International Match Report Premier League

အိမ်ကွင်းမှာ လူစုံမထုတ်ခဲ့ပေမယ့် လင်ဂတ်၊ဆာကာတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ အင်အားနည်းတဲ့ ပြိုင်ဘက် အန်ဒိုရာနဲ့ ကစားရမှာဖြစ်တဲ့အတွက် နည်းပြ ဆောက်ဂိတ်အနေနဲ့ လူစုံမထုတ်ဘဲ အရန်ကစားသမားတချို့ကို ထည့်သွင်းခဲ့သလို ကစားကွက်ကိုလည်း စမ်းသပ်ခဲ့ပြီး ညာနောက်ခံလူ သုံးယောက်ကို အံ့အားသင့်ဖွယ်ထည့်သွင်းပြီး ပွဲထွက်လာခဲ့ပါတယ်။

ဂိုးသမားနေရာမှာ ချန်ပီယံရှစ်ဂိုးသမား ဂျွန်စတုန်း၊ ခံစစ်မှာ ထရစ်ပီယာ၊ ရီးစ်ဂျိမ်းစ်၊အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ကိုဒီနဲ့ မင်းစ်တို့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာ ဝါရင့် ဟန်ဒါဆန်ကို ဘယ်လင်ဂမ်နဲ့ တွဲပေးခဲ့ချိန်မှာ တိုက်စစ်မှာ ဆာကာ၊ လင်ဂတ်နဲ့ ဘမ်ဖို့ဒ်တို့ပွဲထွက်လာကြပြီး ပြီးခဲ့တဲ့ပွဲတွေမှာ အဝါကတ်တွေ စုဆောင်းမိထားခဲ့တဲ့ ဝေါ်လ်ကာ၊ ရိုက်စ်၊ စတာလင်နဲ့ ဟာရီကိန်းတို့ကိုတော့ လာမယ့် ပိုလန်နဲ့ အရေးကြီးတဲ့ အဝေးကွင်းပွဲစဉ်အတွက် သိမ်းထားခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ ဆာကာက လင်ဂတ် ညာခြမ်းက ချိုးပေးတဲ့ ဘောလုံးကို ကန်သွင်းခဲ့ရာမှာ အန်ဒိုရာနောက်ခံလူနဲ့ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပေမယ့် နှစ်မိနစ်အကြာမှာ ဆာကာရဲ့ ဘယ်ခြမ်းက ချိုးပေးတဲ့ ဘောလုံးက နောက်ခံလူနဲ့ ထိပြီးကျအလာမှာ လင်ဂတ် ကန်သွင်းရာမှာတော့ အင်္ဂလန်တို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ဘမ်ဖို့ဒ် ချပေးတာကနေ လင်ဂတ် ဂိုးထပ်သွင်းပေမယ့် လူကျွံနေခဲ့သလို အင်္ဂလန်တို့ အခွင့်အရေးတွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် အသုံးချနိုင်ခြင်း မရှိသလို ဖြုန်းတီးမှုတွေပဲ များနေခဲ့လို့ အသင်းကြီးတိုင်း ၅ ဂိုးနဲ့အထက် သွင်းနိုင်တဲ့ အန်ဒိုရာကို ပထမပိုင်းမှာ တစ်ဂိုးတည်းနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးလ်နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကတော့ ကျောနံပါတ် ၄ နဲ့ ခံစစ်မှာ မဟုတ်ဘဲ ကွင်းလယ်သုံးယောက်တန်းအစွန်တွေမှာ ဘယ်ရော ညာပါ ကစားကွက်အရ ဖြည့်ဆည်းသွားခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ထရစ်ပီယာကတော့ ကျောနံပါတ် ၃ နဲ့ လုခ်ရှောကို အနားပေးချိန်မှာ ဝင်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ကွင်းလယ်ဖန်တီးမှု ကင်းမဲ့နေသလို အထောင်တိုက်စစ်က ဘမ်ဖို့ဒ် သုံးစားမရတဲ့ အင်္ဂလန်တိုက်စစ်က ဆိုးရွားနေခဲ့ပြီး လက်ပစ်ဘောကနေ နောက်ခံလူ ရီးစ်ဂျိမ်းစ် လှမ်းကန်ပြီး ဘားထိခဲ့တဲ့ တစ်လုံးကလွဲလို့ ရင်ခုန်စရာ မရှိခဲ့တာကြောင့် ပွဲချိန် ၆၂ မိနစ်မှာ ဂရီးလစ်ရှ်၊ မေဆန်မောင့်နဲ့ ဟာရီကိန်းတို့ ဝင်ရောက်ကစားခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာတော့ အင်္ဂလန်ရဲ့ တွဲလုံးတွေနဲ့ ဖန်တီးမှုတွေကို ပိုမိုလှပလာခဲ့ပြီး အချက်အဆက်မိလာခဲ့တဲ့ တိုက်စစ်ကို အန်ဒိုရာတို့ တားဆီးရင်း မေဆန်မောင့်ကို နောက်က ဖိတွန်းမိလို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို လူစားဝင်တိုက်စစ်မှူး ဟာရီကိန်းက ပွဲချိန် ၇၂ မိနစ်မှာ အမှားအယွင်းမရှိကန်သွင်းပြီး ဒုတိယဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ တိုက်စစ်မှာ တူတူတန်တန်ဖြစ်သွားခဲ့တဲ့ အင်္ဂလန်တို့ နောက်တစ်ဂိုးထပ်ရခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆာကာ ပေးလိုက်တဲ့ ဘောလုံးကို လင်ဂတ်က နောက်ခံလူတွေကြားကနေ ဘောလုံးပေးမယ့်ပုံစံနဲ့ လျှပ်တစ်ပြက် ကန်သွင်းခဲ့ရာမှာ အန်ဒိုရာဂိုးသမား မကာကွယ်နိုင်ခဲ့ဘဲ တတိယဂိုးဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ထောင့်ကန်ဘောကို အလက်ဇန်းဒါး-အာနိုးလ်ဒ် အမြန်ကန်ပေးတာကို လင်ဂတ်က ဖြတ်တင်ပေးခဲ့ရာမှာ ဒီနေ့မှာ အသက် ၂၀ ပြည့်သွားခဲ့တဲ့ မွေးနေ့ရှင် ဆာကာက သူ့ကို ကပ်ထားတဲ့ နောက်ခံလူထက် ပိုမြင့်အောင်ခုန်ပြီး ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ အင်္ဂလန်တို့ စတုတ္ထဂိုးနဲ့ ဦးဆောင်ခဲ့ပြီး သူ့အတွက်တော့ ပထမဆုံး ခြေစမ်းပွဲ မဟုတ်တဲ့ ပြိုင်ပွဲကြီးသွင်းဂိုးကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အင်္ဂလန်တို့ လေးဂိုး-ဂိုးမရှိရလဒ်နဲ့ပွဲ အောင်ပွဲခံခဲ့ပြီး နည်းပြ ဆောက်ဂိတ်ကတော့ သူ့ရဲ့ အသင်းမှာ အားကိုးလို့ မရသေးတဲ့ သူတွေကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ရတဲ့ အမြတ်တစ်ခုကို ဒီပွဲမှာ ပိုင်ဆိုင်နိုင်ခဲ့သလို အုပ်စု(I)မှာတော့ ငါးပွဲကစား ငါးပွဲနိုင် ရမှတ် ၁၅ မှတ်နဲ့ ထိပ်ဆုံးက ရာနှုန်းပြည့်မှတ်တမ်းနဲ့ ရပ်တည်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အင္အားနည္းတဲ့ ၿပိဳင္ဘက္ အန္ဒိုရာနဲ႔ ကစားရမွာျဖစ္တဲ့အတြက္ နည္းျပ ေဆာက္ဂိတ္အေနနဲ႔ လူစုံမထုတ္ဘဲ အရန္ကစားသမားတခ်ိဳ႕ကို ထည့္သြင္းခဲ့သလို ကစားကြက္ကိုလည္း စမ္းသပ္ခဲ့ၿပီး ညာေနာက္ခံလူ သုံးေယာက္ကို အံ့အားသင့္ဖြယ္ထည့္သြင္းၿပီး ပြဲထြက္လာခဲ့ပါတယ္။

ဂိုးသမားေနရာမွာ ခ်န္ပီယံရွစ္ဂိုးသမား ဂြၽန္စတုန္း၊ ခံစစ္မွာ ထရစ္ပီယာ၊ ရီးစ္ဂ်ိမ္းစ္၊အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ကိုဒီနဲ႔ မင္းစ္တို႔ ပြဲထြက္ခဲ့ၿပီး ကြင္းလယ္မွာ ဝါရင့္ ဟန္ဒါဆန္ကို ဘယ္လင္ဂမ္နဲ႔ တြဲေပးခဲ့ခ်ိန္မွာ တိုက္စစ္မွာ ဆာကာ၊ လင္ဂတ္နဲ႔ ဘမ္ဖို႔ဒ္တို႔ပြဲထြက္လာၾကၿပီး ၿပီးခဲ့တဲ့ပြဲေတြမွာ အဝါကတ္ေတြ စုေဆာင္းမိထားခဲ့တဲ့ ေဝၚလ္ကာ၊ ႐ိုက္စ္၊ စတာလင္နဲ႔ ဟာရီကိန္းတို႔ကိုေတာ့ လာမယ့္ ပိုလန္နဲ႔ အေရးႀကီးတဲ့ အေဝးကြင္းပြဲစဥ္အတြက္ သိမ္းထားခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာ ဆာကာက လင္ဂတ္ ညာျခမ္းက ခ်ိဳးေပးတဲ့ ေဘာလုံးကို ကန္သြင္းခဲ့ရာမွာ အန္ဒိုရာေနာက္ခံလူနဲ႔ထိၿပီး လမ္းေၾကာင္း ေျပာင္းသြားခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရေပမယ့္ ႏွစ္မိနစ္အၾကာမွာ ဆာကာရဲ႕ ဘယ္ျခမ္းက ခ်ိဳးေပးတဲ့ ေဘာလုံးက ေနာက္ခံလူနဲ႔ ထိၿပီးက်အလာမွာ လင္ဂတ္ ကန္သြင္းရာမွာေတာ့ အဂၤလန္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာ ဘမ္ဖို႔ဒ္ ခ်ေပးတာကေန လင္ဂတ္ ဂိုးထပ္သြင္းေပမယ့္ လူကြၽံေနခဲ့သလို အဂၤလန္တို႔ အခြင့္အေရးေတြ အႀကိမ္ႀကိမ္ ရရွိခဲ့ေပမယ့္ အသုံးခ်ႏိုင္ျခင္း မရွိသလို ျဖဳန္းတီးမႈေတြပဲ မ်ားေနခဲ့လို႔ အသင္းႀကီးတိုင္း ၅ ဂိုးနဲ႔အထက္ သြင္းႏိုင္တဲ့ အန္ဒိုရာကို ပထမပိုင္းမွာ တစ္ဂိုးတည္းနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ လီဗာပူးလ္ေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကေတာ့ ေက်ာနံပါတ္ ၄ နဲ႔ ခံစစ္မွာ မဟုတ္ဘဲ ကြင္းလယ္သုံးေယာက္တန္းအစြန္ေတြမွာ ဘယ္ေရာ ညာပါ ကစားကြက္အရ ျဖည့္ဆည္းသြားခဲ့ၿပီး အက္သလက္တီကိုမက္ဒရစ္ေနာက္ခံလူ ထရစ္ပီယာကေတာ့ ေက်ာနံပါတ္ ၃ နဲ႔ လုခ္ေရွာကို အနားေပးခ်ိန္မွာ ဝင္ကစားခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ကြင္းလယ္ဖန္တီးမႈ ကင္းမဲ့ေနသလို အေထာင္တိုက္စစ္က ဘမ္ဖို႔ဒ္ သုံးစားမရတဲ့ အဂၤလန္တိုက္စစ္က ဆိုး႐ြားေနခဲ့ၿပီး လက္ပစ္ေဘာကေန ေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္ လွမ္းကန္ၿပီး ဘားထိခဲ့တဲ့ တစ္လုံးကလြဲလို႔ ရင္ခုန္စရာ မရွိခဲ့တာေၾကာင့္ ပြဲခ်ိန္ ၆၂ မိနစ္မွာ ဂရီးလစ္ရွ္၊ ေမဆန္ေမာင့္နဲ႔ ဟာရီကိန္းတို႔ ဝင္ေရာက္ကစားခဲ့ၾကပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အဂၤလန္ရဲ႕ တြဲလုံးေတြနဲ႔ ဖန္တီးမႈေတြကို ပိုမိုလွပလာခဲ့ၿပီး အခ်က္အဆက္မိလာခဲ့တဲ့ တိုက္စစ္ကို အန္ဒိုရာတို႔ တားဆီးရင္း ေမဆန္ေမာင့္ကို ေနာက္က ဖိတြန္းမိလို႔ ေပးခဲ့ရတဲ့ ပင္နယ္တီကို လူစားဝင္တိုက္စစ္မႉး ဟာရီကိန္းက ပြဲခ်ိန္ ၇၂ မိနစ္မွာ အမွားအယြင္းမရွိကန္သြင္းၿပီး ဒုတိယဂိုး ရယူေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ တိုက္စစ္မွာ တူတူတန္တန္ျဖစ္သြားခဲ့တဲ့ အဂၤလန္တို႔ ေနာက္တစ္ဂိုးထပ္ရခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဆာကာ ေပးလိုက္တဲ့ ေဘာလုံးကို လင္ဂတ္က ေနာက္ခံလူေတြၾကားကေန ေဘာလုံးေပးမယ့္ပုံစံနဲ႔ လွ်ပ္တစ္ျပက္ ကန္သြင္းခဲ့ရာမွာ အန္ဒိုရာဂိုးသမား မကာကြယ္ႏိုင္ခဲ့ဘဲ တတိယဂိုးျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ အျမန္ကန္ေပးတာကို လင္ဂတ္က ျဖတ္တင္ေပးခဲ့ရာမွာ ဒီေန႔မွာ အသက္ ၂၀ ျပည့္သြားခဲ့တဲ့ ေမြးေန႔ရွင္ ဆာကာက သူ႔ကို ကပ္ထားတဲ့ ေနာက္ခံလူထက္ ပိုျမင့္ေအာင္ခုန္ၿပီး ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ အဂၤလန္တို႔ စတုတၳဂိုးနဲ႔ ဦးေဆာင္ခဲ့ၿပီး သူ႔အတြက္ေတာ့ ပထမဆုံး ေျခစမ္းပြဲ မဟုတ္တဲ့ ၿပိဳင္ပြဲႀကီးသြင္းဂိုးကိုလည္း ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အဂၤလန္တို႔ ေလးဂိုး-ဂိုးမရွိရလဒ္နဲ႔ပြဲ ေအာင္ပြဲခံခဲ့ၿပီး နည္းျပ ေဆာက္ဂိတ္ကေတာ့ သူ႔ရဲ႕ အသင္းမွာ အားကိုးလို႔ မရေသးတဲ့ သူေတြကို ရွင္းရွင္းလင္းလင္း သိျမင္ခဲ့ရတဲ့ အျမတ္တစ္ခုကို ဒီပြဲမွာ ပိုင္ဆိုင္ႏိုင္ခဲ့သလို အုပ္စု(I)မွာေတာ့ ငါးပြဲကစား ငါးပြဲႏိုင္ ရမွတ္ ၁၅ မွတ္နဲ႔ ထိပ္ဆုံးက ရာႏႈန္းျပည့္မွတ္တမ္းနဲ႔ ရပ္တည္ထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.