၁ ကစားကွက်နဲ့ လာမယ့်ပွဲတွေမှာ ပြောင်းလဲပွဲထွက်လာမယ်လို့ မျှော်လင့်နေကြပြီး တောင်ပံနောက်ခံလူတွေရဲ့ တိုက်စစ်လိုက်ပါမှုတွေမှာ သူနဲ့ အီမီးလ် စမစ်ရိုးတို့က အထောင်တိုက်စစ်ကစားမယ့် ပျယ်-အမ်မရိခ် အူဘာမီယန်းကို ကူညီသွားနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒါက အာတီတာအတွက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ဆောင်မှုလည်းဖြစ်လာနိုင်ပြီး အော်ဒီဂွါဒ်နဲ့ စမစ်ရိုးတို့ကြားမှာ တိုက်စစ်မှူး နောက်က နံပါတ် ၁၀ နေရာကို လုနေရတာကို ဖြေရှင်းနိုင်သလို နံပါတ် ၁၀ တစ်နေရာအစား နှစ်နေရာ ဖန်တီးပေးပြီး တောင်ပံထက် အတွင်းဘက်က Half Space တွေမှာ ပျော်မွေ့တဲ့ အင်္ဂလိပ်ကွင်းလယ်တိုက်စစ်သမားအတွက် အဖြေဖြစ်လာဖို့လည်း ရှိနေတာပါ။

အသင်းကြီးတွေနဲ့တွေ့ဆုံရင် အော်ဒီဂွါဒ်၊ ဆာကာ၊ ပေပေနဲ့ စမစ်ရိုးတို့ကို တိုက်စစ်မှူးနောက်က ဗျူဟာပြောင်းလဲမှုနဲ့ ကစားကွက် အတင်အချ အတွက် အမျိုးမျိုး အသုံးပြုနိုင်မှာဖြစ်ပြီး အသင်းငယ်တွေနဲ့ တွေ့ဆုံရင်တော့ နော်ဝေသားကို နံပါတ် ၈ နေရာ ဆင်းကစားခိုင်းပြီး ဆာကာနဲ့ စမစ်ရိုးတို့က ရှေ့မှာ ကစားနိုင်သလို ၄-၂-၃-၁ ပုံစံကိုလည်း ပြန်လည်ပြောင်းလဲနိုင်တာဖြစ်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူဟောင်းကြီး ပေါလ် မာဆန်ကတော့ အော်ဒီဂွါဒ်ရဲ့ ရီးရဲလ်မက်ဒရစ်ကနေ အငှားထွက်ကစားမှုတွေမှာ ကွင်းလယ် တိုက်စစ်ထက် Inside Forward နဲ့ Inverted Winger နေရာတွေသာ ဖြစ်နေတာကြောင့် အာဆင်နယ်မှာလည်း သူ့ရဲ့ အသားကျနေတဲ့ တောင်ပံတွေမှာ ကစားခိုင်းပြီး အသင်းကို ဂိုးတွေ ရရှိလာဖို့ အပြောင်းအလဲလုပ်သင့်တယ်လို့ အာတီတာဆီ တိုက်တွန်းထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲမွာ တစ္ဂိုးမွ မသြင္းႏိုင္ခဲ့တဲ့ တိုက္စစ္က အားလုံးရဲ႕ လက္ညႇိဳးထိုးစရာျဖစ္ေနၿပီး ဒါက နည္းျပ မီခယ္လ္ အာတီတာရဲ႕ ထိုင္ခုံကို လႈပ္ေစလို႔ စပိန္သားအေနနဲ႔ သူ႔ရဲ႕ ကစားကြက္ကို တိုးတက္ေစဖို႔ ဉာဏ္နီဉာဏ္နက္အမ်ိဳးမ်ိဳး သုံးေနခ်ိန္မွာ ေနာ္ေဝအသင္းနဲ႔ ကစားေနခဲ့တဲ့ မာတင္ ေအာ္ဒီဂြါဒ္က အလင္းျပသလိုျဖစ္လာခဲ့ပါတယ္။

အာတီတာအေနနဲ႔ အသင္းရဲ႕ အလုပ္မျဖစ္တဲ့ တိုက္စစ္ကို ေျပာင္းလဲႏိုင္ဖို႔ လိုအပ္ေနခ်ိန္မွာ သူ႔အတြက္ ဖန္တီးမႈ ျမင့္မားတဲ့ ကစားသမားေတြ မရွိခဲ့တာနဲ႔ အသင္းႀကီးေတြကို ေတြ႕ဆုံခဲ့ခ်ိန္မွာ ကြင္းလယ္က အလုပ္မျဖစ္တာကိုလည္း ျပင္ဆင္ႏိုင္ဖို႔ လိုေနၿပီး နံပါတ္ ၁၀ ေနရာကေန ေဘာလုံးေတြ ခင္းေပးမယ့္သူကလည္း ထက္ျမက္စြာ ကစားႏိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ေနာ္ေဝလက္ေ႐ြးစင္အသင္းမွာေတာ့ ေအာ္ဒီဂြါဒ္အေနနဲ႔ ေျခစြမ္းျပေနၿပီး ၿပီးခဲ့တဲ့ လတ္ဗီးယားနဲ႔ပြဲမွာ တိုက္စစ္မႉးေနာက္က ညာေတာင္ပံေနရာမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး Inside Forward လို ကစားခဲ့တဲ့ သူနဲ႔ မိုဟာမက္ အယ္လ္ယူႏူစီတို႔ နံပါတ္ ၁၀ ဆန္ဆန္ႏွစ္ေယာက္က ဂိုးသြင္းစက္ အာလင္း ဟားလန္းကိုလည္း အေကာင္းဆုံး ေထာက္ပံ့ေပးႏိုင္ခဲ့တာပါ။

ဒါေၾကာင့္ ႏိုင္ငံအသင္းမွာ ပုံစံေကာင္းေတြ ရေနတဲ့ ေအာ္ဒီဂြါဒ္ကို အသင္းအတြက္ အင္အားျဖစ္ေစဖို႔ အာတီတာအေနနဲ႔ ၃-၄-၂-၁ ကစားကြက္နဲ႔ လာမယ့္ပြဲေတြမွာ ေျပာင္းလဲပြဲထြက္လာမယ္လို႔ ေမွ်ာ္လင့္ေနၾကၿပီး ေတာင္ပံေနာက္ခံလူေတြရဲ႕ တိုက္စစ္လိုက္ပါမႈေတြမွာ သူနဲ႔ အီမီးလ္ စမစ္႐ိုးတို႔က အေထာင္တိုက္စစ္ကစားမယ့္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ကူညီသြားႏိုင္မယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

ဒါက အာတီတာအတြက္ေတာ့ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ လုပ္ေဆာင္မႈလည္းျဖစ္လာႏိုင္ၿပီး ေအာ္ဒီဂြါဒ္နဲ႔ စမစ္႐ိုးတို႔ၾကားမွာ တိုက္စစ္မႉး ေနာက္က နံပါတ္ ၁၀ ေနရာကို လုေနရတာကို ေျဖရွင္းႏိုင္သလို နံပါတ္ ၁၀ တစ္ေနရာအစား ႏွစ္ေနရာ ဖန္တီးေပးၿပီး ေတာင္ပံထက္ အတြင္းဘက္က Half Space ေတြမွာ ေပ်ာ္ေမြ႕တဲ့ အဂၤလိပ္ကြင္းလယ္တိုက္စစ္သမားအတြက္ အေျဖျဖစ္လာဖို႔လည္း ရွိေနတာပါ။

အသင္းႀကီးေတြနဲ႔ေတြ႕ဆုံရင္ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ေပေပနဲ႔ စမစ္႐ိုးတို႔ကို တိုက္စစ္မႉးေနာက္က ဗ်ဴဟာေျပာင္းလဲမႈနဲ႔ ကစားကြက္ အတင္အခ် အတြက္ အမ်ိဳးမ်ိဳး အသုံးျပဳႏိုင္မွာျဖစ္ၿပီး အသင္းငယ္ေတြနဲ႔ ေတြ႕ဆုံရင္ေတာ့ ေနာ္ေဝသားကို နံပါတ္ ၈ ေနရာ ဆင္းကစားခိုင္းၿပီး ဆာကာနဲ႔ စမစ္႐ိုးတို႔က ေရွ႕မွာ ကစားႏိုင္သလို ၄-၂-၃-၁ ပုံစံကိုလည္း ျပန္လည္ေျပာင္းလဲႏိုင္တာျဖစ္ပါတယ္။

အာဆင္နယ္ကြင္းလယ္လူေဟာင္းႀကီး ေပါလ္ မာဆန္ကေတာ့ ေအာ္ဒီဂြါဒ္ရဲ႕ ရီးရဲလ္မက္ဒရစ္ကေန အငွားထြက္ကစားမႈေတြမွာ ကြင္းလယ္ တိုက္စစ္ထက္ Inside Forward နဲ႔ Inverted Winger ေနရာေတြသာ ျဖစ္ေနတာေၾကာင့္ အာဆင္နယ္မွာလည္း သူ႔ရဲ႕ အသားက်ေနတဲ့ ေတာင္ပံေတြမွာ ကစားခိုင္းၿပီး အသင္းကို ဂိုးေတြ ရရွိလာဖို႔ အေျပာင္းအလဲလုပ္သင့္တယ္လို႔ အာတီတာဆီ တိုက္တြန္းထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.