Analysis International Premier League

မွေးနေ့ဂိုးသွင်းရှင် ဆာကာနဲ့ အင်္ဂလန် 4-0 အန်ဒိုရာ ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ကစားကွက်နဲ့ အရန်တွေကို စမ်းသပ်တဲ့ ဆောက်ဂိတ်
အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ ညာနောက်ခံလူ ၃ ယောက်ပါဝင်တဲ့ လူစာရင်းအဆန်းကြီးကို ထုတ်ခဲ့တယ်ဆိုပေမယ့် တကယ်တမ်းမှာ ဂျိမ်းစ်က ညာ၊ ထရစ်ပီယာက ဘယ်နဲ့ ကွင်းလယ်လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးရှိတယ်လို့ ချီးကျူးခံနေရတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို အလယ်တန်းမှာ စမ်းသုံးသွားခဲ့တာပါ။ လီဗာပူးလ်နောက်ခံလူရဲ့ ကွင်းလယ်ကစားပုံက သူ့ဘော်ဒါကြီး ဟန်ဒါဆန်နဲ့ပဲ တွဲကစားရချိန်မှာ တော်တော်လေး မဆိုးဘူးလို့ ဆိုနိုင်ပေမယ့် တိုက်စစ်မှာ စမ်းတဲ့အထဲက လင်ဂတ်ဖြုန်းပြီး နှစ်ဂိုးနဲ့ ကျေနပ်ခဲ့ရချိန်မှာ ဘမ်ဖို့ဒ်ကတော့ အားရစရာ မဟုတ်သလိုပါပဲ။

တောက်ပခဲ့တဲ့ မွေးနေ့ရှင် ဆာကာ
ဒီနေ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး တစ်ဂိုး ဖန်တီး၊ တစ်ဂိုးကို သူ့ရဲ့ ဖြတ်တင်ဘောကတစ်ဆင့် ရရှိခဲ့တဲ့ လူငယ်တောင်ပံကစားသမားဟာ ၂၀၀၆ ခုနှစ်က စတီဗင် ဂျရတ်နောက်ပိုင်းမှာ ပထမဆုံး မွေးနေ့ဂိုးရသူလည်း ဖြစ်ခဲ့ပါတယ်။ ဩစတြီးယားနဲ့ ခြေစမ်းပွဲမှာ တစ်ဂိုးသွင်းဖူးတဲ့ အသက် ၂၀ ပြည့် ကစားသမားအနေနဲ့ သူ့ရဲ့ ပထမဆုံး ပြိုင်ပွဲကြီးသွင်းဂိုးကိုလည်း ရရှိခဲ့ပြီး ပင်နယ်တီ လွဲတုန်းက ဖိအားတွေကိုလည်း အကောင်းဆုံးတုံ့ပြန်သွားနိုင်ခဲ့ပြီး အာဆင်နယ် ကစားသမားထဲက ဝင်ဘလီကွင်းကြီးမှာ တစ်လုံးသွင်း တစ်လုံးဖန် စံချိန်ကိုလည်း အီယန်ရိုက်နောက်မှာ မှတ်တမ်းဝင်နိုင်ခဲ့တာပါ။

စိတ်ရှည်တယ်နော်လို့ ပြောရမယ့် အင်္ဂလန်
အသင်းကြီးတိုင်း ၅ ဂိုးလောက် အနိမ့်ဆုံးသွင်းနေတဲ့ အန်ဒိုရာကို ဒုတိယဂိုးရဖို့ လူစားဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ ပင်နယ်တီအထိ စိတ်ရှည်စွာ စောင့်ခဲ့ရတာကတော့ သိပ်မဟုတ်သလိုပါပဲ။ လင်ဂတ်က ဖြုန်းတီးနေခဲ့သလို ကွင်းလယ်က သာမန် ပေးပို့မှုနဲ့ လုပ်အားနှုန်းတွေကိုသာ မြင်ရပြီး ဖန်တီးမှု နည်းပါးခဲ့သလို တိုက်စစ်ကလည်း ဧရိယာထဲမှာ အလုပ်မဖြစ်ခဲ့တာပါ။ ဟာရီကိန်း၊ ဂရီးလစ်ရှ်နဲ့ မေဆန်မောင့်တို့ကတော့ ၆၂ မိနစ်မှာ ဝင်ကစားပြီး သူတို့ရဲ့ အကျိုးပြုမှုကို ထင်ရှားနိုင်ခဲ့ပေမယ့် ဒီလိုအသင်းကို ဒီလောက်ဂိုးရဖို့ စိတ်ရှည်ရပြီး ၄ ဂိုးဆိုတာကတော့ နည်းလွန်းနေခဲ့ပါတယ်။

ကိုယ့်တံခါး ကိုယ်ပိတ်တဲ့ ဘမ်ဖို့ဒ်
လိဒ်စ်ယူနိုက်တက်နဲ့ တောက်ပခဲ့တဲ့ တိုက်စစ်မှူးကတော့ အင်္ဂလန်မှာ လူမရှိရင် အရန်ခုံထိုင်ဖို့ ခေါ်လိုက်ပါလို့ပဲ နည်းပြ ဆောက်ဂိတ်ကို မက်ဆေ့ ပေးနိုင်ခဲ့ပါတယ်။ ဘမ်ဖို့ဒ်အနေနဲ့ အန်ဒိုရာလို အသင်းနဲ့ပွဲမှာတောင် တိုက်စစ်ကို ဦးမဆောင်နိုင်ခဲ့ဘဲ ဂိုးပေါက်မရှာနိုင်ခဲ့တာက တခြားအင်္ဂလန်တိုက်စစ်မှူး အများစုကို အလှည့်ပေးဖို့ တော်လောက်ပြီဖြစ်ကြောင်း ပြောလိုက်တာလည်းဖြစ်သလို မေဆန် ဂရင်းဝုဒ်၊ ဒန်နီအင်းစ်နဲ့ ဂျေမီ ဗာဒီတို့လိုလူတွေကို ကျော်ပြီး သူ့ကို ရွေးမိခဲ့တဲ့ နည်းပြကိုပါ မျက်နှာပျက်စေခဲ့တာပါ။

အနာဂတ် မရေရာတဲ့ လင်ဂတ်
ဆောက်ဂိတ်အနေနဲ့ တိုက်စစ်မှာ လင်ဂတ်ကို ထည့်သုံးတယ်ဆိုတာဟာ ဒီတစ်ခေါက် စက်တင်ဘာပွဲစဉ်တွေက နောက်ဆုံးဖြစ်လာနိုင်ပြီး သူ့ရဲ့ ကွင်းတွင်းခြေစွမ်းက မဆိုးပေမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းမပြောင်းနိုင်ခဲ့တာနဲ့ မန်ချက်စတာယူနိုက်တက်မှာ ပွဲထွက်ခွင့်မရတဲ့ အခြေအနေတွေက သူ့ကို ထိခိုက်စေတော့မှာပါ။ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဂျေဒန် ဆန်ချိုနဲ့ ဂရင်းဝုဒ်တို့ ရှိနေတဲ့ တိုက်စစ်မှာ သူ့အတွက်က မာစီယယ်လ်ကို တောင်ပံမှာ လူစားဝင်ဖို့ ယှဉ်ပြိုင်ခွင့်က အမြင့်ဆုံးဖြစ်လာနိုင်ပြီး ဈေးကွက်ပိတ်ချိန်မှာ သူ့အနေနဲ့ ချန်ပီယံရှစ်ကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်စရာကျန်တော့တာကလည်း ဆိုးရွားလွန်းနေခဲ့ပါတယ်။

လီဗာပူးလ် ဒီဘရိုင်းနားရဲ့ စွန့်စားခန်းသစ်
လီဗာပူးလ်အသင်းရဲ့ အဓိက ဖန်တီးမှု လမ်းကြောင်းတစ်ခုဖြစ်ခဲ့တဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ ဒီနေ့ပွဲမှာ သူ့နည်းပြ ယာဂန် ကလော့ပ်ကတောင် မပေးတဲ့ အခွင့်အရေးကို ဆောက်ဂိတ်ဆီက ရရှိခဲ့တာပါ။ ညာနောက်ခံနေရာမှာတော့ သူဟာ ကီဗင် ဒီဘရိုင်းနားပဲလို့ ချီးကျူးခံထားရတဲ့ အန်းဖီးလ်က ကျောနံပါတ် ၆၆ ပိုင်ရှင်ဟာ ဒီနေ့ပွဲမှာ အသင်းဖော် ဟန်ဒါဆန်နဲ့ တွဲဖက်ပြီး ကွင်းလယ်မှာ ကစားခွင့်ရချိန်မှာ အဆင်ပြေပြေ ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဆောက်ဂိတ်က ရီးစ်ဂျိမ်းစ်ကို သူနဲ့ နေရာချင်းလဲပြီး ထပ်စမ်းသပ်ခဲ့ပါသေးတယ်။

လူစားဝင် ပင်နယ်တီနဲ့ ဂိုး ၄၀ ပြည့် ဟာရီကိန်း
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းကတော့ ပွဲချိန် ၆၂ မိနစ်မှာ အလုပ်မဖြစ်တဲ့ ဘမ်ဖို့ဒ်အစား လူစားဝင်ကစားခဲ့ပြီး ၁၀ မိနစ်အကြာမှာတော့ မေဆန်မောင့် ရှာဖွေပေးခဲ့တဲ့ ပင်နယ်တီကနေ အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။ ဒီဂိုးကြောင့် အင်္ဂလန်အသင်းရဲ့ သမိုင်းမှာ ဂိုး ၄၀ ပြည့်မြောက်တဲ့ ဆဋ္ဌမမြောက် ကစားသမားလည်းဖြစ်လာခဲ့ပြီး မိုက်ကယ် အိုဝင်ရဲ့ ပဉ္စမမြောက် ဂိုးသွင်းအများဆုံး စံချိန်ကိုလည်း လိုက်မီသွားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကစားကြက္နဲ႔ အရန္ေတြကို စမ္းသပ္တဲ့ ေဆာက္ဂိတ္
အဂၤလန္နည္းျပ ေဆာက္ဂိတ္အေနနဲ႔ ညာေနာက္ခံလူ ၃ ေယာက္ပါဝင္တဲ့ လူစာရင္းအဆန္းႀကီးကို ထုတ္ခဲ့တယ္ဆိုေပမယ့္ တကယ္တမ္းမွာ ဂ်ိမ္းစ္က ညာ၊ ထရစ္ပီယာက ဘယ္နဲ႔ ကြင္းလယ္လူတစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္မ်ိဳးရွိတယ္လို႔ ခ်ီးက်ဴးခံေနရတဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို အလယ္တန္းမွာ စမ္းသုံးသြားခဲ့တာပါ။ လီဗာပူးလ္ေနာက္ခံလူရဲ႕ ကြင္းလယ္ကစားပုံက သူ႔ေဘာ္ဒါႀကီး ဟန္ဒါဆန္နဲ႔ပဲ တြဲကစားရခ်ိန္မွာ ေတာ္ေတာ္ေလး မဆိုးဘူးလို႔ ဆိုႏိုင္ေပမယ့္ တိုက္စစ္မွာ စမ္းတဲ့အထဲက လင္ဂတ္ျဖဳန္းၿပီး ႏွစ္ဂိုးနဲ႔ ေက်နပ္ခဲ့ရခ်ိန္မွာ ဘမ္ဖို႔ဒ္ကေတာ့ အားရစရာ မဟုတ္သလိုပါပဲ။

ေတာက္ပခဲ့တဲ့ ေမြးေန႔ရွင္ ဆာကာ
ဒီေန႔ပြဲမွာ တစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး တစ္ဂိုး ဖန္တီး၊ တစ္ဂိုးကို သူ႔ရဲ႕ ျဖတ္တင္ေဘာကတစ္ဆင့္ ရရွိခဲ့တဲ့ လူငယ္ေတာင္ပံကစားသမားဟာ ၂၀၀၆ ခုႏွစ္က စတီဗင္ ဂ်ရတ္ေနာက္ပိုင္းမွာ ပထမဆုံး ေမြးေန႔ဂိုးရသူလည္း ျဖစ္ခဲ့ပါတယ္။ ဩစႀတီးယားနဲ႔ ေျခစမ္းပြဲမွာ တစ္ဂိုးသြင္းဖူးတဲ့ အသက္ ၂၀ ျပည့္ ကစားသမားအေနနဲ႔ သူ႔ရဲ႕ ပထမဆုံး ၿပိဳင္ပြဲႀကီးသြင္းဂိုးကိုလည္း ရရွိခဲ့ၿပီး ပင္နယ္တီ လြဲတုန္းက ဖိအားေတြကိုလည္း အေကာင္းဆုံးတုံ႔ျပန္သြားႏိုင္ခဲ့ၿပီး အာဆင္နယ္ ကစားသမားထဲက ဝင္ဘလီကြင္းႀကီးမွာ တစ္လုံးသြင္း တစ္လုံးဖန္ စံခ်ိန္ကိုလည္း အီယန္႐ိုက္ေနာက္မွာ မွတ္တမ္းဝင္ႏိုင္ခဲ့တာပါ။

စိတ္ရွည္တယ္ေနာ္လို႔ ေျပာရမယ့္ အဂၤလန္
အသင္းႀကီးတိုင္း ၅ ဂိုးေလာက္ အနိမ့္ဆုံးသြင္းေနတဲ့ အန္ဒိုရာကို ဒုတိယဂိုးရဖို႔ လူစားဝင္တိုက္စစ္မႉး ဟာရီကိန္းရဲ႕ ပင္နယ္တီအထိ စိတ္ရွည္စြာ ေစာင့္ခဲ့ရတာကေတာ့ သိပ္မဟုတ္သလိုပါပဲ။ လင္ဂတ္က ျဖဳန္းတီးေနခဲ့သလို ကြင္းလယ္က သာမန္ ေပးပို႔မႈနဲ႔ လုပ္အားႏႈန္းေတြကိုသာ ျမင္ရၿပီး ဖန္တီးမႈ နည္းပါးခဲ့သလို တိုက္စစ္ကလည္း ဧရိယာထဲမွာ အလုပ္မျဖစ္ခဲ့တာပါ။ ဟာရီကိန္း၊ ဂရီးလစ္ရွ္နဲ႔ ေမဆန္ေမာင့္တို႔ကေတာ့ ၆၂ မိနစ္မွာ ဝင္ကစားၿပီး သူတို႔ရဲ႕ အက်ိဳးျပဳမႈကို ထင္ရွားႏိုင္ခဲ့ေပမယ့္ ဒီလိုအသင္းကို ဒီေလာက္ဂိုးရဖို႔ စိတ္ရွည္ရၿပီး ၄ ဂိုးဆိုတာကေတာ့ နည္းလြန္းေနခဲ့ပါတယ္။

ကိုယ့္တံခါး ကိုယ္ပိတ္တဲ့ ဘမ္ဖို႔ဒ္
လိဒ္စ္ယူႏိုက္တက္နဲ႔ ေတာက္ပခဲ့တဲ့ တိုက္စစ္မႉးကေတာ့ အဂၤလန္မွာ လူမရွိရင္ အရန္ခုံထိုင္ဖို႔ ေခၚလိုက္ပါလို႔ပဲ နည္းျပ ေဆာက္ဂိတ္ကို မက္ေဆ့ ေပးႏိုင္ခဲ့ပါတယ္။ ဘမ္ဖို႔ဒ္အေနနဲ႔ အန္ဒိုရာလို အသင္းနဲ႔ပြဲမွာေတာင္ တိုက္စစ္ကို ဦးမေဆာင္ႏိုင္ခဲ့ဘဲ ဂိုးေပါက္မရွာႏိုင္ခဲ့တာက တျခားအဂၤလန္တိုက္စစ္မႉး အမ်ားစုကို အလွည့္ေပးဖို႔ ေတာ္ေလာက္ၿပီျဖစ္ေၾကာင္း ေျပာလိုက္တာလည္းျဖစ္သလို ေမဆန္ ဂရင္းဝုဒ္၊ ဒန္နီအင္းစ္နဲ႔ ေဂ်မီ ဗာဒီတို႔လိုလူေတြကို ေက်ာ္ၿပီး သူ႔ကို ေ႐ြးမိခဲ့တဲ့ နည္းျပကိုပါ မ်က္ႏွာပ်က္ေစခဲ့တာပါ။

အနာဂတ္ မေရရာတဲ့ လင္ဂတ္
ေဆာက္ဂိတ္အေနနဲ႔ တိုက္စစ္မွာ လင္ဂတ္ကို ထည့္သုံးတယ္ဆိုတာဟာ ဒီတစ္ေခါက္ စက္တင္ဘာပြဲစဥ္ေတြက ေနာက္ဆုံးျဖစ္လာႏိုင္ၿပီး သူ႔ရဲ႕ ကြင္းတြင္းေျခစြမ္းက မဆိုးေပမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အသင္းမေျပာင္းႏိုင္ခဲ့တာနဲ႔ မန္ခ်က္စတာယူႏိုက္တက္မွာ ပြဲထြက္ခြင့္မရတဲ့ အေျခအေနေတြက သူ႔ကို ထိခိုက္ေစေတာ့မွာပါ။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ဂရင္းဝုဒ္တို႔ ရွိေနတဲ့ တိုက္စစ္မွာ သူ႔အတြက္က မာစီယယ္လ္ကို ေတာင္ပံမွာ လူစားဝင္ဖို႔ ယွဥ္ၿပိဳင္ခြင့္က အျမင့္ဆုံးျဖစ္လာႏိုင္ၿပီး ေဈးကြက္ပိတ္ခ်ိန္မွာ သူ႔အေနနဲ႔ ခ်န္ပီယံရွစ္ကိုသာ ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္စရာက်န္ေတာ့တာကလည္း ဆိုး႐ြားလြန္းေနခဲ့ပါတယ္။

လီဗာပူးလ္ ဒီဘ႐ိုင္းနားရဲ႕ စြန႔္စားခန္းသစ္
လီဗာပူးလ္အသင္းရဲ႕ အဓိက ဖန္တီးမႈ လမ္းေၾကာင္းတစ္ခုျဖစ္ခဲ့တဲ့ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ ဒီေန႔ပြဲမွာ သူ႔နည္းျပ ယာဂန္ ကေလာ့ပ္ကေတာင္ မေပးတဲ့ အခြင့္အေရးကို ေဆာက္ဂိတ္ဆီက ရရွိခဲ့တာပါ။ ညာေနာက္ခံေနရာမွာေတာ့ သူဟာ ကီဗင္ ဒီဘ႐ိုင္းနားပဲလို႔ ခ်ီးက်ဴးခံထားရတဲ့ အန္းဖီးလ္က ေက်ာနံပါတ္ ၆၆ ပိုင္ရွင္ဟာ ဒီေန႔ပြဲမွာ အသင္းေဖာ္ ဟန္ဒါဆန္နဲ႔ တြဲဖက္ၿပီး ကြင္းလယ္မွာ ကစားခြင့္ရခ်ိန္မွာ အဆင္ေျပေျပ ကစားႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ေဆာက္ဂိတ္က ရီးစ္ဂ်ိမ္းစ္ကို သူနဲ႔ ေနရာခ်င္းလဲၿပီး ထပ္စမ္းသပ္ခဲ့ပါေသးတယ္။

လူစားဝင္ ပင္နယ္တီနဲ႔ ဂိုး ၄၀ ျပည့္ ဟာရီကိန္း
အဂၤလန္အသင္းေခါင္းေဆာင္ ဟာရီကိန္းကေတာ့ ပြဲခ်ိန္ ၆၂ မိနစ္မွာ အလုပ္မျဖစ္တဲ့ ဘမ္ဖို႔ဒ္အစား လူစားဝင္ကစားခဲ့ၿပီး ၁၀ မိနစ္အၾကာမွာေတာ့ ေမဆန္ေမာင့္ ရွာေဖြေပးခဲ့တဲ့ ပင္နယ္တီကေန အသင္းအတြက္ ဒုတိယဂိုး သြင္းယူေပးႏိုင္ခဲ့တာပါ။ ဒီဂိုးေၾကာင့္ အဂၤလန္အသင္းရဲ႕ သမိုင္းမွာ ဂိုး ၄၀ ျပည့္ေျမာက္တဲ့ ဆ႒မေျမာက္ ကစားသမားလည္းျဖစ္လာခဲ့ၿပီး မိုက္ကယ္ အိုဝင္ရဲ႕ ပၪၥမေျမာက္ ဂိုးသြင္းအမ်ားဆုံး စံခ်ိန္ကိုလည္း လိုက္မီသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.