Premier League Serie A Transfer News

အင်တာအသင်းဟာ မိမိကို မစင်တွင်းထဲကနေ ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ယူနိုက်တက်ကို ပေါ်တင်ဝုန်းလိုက်တဲ့ လူကာကူး

အခုနွေအပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ တိုက်စစ်မှူး လူကာကူးက သူ့ရဲ့အသင်းဟောင်း အင်တာမီလန်အသင်းဟာ သူ့ကို မန်ယူနိုက်တက်ဆိုတဲ့ မစင်တွင်းနက်ကြီးထဲကနေ ကယ်ထုတ်ခဲ့တဲ့ ကျေးဇူးရှင်အသင်းဖြစ်ကြောင်း လူသိရှင်ကြား ခပ်ဘွင်းဘွင်းပဲ ပြောဆိုသွားခဲ့ပါတယ်။

ဒီအပြောအဆိုအရတော့ မန်ချက်စတာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီး အမြဲတမ်းအပြစ်တင်ခံခဲ့ရတဲ့ သူ့ရဲ့ကစားသမားဘဝကို ပြန်ပြောင်းအောက်မေ့ပြီး အိုးထရက်ဖို့ဒ်မြေကို ပေါ်တင်ဝုန်းသွားခဲ့တာလည်းဖြစ်ပြီး ဘယ်လ်ဂျီယမ်သားကို အားကိုတကြီးရှိနေကြတဲ့ အင်တာမီလန်ပရိသတ်တွေက စတမ်းဖို့ဒ်ဘရစ်ချ်ကို ထွက်ခွာသွားခဲ့လို့ ဒေါသပေါက်ကွဲနေတဲ့အတွက်လည်း အမျက်ပြေစေဖို့ ချွေးသိပ်ပေးတဲ့စကားလို့လည်း ဆိုနိုင်ပါတယ်။

အသက် ၂၈ နှစ်သားဟာ မန်ချက်စတာမှာ သူ့ကိုမုန်းတီးကြတယ်ဆိုရင် တကယ်တမ်း သူ့ကိုပုံအပ်ချစ်မြတ်နိုးခဲ့ကြတဲ့ အင်တာပရိသတ်တွေကိုလည်း သစ္စာဖောက်သွားခဲ့တယ်လို့ ချယ်လ်ဆီးကို ပြောင်းရွှေ့အပြီးမှာ အထင်လွဲမုန်းတီးနာကျည်းခံနေရတာဖြစ်သလို အသင်းမှာဆက်နေမယ်လို့ လျှာနှစ်ခွနဲ့ပြောဆိုပြီးကာမှ ရုတ်တရက်ဖုတ်ဖတ်ခါထသွားခဲ့လို့ ” သစ္စာဖောက် “လို့လည်း တံဆိပ်ကပ်ခံထားရပါတယ်။

” ချယ်လ်ဆီးအသင်းဘက်က တတိယအကြိမ်မြောက် ကမ်းလှမ်းလာတော့မှ သူတို့ ကျွန်တော့်ကို အမှန်တကယ်အလိုရှိနေမှန်း နားလည်ခဲ့ပါတယ်။ ပထမအကြိမ်မှာ ယူရိုသန်း ၁၀၀၊ ဒုတိယအကြိမ်မှာ ယူရို ၁၀၅ သန်း+မားကို့စ် အလွန်ဆို၊ တတိယအကြိမ်မှာ ယူရိုသန်း ၁၁၀+ဇာပါကော်စတာ…စသဖြင့် ကမ်းလှမ်းခဲ့ပြီး အင်တာမီလန်အသင်းဘက်ကတော့ လုံးဝပယ်ချခဲ့ပါတယ်။ ”

” တကယ်တော့ အင်တာမီလန်အသင်းဆိုတာ ကျွန်တော့်ကို ခပ်နက်နက်ပြုတ်ကျပြီး နစ်မွန်းနေတဲ့ မန်ယူနိုက်တက်ဆိုတဲ့ မစင်တွင်းထဲကနေ ကယ်ထုတ်ခဲ့တဲ့သူတွေပါ။ ဒါကြောင့် သူတို့ဆန္ဒကို မဆန့်ကျင်ခဲ့ပါဘူး။ နောက်ကျောကို ဓားနဲ့မထိုးခဲ့ပါဘူး။ လေ့ကျင့်ရေးဆင်းပြီးတဲ့ တရက်မှာ အင်ဇာဂီရဲ့ ရုံးခန်းထဲဝင်သွားခဲ့ပါတယ်။ ”

” ကျွန်တော့်စိတ်က မီလန်မှာ မရှိတော့ပါဘူး။ ဒါကြောင့် လက်ရှိသံယောဇဥ်ကိုလည်း မဖျက်ဆီးချင်ပါဘူး။ သဘောတူညီမှုတခုရအောင်တော့ လုပ်ဆောင်ပေးပါလို့ ကျွန်တော့်ဆန္ဒကို သူ့ဆီ တောင်းဆိုခဲ့ပါတယ်။ ” လို့ လူကာကူးက နောက်ကွယ်ကဖြစ်ရပ်မှန်တွေကို စိတ်ထဲမှာရှိသလို ပွင့်ပွင့်လင်းလင်းပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် လူကာကူးက ” ခင်ဗျားတို့ရဲ့ အဆုံးမရှိတဲ့ အားပေးမှု၊ နေ့စဥ်တိုင်းလိုလိုရရှိခံစားခဲ့ရတဲ့ ချစ်ခင်မှုတွေကို အမြဲကျေးဇူးတင်ရှိနေပါတယ်။ အင်တာကိုရောက်ရောက်ချင်းမှာ ငါတော့ ဒီအသင်းမှာ ကောင်းကောင်းအလုပ်လုပ်နိုင်တော့မယ်လို့ ခံစားမိခဲ့စေလို့ပါ။ လေ့ကျင့်ရေးမှာလည်း ၁၀၀ ရာခိုင်နှုန်းအပြည့် မခိုမကပ်အားထုတ်ခဲ့ပါတယ်။

” မယ်လ်ပန်ဆာလေဆိပ်မှာ ရရှိခဲ့တဲ့ ခင်ဗျားတို့ရဲ့လှိုက်လှိုက်လှဲလှဲကြိုဆိုမှုကို ကျွန်တော် ဘယ်တော့မှမမေ့ပါဘူး။ ဒါကြောင့်လည်း အင်တာမီလန်အတွက် ရာနှုန်းပြည့်ပေးဆပ်ကစားခဲ့တာပါ။ ကျွန်တော့်ရဲ့အိပ်မက်လည်းဖြစ်သလို ကစားသမားဘဝအကောင်းဆုံးအချိန်မှာ တသက်မှာတခါသာ ရောက်လာတဲ့ အခွင့်အရေးမို့ ချယ်လ်ဆီးကို ပြောင်းခဲ့တာတော့ ကျွန်တော့်ကို နားလည်ပေးပါလို့ တောင်းဆိုပါရစေ” လို့ အင်တာမီလန်ပရိသတ်တွေကို အမှာစကားပါးသွားခဲ့သေးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အခုေႏြအေျပာင္းအေ႐ႊ႕မွာ အင္တာမီလန္အသင္းကေန ခ်ယ္လ္ဆီးအသင္းဆီကို ေပါင္ ၉၈ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူ တိုက္စစ္မႉး လူကာကူးက သူ႔ရဲ႕အသင္းေဟာင္း အင္တာမီလန္အသင္းဟာ သူ႔ကို မန္ယူႏိုက္တက္ဆိုတဲ့ မစင္တြင္းနက္ႀကီးထဲကေန ကယ္ထုတ္ခဲ့တဲ့ ေက်းဇူးရွင္အသင္းျဖစ္ေၾကာင္း လူသိရွင္ၾကား ခပ္ဘြင္းဘြင္းပဲ ေျပာဆိုသြားခဲ့ပါတယ္။

ဒီအေျပာအဆိုအရေတာ့ မန္ခ်က္စတာ ယူႏိုက္တက္မွာ ႐ုန္းကန္ခဲ့ရၿပီး အၿမဲတမ္းအျပစ္တင္ခံခဲ့ရတဲ့ သူ႔ရဲ႕ကစားသမားဘဝကို ျပန္ေျပာင္းေအာက္ေမ့ၿပီး အိုးထရက္ဖို႔ဒ္ေျမကို ေပၚတင္ဝုန္းသြားခဲ့တာလည္းျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္သားကို အားကိုတႀကီးရွိေနၾကတဲ့ အင္တာမီလန္ပရိသတ္ေတြက စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ထြက္ခြာသြားခဲ့လို႔ ေဒါသေပါက္ကြဲေနတဲ့အတြက္လည္း အမ်က္ေျပေစဖို႔ ေခြၽးသိပ္ေပးတဲ့စကားလို႔လည္း ဆိုႏိုင္ပါတယ္။

အသက္ ၂၈ ႏွစ္သားဟာ မန္ခ်က္စတာမွာ သူ႔ကိုမုန္းတီးၾကတယ္ဆိုရင္ တကယ္တမ္း သူ႔ကိုပုံအပ္ခ်စ္ျမတ္ႏိုးခဲ့ၾကတဲ့ အင္တာပရိသတ္ေတြကိုလည္း သစၥာေဖာက္သြားခဲ့တယ္လို႔ ခ်ယ္လ္ဆီးကို ေျပာင္းေ႐ႊ႕အၿပီးမွာ အထင္လြဲမုန္းတီးနာက်ည္းခံေနရတာျဖစ္သလို အသင္းမွာဆက္ေနမယ္လို႔ လွ်ာႏွစ္ခြနဲ႔ေျပာဆိုၿပီးကာမွ ႐ုတ္တရက္ဖုတ္ဖတ္ခါထသြားခဲ့လို႔ ” သစၥာေဖာက္ “လို႔လည္း တံဆိပ္ကပ္ခံထားရပါတယ္။

” ခ်ယ္လ္ဆီးအသင္းဘက္က တတိယအႀကိမ္ေျမာက္ ကမ္းလွမ္းလာေတာ့မွ သူတို႔ ကြၽန္ေတာ့္ကို အမွန္တကယ္အလိုရွိေနမွန္း နားလည္ခဲ့ပါတယ္။ ပထမအႀကိမ္မွာ ယူ႐ိုသန္း ၁၀၀၊ ဒုတိယအႀကိမ္မွာ ယူ႐ို ၁၀၅ သန္း+မားကို႔စ္ အလြန္ဆို၊ တတိယအႀကိမ္မွာ ယူ႐ိုသန္း ၁၁၀+ဇာပါေကာ္စတာ…စသျဖင့္ ကမ္းလွမ္းခဲ့ၿပီး အင္တာမီလန္အသင္းဘက္ကေတာ့ လုံးဝပယ္ခ်ခဲ့ပါတယ္။ ”

” တကယ္ေတာ့ အင္တာမီလန္အသင္းဆိုတာ ကြၽန္ေတာ့္ကို ခပ္နက္နက္ျပဳတ္က်ၿပီး နစ္မြန္းေနတဲ့ မန္ယူႏိုက္တက္ဆိုတဲ့ မစင္တြင္းထဲကေန ကယ္ထုတ္ခဲ့တဲ့သူေတြပါ။ ဒါေၾကာင့္ သူတို႔ဆႏၵကို မဆန္႔က်င္ခဲ့ပါဘူး။ ေနာက္ေက်ာကို ဓားနဲ႔မထိုးခဲ့ပါဘူး။ ေလ့က်င့္ေရးဆင္းၿပီးတဲ့ တရက္မွာ အင္ဇာဂီရဲ႕ ႐ုံးခန္းထဲဝင္သြားခဲ့ပါတယ္။ ”

” ကြၽန္ေတာ့္စိတ္က မီလန္မွာ မရွိေတာ့ပါဘူး။ ဒါေၾကာင့္ လက္ရွိသံေယာဇဥ္ကိုလည္း မဖ်က္ဆီးခ်င္ပါဘူး။ သေဘာတူညီမႈတခုရေအာင္ေတာ့ လုပ္ေဆာင္ေပးပါလို႔ ကြၽန္ေတာ့္ဆႏၵကို သူ႔ဆီ ေတာင္းဆိုခဲ့ပါတယ္။ ” လို႔ လူကာကူးက ေနာက္ကြယ္ကျဖစ္ရပ္မွန္ေတြကို စိတ္ထဲမွာရွိသလို ပြင့္ပြင့္လင္းလင္းေျပာဆိုသြားခဲ့တာပါ။

ဒါ့အျပင္ လူကာကူးက ” ခင္ဗ်ားတို႔ရဲ႕ အဆုံးမရွိတဲ့ အားေပးမႈ၊ ေန႔စဥ္တိုင္းလိုလိုရရွိခံစားခဲ့ရတဲ့ ခ်စ္ခင္မႈေတြကို အၿမဲေက်းဇူးတင္ရွိေနပါတယ္။ အင္တာကိုေရာက္ေရာက္ခ်င္းမွာ ငါေတာ့ ဒီအသင္းမွာ ေကာင္းေကာင္းအလုပ္လုပ္ႏိုင္ေတာ့မယ္လို႔ ခံစားမိခဲ့ေစလို႔ပါ။ ေလ့က်င့္ေရးမွာလည္း ၁၀၀ ရာခိုင္ႏႈန္းအျပည့္ မခိုမကပ္အားထုတ္ခဲ့ပါတယ္။

” မယ္လ္ပန္ဆာေလဆိပ္မွာ ရရွိခဲ့တဲ့ ခင္ဗ်ားတို႔ရဲ႕လႈိက္လႈိက္လွဲလွဲႀကိဳဆိုမႈကို ကြၽန္ေတာ္ ဘယ္ေတာ့မွမေမ့ပါဘူး။ ဒါေၾကာင့္လည္း အင္တာမီလန္အတြက္ ရာႏႈန္းျပည့္ေပးဆပ္ကစားခဲ့တာပါ။ ကြၽန္ေတာ့္ရဲ႕အိပ္မက္လည္းျဖစ္သလို ကစားသမားဘဝအေကာင္းဆုံးအခ်ိန္မွာ တသက္မွာတခါသာ ေရာက္လာတဲ့ အခြင့္အေရးမို႔ ခ်ယ္လ္ဆီးကို ေျပာင္းခဲ့တာေတာ့ ကြၽန္ေတာ့္ကို နားလည္ေပးပါလို႔ ေတာင္းဆိုပါရေစ” လို႔ အင္တာမီလန္ပရိသတ္ေတြကို အမွာစကားပါးသြားခဲ့ေသးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.