Other Leagues Premier League

နဝမေျမာက္ကလပ္အသင္းကို ဝယ္ယူလုိက္တဲ့ City Football Group

မန္ခ်က္စတာစီးတီးအသင္းကို ပုိင္ဆုိင္ထားတဲ့ လုပ္ငန္းစုအေနနဲ႔ သူတုိ႔ရဲ႕ City Footall Group အစီအစဥ္အတြက္ ေဘာလုံးအသင္းသစ္ေတြ တုိးခ်ဲ႕ဝယ္ယူေနရာမွာ ၿပီးခဲ့တဲ့ တနလၤာေန႔က ဘယ္လ္ဂ်ီယမ္ ဒုတိယတန္းကလပ္ လြမ္းမဲလ္ SK အသင္းကို သူတုိ႔ရဲ႕ နဝမေျမာက္ေဘာလုံးအသင္းအျဖစ္ စုစည္းႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

City Football Group ဟာ မန္ခ်က္စတာစီးတီးအသင္းကို ၂၀၀၈ ခုႏွစ္မွာ စတင္ဝယ္ယူၿပီးေနာက္ပုိင္း သူတုိ႔ရဲ႕ ကြန္ယက္ကို ျဖန္႔က်က္ခဲ့တာျဖစ္ၿပီး နယူးေယာက္စီးတီး၊ မဲလ္ဘုန္းစီးတီး၊ ယိုကိုဟားမား F မာရီႏို႔စ္၊ မြန္တီဗီဒီယိုစီးတီး၊ ဂ်ီ႐ိုနာ၊ စီခၽြမ္က်ဴးႏ်ဴနဲ႔ မြမ္ဘိုင္းစီးတီးတုိ႔ကို ဝယ္ယူခဲ့ၿပီးၿပီလည္းျဖစ္ပါတယ္။

အဂၤလန္ႏုိင္ငံ၊ အေမရိကန္ႏိုင္ငံ၊ ၾသစေတးလ်ႏုိင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ဥ႐ုေဂြးႏုိင္ငံ၊ စပိန္ႏုိင္ငံ၊ တ႐ုတ္ႏုိင္ငံနဲ႔ အိႏၵိယႏုိင္ငံေတြမွာ တစ္သင္းစီ အသီးသီးခ်ိတ္ဆက္ထားႏုိင္ခဲ့တဲ့ City Football Group အေနနဲ႔ ဘယ္လ္ဂ်ီယံႏုိင္ငံကို ေပါင္းထည့္ခဲ့တာျဖစ္ၿပီး ဒီေရႊ႕ကြက္ကေတာ့ သူတုိ႔ကစားသမားေတြအတြက္ ဥေရာပ EU ပတ္စ္ပုိ႔စ္ အျမန္ဆုံးရရွိႏိုင္ဖို႔လည္း ျဖစ္ႏုိင္ပါတယ္။

ဒီအဖြဲ႕အစည္းထဲမွာ အင္အားအႀကီးဆုံး ဆူပါပါဝါျဖစ္ေနတဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကစားသမားရင္းျမစ္ကို ဒီအသင္းေတြကေန ရယူႏုိင္သလို သူတုိ႔ေတြဆီက ပုိလွ်ံနဲ႔ လူငယ္ကစားသမားေတြကိုလည္း အငွားခ်ထားႏုိင္တာျဖစ္လို႔ တျဖည္းျဖည္း ပုိမုိၿပီး အက်ဳိးအျမတ္ ရရွိလာႏုိင္ပါတယ္။

လက္ရွိအေနနဲ႔ နဝမေျမာက္အသင္းအျဖစ္ လြမ္းမဲလ္ SK ကို ဝယ္ယူရာမွာ သူတုိ႔ရဲ႕ ေပါင္ ၁.၇၅ သန္းရွိတဲ့ အေၾကြးေတြကိုလည္း ေပးေခ်ခဲ့ရၿပီး ပုိင္ဆုိင္ႏုိင္ခဲ့တာျဖစ္သလို ဒသမေျမာက္အသင္းအျဖစ္လည္း ျပင္သစ္လီဂူးတူးကလပ္ နန္စီအသင္းကို ဝယ္ယူဖို႔ ဆက္လက္ပစ္မွတ္ထားေနေၾကာင္းလည္း သိရွိပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကို ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းစုအနေနဲ့ သူတို့ရဲ့ City Footall Group အစီအစဉ်အတွက် ဘောလုံးအသင်းသစ်တွေ တိုးချဲ့ဝယ်ယူနေရာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဘယ်လ်ဂျီယမ် ဒုတိယတန်းကလပ် လွမ်းမဲလ် SK အသင်းကို သူတို့ရဲ့ နဝမမြောက်ဘောလုံးအသင်းအဖြစ် စုစည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

City Football Group ဟာ မန်ချက်စတာစီးတီးအသင်းကို ၂၀၀၈ ခုနှစ်မှာ စတင်ဝယ်ယူပြီးနောက်ပိုင်း သူတို့ရဲ့ ကွန်ယက်ကို ဖြန့်ကျက်ခဲ့တာဖြစ်ပြီး နယူးယောက်စီးတီး၊ မဲလ်ဘုန်းစီးတီး၊ ယိုကိုဟားမား F မာရီနို့စ်၊ မွန်တီဗီဒီယိုစီးတီး၊ ဂျီရိုနာ၊ စီချွမ်ကျူးနျူနဲ့ မွမ်ဘိုင်းစီးတီးတို့ကို ဝယ်ယူခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတေးလျနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဥရုဂွေးနိုင်ငံ၊ စပိန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ တစ်သင်းစီ အသီးသီးချိတ်ဆက်ထားနိုင်ခဲ့တဲ့ City Football Group အနေနဲ့ ဘယ်လ်ဂျီယံနိုင်ငံကို ပေါင်းထည့်ခဲ့တာဖြစ်ပြီး ဒီရွှေ့ကွက်ကတော့ သူတို့ကစားသမားတွေအတွက် ဥရောပ EU ပတ်စ်ပို့စ် အမြန်ဆုံးရရှိနိုင်ဖို့လည်း ဖြစ်နိုင်ပါတယ်။

ဒီအဖွဲ့အစည်းထဲမှာ အင်အားအကြီးဆုံး ဆူပါပါဝါဖြစ်နေတဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားရင်းမြစ်ကို ဒီအသင်းတွေကနေ ရယူနိုင်သလို သူတို့တွေဆီက ပိုလျှံနဲ့ လူငယ်ကစားသမားတွေကိုလည်း အငှားချထားနိုင်တာဖြစ်လို့ တဖြည်းဖြည်း ပိုမိုပြီး အကျိုးအမြတ် ရရှိလာနိုင်ပါတယ်။

လက်ရှိအနေနဲ့ နဝမမြောက်အသင်းအဖြစ် လွမ်းမဲလ် SK ကို ဝယ်ယူရာမှာ သူတို့ရဲ့ ပေါင် ၁.၇၅ သန်းရှိတဲ့ အကြွေးတွေကိုလည်း ပေးချေခဲ့ရပြီး ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်သလို ဒသမမြောက်အသင်းအဖြစ်လည်း ပြင်သစ်လီဂူးတူးကလပ် နန်စီအသင်းကို ဝယ်ယူဖို့ ဆက်လက်ပစ်မှတ်ထားနေကြောင်းလည်း သိရှိပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.