Other Premier League Serie A

CR7 နဲ့ သူ့ကို နှိုင်းယှဥ်နေတာဟာ ကြောင်ရေချိုးတဲ့အလုပ်ဖြစ်ကြောင်း မီဒီယာတွေကို သတိပေးသွားတဲ့ လူကာကူး

ဘယ်လ်ဂျီယမ်နဲ့ ချယ်လ်ဆီးကြယ်ပွင့်ဖြစ်တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးက သူ့အနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လိုက်မီဖို့ဆိုတာ အဝေးကြီးဖြစ်ကြောင်း နှိမ့်နှိမ့်ချချပြောဆိုသွားခဲ့ပြီး သူတို့နှစ်ဦးကို နှိုင်းယှဥ်ပြောဆိုမှုတွေ ပြုလုပ်နေတာဟာ ဘယ်သောအခါမှ အဓိပ္ပာယ်မရှိ၊ အကျိုးမရှိတဲ့လုပ်ရပ်တွေဖြစ်ကြောင်း မီဒီယာတွေကို သတိပေးသွားခဲ့ပါတယ်။

ဒီတပတ်အတွင်းမှာ ပေါ်တူဂီ GOAT ကြီး CR7 ဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် ၁၁၁ ဂိုးပြည့်မြောက်သွားခဲ့ပြီး သူ့ရှေ့က ဦးဆောင်နေတဲ့ အီရန်တိုက်စစ်မှူး အလီဒါယေးရဲ့အကောင်းဆုံးမှတ်တမ်းကို ရိုက်ချိုးပြီး ဂင်းနစ်စံချိန်ကိုပါ မော်ကွန်းရေးထိုးသွားခဲ့တာပါ။

အသက် ၂၈ သား လူကာကူးကတော့ ဘယ်လ်ဂျီယမ်အသင်းအတွက် ၆၆ ဂိုးသွင်းယူပေးထားသလို ရော်နယ်လ်ဒိုရဲ့စံချိန်ကို လိုက်မီဖို့တော့ ဂိုး ၅၀ ကျော်ကွာဟနေသေးသလို အခွင့်အရေးက အတော်လေးလည်းနည်းပါးနေသေးချိန်မှာ ကစားသမားကတော့ သူ့ကို အသက် ၃၆ နှစ်ကြီးနဲ့ နှိုင်းယှဥ်နေတဲ့ အပြောအဆိုတွေဟာ ကြောင်ကို ရေချိူးပေးနေတဲ့လုပ်ရပ်တွေသာဖြစ်ကြောင်း ဝေဖန်လိုက်တာပါ။

” ကျွန်တော့်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဘယ်သောအခါမှ မနှိုင်းယှဥ်ကြပါနဲ့။ ရော်နယ်လ်ဒိုဆိုတာ ကျွန်တော့်အတွက်တော့ ကမ္ဘာ့အဆင့် ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးထိပ်သီး ၃ ဦးစာရင်းဝင်ပါ။ သူက နံပါတ် ၁ ကနေ နံပါတ် ၃ အတွင်း ဘယ်နေရာမှာ ရှိနေမလဲဆိုတာတော့ ကျွန်တော်မပြောတတ်ပါဘူး။ ဒါပေမယ့် သူက အဲဒီအဆင့်မှာ ရှိနေပါတယ်”

” သူက ဘောလုံးမှာ ဘယ်လောက်ထိအောင်မြင်ခဲ့တယ်ဆိုတာကိုကြည့်ရင် ကျွန်တော်တို့ ဒီနေ့​ခတ်မျိုးဆက်က ကစားသမားတွေအတွက် အထူးခြားဆုံးသူပါ။ အီတလီမှာ သူနဲ့ ပြိုင်ဘက်ကောင်းအဖြစ် ရင်ဆိုင်ခဲ့ရပြီး ဒါဟာ ကျွန်တော်ကံကောင်းတာပါ။ အခုလည်း ပရီးမီးယားလိဂ်ကို ​ပြန်လည်ရောက်ရှိလာပြီ။ ဒါဟာ အင်္ဂလန်ဘောလုံးလောကအတွက် သိပ်ကိုကောင်းမွန်ပါတယ်”

” ထပ်ပြီးပြောရရင်တော့ ကျွန်တော့်ကို သူနဲ့မနှိုင်းယှဥ်ပါနဲ့။ ကိန်းဂဏန်းအချက်အလက်တွေ၊ မှတ်တမ်းတွေ၊ စံချိန်တွေ ဘယ်အရာမဆိုပေါ့ဗျာ။ ဒီလိုလုပ်ဆောင်တာဟာ လုံးဝအလဟသလုပ်ရပ်တွေပါ။ ” လို့ လူကာကူးက တနင်္ဂနွေနေ့​က ဘယ်လ်ဂျီယမ်နဲ့ ချက်အသင်းတို့ ကစားကြမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲကြိုမှာ ပြောပြသွားခဲ့ပါတယ်။

လူကာကူးဟာ အင်တာမီလန်အသင်းမှာ မနှစ်က ရော်နယ်လ်ဒိုကစားနေတဲ့ တူရင်ကလပ် ဂျူဗင်တပ်စ်ကို ကျော်ဖြတ်ပြီး စကူဒတ်တိုဖလားကို သိမ်းပိုက်နိုင်ခဲ့သလို ပေါင် ၉၈ သန်းနဲ့ ချယ်လ်ဆီးအသင်းဆီ ကိုင်းကြီးကြီးမှာနားခဲ့ရာမှာ ပရီးမီးယားလိဂ် တကျော့ပြန်ပွဲဦးထွက်ဂိုးအဖြစ် အာဆင်နယ်အသင်းကို တဂိုးသွင်းယူထားနိုင်ပြီးချိန်မှာ ရော်နယ်လ်ဒိုပါဝင်လာမယ့် နောက်တပတ် ပရီးမီးယားလိဂ်ပွဲစဥ်တွေကနေစလို့ ဘယ်သူက ဂိုးပိုသွင်းနိုင်မလဲ စောင့်ကြည့်သွားရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘယ္လ္ဂ်ီယမ္နဲ႔ ခ်ယ္လ္ဆီးၾကယ္ပြင့္ျဖစ္တဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးက သူ႔အေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို လိုက္မီဖို႔ဆိုတာ အေဝးႀကီးျဖစ္ေၾကာင္း ႏွိမ့္ႏွိမ့္ခ်ခ်ေျပာဆိုသြားခဲ့ၿပီး သူတို႔ႏွစ္ဦးကို ႏႈိင္းယွဥ္ေျပာဆိုမႈေတြ ျပဳလုပ္ေနတာဟာ ဘယ္ေသာအခါမွ အဓိပၸာယ္မရွိ၊ အက်ိဳးမရွိတဲ့လုပ္ရပ္ေတြျဖစ္ေၾကာင္း မီဒီယာေတြကို သတိေပးသြားခဲ့ပါတယ္။

ဒီတပတ္အတြင္းမွာ ေပၚတူဂီ GOAT ႀကီး CR7 ဟာ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ၁၁၁ ဂိုးျပည့္ေျမာက္သြားခဲ့ၿပီး သူ႔ေရွ႕က ဦးေဆာင္ေနတဲ့ အီရန္တိုက္စစ္မႉး အလီဒါေယးရဲ႕အေကာင္းဆုံးမွတ္တမ္းကို ႐ိုက္ခ်ိဳးၿပီး ဂင္းနစ္စံခ်ိန္ကိုပါ ေမာ္ကြန္းေရးထိုးသြားခဲ့တာပါ။

အသက္ ၂၈ သား လူကာကူးကေတာ့ ဘယ္လ္ဂ်ီယမ္အသင္းအတြက္ ၆၆ ဂိုးသြင္းယူေပးထားသလို ေရာ္နယ္လ္ဒိုရဲ႕စံခ်ိန္ကို လိုက္မီဖို႔ေတာ့ ဂိုး ၅၀ ေက်ာ္ကြာဟေနေသးသလို အခြင့္အေရးက အေတာ္ေလးလည္းနည္းပါးေနေသးခ်ိန္မွာ ကစားသမားကေတာ့ သူ႔ကို အသက္ ၃၆ ႏွစ္ႀကီးနဲ႔ ႏႈိင္းယွဥ္ေနတဲ့ အေျပာအဆိုေတြဟာ ေၾကာင္ကို ေရခ်ိဴးေပးေနတဲ့လုပ္ရပ္ေတြသာျဖစ္ေၾကာင္း ေဝဖန္လိုက္တာပါ။

” ကြၽန္ေတာ့္ကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ဘယ္ေသာအခါမွ မႏႈိင္းယွဥ္ၾကပါနဲ႔။ ေရာ္နယ္လ္ဒိုဆိုတာ ကြၽန္ေတာ့္အတြက္ေတာ့ ကမာၻ႔အဆင့္ ေဘာလုံးသမိုင္းရဲ႕ အေကာင္းဆုံးထိပ္သီး ၃ ဦးစာရင္းဝင္ပါ။ သူက နံပါတ္ ၁ ကေန နံပါတ္ ၃ အတြင္း ဘယ္ေနရာမွာ ရွိေနမလဲဆိုတာေတာ့ ကြၽန္ေတာ္မေျပာတတ္ပါဘူး။ ဒါေပမယ့္ သူက အဲဒီအဆင့္မွာ ရွိေနပါတယ္”

” သူက ေဘာလုံးမွာ ဘယ္ေလာက္ထိေအာင္ျမင္ခဲ့တယ္ဆိုတာကိုၾကည့္ရင္ ကြၽန္ေတာ္တို႔ ဒီေန႔​ခတ္မ်ိဳးဆက္က ကစားသမားေတြအတြက္ အထူးျခားဆုံးသူပါ။ အီတလီမွာ သူနဲ႔ ၿပိဳင္ဘက္ေကာင္းအျဖစ္ ရင္ဆိုင္ခဲ့ရၿပီး ဒါဟာ ကြၽန္ေတာ္ကံေကာင္းတာပါ။ အခုလည္း ပရီးမီးယားလိဂ္ကို ​ျပန္လည္ေရာက္ရွိလာၿပီ။ ဒါဟာ အဂၤလန္ေဘာလုံးေလာကအတြက္ သိပ္ကိုေကာင္းမြန္ပါတယ္”

” ထပ္ၿပီးေျပာရရင္ေတာ့ ကြၽန္ေတာ့္ကို သူနဲ႔မႏႈိင္းယွဥ္ပါနဲ႔။ ကိန္းဂဏန္းအခ်က္အလက္ေတြ၊ မွတ္တမ္းေတြ၊ စံခ်ိန္ေတြ ဘယ္အရာမဆိုေပါ့ဗ်ာ။ ဒီလိုလုပ္ေဆာင္တာဟာ လုံးဝအလဟသလုပ္ရပ္ေတြပါ။ ” လို႔ လူကာကူးက တနဂၤေႏြေန႔​က ဘယ္လ္ဂ်ီယမ္နဲ႔ ခ်က္အသင္းတို႔ ကစားၾကမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲ ပြဲႀကိဳမွာ ေျပာျပသြားခဲ့ပါတယ္။

လူကာကူးဟာ အင္တာမီလန္အသင္းမွာ မႏွစ္က ေရာ္နယ္လ္ဒိုကစားေနတဲ့ တူရင္ကလပ္ ဂ်ဴဗင္တပ္စ္ကို ေက်ာ္ျဖတ္ၿပီး စကူဒတ္တိုဖလားကို သိမ္းပိုက္ႏိုင္ခဲ့သလို ေပါင္ ၉၈ သန္းနဲ႔ ခ်ယ္လ္ဆီးအသင္းဆီ ကိုင္းႀကီးႀကီးမွာနားခဲ့ရာမွာ ပရီးမီးယားလိဂ္ တေက်ာ့ျပန္ပြဲဦးထြက္ဂိုးအျဖစ္ အာဆင္နယ္အသင္းကို တဂိုးသြင္းယူထားႏိုင္ၿပီးခ်ိန္မွာ ေရာ္နယ္လ္ဒိုပါဝင္လာမယ့္ ေနာက္တပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကေနစလို႔ ဘယ္သူက ဂိုးပိုသြင္းႏိုင္မလဲ ေစာင့္ၾကည့္သြားရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.