Premier League

လီဗာပူးလ္ကစားသမားေတြကို ကေလာ့ပ္က ဘယ္လိုေမာင္းႏွင္ခဲ့သလဲဆုိတာ ရွင္းျပခဲ့တဲ့ အာႏိုး

ဂ်ာမန္နည္းျပႀကီး ယာဂန္ ကေလာ့ပ္ကေတာ့ လီဗာပူးလ္အသင္းအတြက္ ႏွစ္ေပါင္းသုံးဆယ္အၾကာမွာ ပရီးမီယားလိဂ္ဖလားကို ရယူေပးဖို႔ နီးသထက္နီးလာခဲ့ၿပီး ၁၉၉၀ ခုႏွစ္ကတည္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ ေဝးကြာေနခဲ့တဲ့ လီဗာပူးလ္အသင္းဟာ ၂၅ ပြဲ ကစားထားရာမွာ ၂၄ ပြဲအထိ အႏိုင္ရရွိကာ တစ္ပြဲသာသေရက်ထားသလို ဒုတိယေနရာကက မန္ခ်က္စတာစီးတီးအသင္းကို ၂၂ မွတ္အထိ ျဖတ္ေတာက္ထားႏိုင္ခဲ့ပါတယ္။

အခုလို အဘက္ဘက္က အားရစရာျဖစ္ေနတဲ့ လီဗာပူးလ္အသင္းကို အဓိကပ်ိဳးေထာင္ေပးခဲ့တဲ့ ကေလာ့ပ္ရဲ႕အေၾကာင္းကိုလည္း အသင္းရဲ႕ ညာေနာက္ခံကစားသမား ထရင့္ အလက္ဇန္းဒါး အာႏိုးက ခ်ီးမြမ္းခန္းဖြင့္သြားခဲ့ၿပီး အာ႐ုံစူးစိုက္မွဳ မေလ်ာ့ဖို႔ဆုိခဲ့တဲ့ “ဘယ္အရာမွ မၿပီးဆုံးေသးဘူး”ဆိုတဲ့ ကစားကိုလည္း ထည့္သြင္းေျပာျပခဲ့ပါတယ္။

“ယာဂန္ ကေလာ့ပ္က ကြၽန္ေတာ္တို႔အေပၚ နားလည္မႈေတြ အမ်ားႀကီးေပးပါတယ္။ ဒါေၾကာင့္လည္း ကြင္းထဲမွာ ကစားတဲ့အခါ ကြၽန္ေတာ္တို႔အားလုံး ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။ ဒါက ေဘာလုံးကစားသမားေတြအတြက္ သိပ္အေရးႀကီးပါတယ္”ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

ဆက္လက္ၿပီး လီဗာပူးလ္အသင္းကို ဂ်ာမန္နည္းျပရဲ႕ ေရာက္လာစဥ္ကတည္းက ျပဳျပင္ေပးခဲ့ပုံကိုလည္း အလက္ဇန္းဒါးအာႏိုးက “သူ ေရာက္လာကတည္းက အသင္းကို မယုံႏိုင္ေလာက္ေအာင္ အေကာင္းဆုံး ျပန္တည္ေဆာက္သြားတာဗ်။သူနဲ႔အတူတူ ေအာင္ျမင္မႈေတြ အမ်ားႀကီးရခ်င္ပါတယ္”ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

ကေလာ့ပ္ရဲ႕ ႏိုင္လိုစိတ္ျပင္းျပမႈအေၾကာင္းကိုလည္း အာႏိုးက “ေဘာလုံးမကစားခင္နဲ႔ ကစားၿပီး သူ႔ရဲ႕ အင္တာဗ်ဴးေတြမွာလည္း ဘယ္ေလာက္ထိ ႏိုင္လိုစိတ္ျပင္းျပမယ္ဆိုတာ ျမင္ႏိုင္ပါတယ္။ ဒါေတြကို ေလ့က်င့္ေရးကြင္းမွာ ကြၽန္ေတာ္တို႔ ေန႔တိုင္းျမင္ေနၾကပါ။ သူ႔ရဲ႕စကားေတြက ကြၽန္ေတာ္တို႔အတြက္ သိပ္အဖိုးတန္ပါတယ္။ သူက ႏိုင္ပြဲေတြ ရယူႏိုင္ေအာင္ ကူညီေပး႐ုံမကဘူး။ ၿပိဳင္ပြဲရဲ႕ ဘယ္အေျခအေနမွာမဆို စိတ္ဓာတ္ခြန္အားေတြ တက္ႂကြေနေအာင္ လုပ္ေပးေနတဲ့သူပါ”ဆိုၿပီး အဆုံးသတ္ေျပာဆိုသြားခဲ့ပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: ဂျာမန်နည်းပြကြီး ယာဂန် ကလော့ပ်ကတော့ လီဗာပူးလ်အသင်းအတွက် နှစ်ပေါင်းသုံးဆယ်အကြာမှာ ပရီးမီယားလိဂ်ဖလားကို ရယူပေးဖို့ နီးသထက်နီးလာခဲ့ပြီး ၁၉၉၀ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ၂၅ ပွဲ ကစားထားရာမှာ ၂၄ ပွဲအထိ အနိုင်ရရှိကာ တစ်ပွဲသာသရေကျထားသလို ဒုတိယနေရာကက မန်ချက်စတာစီးတီးအသင်းကို ၂၂ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

အခုလို အဘက်ဘက်က အားရစရာဖြစ်နေတဲ့ လီဗာပူးလ်အသင်းကို အဓိကပျိုးထောင်ပေးခဲ့တဲ့ ကလော့ပ်ရဲ့အကြောင်းကိုလည်း အသင်းရဲ့ ညာနောက်ခံကစားသမား ထရင့် အလက်ဇန်းဒါး အာနိုးက ချီးမွမ်းခန်းဖွင့်သွားခဲ့ပြီး အာရုံစူးစိုက်မှု မလျော့ဖို့ဆိုခဲ့တဲ့ “ဘယ်အရာမှ မပြီးဆုံးသေးဘူး”ဆိုတဲ့ ကစားကိုလည်း ထည့်သွင်းပြောပြခဲ့ပါတယ်။

“ယာဂန် ကလော့ပ်က ကျွန်တော်တို့အပေါ် နားလည်မှုတွေ အများကြီးပေးပါတယ်။ ဒါကြောင့်လည်း ကွင်းထဲမှာ ကစားတဲ့အခါ ကျွန်တော်တို့အားလုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါက ဘောလုံးကစားသမားတွေအတွက် သိပ်အရေးကြီးပါတယ်”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး လီဗာပူးလ်အသင်းကို ဂျာမန်နည်းပြရဲ့ ရောက်လာစဉ်ကတည်းက ပြုပြင်ပေးခဲ့ပုံကိုလည်း အလက်ဇန်းဒါးအာနိုးက “သူ ရောက်လာကတည်းက အသင်းကို မယုံနိုင်လောက်အောင် အကောင်းဆုံး ပြန်တည်ဆောက်သွားတာဗျ။သူနဲ့အတူတူ အောင်မြင်မှုတွေ အများကြီးရချင်ပါတယ်”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ နိုင်လိုစိတ်ပြင်းပြမှုအကြောင်းကိုလည်း အာနိုးက “ဘောလုံးမကစားခင်နဲ့ ကစားပြီး သူ့ရဲ့ အင်တာဗျူးတွေမှာလည်း ဘယ်လောက်ထိ နိုင်လိုစိတ်ပြင်းပြမယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒါတွေကို လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ နေ့တိုင်းမြင်နေကြပါ။ သူ့ရဲ့စကားတွေက ကျွန်တော်တို့အတွက် သိပ်အဖိုးတန်ပါတယ်။ သူက နိုင်ပွဲတွေ ရယူနိုင်အောင် ကူညီပေးရုံမကဘူး။ ပြိုင်ပွဲရဲ့ ဘယ်အခြေအနေမှာမဆို စိတ်ဓာတ်ခွန်အားတွေ တက်ကြွနေအောင် လုပ်ပေးနေတဲ့သူပါ”ဆိုပြီး အဆုံးသတ်ပြောဆိုသွားခဲ့ပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.