Other Premier League

ယူနိုက်တက်ကစားသမားဘဝက ဖြစ်ရပ်ဆိုးကို ပြန်လည်ရင်ဖွင့်လာတဲ့ ဒီမာရီယာ

၂၀၁၄ ခုနှစ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လာတဲ့ အန်ဟဲလ် ဒီမာရီယာဟာ တရာသီကြာသာ ကစားခဲ့တဲ့ အိုးထရက်ဖို့ဒ်မှာ ငရဲကျခဲ့သလို ခံစားခဲ့ရပြီး နောက်ရာသီမှာပဲ အိပ်မက်ကဇာတ်ရုံကို ခါးခါးသီးသီး စွန့်ခွာ့သွားခဲ့သလို သရဲနီပရိသတ်တွေကတော့ သူ့ကို ‘မြွေ’လိုလူလို့ နာမည်ဆိုးတပ်ခဲ့ကြပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာမှာ အခက်ခဲဆုံးအချိန်
ဒါ့အပြင် အာဂျင်တီးနားသားဟာ ကွင်းပြင်ပလူမှုဘဝမှာလည်း အခက်ခဲဆုံးအချိန်တခုကို ရင်ဆိုင်ခဲ့ရပြီး ၂၀၁၅ ခုနှစ် မတ်လမှာ သူနေထိုင်ရာ မန်ချက်စတာမြို့က ပရက်စ်ဘူရီအိမ်ကြီးကို ဖောက်ထွင်းခံခဲ့ရလို့ တလအကြာမှာပဲ အဆိုပါအိမ်ကို စွန့်ခွာခဲ့ရတာလည်း ဖြစ်သလို သူနဲ့ အဲဒီအချိန်က ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ လူးဝစ် ဗန်ဟားလ်တို့ကြား ဆက်ဆံရေးတင်းမာခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ တပတ်ကပဲ PSG တောင်ပံတိုက်စစ်မှူးဟာ ယူနိုက်တက်မှာ ဆက်ခံခွင့်ရခဲ့တဲ့ နံပါတ် ၇ ဂျာစီကို “သောက်ဂရုကို မစိုက်ဘူး” လို့ လူသိရှင်ကြား ထုတ်ပြောထားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ကို သံယောဇဥ်ကြီးမားခဲ့သော်ငြား
Express သတင်းရဲ့အဆိုအရ မန်ချက်စတာကနေ ထွက်ခွာပြီး တလအကြာမှာပဲ ဒီမာရီယာက သူဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဘယ်သောအခါကမှ စွန့်ခွာလိုခြင်းမရှိခဲ့ကြောင်း ထုတ်ပြောသွားခဲ့ပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ဟာ သူ့ရဲ့ဆန္ဒမပါဝင်ခဲ့သလို ကိုယ်စားလှယ်တွေရဲ့ တဖက်သတ် လုပ်ဆောင်မှုသာဖြစ်ကြောင်း စွပ်စွဲအပြစ်တင်သွားခဲ့ဖူးပါတယ်။

ဗန်ဟားလ်နဲ့ ဘယ်လိုပြဿနာတက်ခဲ့လဲ
“ကျွန်တော့်ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်အခါ မဟုတ်ခဲ့ပါဘူး။ ဒါမှမဟုတ် အကောင်းဆုံးမပျော်ခဲ့ရပါဘူး။ နည်းပြနဲ့ ပြဿနာတွေ ရှုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ကျေးဇူးနဲ့ PSG ကို ပြောင်းခွင့်ရခဲ့ပြီး ကျွန်တော်ဘယ်သူလဲဆိုတာကို ပြန်လည်သက်​သေပြသခွင့်ရခဲ့ပါတယ်”

“ကျွန်တော် မန်ချက်စတာကို ရောက်ခါစ နှစ်လလောက်အတွင်းတော့ နည်းပြ ဗန်ဟားလ်နဲ့ ဆက်ဆံရေးက အကုန်အဆင်ပြေပြေပါပဲ။ တခေါက်တော့ ကျွန်တော်တို့ အချင်းများခဲ့ပြီး နောက်ပိုင်းမှာ ဆက်ဆံရေးက အက်ကြောင်းထင်ပြီး ပြောင်းလဲသွားခဲ့တာပါ။ စကားများကြရတဲ့အကြောင်းက သူက ကျွန်တော်ရဲ့ ဆိုးကွက်နဲ့ အားနည်ချက်တွေကိုပဲ အမြဲဖိပြောခဲ့တာကြောင့်ပါ။ ကျွန်တော် စိတ်ထိန်းခဲ့ပါတယ်။ တရက်တော့ သူ့ကို ကျွန်တော့်ရဲ့ကောင်းကွက်တွေကျ ခင်ဗျားမမြင်ဘူးလားလို့ မေးလိုက်တော့ ဒီလိုပြောတဲ့ပုံစံကို သူမကြိုက်ခဲ့ဘဲ ပြဿနာတက်ခဲ့တာပါပဲ”လို့ ဒီမာရီယာက ဖွင့်ဟမှုကို ကြားသိရတာပါ။

ဂန္ထဝင် နံပါတ် ၇ ဂျာစီကို တံတွေးနဲ့ထွေးခဲ့သူ
“ရီးရဲလ်မက်ဒရစ်မှာ ကျောနံပါတ် ၁၁ က ပိုင်ရှင်ရှိပြီးသားမလို့ ကျွန်တော် ၂၂ ကို ရွေးခဲ့တယ်။ ယူနို​က်တက်ကိုရောက်တော့ ကျွန်တော့်ဆန္ဒမပါဘဲ သူတို့ပေးချင်တဲ့ ကျောနံပါတ် ၇ ဂျာစီကို အတင်းထိုးပေးခဲ့ကြတာပါ။ ကျွန်တော်က ၁၁ ကို ကြိုက်သူပါ။ PSG မှာတော့ နံပါတ် ၁၁ ကို ရွေးခွင့်ရလို့ ဒါကိုပဲ ဝတ်ဆင်ခဲ့ပါတယ်”လို့ ရှင်းပြခဲ့ဖူးတဲ့ ဒီမာရီယာက ပြီးခဲ့တဲ့တပတ်ကပဲ PSG တောင်ပံတိုက်စစ်မှူးဟာ ယူနိုက်တက်မှာ ဆက်ခံခွင့်ရခဲ့တဲ့ ဂန္ထဝင်မြောက်ဆိုတဲ့ နံပါတ် ၇ ဂျာစီကို “သောက်ဂရုကို မစိုက်ဘူး”လို့ လူသိရှင်ကြား ထုတ်ပြောထားခဲ့ပြီး တံထွေးနဲ့ထွေးသွားခဲ့ပါသေးတယိ။

ယူနိုက်တက်ကို တူးတူးခါးခါး မုန်းတီးတဲ့ ဒီမာရီယာ
ESPN ရဲ့သတင်းဖော်ပြမှုမှာတော့ ဒီမာရီယာတို့စုံတွဲဟာ မန်ချက်စတာမြို့ခံလူတွေကို တော်တော်လေးချဥ်စရာကောင်းတယ်လို့ ယူဆခဲ့ကြပြီး လူတွေဟာ ဖြူဖတ်ဖြူရော်မျက်နှာသေကြီးတွေနဲ့ အတော်လေးထူးထူးဆန်းဆန်းနိုင်တယ်လို့ သတ်မှတ်ခံကြတာပါ။

“သူတို့​က လူတယောက်ကို အပြတ်ရှင်းတော့မယ့်ပုံစံမျိုးနဲ့ လမ်းတွေမှာ သွားလာနေကြတာပါ။ အစားအသောက်ကအစ တော်တော်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်မကတော့ ကျွန်မချစ်သူကို မန်ချက်စတာကို ရွေးချယ်ခဲ့လို့ အပြစ်မတင်ခဲ့သလို အဆင်မပြေဆုံးအချိန်တွေမှာ ကျွန်မတို့ ပိုပြီးနွေးထွေးနီးစပ်ခဲ့ပါတယ်။ နေ့လည် ၂ နာရီဆိုရင် ညဘက်ရောက်နေသလို ဖြစ်နေပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ချင်စိတ်တောင်ဖြစ်မိတယ်လို့ သူ့ကိုပြောခဲ့ဖူးပါတယ်”လို့ ဒီမာရီယာရဲ့ လက်တွဲဖော်ကလည်း ဖွင့်ဟမှုပြုလုပ်ခဲ့တာပါ။

Metro သတင်းရဲ့အဆိုအရ ဒီမာရီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို တူးတူးခါးခါး မုန်းတီးတဲ့သူမျိုးဖြစ်တယ်လို့ ဖော်ပြခံထားရပြီး မန်ချက်စတာမှာ ကောင်းမွန်တဲ့အရာတွေကို မကြုံဆုံခဲ့ရလို့ ရုပ်သံအစီအစဥ်မှာ ယူနိုက်တက်နဲ့ ပတ်သက်တဲ့အကြောင်းအရာကို မြင်ရကြားရရင်တောင် သည်းမခံနိုင်ဘဲ လိုင်းချက်ချင်းပြောင်းတတ်တဲ့သူလို့ သိရှိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၁၄ ခုႏွစ္က ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လာတဲ့ အန္ဟဲလ္ ဒီမာရီယာဟာ တရာသီၾကာသာ ကစားခဲ့တဲ့ အိုးထရက္ဖို႔ဒ္မွာ ငရဲက်ခဲ့သလို ခံစားခဲ့ရၿပီး ေနာက္ရာသီမွာပဲ အိပ္မက္ကဇာတ္႐ုံကို ခါးခါးသီးသီး စြန္႔ခြာ့သြားခဲ့သလို သရဲနီပရိသတ္ေတြကေတာ့ သူ႔ကို ‘ေႁမြ’လိုလူလို႔ နာမည္ဆိုးတပ္ခဲ့ၾကေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာမွာ အခက္ခဲဆုံးအခ်ိန္
ဒါ့အျပင္ အာဂ်င္တီးနားသားဟာ ကြင္းျပင္ပလူမႈဘဝမွာလည္း အခက္ခဲဆုံးအခ်ိန္တခုကို ရင္ဆိုင္ခဲ့ရၿပီး ၂၀၁၅ ခုႏွစ္ မတ္လမွာ သူေနထိုင္ရာ မန္ခ်က္စတာၿမိဳ႕က ပရက္စ္ဘူရီအိမ္ႀကီးကို ေဖာက္ထြင္းခံခဲ့ရလို႔ တလအၾကာမွာပဲ အဆိုပါအိမ္ကို စြန္႔ခြာခဲ့ရတာလည္း ျဖစ္သလို သူနဲ႔ အဲဒီအခ်ိန္က ယူႏိုက္တက္နည္းျပအျဖစ္ တာဝန္ယူေနတဲ့ လူးဝစ္ ဗန္ဟားလ္တို႔ၾကား ဆက္ဆံေရးတင္းမာခဲ့ရပါေသးတယ္။ ၿပီးခဲ့တဲ့ တပတ္ကပဲ PSG ေတာင္ပံတိုက္စစ္မႉးဟာ ယူႏိုက္တက္မွာ ဆက္ခံခြင့္ရခဲ့တဲ့ နံပါတ္ ၇ ဂ်ာစီကို “ေသာက္ဂ႐ုကို မစိုက္ဘူး” လို႔ လူသိရွင္ၾကား ထုတ္ေျပာထားခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္ကို သံေယာဇဥ္ႀကီးမားခဲ့ေသာ္ျငား
Express သတင္းရဲ႕အဆိုအရ မန္ခ်က္စတာကေန ထြက္ခြာၿပီး တလအၾကာမွာပဲ ဒီမာရီယာက သူဟာ ရီးရဲလ္မက္ဒရစ္အသင္းကေန ဘယ္ေသာအခါကမွ စြန္႔ခြာလိုျခင္းမရွိခဲ့ေၾကာင္း ထုတ္ေျပာသြားခဲ့ၿပီး ယူႏိုက္တက္နဲ႔ အေျပာင္းအေ႐ႊ႕ဟာ သူ႔ရဲ႕ဆႏၵမပါဝင္ခဲ့သလို ကိုယ္စားလွယ္ေတြရဲ႕ တဖက္သတ္ လုပ္ေဆာင္မႈသာျဖစ္ေၾကာင္း စြပ္စြဲအျပစ္တင္သြားခဲ့ဖူးပါတယ္။

ဗန္ဟားလ္နဲ႔ ဘယ္လိုျပႆနာတက္ခဲ့လဲ
“ကြၽန္ေတာ့္ကစားသမားဘဝရဲ႕ အေကာင္းဆုံးအခ်ိန္အခါ မဟုတ္ခဲ့ပါဘူး။ ဒါမွမဟုတ္ အေကာင္းဆုံးမေပ်ာ္ခဲ့ရပါဘူး။ နည္းျပနဲ႔ ျပႆနာေတြ ရႈပ္ခဲ့ရပါတယ္။ ဒါေပမယ့္ ဘုရားသခင္ရဲ႕ေက်းဇူးနဲ႔ PSG ကို ေျပာင္းခြင့္ရခဲ့ၿပီး ကြၽန္ေတာ္ဘယ္သူလဲဆိုတာကို ျပန္လည္သက္​ေသျပသခြင့္ရခဲ့ပါတယ္”

“ကြၽန္ေတာ္ မန္ခ်က္စတာကို ေရာက္ခါစ ႏွစ္လေလာက္အတြင္းေတာ့ နည္းျပ ဗန္ဟားလ္နဲ႔ ဆက္ဆံေရးက အကုန္အဆင္ေျပေျပပါပဲ။ တေခါက္ေတာ့ ကြၽန္ေတာ္တို႔ အခ်င္းမ်ားခဲ့ၿပီး ေနာက္ပိုင္းမွာ ဆက္ဆံေရးက အက္ေၾကာင္းထင္ၿပီး ေျပာင္းလဲသြားခဲ့တာပါ။ စကားမ်ားၾကရတဲ့အေၾကာင္းက သူက ကြၽန္ေတာ္ရဲ႕ ဆိုးကြက္နဲ႔ အားနည္ခ်က္ေတြကိုပဲ အၿမဲဖိေျပာခဲ့တာေၾကာင့္ပါ။ ကြၽန္ေတာ္ စိတ္ထိန္းခဲ့ပါတယ္။ တရက္ေတာ့ သူ႔ကို ကြၽန္ေတာ့္ရဲ႕ေကာင္းကြက္ေတြက် ခင္ဗ်ားမျမင္ဘူးလားလို႔ ေမးလိုက္ေတာ့ ဒီလိုေျပာတဲ့ပုံစံကို သူမႀကိဳက္ခဲ့ဘဲ ျပႆနာတက္ခဲ့တာပါပဲ”လို႔ ဒီမာရီယာက ဖြင့္ဟမႈကို ၾကားသိရတာပါ။

ဂႏၴဝင္ နံပါတ္ ၇ ဂ်ာစီကို တံေတြးနဲ႔ေထြးခဲ့သူ
“ရီးရဲလ္မက္ဒရစ္မွာ ေက်ာနံပါတ္ ၁၁ က ပိုင္ရွင္ရွိၿပီးသားမလို႔ ကြၽန္ေတာ္ ၂၂ ကို ေ႐ြးခဲ့တယ္။ ယူႏို​က္တက္ကိုေရာက္ေတာ့ ကြၽန္ေတာ့္ဆႏၵမပါဘဲ သူတို႔ေပးခ်င္တဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို အတင္းထိုးေပးခဲ့ၾကတာပါ။ ကြၽန္ေတာ္က ၁၁ ကို ႀကိဳက္သူပါ။ PSG မွာေတာ့ နံပါတ္ ၁၁ ကို ေ႐ြးခြင့္ရလို႔ ဒါကိုပဲ ဝတ္ဆင္ခဲ့ပါတယ္”လို႔ ရွင္းျပခဲ့ဖူးတဲ့ ဒီမာရီယာက ၿပီးခဲ့တဲ့တပတ္ကပဲ PSG ေတာင္ပံတိုက္စစ္မႉးဟာ ယူႏိုက္တက္မွာ ဆက္ခံခြင့္ရခဲ့တဲ့ ဂႏၴဝင္ေျမာက္ဆိုတဲ့ နံပါတ္ ၇ ဂ်ာစီကို “ေသာက္ဂ႐ုကို မစိုက္ဘူး”လို႔ လူသိရွင္ၾကား ထုတ္ေျပာထားခဲ့ၿပီး တံေထြးနဲ႔ေထြးသြားခဲ့ပါေသးတယိ။

ယူႏိုက္တက္ကို တူးတူးခါးခါး မုန္းတီးတဲ့ ဒီမာရီယာ
ESPN ရဲ႕သတင္းေဖာ္ျပမႈမွာေတာ့ ဒီမာရီယာတို႔စုံတြဲဟာ မန္ခ်က္စတာၿမိဳ႕ခံလူေတြကို ေတာ္ေတာ္ေလးခ်ဥ္စရာေကာင္းတယ္လို႔ ယူဆခဲ့ၾကၿပီး လူေတြဟာ ျဖဴဖတ္ျဖဴေရာ္မ်က္ႏွာေသႀကီးေတြနဲ႔ အေတာ္ေလးထူးထူးဆန္းဆန္းႏိုင္တယ္လို႔ သတ္မွတ္ခံၾကတာပါ။

“သူတို႔​က လူတေယာက္ကို အျပတ္ရွင္းေတာ့မယ့္ပုံစံမ်ိဳးနဲ႔ လမ္းေတြမွာ သြားလာေနၾကတာပါ။ အစားအေသာက္ကအစ ေတာ္ေတာ္ကို စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ကြၽန္မကေတာ့ ကြၽန္မခ်စ္သူကို မန္ခ်က္စတာကို ေ႐ြးခ်ယ္ခဲ့လို႔ အျပစ္မတင္ခဲ့သလို အဆင္မေျပဆုံးအခ်ိန္ေတြမွာ ကြၽန္မတို႔ ပိုၿပီးေႏြးေထြးနီးစပ္ခဲ့ပါတယ္။ ေန႔လည္ ၂ နာရီဆိုရင္ ညဘက္ေရာက္ေနသလို ျဖစ္ေနၿပီး ကိုယ့္ကိုကိုယ္ အဆုံးစီရင္ခ်င္စိတ္ေတာင္ျဖစ္မိတယ္လို႔ သူ႔ကိုေျပာခဲ့ဖူးပါတယ္”လို႔ ဒီမာရီယာရဲ႕ လက္တြဲေဖာ္ကလည္း ဖြင့္ဟမႈျပဳလုပ္ခဲ့တာပါ။

Metro သတင္းရဲ႕အဆိုအရ ဒီမာရီယာဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို တူးတူးခါးခါး မုန္းတီးတဲ့သူမ်ိဳးျဖစ္တယ္လို႔ ေဖာ္ျပခံထားရၿပီး မန္ခ်က္စတာမွာ ေကာင္းမြန္တဲ့အရာေတြကို မႀကဳံဆုံခဲ့ရလို႔ ႐ုပ္သံအစီအစဥ္မွာ ယူႏိုက္တက္နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာကို ျမင္ရၾကားရရင္ေတာင္ သည္းမခံႏိုင္ဘဲ လိုင္းခ်က္ခ်င္းေျပာင္းတတ္တဲ့သူလို႔ သိရွိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.