Ligue1 Premier League

မန္ခ်က္စတာစီးတီးပစ္မွတ္ ကြင္းလယ္လူ ေအာဝါကို လီယြန္အသင္း ေရာင္းခ်သြားမည္

ျပင္သစ္လီဂူးဝမ္းကလပ္ လီယြန္အသင္းအေနနဲ႔ ႏုိင္ငံအတြင္း ေဘာလုံးပြဲေတြကို ျပန္လည္စတင္ျခင္းမျပဳႏုိင္လုိ႔ ရပ္နားလုိက္ရခ်ိန္မွာ ကစားသမားေတြကို ထိန္းသိမ္းဖို႔ မလြယ္ေတာ့လို႔ ေရာင္းခ်ရႏိုင္ၿပီး ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကိုလည္း အေရာင္းစာရင္းထဲမွာ ထည့္သြင္းသြားဖို႔ ရွိေနပါတယ္။

မန္ခ်က္စတာစီးတီးအသင္းက စိတ္ဝင္စားေနေပမယ့္ ကနဦးအေျခအေနမွာ ေရာင္းခ်လိုျခင္းမရွိဘူးလို႔ လီယြန္အသင္းဘက္က ျငင္းဆန္ထားခဲ့တာကို သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး လက္ရွိမွာေတာ့ ေျပာင္းလဲလာတဲ့ အေျခအေနအရ လာမယ့္ရာသီအတြက္ ျပည္တြင္းပြဲေတြသာ ယွဥ္ၿပဳိင္ရေတာ့မယ့္အခ်ိန္မွာ ေအာဝါကို ထိန္းသိမ္းထားႏုိင္ျခင္းမရွိေတာ့ဘဲ လက္လႊတ္ရႏိုင္ပါတယ္။

ရာသီကုန္ခ်ိန္မွာ ဥေရာပဝင္ခြင့္ရႏုိင္ဖို႔ ႀကဳိးစားေနတဲ့ လီယြန္အသင္းအတြက္ ေစာေစာစီးစီး ရာသီသိမ္းလုိက္ရၿပီး အဆင့္ ၇ သတ္မွတ္ခံလိုက္ရတာဟာ လာမယ့္ရာသီမွာ ယူ႐ိုပါလိဂ္ကိုေတာင္ ဝင္ခြင့္မရေတာ့ဘူးဆုိတဲ့ အဓိပၸါယ္လည္းျဖစ္ၿပီး အသင္းဥကၠဌ ယြန္း-မီရွယ္ အုိလာကေတာ့ အသင္းက ကစားသမားေတြကို ဥေရာပအဆင့္မွာ ကစားခ်င္ရင္ ထြက္ခြာခြင့္ေပးမယ္လို႔ ဆုိလိုက္တာပါ။

ကိုဗစ္-၁၉ ေၾကာင့္ ဝင္ေငြအရပ္ရပ္က ေလ်ာ့က်ေနခ်ိန္မွာ အသင္းရဲ႕ လာမယ့္ရာသီမွာ ဥေရာပၿပဳိင္ပြဲေတြကပါ ရရွိမယ့္ ဝင္ေငြဆုံးရွဳံးေတာ့မယ့္ လီယြန္အသင္းေနနဲ႔ ကစားသမားေကာင္း ႏွစ္ဦးသုံးဦးေလာက္ကို ေရာင္းခ်ရဖြယ္ရွိၿပီး ဒီထဲမွာ ေအာဝါအျပင္ တုိက္စစ္မွဴး မူဆာ ဒမ္ဘီလီနဲ႔ မမ္းဖစၥ ဒီပုိင္းတုိ႔ပါ ပါဝင္ေနတယ္လို႔ ဆုိပါတယ္။

လီယြန္အသင္းအေနနဲ႔ ဘဏၰာေရးအေျခအေနအရပ္ရပ္ကို ထိန္းခ်ဳပ္ဖို႔ လိုအပ္ေနခ်ိန္မွာ ကစားသမားေတြကိုေတာ့ ေဈးေပါေပါနဲ႔ ေရာင္းခ်ဖြယ္ မရွိဘဲ သတ္မွတ္တန္ေၾကးျဖစ္တဲ့ ယူ႐ိုသန္း ၅၀ (ေပါင္ ၄၄ သန္း)နဲ႔ ေရာင္းခ်သြားဖြယ္ရွိၿပီး မန္ခ်က္စတာစီးတီးတုိ႔အေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းထက္ လက္ဦးမွဳရယူမွ ေခၚယူႏုိင္မွာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: WHO SCORED
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြင်သစ်လီဂူးဝမ်းကလပ် လီယွန်အသင်းအနေနဲ့ နိုင်ငံအတွင်း ဘောလုံးပွဲတွေကို ပြန်လည်စတင်ခြင်းမပြုနိုင်လို့ ရပ်နားလိုက်ရချိန်မှာ ကစားသမားတွေကို ထိန်းသိမ်းဖို့ မလွယ်တော့လို့ ရောင်းချရနိုင်ပြီး ကွင်းလယ်လူ ဟူဆင်းမ် အောဝါကိုလည်း အရောင်းစာရင်းထဲမှာ ထည့်သွင်းသွားဖို့ ရှိနေပါတယ်။

မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေပေမယ့် ကနဦးအခြေအနေမှာ ရောင်းချလိုခြင်းမရှိဘူးလို့ လီယွန်အသင်းဘက်က ငြင်းဆန်ထားခဲ့တာကို သတင်းတွေက ဖော်ပြခဲ့ကြပြီး လက်ရှိမှာတော့ ပြောင်းလဲလာတဲ့ အခြေအနေအရ လာမယ့်ရာသီအတွက် ပြည်တွင်းပွဲတွေသာ ယှဉ်ပြိုင်ရတော့မယ့်အချိန်မှာ အောဝါကို ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ဘဲ လက်လွှတ်ရနိုင်ပါတယ်။

ရာသီကုန်ချိန်မှာ ဥရောပဝင်ခွင့်ရနိုင်ဖို့ ကြိုးစားနေတဲ့ လီယွန်အသင်းအတွက် စောစောစီးစီး ရာသီသိမ်းလိုက်ရပြီး အဆင့် ၇ သတ်မှတ်ခံလိုက်ရတာဟာ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ကိုတောင် ဝင်ခွင့်မရတော့ဘူးဆိုတဲ့ အဓိပ္ပါယ်လည်းဖြစ်ပြီး အသင်းဥက္ကဌ ယွန်း-မီရှယ် အိုလာကတော့ အသင်းက ကစားသမားတွေကို ဥရောပအဆင့်မှာ ကစားချင်ရင် ထွက်ခွာခွင့်ပေးမယ်လို့ ဆိုလိုက်တာပါ။

ကိုဗစ်-၁၉ ကြောင့် ဝင်ငွေအရပ်ရပ်က လျော့ကျနေချိန်မှာ အသင်းရဲ့ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေကပါ ရရှိမယ့် ဝင်ငွေဆုံးရှုံးတော့မယ့် လီယွန်အသင်းနေနဲ့ ကစားသမားကောင်း နှစ်ဦးသုံးဦးလောက်ကို ရောင်းချရဖွယ်ရှိပြီး ဒီထဲမှာ အောဝါအပြင် တိုက်စစ်မှူး မူဆာ ဒမ်ဘီလီနဲ့ မမ်းဖစ္စ ဒီပိုင်းတို့ပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

လီယွန်အသင်းအနေနဲ့ ဘဏ္ဏာရေးအခြေအနေအရပ်ရပ်ကို ထိန်းချုပ်ဖို့ လိုအပ်နေချိန်မှာ ကစားသမားတွေကိုတော့ ဈေးပေါပေါနဲ့ ရောင်းချဖွယ် မရှိဘဲ သတ်မှတ်တန်ကြေးဖြစ်တဲ့ ယူရိုသန်း ၅၀ (ပေါင် ၄၄ သန်း)နဲ့ ရောင်းချသွားဖွယ်ရှိပြီး မန်ချက်စတာစီးတီးတို့အနေနဲ့ ဂျူဗင်တပ်စ်အသင်းထက် လက်ဦးမှုရယူမှ ခေါ်ယူနိုင်မှာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: WHO SCORED
PHOTOS CREDIT TO OWNERS
SPORTS A2Z.