International Other

အာဂျင်-ဘရာဇီးလ်အငြှိုးတိုက်ပွဲက တောင်အမေရိကသိက္ခာကို ထပ်မံကျဆင်းစေခဲ့ပြန်ပြီလား

ပြီးခဲ့တဲ့ညက ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့မှာ ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေကိုပါ ခေါ်ဆောင်လာခဲ့တဲ့ ဘရာဇီးလ်ကျန်းမာရေးတာဝန်ယူရှိသူတွေဟာ ကိုရင်သီယန်ကွင်းထဲကို အုပ်စုလိုက်ကြီး ရုပ်ပျက်ဆင်းပျက် ဝင်ရောက်လာခဲ့ကြကြောင့် ပွဲချိန် ၁၀ မိနစ်အတွင်းမှာပဲ ကစားပွဲကိုရပ်နားလိုက်ရပါတယ်။

သတင်းများအရ အီမီလီယာနို မာတီနက်ဇ်၊ အီမီလီယာနို ဘွမ်ဒီယာ၊ ခရစ်ရှန် ရိုမဲရိုနဲ့ ဂျော်ဗန်နီ လိုဆယ်လ်ဆိုတို့ ပါဝင်တဲ့ အာဂျင်တီးနားသား ၄ ဦးဟာ ဘရာဇီးလ်နိုင်ငံရဲ့ ကိုဗစ်စည်းမျဥ်းတခုဖြစ်တဲ့ ဗြိတိန်ကနေလာမယ်ဆိုရင် ၁၄ ရက် ကွာရန်တင်းဝင်ရမယ်ဆိုတဲ့ စည်းကမ်းချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ကွင်းထဲဝင်ပြီး တပါတည်းဖမ်းဆီးခေါ်ဆောင်ဖို့လုပ်ဆောင်ခဲ့ကြတာပါ။

ဘရာဇီးလ်ကျန်းမာရေးအာဏာပိုင်အဖွဲ့ အန်ဗီဆာက ဦးဆောင်ပြီး ပွဲကိုရပ်ဆိုင်းဖို့ လာရောက်အမိန့်ပေးခဲ့ခြင်းဖြစ်သလို ကိုဗစ်စာရွက်စာတမ်းကိစ္စ လိမ်ညာထားပါတယ်ဆိုတဲ့ အဆိုပါကစားသမား ၄ ဦးကို ကွင်းထဲကထွက်ပြီး အဖမ်းခံဖို့ ပြောဆိုခဲ့ခြင်းမှာ လီယွန်နယ် မက်ဆီကိုလည်း ဒေါသပေါက်ကွဲသွားစေခဲ့ပါတယ်။

မက်ဆီ၊ နေမာတို့အပါအဝင် ကမ္ဘာ့နာမည်အကြီးဆုံးကစားသမားတွေပါဝင်နေတဲ့ အခုလိုပွဲမှာ အားလုံးကို စိတ်ပျက်စေခဲ့ရပြီး မက်ဆီကတော့ သူ့အသင်းဖော်တွေကို ဦးဆောင်ပြီး ကွင်းထဲကနေ ထွက်ခွာသွားခဲ့ကာ တာဝန်ရှိသူတွေကို ပြန်လည်တုံ့ပြန်စကားပြောခဲ့သလို ပွဲကိုတော့ တရားဝင်ဖျက်သိမ်းဖို့ သဘောတူခဲ့ရတာပါ။

လီယွန်နယ် မက်ဆီကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး “ကျွန်တော်တို့ ဘရာဇီးလ်ကို ရောက်နေတာ ၃ ရက်တောင်ရှိပြီ။ ခင်ဗျားတို့ စောစောစီးစီး လာစစ်ခဲ့လို့ မရနိုင်ကြဘူးလား။ ဘာကြောင့်လဲ။ ကျွန်တော်တို့အသင်း ဒီပွဲကစားဖို့ စောင့်မျှော်နေတာပါ။ အကုန်လုံးကမောက်ကမတွေဖြစ်သွားခဲ့တယ်။ ဘယ်သူကမှ ကျွန်တော်တို့ကို ကြိုတင်အသိမပေးခဲ့ပါဘူး။” လို့ စိတ်ပျက်လက်ပျက်နဲ့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဘရာဇီးလ်ကျန်းမာရေးဌာနဥက္ကဌ အန်တိုနီယို ဘာရာ တောရက်စ် ” ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို လှမ်းဆက်သွယ်ပြီး အသိပေးခဲ့တယ်။ သူတို့ဟိုတယ်ကို ရောက်သွားတော့ အာဂျင်တီးနားအသင်း​က ပွဲကစားဖို့ ကိုရီသီယန်ကွင်းဆီ ထွက်ခွာသွားကြပါပြီ။ နောက်ထပ်ဖြစ်ရပ်တွေကတော့ ခင်ဗျားတို့မြင်တွေ့ကြတဲ့ မြင်ကွင်းအတိုင်းပါပဲ” လို့ ပြောဆိုသွားခဲ့တာပါ။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကလော်ဒီယို တာပီယာက ” တောင်အမေရိကပြိုင်ပွဲအားလုံးကို ကျင်းပနေတဲ့ ကျန်းမာရေးစည်းမျဥ်း​အောက်မှာ ဘယ်သူကမှ လိမ်ညာလို့မရပါဘူး။ ဥပဒေချိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ဖြစ်ရပ်ဟာ သိပ်ကိုအရှက်ရဖွယ်ကောင်းသလို ပုံရိပ်ဆိုးဖြစ်အောင် အမည်းစက်လည်းထင်သွားခဲ့ပါပြီ။ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် CONMEBOL က ကစားသမားလေးဦးကို အဝတ်ခန်းထဲ ပြန်ဝင်ဖို့ ညွှန်ကြားမှုပေးခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။

အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီကလည်း မိမိတို့အနေနဲ့ အမှန်တကယ်သာ ဥပဒေချိုးဖောက်ခဲ့တယ်ဆိုရင် အာဏာပိုင်တွေအနေနဲ့ အရေးယူဖို့ ဘာကြောင့် ၃ ရက်ကြာစောင့်ဆိုင်းနေရသလဲလို့ ဘရာဇီးလ်ကို မေးခွန်းထုတ်သွားခဲ့ပြီး အာဂျင်တီးနားပရိသတ်ဘက်ကလည်း ပွဲရပ်နားမှုမှာ အမုန်းမပွားကြဖို့ မေတ္တာရပ်ခံသွားခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဆမ်ဘာအစိုးရရဲ့ “တကယ့်သောက်ကျိုးနည်းလုပ်ရပ်” လို့ ဝေဖန်သွားခဲ့ကြပြီး တဖက်မှာလည်း နှစ်ဦးနှစ်ဖက်တာဝန်ယူမှုမရှိတဲ့ အကျိုးမဲ့လုပ်ရပ်လို့ သုံးသပ်နေသလို ကမ္ဘာ့ဖလားခြေစစ်ပွဲလို ပွဲကြီးပွဲကောင်းတခုကို ဟာသပြဇာတ်တခုလိုဖြစ်အောင် လုပ်ပစ်ခဲ့ကြတာကြောင့် တောင်အမေရိကဘောလုံးလောကရဲ့ သိက္ခာကိုလည်း ကျဆင်းစေခဲ့ပြီလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရ အာဂျင်တီးနားအသင်းဟာ ထိန်းသိမ်းခံထားရတဲ့ သူတို့ ကစားသမား ၄ ဦးလွတ်မြောက်ဖို့ ၅ နာရီကြာ စောင့်ဆိုင်းပြီးနောက် ဘရာဇီးလ်နိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။ အက်စတန်ဗီလာကစားသမားတွေဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဘွမ်ဒီယာတို့ဟာ ဘရာဇီးလ်ပွဲပြီးလျှင် ဗီလာအသင်းဆီ ပြန်လာမယ်လို့ ဂတိပေးခဲ့သော်လည်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ နောက်ထပ်ကစားမယ့် ပီရူးပွဲအပါအဝင် နိုင်ငံတကာပွဲ ၃ ပွဲစလုံးကစားပေးပြီးမှ ပြန်ရမယ်လို့ ပြောဆိုထားကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက ဘရာဇီးလ္ႏိုင္ငံ၊ ေဆာ္ေပၚလိုၿမိဳ႕မွာ ကစားခဲ့တဲ့ အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္အသင္းတို႔ရဲ႕ ကမာၻ႔ဖလားေျခစစ္ပြဲမွာ လက္နက္ကိုင္ေဆာင္ထားတဲ့ ရဲေတြကိုပါ ေခၚေဆာင္လာခဲ့တဲ့ ဘရာဇီးလ္က်န္းမာေရးတာဝန္ယူရွိသူေတြဟာ ကိုရင္သီယန္ကြင္းထဲကို အုပ္စုလိုက္ႀကီး ႐ုပ္ပ်က္ဆင္းပ်က္ ဝင္ေရာက္လာခဲ့ၾကေၾကာင့္ ပြဲခ်ိန္ ၁၀ မိနစ္အတြင္းမွာပဲ ကစားပြဲကိုရပ္နားလိုက္ရပါတယ္။

သတင္းမ်ားအရ အီမီလီယာႏို မာတီနက္ဇ္၊ အီမီလီယာႏို ဘြမ္ဒီယာ၊ ခရစ္ရွန္ ႐ိုမဲ႐ိုနဲ႔ ေဂ်ာ္ဗန္နီ လိုဆယ္လ္ဆိုတို႔ ပါဝင္တဲ့ အာဂ်င္တီးနားသား ၄ ဦးဟာ ဘရာဇီးလ္ႏိုင္ငံရဲ႕ ကိုဗစ္စည္းမ်ဥ္းတခုျဖစ္တဲ့ ၿဗိတိန္ကေနလာမယ္ဆိုရင္ ၁၄ ရက္ ကြာရန္တင္းဝင္ရမယ္ဆိုတဲ့ စည္းကမ္းခ်ိဳးေဖာက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈနဲ႔ ကြင္းထဲဝင္ၿပီး တပါတည္းဖမ္းဆီးေခၚေဆာင္ဖို႔လုပ္ေဆာင္ခဲ့ၾကတာပါ။

ဘရာဇီးလ္က်န္းမာေရးအာဏာပိုင္အဖြဲ႕ အန္ဗီဆာက ဦးေဆာင္ၿပီး ပြဲကိုရပ္ဆိုင္းဖို႔ လာေရာက္အမိန္႔ေပးခဲ့ျခင္းျဖစ္သလို ကိုဗစ္စာ႐ြက္စာတမ္းကိစၥ လိမ္ညာထားပါတယ္ဆိုတဲ့ အဆိုပါကစားသမား ၄ ဦးကို ကြင္းထဲကထြက္ၿပီး အဖမ္းခံဖို႔ ေျပာဆိုခဲ့ျခင္းမွာ လီယြန္နယ္ မက္ဆီကိုလည္း ေဒါသေပါက္ကြဲသြားေစခဲ့ပါတယ္။

မက္ဆီ၊ ေနမာတို႔အပါအဝင္ ကမာၻ႔နာမည္အႀကီးဆုံးကစားသမားေတြပါဝင္ေနတဲ့ အခုလိုပြဲမွာ အားလုံးကို စိတ္ပ်က္ေစခဲ့ရၿပီး မက္ဆီကေတာ့ သူ႔အသင္းေဖာ္ေတြကို ဦးေဆာင္ၿပီး ကြင္းထဲကေန ထြက္ခြာသြားခဲ့ကာ တာဝန္ရွိသူေတြကို ျပန္လည္တုံ႔ျပန္စကားေျပာခဲ့သလို ပြဲကိုေတာ့ တရားဝင္ဖ်က္သိမ္းဖို႔ သေဘာတူခဲ့ရတာပါ။

လီယြန္နယ္ မက္ဆီကေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး “ကြၽန္ေတာ္တို႔ ဘရာဇီးလ္ကို ေရာက္ေနတာ ၃ ရက္ေတာင္ရွိၿပီ။ ခင္ဗ်ားတို႔ ေစာေစာစီးစီး လာစစ္ခဲ့လို႔ မရႏိုင္ၾကဘူးလား။ ဘာေၾကာင့္လဲ။ ကြၽန္ေတာ္တို႔အသင္း ဒီပြဲကစားဖို႔ ေစာင့္ေမွ်ာ္ေနတာပါ။ အကုန္လုံးကေမာက္ကမေတြျဖစ္သြားခဲ့တယ္။ ဘယ္သူကမွ ကြၽန္ေတာ္တို႔ကို ႀကိဳတင္အသိမေပးခဲ့ပါဘူး။” လို႔ စိတ္ပ်က္လက္ပ်က္နဲ႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

ဘရာဇီးလ္က်န္းမာေရးဌာနဥကၠဌ အန္တိုနီယို ဘာရာ ေတာရက္စ္ ” ကြၽန္ေတာ္တို႔ ရဲတပ္ဖြဲ႕ကို လွမ္းဆက္သြယ္ၿပီး အသိေပးခဲ့တယ္။ သူတို႔ဟိုတယ္ကို ေရာက္သြားေတာ့ အာဂ်င္တီးနားအသင္း​က ပြဲကစားဖို႔ ကိုရီသီယန္ကြင္းဆီ ထြက္ခြာသြားၾကပါၿပီ။ ေနာက္ထပ္ျဖစ္ရပ္ေတြကေတာ့ ခင္ဗ်ားတို႔ျမင္ေတြ႕ၾကတဲ့ ျမင္ကြင္းအတိုင္းပါပဲ” လို႔ ေျပာဆိုသြားခဲ့တာပါ။

အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ကေလာ္ဒီယို တာပီယာက ” ေတာင္အေမရိကၿပိဳင္ပြဲအားလုံးကို က်င္းပေနတဲ့ က်န္းမာေရးစည္းမ်ဥ္း​ေအာက္မွာ ဘယ္သူကမွ လိမ္ညာလို႔မရပါဘူး။ ဥပေဒခ်ိဳးေဖာက္ႏိုင္မွာ မဟုတ္ပါဘူး။ ဒီေန႔ျဖစ္ရပ္ဟာ သိပ္ကိုအရွက္ရဖြယ္ေကာင္းသလို ပုံရိပ္ဆိုးျဖစ္ေအာင္ အမည္းစက္လည္းထင္သြားခဲ့ပါၿပီ။ ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ CONMEBOL က ကစားသမားေလးဦးကို အဝတ္ခန္းထဲ ျပန္ဝင္ဖို႔ ၫႊန္ၾကားမႈေပးခဲ့ပါတယ္” လို႔ ေျပာခဲ့တာပါ။

အာဂ်င္တီးနားနည္းျပ လီယြန္နယ္ စကာလိုနီကလည္း မိမိတို႔အေနနဲ႔ အမွန္တကယ္သာ ဥပေဒခ်ိဳးေဖာက္ခဲ့တယ္ဆိုရင္ အာဏာပိုင္ေတြအေနနဲ႔ အေရးယူဖို႔ ဘာေၾကာင့္ ၃ ရက္ၾကာေစာင့္ဆိုင္းေနရသလဲလို႔ ဘရာဇီးလ္ကို ေမးခြန္းထုတ္သြားခဲ့ၿပီး အာဂ်င္တီးနားပရိသတ္ဘက္ကလည္း ပြဲရပ္နားမႈမွာ အမုန္းမပြားၾကဖို႔ ေမတၱာရပ္ခံသြားခဲ့ပါတယ္။

ပရိသတ္ေတြကေတာ့ ဆမ္ဘာအစိုးရရဲ႕ “တကယ့္ေသာက္က်ိဳးနည္းလုပ္ရပ္” လို႔ ေဝဖန္သြားခဲ့ၾကၿပီး တဖက္မွာလည္း ႏွစ္ဦးႏွစ္ဖက္တာဝန္ယူမႈမရွိတဲ့ အက်ိဳးမဲ့လုပ္ရပ္လို႔ သုံးသပ္ေနသလို ကမာၻ႔ဖလားေျခစစ္ပြဲလို ပြဲႀကီးပြဲေကာင္းတခုကို ဟာသျပဇာတ္တခုလိုျဖစ္ေအာင္ လုပ္ပစ္ခဲ့ၾကတာေၾကာင့္ ေတာင္အေမရိကေဘာလုံးေလာကရဲ႕ သိကၡာကိုလည္း က်ဆင္းေစခဲ့ၿပီလို႔ ေျပာဆိုမႈေတြ ရွိေနပါတယ္။

ေနာက္ဆုံးရရွိတဲ့ သတင္းအရ အာဂ်င္တီးနားအသင္းဟာ ထိန္းသိမ္းခံထားရတဲ့ သူတို႔ ကစားသမား ၄ ဦးလြတ္ေျမာက္ဖို႔ ၅ နာရီၾကာ ေစာင့္ဆိုင္းၿပီးေနာက္ ဘရာဇီးလ္ႏိုင္ငံမွ ျပန္လည္ထြက္ခြာသြားၿပီျဖစ္ပါတယ္။ အက္စတန္ဗီလာကစားသမားေတြျဖစ္တဲ့ မာတီနက္ဇ္နဲ႔ ဘြမ္ဒီယာတို႔ဟာ ဘရာဇီးလ္ပြဲၿပီးလွ်င္ ဗီလာအသင္းဆီ ျပန္လာမယ္လို႔ ဂတိေပးခဲ့ေသာ္လည္း အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ဘက္ကေတာ့ ေနာက္ထပ္ကစားမယ့္ ပီ႐ူးပြဲအပါအဝင္ ႏိုင္ငံတကာပြဲ ၃ ပြဲစလုံးကစားေပးၿပီးမွ ျပန္ရမယ္လို႔ ေျပာဆိုထားေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: