Premier League Transfer News

CR7 ရောက်လာတာ မကောင်းဘူးလို့ ပြောလိုက်တဲ့ ဒတ်ချ်ကွင်းလယ်လူရဲ့ အေးဂျင့်

မန်ချက်စတာယူနိုက်တက်အသင်းကို ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်ရှိလာတာဟာ သူနဲ့ သူ့ကစားသမား ဒွန်နီ ဗန်ဒဘိခ်အတွက်တော့ သတင်းကောင်းမဟုတ်သလို ဝမ်းမသာနိုင်စရာ သတင်းဆိုးဖြစ်နေကြောင်း အေးဂျင့် ဂီဒို အဲလ်ဘားစ်က နယ်သာလန်အားကစားမီဒီယာ ဇစ်ဂိုစပို့စ်ကို ပြောကြားလိုက်ပါတယ်။

အသင်းရဲ့ ရင်ခွင်ထဲကနေ ထွက်ခွာသွားအပြီး တစ်ဖန်ပြန်လည်ခိုနားလာတဲ့ ပေါ်တူဂီ GOAT ကစားသမားကြီး ပြန်လည်ရောက်ရှိလာတာဟာ သရဲနီတွေနဲ့ သူတို့တွေရဲ့ ပရိသတ်တွေအတွက် ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ ဝမ်းမြောက်ဖွယ်ရာတစ်ခုဖြစ်ခဲ့ပေမယ့် ဒတ်ချ်ကွင်းလယ်လူအတွက်တော့ ဆန့်ကျင်ဘက်အဖြစ် စိုးရိမ်စရာဖြစ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ ပိတ်ခါနီးမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့ပြီး ပွဲအများစုကို အရန်ခုံမှာ အချိန်ကုန်ဆုံးနေရတဲ့ အသက် ၂၄ နှစ်အရွယ်ကွင်းလယ်လူအနေနဲ့ ကွင်းလယ်မှာ နေရာလုတိုက်ပွဲဆင်ရမှုတွေမှာ ရော်နယ်လ်ဒိုရောက်လာတာက ဗူးလေးရာ ဖရုံဆင့် ဖြစ်စေတယ်လို့ ယူဆနေပါတယ်။

“သောကြာနေ့မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်လာမယ်ဆိုတော့ ကျွန်တော်တို့အတွက် သတင်းဆိုးပဲလို့ တွေးလိုက်ပါတယ်။ ပေါ့ဘာက ဘယ်ခြမ်းမှာ ထွက်ကစားနေလို့ ကွင်းလယ်တစ်နေရာအတွက် ကျွန်တော်ကစားသမားအနေနဲ့ ပါဝင်ခွင့် ရနိုင်လိမ့်မယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမယ့် သူရောက်လာတဲ့အခါမှာ ပေါ့ဘာက ကွင်းလယ်ကို ပြန်ဆင်းကစားတော့မှာဖြစ်လို့ စဉ်းစားစရာဖြစ်လာခဲ့တာပါ”လို့ အဲလ်ဘားစ်က ဆိုပါတယ်။

အဲလ်ဘားစ်အနေနဲ့ ဗန်ဒဘိခ်ကို အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ တစ်ဖက်က တာဝန်ရှိသူတွေဖြစ်တဲ့ ဖာရက် မိုရှီရီနဲ့ မာဆယ် ဘရန်းစ်တို့ကို မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးစေခဲ့မယ့် မအောင်မြင်ခဲ့ဘဲ အသင်းနည်းပြ ဆိုးလ်ရှားကနေ အပြောင်းအရွှေ့ မဖြစ်နိုင်ကြောင်းနဲ့ ထရိန်နင်ကို လာရောက်သတင်းပို့ဖို့ပဲ ဖုန်းဆက်လာခဲ့တယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံမှာ ပွဲအရေအတွက် ၃၆ ပွဲမှာ ပါဝင်ကစားတယ်လို့ မှတ်တမ်းဝင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အရန်ခုံကနေ ကွင်းထဲ ဝင်ရတဲ့ ပွဲက များနေသလို ပွဲထွက်ဆိုလို့ အက်ဖ်အေဖလား ၄ ပွဲနဲ့ ကာရာဘောင်းဖလား ၃ ပွဲသာ ရှိခဲ့ပြီး ၃၆ ပွဲမှာ ၁၄၅၆ မိနစ်သာ ရှိခဲ့လို ပွဲချိန်ပြည့် မိနစ် ၉၀ နဲ့ စားကြည့်ရင် ၁၆ ပွဲစာပဲ ကစားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီမှာလည်း နေရာရဖို့အတွက် ရုန်းကန်ရဦးမယ့် ဗန်ဒဘိခ်ဟာ ပရီးမီးယားလိဂ်ကို ကစားဖို့ လာခဲ့တာဖြစ်ပြီး ဖလားပွဲတွေ ကစားဖို့ လာခဲ့တာ မဟုတ်လို့ တတ်နိုင်သလောက် ပွဲထွက်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ အေးဂျင့်က ပြောကြားသွားခဲ့ပြီး ရော်နယ်လ်ဒိုကြောင့် လူပိုကျပ်လာချိန်မှာ နည်းပြ ဆိုးလ်ရှားဘက်က နေရာမပေးခဲ့ရင်တော့ လာမယ့် ဆောင်းရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ထပ်မံကြိုးစားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းကို ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေရာက္ရွိလာတာဟာ သူနဲ႔ သူ႔ကစားသမား ဒြန္နီ ဗန္ဒဘိခ္အတြက္ေတာ့ သတင္းေကာင္းမဟုတ္သလို ဝမ္းမသာႏိုင္စရာ သတင္းဆိုးျဖစ္ေနေၾကာင္း ေအးဂ်င့္ ဂီဒို အဲလ္ဘားစ္က နယ္သာလန္အားကစားမီဒီယာ ဇစ္ဂိုစပို႔စ္ကို ေျပာၾကားလိုက္ပါတယ္။

အသင္းရဲ႕ ရင္ခြင္ထဲကေန ထြက္ခြာသြားအၿပီး တစ္ဖန္ျပန္လည္ခိုနားလာတဲ့ ေပၚတူဂီ GOAT ကစားသမားႀကီး ျပန္လည္ေရာက္ရွိလာတာဟာ သရဲနီေတြနဲ႔ သူတို႔ေတြရဲ႕ ပရိသတ္ေတြအတြက္ ႀကီးမားတဲ့ ဂုဏ္သိကၡာနဲ႔ ဝမ္းေျမာက္ဖြယ္ရာတစ္ခုျဖစ္ခဲ့ေပမယ့္ ဒတ္ခ်္ကြင္းလယ္လူအတြက္ေတာ့ ဆန႔္က်င္ဘက္အျဖစ္ စိုးရိမ္စရာျဖစ္ေနခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀၂၀ ေႏြရာသီအေျပာင္းအေ႐ႊ႕ ပိတ္ခါနီးမွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၄၀ နဲ႔ ေရာက္ရွိလာခဲ့ၿပီး ပြဲအမ်ားစုကို အရန္ခုံမွာ အခ်ိန္ကုန္ဆုံးေနရတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ကြင္းလယ္လူအေနနဲ႔ ကြင္းလယ္မွာ ေနရာလုတိုက္ပြဲဆင္ရမႈေတြမွာ ေရာ္နယ္လ္ဒိုေရာက္လာတာက ဗူးေလးရာ ဖ႐ုံဆင့္ ျဖစ္ေစတယ္လို႔ ယူဆေနပါတယ္။

“ေသာၾကာေန႔မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေရာက္လာမယ္ဆိုေတာ့ ကြၽန္ေတာ္တို႔အတြက္ သတင္းဆိုးပဲလို႔ ေတြးလိုက္ပါတယ္။ ေပါ့ဘာက ဘယ္ျခမ္းမွာ ထြက္ကစားေနလို႔ ကြင္းလယ္တစ္ေနရာအတြက္ ကြၽန္ေတာ္ကစားသမားအေနနဲ႔ ပါဝင္ခြင့္ ရႏိုင္လိမ့္မယ္လို႔ ထင္ေနခဲ့တာပါ။ ဒါေပမယ့္ သူေရာက္လာတဲ့အခါမွာ ေပါ့ဘာက ကြင္းလယ္ကို ျပန္ဆင္းကစားေတာ့မွာျဖစ္လို႔ စဥ္းစားစရာျဖစ္လာခဲ့တာပါ”လို႔ အဲလ္ဘားစ္က ဆိုပါတယ္။

အဲလ္ဘားစ္အေနနဲ႔ ဗန္ဒဘိခ္ကို အဲဗာတန္အသင္းဆီ ေျပာင္းေ႐ႊ႕ခြင့္ရဖို႔ တစ္ဖက္က တာဝန္ရွိသူေတြျဖစ္တဲ့ ဖာရက္ မိုရွီရီနဲ႔ မာဆယ္ ဘရန္းစ္တို႔ကို မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးေစခဲ့မယ့္ မေအာင္ျမင္ခဲ့ဘဲ အသင္းနည္းျပ ဆိုးလ္ရွားကေန အေျပာင္းအေ႐ႊ႕ မျဖစ္ႏိုင္ေၾကာင္းနဲ႔ ထရိန္နင္ကို လာေရာက္သတင္းပို႔ဖို႔ပဲ ဖုန္းဆက္လာခဲ့တယ္လို႔လည္း ဝန္ခံသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ၿပိဳင္ပြဲစုံမွာ ပြဲအေရအတြက္ ၃၆ ပြဲမွာ ပါဝင္ကစားတယ္လို႔ မွတ္တမ္းဝင္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ အရန္ခုံကေန ကြင္းထဲ ဝင္ရတဲ့ ပြဲက မ်ားေနသလို ပြဲထြက္ဆိုလို႔ အက္ဖ္ေအဖလား ၄ ပြဲနဲ႔ ကာရာေဘာင္းဖလား ၃ ပြဲသာ ရွိခဲ့ၿပီး ၃၆ ပြဲမွာ ၁၄၅၆ မိနစ္သာ ရွိခဲ့လို ပြဲခ်ိန္ျပည့္ မိနစ္ ၉၀ နဲ႔ စားၾကည့္ရင္ ၁၆ ပြဲစာပဲ ကစားခြင့္ရခဲ့တာလည္းျဖစ္ပါတယ္။

ဒီရာသီမွာလည္း ေနရာရဖို႔အတြက္ ႐ုန္းကန္ရဦးမယ့္ ဗန္ဒဘိခ္ဟာ ပရီးမီးယားလိဂ္ကို ကစားဖို႔ လာခဲ့တာျဖစ္ၿပီး ဖလားပြဲေတြ ကစားဖို႔ လာခဲ့တာ မဟုတ္လို႔ တတ္ႏိုင္သေလာက္ ပြဲထြက္ခြင့္ရဖို႔ ႀကိဳးစားသြားမယ္လို႔ ေအးဂ်င့္က ေျပာၾကားသြားခဲ့ၿပီး ေရာ္နယ္လ္ဒိုေၾကာင့္ လူပိုက်ပ္လာခ်ိန္မွာ နည္းျပ ဆိုးလ္ရွားဘက္က ေနရာမေပးခဲ့ရင္ေတာ့ လာမယ့္ ေဆာင္းရာသီမွာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ ထပ္မံႀကိဳးစားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.