အခုရာသီရဲ့ ပရီးမီးယားလိဂ်အသင်း ၂၀ ထဲမှာ ဘယ်အသင်းထက်မဆိုသာလွန်မှုဖြစ်တဲ့ ပေါင်သန်း ၁၅၀ ဆိုတဲ့ ပြောင်းရွေ့ကြေးစရိတ်ကို အသုံးကြမ်းထားပေမယ့် အဆင့် ၂၀ မှာရပ်တည်နေရတဲ့ အာဆင်နယ်အသင်းအတွက်တော့ ဂန်းနားပရိသတ်ထုရဲ့ အမြင်တွေက လူသစ်ဝယ်ယူဖြည့်တင်းမှုအပိုင်းမှာ ခြားနားမှုတွေနဲ့ သုံးသပ်နေကြဆဲပါ။
အာရွန် ရမ်းစ်ဒေးလ်၊ နူနို တာဗာရက်စ်၊ ဘန်ဝှိုက်၊ ဆမ်ဘီ လာကွန်ဂါ၊ မာတင် အိုဒီဂါ့ဒ်တို့အပြင် Deadline Day ခေါ်ယူမှုဖြစ်တဲ့ ဂျပန်သားလေး တိုမီယာစုတို့ကို အပြီးသတ်ဝယ်ယူထားခဲ့ပေမယ့် လက်တွေ့မှာတော့ အသင်းကြီးမှာ ချက်ချင်းအံဝင်ပြီး အသင့်သုံးနိုင်မယ့် ကစားသမားက ၃ ဦးလောက်သာ ပါဝင်နေတာပါ။
ဒီနေရာမှာတော့ ဂန်းနားတို့ရဲ့ အမြင်ကွဲလွဲစရာအဖြစ် စတင်လာခဲ့တာဖြစ်ပြီး တချို့ကတော့ အနာဂတ်ကိုဦးစားပေးပြီး တည်ဆောက်နေတယ်ဆိုတဲ့ အကြောင်းပြချက်ထက် ငွေကို လုံးခနဲသုံးပြီး ကမ္ဘာ့အဆင့်ကစားသမားတွေကို တိုက်ရိုက်ဖြည့်တင်းစေလိုကြချိန်မှာ အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးကတော့ ပရိသတ်တွေအနေနဲ့ လက်ရှိအခြေအနေကို နားလည်သည်းခံပေးဖို့ တောင်းဆိုသွားခဲ့တာဖြစ်ပါတယ်။
” ပရိသတ်တွေ ဘာလိုချင်နေလဲဆိုတာ ကျွန်တော်နားလည်ပါတယ်ဗျာ။ ကျွန်တော်တို့ သွားနေတဲ့ ဦးတည်လမ်းကြောင်းကိုလည်း အကြောင်းရင်းနဲ့အညီ လက်ခံနားလည်ပေးဖို့ တောင်းဆိုပါရစေ။ အသင်းတသင်းအနေနဲ့ အခုလို အခြေအနေဆိုးအထိ ဆိုက်ရောက်လာခဲ့တာကို ကျွန်တော်အရမ်းနာကျင်နေရပါတယ်”
” ကျွန်တော်တို့တသင်းလုံး ကျွန်တော်တို့အားလုံးကိုယ်စီ နာကျင်နေကြရပါတယ်။ အသင်းကို ဒီလိုအဆင့်မျိုးမှာ မမြင်လိုမတွေ့လိုပါဘူး။ ဒါပေမယ့် အသင်းလိုက်စိတ်ဓာတ်မျိုးနဲ့ စုစုစည်းစည်းကစားနေတာမျိုးကို မြင်ချင်လှပါတယ်။ မျှမျှတတပြောကြကြေးဆိုရင် ကျွန်တော်တို့ ရာသီအဖွင့် ၃ ပွဲသာ ကစားထားရပါသေးတယ်”
” တကယ်တမ်း လူစုံတက်စုံနဲ့ လူစာရင်းအပြည့် ဝင်မကစားနိုင်သေးပါဘူး။ လူသစ်တွေ ဝင်ကစားမှာကို ကျွန်တော်မြင်ချင်နေပါပြီ။ သူတို့ အသင်းလိုက်လေ့ကျင့်ပြင်ဆင်နေကြတာကို တွေ့ချင်နေပါပြီ။ တသင်းလုံး တောင့်တင်းတဲ့လူစုံသွားတော့မှ ကစားတာကိုကြည့်ပြီး အလုပ်ဖြစ်မဖြစ် ဆက်လက်ဝေဖန်ပေးကြပါ။ အဲဒါဆို ဘာပြဿနာမှမရှိပါဘူး” လို့ အီဒူးက ပြောကြားသွားခဲ့ပါတယ်။
ဘရာဇီးလ်သားကြီးက ဆက်လက်ပြီး မိမိတို့အသင်းအနေနဲ့ နွေစျေးကွက်မှာ အင်အားထပ်ဖြည့်ထားတဲ့ လက်ရှိရာသီမှာတော့ လူမရှိဘဲ ရုန်းကန်ခဲ့ရတဲ့ အရင်ရာသီနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် လူစာရင်းကတော့ ပိုတောင့်တင်းလာခဲ့ပြီလို့ အသိပေးသွားခဲ့သလို နည်းပြ မီခေးလ် အာတီတာအတွက်လည်း ခိုင်မာတဲ့ကစားကွက်တခု တည်ဆောက်ဖို့ ရွေးချယ်စရာတွေ ပိုများသွားခဲ့ပြီလို့ ယူဆခံထားရပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အာတီတာအနေနဲ့ ဖန်တီးရှင်အားနည်းချက်ကြောင့် Hybrid ဆန်ဆန် ၃-၄-၃ ကစားကွက်ကိုသာ လုံးလုံးလျားလျား ပုံအပ်အားကိုးပြီး အခြေပြုတည်ဆောက်ခဲ့ရပေမယ့် အခုအချိန်မှာတော့ မာတင် အိုဒီဂါ့ဒ်ရော အီမီးလ် စမစ်သ်ရိုးကပါ ကွင်းလယ်ဖန်တီးရှင်နေရာအတွက် အဆင်သင့်ရှိနေတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် စပိန်သားကြီး အားကိုးနေရချိန်မှာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ဘယ်နောက်ခံအစွန်လူ ကီရန် တီယာနီ ဒဏ်ရာရသွားခဲ့လို့ ဘယ်ခြေသန်တဲ့ အရန်ဘယ်နောက်ခံလူမရှိခဲ့ဘဲ ဗီလာရီးရဲလ်ကို ယူရိုပါလိဂ်ဆီမီးအဆင့်မှာ ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်ရပြ ရှူံးချက်နာခဲ့ရတဲ့အဖြစ်အပျက်က နူနို တာဗာရက်စ်ကို ရလိုက်လို့ အခုရာသီအတွက် စိတ်ချလိုက်ရပြီဖြစ်သလို ပေါ်တူဂီသားဟာ စကော့တလန်သားကို လိုက်မီဖို့ လိုသေးပေမယ့် ကစားပုံစတိုင်လ်ချင်းတူညီနေတာမို့ ဒီရာသီ အာဆင်နယ်ရဲ့အပြောင်းအရွှေ့စျေးကွက်က တဦးချင်းစီတိုင်းကို ရည်ရွယ်ချက်ရှိရှိ ခေါ်ယူခဲ့တာဖြစ်လို့ နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံးအပြောင်းအရွှေ့ဗျူဟာတခုဖြစ်လာပြီး ဂန်းနားတို့ကို ဘယ်လိုအကျိုးသက်ရောက်မှုပေးသွားမလဲဆိုတာကတော့……။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အခုရာသီရဲ႕ ပရီးမီးယားလိဂ္အသင္း ၂၀ ထဲမွာ ဘယ္အသင္းထက္မဆိုသာလြန္မႈျဖစ္တဲ့ ေပါင္သန္း ၁၅၀ ဆိုတဲ့ ေျပာင္းေ႐ြ႕ေၾကးစရိတ္ကို အသုံးၾကမ္းထားေပမယ့္ အဆင့္ ၂၀ မွာရပ္တည္ေနရတဲ့ အာဆင္နယ္အသင္းအတြက္ေတာ့ ဂန္းနားပရိသတ္ထုရဲ႕ အျမင္ေတြက လူသစ္ဝယ္ယူျဖည့္တင္းမႈအပိုင္းမွာ ျခားနားမႈေတြနဲ႔ သုံးသပ္ေနၾကဆဲပါ။
အာ႐ြန္ ရမ္းစ္ေဒးလ္၊ ႏူႏို တာဗာရက္စ္၊ ဘန္ဝႈိက္၊ ဆမ္ဘီ လာကြန္ဂါ၊ မာတင္ အိုဒီဂါ့ဒ္တို႔အျပင္ Deadline Day ေခၚယူမႈျဖစ္တဲ့ ဂ်ပန္သားေလး တိုမီယာစုတို႔ကို အၿပီးသတ္ဝယ္ယူထားခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ အသင္းႀကီးမွာ ခ်က္ခ်င္းအံဝင္ၿပီး အသင့္သုံးႏိုင္မယ့္ ကစားသမားက ၃ ဦးေလာက္သာ ပါဝင္ေနတာပါ။
ဒီေနရာမွာေတာ့ ဂန္းနားတို႔ရဲ႕ အျမင္ကြဲလြဲစရာအျဖစ္ စတင္လာခဲ့တာျဖစ္ၿပီး တခ်ိဳ႕ကေတာ့ အနာဂတ္ကိုဦးစားေပးၿပီး တည္ေဆာက္ေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ထက္ ေငြကို လုံးခနဲသုံးၿပီး ကမာၻ႔အဆင့္ကစားသမားေတြကို တိုက္႐ိုက္ျဖည့္တင္းေစလိုၾကခ်ိန္မွာ အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကေတာ့ ပရိသတ္ေတြအေနနဲ႔ လက္ရွိအေျခအေနကို နားလည္သည္းခံေပးဖို႔ ေတာင္းဆိုသြားခဲ့တာျဖစ္ပါတယ္။
” ပရိသတ္ေတြ ဘာလိုခ်င္ေနလဲဆိုတာ ကြၽန္ေတာ္နားလည္ပါတယ္ဗ်ာ။ ကြၽန္ေတာ္တို႔ သြားေနတဲ့ ဦးတည္လမ္းေၾကာင္းကိုလည္း အေၾကာင္းရင္းနဲ႔အညီ လက္ခံနားလည္ေပးဖို႔ ေတာင္းဆိုပါရေစ။ အသင္းတသင္းအေနနဲ႔ အခုလို အေျခအေနဆိုးအထိ ဆိုက္ေရာက္လာခဲ့တာကို ကြၽန္ေတာ္အရမ္းနာက်င္ေနရပါတယ္”
” ကြၽန္ေတာ္တို႔တသင္းလုံး ကြၽန္ေတာ္တို႔အားလုံးကိုယ္စီ နာက်င္ေနၾကရပါတယ္။ အသင္းကို ဒီလိုအဆင့္မ်ိဳးမွာ မျမင္လိုမေတြ႕လိုပါဘူး။ ဒါေပမယ့္ အသင္းလိုက္စိတ္ဓာတ္မ်ိဳးနဲ႔ စုစုစည္းစည္းကစားေနတာမ်ိဳးကို ျမင္ခ်င္လွပါတယ္။ မွ်မွ်တတေျပာၾကေၾကးဆိုရင္ ကြၽန္ေတာ္တို႔ ရာသီအဖြင့္ ၃ ပြဲသာ ကစားထားရပါေသးတယ္”
” တကယ္တမ္း လူစုံတက္စုံနဲ႔ လူစာရင္းအျပည့္ ဝင္မကစားႏိုင္ေသးပါဘူး။ လူသစ္ေတြ ဝင္ကစားမွာကို ကြၽန္ေတာ္ျမင္ခ်င္ေနပါၿပီ။ သူတို႔ အသင္းလိုက္ေလ့က်င့္ျပင္ဆင္ေနၾကတာကို ေတြ႕ခ်င္ေနပါၿပီ။ တသင္းလုံး ေတာင့္တင္းတဲ့လူစုံသြားေတာ့မွ ကစားတာကိုၾကည့္ၿပီး အလုပ္ျဖစ္မျဖစ္ ဆက္လက္ေဝဖန္ေပးၾကပါ။ အဲဒါဆို ဘာျပႆနာမွမရွိပါဘူး” လို႔ အီဒူးက ေျပာၾကားသြားခဲ့ပါတယ္။
ဘရာဇီးလ္သားႀကီးက ဆက္လက္ၿပီး မိမိတို႔အသင္းအေနနဲ႔ ေႏြေစ်းကြက္မွာ အင္အားထပ္ျဖည့္ထားတဲ့ လက္ရွိရာသီမွာေတာ့ လူမရွိဘဲ ႐ုန္းကန္ခဲ့ရတဲ့ အရင္ရာသီနဲ႔ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ လူစာရင္းကေတာ့ ပိုေတာင့္တင္းလာခဲ့ၿပီလို႔ အသိေပးသြားခဲ့သလို နည္းျပ မီေခးလ္ အာတီတာအတြက္လည္း ခိုင္မာတဲ့ကစားကြက္တခု တည္ေဆာက္ဖို႔ ေ႐ြးခ်ယ္စရာေတြ ပိုမ်ားသြားခဲ့ၿပီလို႔ ယူဆခံထားရပါတယ္။
ၿပီးခဲ့တဲ့ရာသီမွာ အာတီတာအေနနဲ႔ ဖန္တီးရွင္အားနည္းခ်က္ေၾကာင့္ Hybrid ဆန္ဆန္ ၃-၄-၃ ကစားကြက္ကိုသာ လုံးလုံးလ်ားလ်ား ပုံအပ္အားကိုးၿပီး အေျချပဳတည္ေဆာက္ခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ မာတင္ အိုဒီဂါ့ဒ္ေရာ အီမီးလ္ စမစ္သ္႐ိုးကပါ ကြင္းလယ္ဖန္တီးရွင္ေနရာအတြက္ အဆင္သင့္ရွိေနတာကိုလည္း ေတြ႕ရပါတယ္။
ဒါ့အျပင္ စပိန္သားႀကီး အားကိုးေနရခ်ိန္မွာ ၿပီးခဲ့တဲ့ရာသီေႏွာင္းပိုင္းမွာ ဘယ္ေနာက္ခံအစြန္လူ ကီရန္ တီယာနီ ဒဏ္ရာရသြားခဲ့လို႔ ဘယ္ေျခသန္တဲ့ အရန္ဘယ္ေနာက္ခံလူမရွိခဲ့ဘဲ ဗီလာရီးရဲလ္ကို ယူ႐ိုပါလိဂ္ဆီမီးအဆင့္မွာ ၄-၂-၃-၁ ပုံစံနဲ႔ ပြဲထြက္ရျပ ရႉံးခ်က္နာခဲ့ရတဲ့အျဖစ္အပ်က္က ႏူႏို တာဗာရက္စ္ကို ရလိုက္လို႔ အခုရာသီအတြက္ စိတ္ခ်လိုက္ရၿပီျဖစ္သလို ေပၚတူဂီသားဟာ စေကာ့တလန္သားကို လိုက္မီဖို႔ လိုေသးေပမယ့္ ကစားပုံစတိုင္လ္ခ်င္းတူညီေနတာမို႔ ဒီရာသီ အာဆင္နယ္ရဲ႕အေျပာင္းအေ႐ႊ႕ေစ်းကြက္က တဦးခ်င္းစီတိုင္းကို ရည္႐ြယ္ခ်က္ရွိရွိ ေခၚယူခဲ့တာျဖစ္လို႔ ႏွစ္ေပါင္းမ်ားစြာအတြင္း အေကာင္းဆုံးအေျပာင္းအေ႐ႊ႕ဗ်ဴဟာတခုျဖစ္လာၿပီး ဂန္းနားတို႔ကို ဘယ္လိုအက်ိဳးသက္ေရာက္မႈေပးသြားမလဲဆိုတာကေတာ့……။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.