La Liga Ligue1 Other

အမ်ဘာပေအနေနဲ့ အတိတ်တုန်းက ရော်နယ်လ်ဒင်ညိုကျူးလွန်ခဲ့ဖူးတဲ့ အမှားတွေကို သင်ခန်းစာယူသင့်တယ်လို့ သတိပေးခံနေရ

PSG တိုက်စစ်မှူး ခီလီယန် အမ်ဘာပေအနေနဲ့ အတိတ်တုန်း​က ဂန္ထဝင်ကစားသမားကြီး ရော်နယ်လ်ဒင်ညိုကျူးလွန်ခဲ့ဖူးတဲ့ အမှားတွေကို သင်ခန်းစာယူပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့နဲ့တင် ဗျာများမနေဘဲ ဘောလုံးကိုသာ တစိုက်မတ်မတ်နဲ့ အာရုံစိုက်သွားသင့်တယ်လို့ သတိပေးခံလိုက်ရပြီဖြစ်ပါတယ်။

talkSPORT အစီအစဥ်က ဘောလုံးကျွမ်းကျင်သူ တိုနီ ကက်စကာရီနိုက ဒီစကားကို ဆိုသွားခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အမ်ဘာပေကို ဘရာဇီးလ်သားကြီးလိုမျိုး အအောင်မြင်ဆုံးအချိန်မှာ ကစားသမားဘဝ မြန်မြန်ဆန်ဆန် ထိုးကျသွားမှာမျိုးဖြစ်မှာကိုတော့ စိုးရိမ်မိတယ်လို့ ပြောကြားပြီး ရော်နယ်လ်ဒင်ညိုလို အတုမြင် အတတ်မသင်ဖို့ ထောက်ပြသွားခဲ့တာပါ။

PSG အသင်းနဲ့ စာချုပ်တနှစ်သာကျန်ရှိတော့တဲ့ ပြင်သစ်တို​က်စစ်မှူးလေးဟာ နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ် ခြေလှမ်းပြင်တော့မယ်လို့လည်း နာမည်ကြီးနေသလို PSG မှာ R10 အဖြစ် စတင်နာမည်ကြီးလာတဲ့ ရော်နယ်လ်ဒင်ညိုနဲ့ နှိုင်းယှဥ်ပြီး ဘာစီလိုနာကို ရွေးချယ်ခဲ့သလိုမျိုး အသက် ၂၂ နှစ်သားဟာလည်း ကစားသမားဘဝ နောက်တဆင့်တက်ဖို့ ဘာနေဗျုးကို အကြီးအကျယ်အိပ်မက်မက်နေတာပါ။

ရော်နယ်လ်ဒင်ညိုရဲ့အဖြစ်ကိုကြည့်ရင်တော့ သူဟာ ပီလီ၊ မာရာဒိုနာ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ် မက်ဆီတို့လိုမျိုး အခမ်းနားဆုံး သမိုင်းဝင်ဘောလုံးသမားတဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး မှော်ဝင်ခြေစွမ်းတွေနဲ့ ကြည့်ရှုသူတိုင်းကို သံလိုက်ဓာတ်တခုလို ဆွဲဆောင်ညှို့ယူနိုင်ခဲ့ပေမယ့် စောစောစီးစီးပဲ အနားယူခဲ့ရပြီး ကစားသမားဘဝတိုတောင်းသွားခဲ့တာကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ မက်ဆီတို့လို ရေရှည်အောင်မြင်မှုရတဲ့ GOAT တွေနဲ့တတန်းတည်းထားဖို့ ဆိုရင်တော့ ခက်ခဲသွားခဲ့တာပါ။

ဘာစီလိုနာမှာ လာလီဂါ ၂ လုံး၊ ချန်ပီယံလိဂ်သရဖူတလုံး၊ ဖီဖာတနှစ်တာအကောင်းဆုံးကစားသမားဆု ၂ ကြိမ်နဲ့ ဘလွန်ဒေါတဆုရှင်ဖြစ်ခဲ့တဲ့ မှော်ဆရာကြီးဟာ နူးကမ့်မှာ ၅ နှစ်သာ တောက်ပနိုင်ခဲ့ပြီး အေစီမီလန်နဲ့အတူ စီးရီးအေချန်ပီယံတော့ တကြိမ်ဖြစ်ခဲ့သေးပေမယ့် မွေးရပ်ဇာတိ ဘရာဇီးလ်မှာပဲ လူမသိသူမသိနဲ့ နေဝင်ချိန်ကို ဖြတ်သန်းခဲ့ရပြီး လက်ရှိ ရော်နယ်လ်ဒိုက အသက် ၃၆ နှစ်အရွယ်မှာ ပရီးမီးယားလိဂ်ကို တကျော့ပြန်စိန်ခေါနေချိန်မှာ သူကတော့ ၃၆ နှစ်မှာတော့ မထင်မရှားဘဝနဲ့ အနားယူခဲ့ရပြီလည်း ဖြစ်ပါတယ်။

“ကျွန်တော်မျှော်လင့်ပါတယ်။ ခီလီယန် အမ်ဘာပေကို ရော်နယ်လ်ဒင်ညိုလိုမျိုး ဘဝမဆုံးစေချင်ဘူး။ ရော်နယ်လ်ဒင်ညိုဆိုတာ သိပ်ကိုပါရမီထူးခြားတဲ့သူမျိုးပါ။ ဒါပေမယ့် သူ့ကစားသမားဘဝက ရုတ်ချည်းဆိုသလိုပဲ ပြုတ်ကျသွားခဲ့ပါတယ်။ သူက အကောင်းဆုံးပုံစံကို ပြသခဲ့စဥ်က ကမ္ဘာ့အကောင်းဆုံးကစားသမားအထိ ဖြစ်ခဲ့တာပါ”

“ဒါပေမယ့် လူငယ်အရွယ်ဆိုတော့ အပျော်အပါးနောက်ကို အရမ်းလိုက်စားခဲ့တယ်။ မျက်စိရှေ့မှာ အရာရာတိုင်းကို လိုတိုင်းတရရှိနေချိန်မှာ ဘောလုံးကို အာရုံမစိုက်နိုင်ရှာတော့ဘူး။ သူဟာ အရင်က ရော်နယ်လ်ဒင်ညိုအဖြစ် ပြန်မလာနိုင်တော့ပါဘူး”

“အမ်ဘာပေကိုကြည့်မယ်ဆိုရင်လည်း သူက အခုမှ အသက် ၂၂ နှစ်ပါ။ ကျွန်တော်တို့ သိပ်ကိုသဘောကျပြီး အရမ်းချစ်ခဲ့တဲ့ ရော်နယ်လ်ဒင်ညိုရဲ့ လမ်းစဥ်ကို လိုက်သွားမှာကို စိုးရိမ်မိပါတယ်။ အခု သူ့ပုံစံကိုကြည့်ရင် ဘက်ဂီယာထိုးပြီး နောက်​ပြန်ဆုတ်နေတယ်လို့ ပြောရမှာပါ။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အမ်ဘာပေ ဘယ်လောက်တောင် ကောင်းခဲ့လိုက်လဲဗျာ”

“လျှပ်စီးလိုပဲ လောင်မြိုက်နေတဲ့ ပြေးအား၊ ပြိုင်ဘက်အသင်းကို တစစီဆွဲဖြဲနိုင်စွမ်းတွေနဲ့ သိပ်ကိုကြောက်ဖို့ကောင်းခဲ့တယ်မဟုတ်လား။ အဲဒီအချိန်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ်တောင် စာရင်းပေါက်သွားခဲ့သေးတာပါ။ လက်ရှိ အမ်ဘာပေကို ကြည့်ရင်တော့ သိပ်စိတ်ပျက်စရာကောင်းပါတယ်”

“ယူရိုမှာပြသခဲ့တဲ့ သူခြေစွမ်းက တော်တော်ကိုကျဆင်းနေခဲ့တာပါ။ ပြင်သစ်အတွက် ဂိုးမသွင်းထားနိုင်ခဲ့တာ ၆ ပွဲရှိလာပြီ။ ခင်ဗျားကြည့်လိုက်ရင် ထိုးကျသွားတဲ့ သူ့ပုံစံကို တွေ့လိမ့်မယ်။ အရင်က ကစားပွဲထဲမှာ သူလုပ်ပြခဲ့သလို လွှမ်းမိုးသက်ရောက်မှုမျိုးကို အခုတော့ သီသီလေးတောင် မကပ်နိုင်တော့ပါဘူး”

“နောက်ပြီး ရီးရဲလ်မက်ဒရစ်ကြောင့်လည်း ဗျာများနေပုံရပါတယ်။ ဒါပေမယ့် ဒါဟာ ​ခြေစွမ်းမပြသနိုင်ခြင်းအတွက် အကြောင်းပြချက်မဖြစ်သင့်ပါဘူး။ ပြင်သစ်လိဂ်မှာ သူက အခုလည ရလဒ်ကောင်း၊ ဂိုးသွင်းမှတ်တမ်းကောင်းတွေ ရအောင် စွမ်းဆောင်ပြနေတာပဲလေလို့ ပြောရင် ဟုတ်ပါတယ်။ အရင်ရာသီကလည်း ရခဲ့တာပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်တုန်းက မီးလိုတောက်နေတဲ့ အမ်ဘာပေးစစ်စစ်မဟုတ်တော့ပါဘူး”လို့ တိုနီက စေတနာကောင်းနဲ့ ထောက်ပြသတိပေးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:PSG တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပအေနနဲ႔ အတိတ္တုန္း​က ဂႏၴဝင္ကစားသမားႀကီး ေရာ္နယ္လ္ဒင္ညိဳက်ဴးလြန္ခဲ့ဖူးတဲ့ အမွားေတြကို သင္ခန္းစာယူၿပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔နဲ႔တင္ ဗ်ာမ်ားမေနဘဲ ေဘာလုံးကိုသာ တစိုက္မတ္မတ္နဲ႔ အာ႐ုံစိုက္သြားသင့္တယ္လို႔ သတိေပးခံလိုက္ရၿပီျဖစ္ပါတယ္။

talkSPORT အစီအစဥ္က ေဘာလုံးကြၽမ္းက်င္သူ တိုနီ ကက္စကာရီႏိုက ဒီစကားကို ဆိုသြားခဲ့တာျဖစ္ၿပီး သူ႔အေနနဲ႔ အမ္ဘာေပကို ဘရာဇီးလ္သားႀကီးလိုမ်ိဳး အေအာင္ျမင္ဆုံးအခ်ိန္မွာ ကစားသမားဘဝ ျမန္ျမန္ဆန္ဆန္ ထိုးက်သြားမွာမ်ိဳးျဖစ္မွာကိုေတာ့ စိုးရိမ္မိတယ္လို႔ ေျပာၾကားၿပီး ေရာ္နယ္လ္ဒင္ညိဳလို အတုျမင္ အတတ္မသင္ဖို႔ ေထာက္ျပသြားခဲ့တာပါ။

PSG အသင္းနဲ႔ စာခ်ဳပ္တႏွစ္သာက်န္ရွိေတာ့တဲ့ ျပင္သစ္တို​က္စစ္မႉးေလးဟာ ေနာက္ရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရီးရဲလ္မက္ဒရစ္ ေျခလွမ္းျပင္ေတာ့မယ္လို႔လည္း နာမည္ႀကီးေနသလို PSG မွာ R10 အျဖစ္ စတင္နာမည္ႀကီးလာတဲ့ ေရာ္နယ္လ္ဒင္ညိဳနဲ႔ ႏႈိင္းယွဥ္ၿပီး ဘာစီလိုနာကို ေ႐ြးခ်ယ္ခဲ့သလိုမ်ိဳး အသက္ ၂၂ ႏွစ္သားဟာလည္း ကစားသမားဘဝ ေနာက္တဆင့္တက္ဖို႔ ဘာေနဗ်ဳးကို အႀကီးအက်ယ္အိပ္မက္မက္ေနတာပါ။

ေရာ္နယ္လ္ဒင္ညိဳရဲ႕အျဖစ္ကိုၾကည့္ရင္ေတာ့ သူဟာ ပီလီ၊ မာရာဒိုနာ၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ လီယြန္နယ္ မက္ဆီတို႔လိုမ်ိဳး အခမ္းနားဆုံး သမိုင္းဝင္ေဘာလုံးသမားတဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး ေမွာ္ဝင္ေျခစြမ္းေတြနဲ႔ ၾကည့္ရႈသူတိုင္းကို သံလိုက္ဓာတ္တခုလို ဆြဲေဆာင္ညႇိဳ႕ယူႏိုင္ခဲ့ေပမယ့္ ေစာေစာစီးစီးပဲ အနားယူခဲ့ရၿပီး ကစားသမားဘဝတိုေတာင္းသြားခဲ့တာေၾကာင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ မက္ဆီတို႔လို ေရရွည္ေအာင္ျမင္မႈရတဲ့ GOAT ေတြနဲ႔တတန္းတည္းထားဖို႔ ဆိုရင္ေတာ့ ခက္ခဲသြားခဲ့တာပါ။

ဘာစီလိုနာမွာ လာလီဂါ ၂ လုံး၊ ခ်န္ပီယံလိဂ္သရဖူတလုံး၊ ဖီဖာတႏွစ္တာအေကာင္းဆုံးကစားသမားဆု ၂ ႀကိမ္နဲ႔ ဘလြန္ေဒါတဆုရွင္ျဖစ္ခဲ့တဲ့ ေမွာ္ဆရာႀကီးဟာ ႏူးကမ့္မွာ ၅ ႏွစ္သာ ေတာက္ပႏိုင္ခဲ့ၿပီး ေအစီမီလန္နဲ႔အတူ စီးရီးေအခ်န္ပီယံေတာ့ တႀကိမ္ျဖစ္ခဲ့ေသးေပမယ့္ ေမြးရပ္ဇာတိ ဘရာဇီးလ္မွာပဲ လူမသိသူမသိနဲ႔ ေနဝင္ခ်ိန္ကို ျဖတ္သန္းခဲ့ရၿပီး လက္ရွိ ေရာ္နယ္လ္ဒိုက အသက္ ၃၆ ႏွစ္အ႐ြယ္မွာ ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္စိန္ေခါေနခ်ိန္မွာ သူကေတာ့ ၃၆ ႏွစ္မွာေတာ့ မထင္မရွားဘဝနဲ႔ အနားယူခဲ့ရၿပီလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ခီလီယန္ အမ္ဘာေပကို ေရာ္နယ္လ္ဒင္ညိဳလိုမ်ိဳး ဘဝမဆုံးေစခ်င္ဘူး။ ေရာ္နယ္လ္ဒင္ညိဳဆိုတာ သိပ္ကိုပါရမီထူးျခားတဲ့သူမ်ိဳးပါ။ ဒါေပမယ့္ သူ႔ကစားသမားဘဝက ႐ုတ္ခ်ည္းဆိုသလိုပဲ ျပဳတ္က်သြားခဲ့ပါတယ္။ သူက အေကာင္းဆုံးပုံစံကို ျပသခဲ့စဥ္က ကမာၻ႔အေကာင္းဆုံးကစားသမားအထိ ျဖစ္ခဲ့တာပါ”

“ဒါေပမယ့္ လူငယ္အ႐ြယ္ဆိုေတာ့ အေပ်ာ္အပါးေနာက္ကို အရမ္းလိုက္စားခဲ့တယ္။ မ်က္စိေရွ႕မွာ အရာရာတိုင္းကို လိုတိုင္းတရရွိေနခ်ိန္မွာ ေဘာလုံးကို အာ႐ုံမစိုက္ႏိုင္ရွာေတာ့ဘူး။ သူဟာ အရင္က ေရာ္နယ္လ္ဒင္ညိဳအျဖစ္ ျပန္မလာႏိုင္ေတာ့ပါဘူး”

“အမ္ဘာေပကိုၾကည့္မယ္ဆိုရင္လည္း သူက အခုမွ အသက္ ၂၂ ႏွစ္ပါ။ ကြၽန္ေတာ္တို႔ သိပ္ကိုသေဘာက်ၿပီး အရမ္းခ်စ္ခဲ့တဲ့ ေရာ္နယ္လ္ဒင္ညိဳရဲ႕ လမ္းစဥ္ကို လိုက္သြားမွာကို စိုးရိမ္မိပါတယ္။ အခု သူ႔ပုံစံကိုၾကည့္ရင္ ဘက္ဂီယာထိုးၿပီး ေနာက္​ျပန္ဆုတ္ေနတယ္လို႔ ေျပာရမွာပါ။ ၂၀၁၈ ကမာၻ႔ဖလားမွာ အမ္ဘာေပ ဘယ္ေလာက္ေတာင္ ေကာင္းခဲ့လိုက္လဲဗ်ာ”

“လွ်ပ္စီးလိုပဲ ေလာင္ၿမိဳက္ေနတဲ့ ေျပးအား၊ ၿပိဳင္ဘက္အသင္းကို တစစီဆြဲၿဖဲႏိုင္စြမ္းေတြနဲ႔ သိပ္ကိုေၾကာက္ဖို႔ေကာင္းခဲ့တယ္မဟုတ္လား။ အဲဒီအခ်ိန္က ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲက တဦးအျဖစ္ေတာင္ စာရင္းေပါက္သြားခဲ့ေသးတာပါ။ လက္ရွိ အမ္ဘာေပကို ၾကည့္ရင္ေတာ့ သိပ္စိတ္ပ်က္စရာေကာင္းပါတယ္”

“ယူ႐ိုမွာျပသခဲ့တဲ့ သူေျခစြမ္းက ေတာ္ေတာ္ကိုက်ဆင္းေနခဲ့တာပါ။ ျပင္သစ္အတြက္ ဂိုးမသြင္းထားႏိုင္ခဲ့တာ ၆ ပြဲရွိလာၿပီ။ ခင္ဗ်ားၾကည့္လိုက္ရင္ ထိုးက်သြားတဲ့ သူ႔ပုံစံကို ေတြ႕လိမ့္မယ္။ အရင္က ကစားပြဲထဲမွာ သူလုပ္ျပခဲ့သလို လႊမ္းမိုးသက္ေရာက္မႈမ်ိဳးကို အခုေတာ့ သီသီေလးေတာင္ မကပ္ႏိုင္ေတာ့ပါဘူး”

“ေနာက္ၿပီး ရီးရဲလ္မက္ဒရစ္ေၾကာင့္လည္း ဗ်ာမ်ားေနပုံရပါတယ္။ ဒါေပမယ့္ ဒါဟာ ​ေျခစြမ္းမျပသႏိုင္ျခင္းအတြက္ အေၾကာင္းျပခ်က္မျဖစ္သင့္ပါဘူး။ ျပင္သစ္လိဂ္မွာ သူက အခုလည ရလဒ္ေကာင္း၊ ဂိုးသြင္းမွတ္တမ္းေကာင္းေတြ ရေအာင္ စြမ္းေဆာင္ျပေနတာပဲေလလို႔ ေျပာရင္ ဟုတ္ပါတယ္။ အရင္ရာသီကလည္း ရခဲ့တာပါပဲ။ ဒါေပမယ့္ လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းက မီးလိုေတာက္ေနတဲ့ အမ္ဘာေပးစစ္စစ္မဟုတ္ေတာ့ပါဘူး”လို႔ တိုနီက ေစတနာေကာင္းနဲ႔ ေထာက္ျပသတိေပးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.