Premier League

လီဗာပူးလ်မှာ ဆက်နေဖို့ စံချိန်တင်လစာငွေ အလိုရှိနေတဲ့ မိုဟာမက် ဆာလား

လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ အသင်းမှာ ဆက်နေဖို့ဆိုရင် နောက်ထပ်စာချုပ်သစ်မှာ လစာအမြင့်မားဆုံးကစားသမားအဖြစ် စံချိန်တင် ငွေကြေးပမာဏကို ရရှိမှ အန်းဖီးလ်ဘက်နဲ့ သဘောတူညီမှု ရရှိနိုင်မယ်လို့ ဆိုနေပြီး ဖြစ်လာခဲ့ရင်တော့ စံချိန်မှတ်တမ်းသစ်တွေကို ရယူသွားနိုင်မှာလည်းဖြစ်ပါတယ်။

လက်ထောက်အသင်းခေါင်းဆောင် နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်နဲ့ အသင်းခေါင်းဆေင် ဂျော်ဒန် ဟန်ဒါဆန်တို့ကို စာချုပ်သက်တမ်း တိုးခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဆာလားကိုပါ စာချုပ်သစ် ချုပ်ဆိုစေဖို့ ဆန္ဒရှိနေပေမယ့် အီဂျစ်သားဘက်က တောင်းဆိုထားတဲ့ တစ်ပတ်လုပ်ခ ပေါင်ငါးသိန်း ဆိုတာက အဆင်ပြေနိုင်ဖို့တော့ စွန့်စားရမယ့်ကိစ္စဖြစ်နေပြီး နှစ်ဦးနှစ်ဖက်အတွက် အန္တရာယ်ရှိတဲ့ အနေအထားလည်းဖြစ်လာခဲ့ပါတယ်။

အသင်းရဲ့ လက်ရှိလုပ်ခအများဆုံးကစားသမားဖြစ်တဲ့ ဗန်ဒိုက်အနေနဲ့ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနှစ်သောင်းသာ ရရှိနေပြီး အန်းဖီးလ်ရဲ့ လစာမြင့်မြင့်မားမား မပေးတဲ့ ပေါ်လစီအရတော့ တခြားအသင်းကြီးတွေရဲ့ ထိပ်တန်းလုပ်ခကို ရရှိနေသူတွေနဲ့ ပေါင်တစ်သိန်းကျော် ကွာဟနေသလို အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးအတွက်တော့ ဆက်နေဖို့ စဉ်းစားစရာလည်းဖြစ်နေတာပါ။

လီဗာပူးလ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဆာလားအနေနဲ့ ပေါင်ငါးသိန်း ပမာဏကို လီဗာပူးလ်အသင်းဘက် မပေးချင်ရင်တော့ စာချုပ်ကုန်ဆုံးချိန်၊ ဒါမှမဟုတ် တစ်နှစ်အကျန်မှာ လမ်းခွဲရဖို့ ဖြစ်နိုင်သလို သူ့ရဲ့ အသက်အရွယ်နဲ့ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လို အသင်းတွေက ရင်းနှီးမြှုပ်နှံလာဖို့တော့ အခက်အခဲရှိနိုင်တာလည်းဖြစ်ပါတယ်။

အသင်းရဲ့ ဂိုးသွင်းဘုရင်တစ်ဦးဖြစ်နေတဲ့အတွက်တော့ အန်းဖီးလ်ဘက်ကနေ သူများထက်တော့ လိုက်လိုက်လျောလျောရှိနိုင်ပြီး အာဆင်နယ်ရဲ့ အူဘာမီယန်း ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲလောက်တော့ ဖြစ်လာနိုင်ပေမယ့် ပေါင်ငါးသိန်းဆိုတာတော့ လီဗာပူးလ်အသင်းရဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီလို့ သဘောထားတင်းမာခဲ့ရင်တော့ အသင်းနဲ့ အနာဂတ်က အနည်းငယ် စိုးရိမ်စရာလည်းဖြစ်နေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ အသင္းမွာ ဆက္ေနဖို႔ဆိုရင္ ေနာက္ထပ္စာခ်ဳပ္သစ္မွာ လစာအျမင့္မားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ ေငြေၾကးပမာဏကို ရရွိမွ အန္းဖီးလ္ဘက္နဲ႔ သေဘာတူညီမႈ ရရွိႏိုင္မယ္လို႔ ဆိုေနၿပီး ျဖစ္လာခဲ့ရင္ေတာ့ စံခ်ိန္မွတ္တမ္းသစ္ေတြကို ရယူသြားႏိုင္မွာလည္းျဖစ္ပါတယ္။

လက္ေထာက္အသင္းေခါင္းေဆာင္ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ အသင္းေခါင္းေဆင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္တို႔ကို စာခ်ဳပ္သက္တမ္း တိုးခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဆာလားကိုပါ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေစဖို႔ ဆႏၵရွိေနေပမယ့္ အီဂ်စ္သားဘက္က ေတာင္းဆိုထားတဲ့ တစ္ပတ္လုပ္ခ ေပါင္ငါးသိန္း ဆိုတာက အဆင္ေျပႏိုင္ဖို႔ေတာ့ စြန႔္စားရမယ့္ကိစၥျဖစ္ေနၿပီး ႏွစ္ဦးႏွစ္ဖက္အတြက္ အႏၲရာယ္ရွိတဲ့ အေနအထားလည္းျဖစ္လာခဲ့ပါတယ္။

အသင္းရဲ႕ လက္ရွိလုပ္ခအမ်ားဆုံးကစားသမားျဖစ္တဲ့ ဗန္ဒိုက္အေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းႏွစ္ေသာင္းသာ ရရွိေနၿပီး အန္းဖီးလ္ရဲ႕ လစာျမင့္ျမင့္မားမား မေပးတဲ့ ေပၚလစီအရေတာ့ တျခားအသင္းႀကီးေတြရဲ႕ ထိပ္တန္းလုပ္ခကို ရရွိေနသူေတြနဲ႔ ေပါင္တစ္သိန္းေက်ာ္ ကြာဟေနသလို အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအတြက္ေတာ့ ဆက္ေနဖို႔ စဥ္းစားစရာလည္းျဖစ္ေနတာပါ။

လီဗာပူးလ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိေနတဲ့ ဆာလားအေနနဲ႔ ေပါင္ငါးသိန္း ပမာဏကို လီဗာပူးလ္အသင္းဘက္ မေပးခ်င္ရင္ေတာ့ စာခ်ဳပ္ကုန္ဆုံးခ်ိန္၊ ဒါမွမဟုတ္ တစ္ႏွစ္အက်န္မွာ လမ္းခြဲရဖို႔ ျဖစ္ႏိုင္သလို သူ႔ရဲ႕ အသက္အ႐ြယ္နဲ႔ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔လို အသင္းေတြက ရင္းႏွီးျမႇဳပ္ႏွံလာဖို႔ေတာ့ အခက္အခဲရွိႏိုင္တာလည္းျဖစ္ပါတယ္။

အသင္းရဲ႕ ဂိုးသြင္းဘုရင္တစ္ဦးျဖစ္ေနတဲ့အတြက္ေတာ့ အန္းဖီးလ္ဘက္ကေန သူမ်ားထက္ေတာ့ လိုက္လိုက္ေလ်ာေလ်ာရွိႏိုင္ၿပီး အာဆင္နယ္ရဲ႕ အူဘာမီယန္း ရရွိေနတဲ့ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲေလာက္ေတာ့ ျဖစ္လာႏိုင္ေပမယ့္ ေပါင္ငါးသိန္းဆိုတာေတာ့ လီဗာပူးလ္အသင္းရဲ႕ စံခ်ိန္စံၫႊန္းနဲ႔ မကိုက္ညီလို႔ သေဘာထားတင္းမာခဲ့ရင္ေတာ့ အသင္းနဲ႔ အနာဂတ္က အနည္းငယ္ စိုးရိမ္စရာလည္းျဖစ္ေနခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.