Premier League

၂၄ နာရီအတွင်း မက်ဆီရဲ့PSGအင်္ကျီရောင်းချမှု စံချိန်ကို ရိုက်ချိုးနိုင်တော့မယ့် ရော်နယ်လ်ဒိုရဲ့ယူနိုက်တက်အင်္ကျီ ရောင်းချရမှု

အင်္ဂလန်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ကွာရန်တင်းဝင်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးသစ် ခရစ္စတီယာနို ရော်နယ်လ်ဒို အနေနဲ့ သူ့ရဲ့ ကျောနံပါတ် ၇ အင်္ကျီတွေကို ကလပ်အသင်းဘက် စတင်ရောင်းချခဲ့မှုမှာ နေ့တစ်ဝက်အတွင်း ပေါင် ၃၂.၅ သန်းဖိုး ရောင်းရအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၉.၈ သန်းထက် ကျော်လွန်သွားတဲ့ ပမာဏလည်းဖြစ်ပြီး အသင်းတွေအနေနဲ့ ပေါ်တူဂီသားကြီးကို ဘာကြောင့် ခေါ်ယူချင်နေကြသလဲဆိုတဲ့အထဲက ကွင်းထဲက ခြေစွမ်းအပြင် ဆွဲဆောင်မှု မြင့်မားလွန်းတဲ့ အင်္ကျီရောင်းအားက တစ်ခုအပါအဝင်ဖြစ်နေပြီး အိုးလ်ထရက်ဖို့ကွင်းပြင်မှာ လူတန်းကြီးတွေက တန်းစီစောင့်ဆိုင်းခဲ့ကြတာပါ။

ဒီရာသီမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲက အင်္ကျီရောင်းအားအကောင်းဆုံး ၁၀ ယောက်စာရင်းမှာလည်း ရော်နယ်လ်ဒိုက ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးရဲ့ ပေါင်သန်း ၁၀၀ တန် ကွင်းလယ်လူသစ် ဂျက်ခ် ဂရီးလစ်ရှ်ကို ကျော်တက်နိုင်ခဲ့သလို ဒီစာရင်းထဲမှာ ဘရူနို ဖာနန်ဒက်စ်၊ ပေါ့ဘာနဲ့ ဆန်ချိုတို့က မန်ချက်စတာယူနိုက်တက်ကစားသမားတွေအဖြစ် အစဉ်လိုက်ရပ်တည်နေကြပါတယ်။

ပီအက်စ်ဂျီအသင်းကို လိုင်ယွန်နယ် မက်ဆီပြောင်းရွှေ့လာပြီးနောက် ပထမ ၂၄ နာရီအတွင်း မက်ဆီနာမည်နှင့် ကျောနံပါတ် ၃၀ ရေးထိုးထားသော အင်္ကျီ ပေါင် ၇၅ သန်းဖိုး ( ဒေါ်လာ ၁၀၅သန်း) ရောင်းချခဲ့ရတဲ့ စံချိန်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကျောနံပါတ် ၇ မန်ချက်စတာယူနိုက်တက်အင်္ကျီ ရောင်းချမှုက မကြာခင် ကျော်တက်ရိုက်ချိုးဖွယ်ရှိနေပါတယ်။

ပေါ်တူဂီ GOAT ရောက်ရှိလာအပြီးမှာ မန်ချက်စတာယူနိုက်တက်အတွက်တော့ အင်္ကျီရောင်းရမှုတွေသာ မြင့်တက်လာခဲ့တာမဟုတ်ဘဲ အသင်းရဲ့ ရှယ်ယာတန်ဖိုးနဲ့ ဆိုရှယ်မီဒီယာတွေက ဖော်လိုဝါတွေပါ တိုးတက်လာခဲ့တာဖြစ်ပြီး ကွင်းတွင်းကြည့်ရှုခွင့်လက်မှတ်တွေကိုလည်း ပိုမိုရောင်းချလာခဲ့ရတာပါ။

လက်ရှိမှာတော့ ရော်နယ်လ်ဒိုကို သူ့ရဲ့ ပရိသတ်တွေကတော့ တွေ့ခွင့်မရသေးဘဲ ၅ ရက်တာ ကွာရန်တင်းကာလကို ဖြတ်သန်းနေပြီး မန်ချက်စတာမြေကို ခြေချတာနဲ့ အိပ်ခန်း ၇ ခန်းပါ အဆင့်မြင့် အိမ်ကြီးမှာ အခြေစိုက်နေထိုင်နေသလို လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အသင်းရဲ့ ကာရင်တန် ထရိန်နင်စင်တာမှာ ပူးပေါင်းလေ့ကျင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ပေါ်တူဂီနိုင်ငံ၊ ဖာရိုမြို့မှာ ကျင်းပခဲ့တဲ့ အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ စံချိန်တင်သွင်းဂိုးတွေကို ရရှိခဲ့အပြီးမှာ ရော်နယ်လ်ဒိုအနေနဲ့ သီးသန့်လေယာဉ်နဲ့ မန်ချက်စတာကို တိုက်ရိုက်ပျံသန်းလာခဲ့တာဖြစ်ပြီး သူနဲ့အတူ ချစ်သူ ဂျော်ဂျီနာ ရိုဒရီးရက်ဇ်နဲ့ ကလေး ၄ ယောက်လည်း တစ်ပါတည်း လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ကို တစ်ကျော့ပြန် ဝတ်ဆင်မယ့် တိုက်စစ်မှူးကြီးကို လာမယ့်တစ်ပတ် နယူးကာဆယ်လ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ စတင်မိတ်ဆက်ပွဲထွက်နိုင်ဖို့ ရည်ရွယ်ထားပြီး အသင်းရဲ့ ခြေမမှန်တဲ့ တိုက်စစ်မှာ သွင်းဂိုးတွေကို ဒိုင်ခံရယူပေးနိုင်မယ်လို့ ပရိသတ်တွေက မျှော်လင့်ထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ႏိုင္ငံကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ကြာရန္တင္းဝင္ေနခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးသစ္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို အေနနဲ႔ သူ႔ရဲ႕ ေက်ာနံပါတ္ ၇ အက်ႌေတြကို ကလပ္အသင္းဘက္ စတင္ေရာင္းခ်ခဲ့မႈမွာ ေန႔တစ္ဝက္အတြင္း ေပါင္ ၃၂.၅ သန္းဖိုး ေရာင္းရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဒါဟာ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၉.၈ သန္းထက္ ေက်ာ္လြန္သြားတဲ့ ပမာဏလည္းျဖစ္ၿပီး အသင္းေတြအေနနဲ႔ ေပၚတူဂီသားႀကီးကို ဘာေၾကာင့္ ေခၚယူခ်င္ေနၾကသလဲဆိုတဲ့အထဲက ကြင္းထဲက ေျခစြမ္းအျပင္ ဆြဲေဆာင္မႈ ျမင့္မားလြန္းတဲ့ အက်ႌေရာင္းအားက တစ္ခုအပါအဝင္ျဖစ္ေနၿပီး အိုးလ္ထရက္ဖို႔ကြင္းျပင္မွာ လူတန္းႀကီးေတြက တန္းစီေစာင့္ဆိုင္းခဲ့ၾကတာပါ။

ဒီရာသီမွာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြထဲက အက်ႌေရာင္းအားအေကာင္းဆုံး ၁၀ ေယာက္စာရင္းမွာလည္း ေရာ္နယ္လ္ဒိုက ထိပ္ဆုံးကေန ဦးေဆာင္ႏိုင္ခဲ့ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးရဲ႕ ေပါင္သန္း ၁၀၀ တန္ ကြင္းလယ္လူသစ္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေက်ာ္တက္ႏိုင္ခဲ့သလို ဒီစာရင္းထဲမွာ ဘ႐ူႏို ဖာနန္ဒက္စ္၊ ေပါ့ဘာနဲ႔ ဆန္ခ်ိဳတို႔က မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြအျဖစ္ အစဥ္လိုက္ရပ္တည္ေနၾကပါတယ္။

ပီအက္စ္ဂ်ီအသင္းကို လိုင္ယြန္နယ္ မက္ဆီေျပာင္းေ႐ႊ႕လာၿပီးေနာက္ ပထမ ၂၄ နာရီအတြင္း မက္ဆီနာမည္ႏွင့္ ေက်ာနံပါတ္ ၃၀ ေရးထိုးထားေသာ အက်ႌ ေပါင္ ၇၅ သန္းဖိုး ( ေဒၚလာ ၁၀၅သန္း) ေရာင္းခ်ခဲ့ရတဲ့ စံခ်ိန္ကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေက်ာနံပါတ္ ၇ မန္ခ်က္စတာယူႏိုက္တက္အက်ႌ ေရာင္းခ်မႈက မၾကာခင္ ေက်ာ္တက္႐ိုက္ခ်ိဳးဖြယ္ရွိေနပါတယ္။

ေပၚတူဂီ GOAT ေရာက္ရွိလာအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ေတာ့ အက်ႌေရာင္းရမႈေတြသာ ျမင့္တက္လာခဲ့တာမဟုတ္ဘဲ အသင္းရဲ႕ ရွယ္ယာတန္ဖိုးနဲ႔ ဆိုရွယ္မီဒီယာေတြက ေဖာ္လိုဝါေတြပါ တိုးတက္လာခဲ့တာျဖစ္ၿပီး ကြင္းတြင္းၾကည့္ရႈခြင့္လက္မွတ္ေတြကိုလည္း ပိုမိုေရာင္းခ်လာခဲ့ရတာပါ။

လက္ရွိမွာေတာ့ ေရာ္နယ္လ္ဒိုကို သူ႔ရဲ႕ ပရိသတ္ေတြကေတာ့ ေတြ႕ခြင့္မရေသးဘဲ ၅ ရက္တာ ကြာရန္တင္းကာလကို ျဖတ္သန္းေနၿပီး မန္ခ်က္စတာေျမကို ေျခခ်တာနဲ႔ အိပ္ခန္း ၇ ခန္းပါ အဆင့္ျမင့္ အိမ္ႀကီးမွာ အေျခစိုက္ေနထိုင္ေနသလို လာမယ့္ ဗုဒၶဟူးေန႔မွာေတာ့ အသင္းရဲ႕ ကာရင္တန္ ထရိန္နင္စင္တာမွာ ပူးေပါင္းေလ့က်င့္ႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။

ေပၚတူဂီႏိုင္ငံ၊ ဖာ႐ိုၿမိဳ႕မွာ က်င္းပခဲ့တဲ့ အိုင္ယာလန္နဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာ စံခ်ိန္တင္သြင္းဂိုးေတြကို ရရွိခဲ့အၿပီးမွာ ေရာ္နယ္လ္ဒိုအေနနဲ႔ သီးသန႔္ေလယာဥ္နဲ႔ မန္ခ်က္စတာကို တိုက္႐ိုက္ပ်ံသန္းလာခဲ့တာျဖစ္ၿပီး သူနဲ႔အတူ ခ်စ္သူ ေဂ်ာ္ဂ်ီနာ ႐ိုဒရီးရက္ဇ္နဲ႔ ကေလး ၄ ေယာက္လည္း တစ္ပါတည္း လိုက္ပါလာခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ ကို တစ္ေက်ာ့ျပန္ ဝတ္ဆင္မယ့္ တိုက္စစ္မႉးႀကီးကို လာမယ့္တစ္ပတ္ နယူးကာဆယ္လ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ စတင္မိတ္ဆက္ပြဲထြက္ႏိုင္ဖို႔ ရည္႐ြယ္ထားၿပီး အသင္းရဲ႕ ေျခမမွန္တဲ့ တိုက္စစ္မွာ သြင္းဂိုးေတြကို ဒိုင္ခံရယူေပးႏိုင္မယ္လို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.