Premier League

ချဲလ်ဆီးကို EPL ချန်ပီယံဖြစ်ဖို့ ခန့်မှန်းသွားပြီး လီဗာပူးလ်ကို ဝေဖန်လိုက်တဲ့ ဂလင်း ဂျွန်ဆန်

ဒီနှစ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးလက်ထဲက ချန်ပီယံဆုကို လုယူနိုင်မယ့်အသင်းက ချဲလ်ဆီးအသင်းပဲဖြစ်ပြီး သူတို့ရဲ့ လူအင်အားနဲ့ အသင်းရဲ့ တည်ငြိမ်နက်ရှိုင်းမှုက အကောင်းဆုံးအနေအထားတစ်ရပ်မှာ ရှိနေတယ်လို့ နောက်ခံလူဟောင်း ဂလင်း ဂျွန်ဆန်က ပြောကြားလိုက်ပြီး သောမတ်စ် တူဟယ်လ်တို့အဖွဲ့ကသာ အင်္ဂလန်မှာ သရဖူဆောင်းနိုင်ဖို့ ဖြစ်နိုင်မယ်လို့လည်း ခန့်မှန်းလိုက်ပါတယ်။

“မန်ချက်စတာစီးတီးအသင်းကို စိန်ခေါ်မယ့်အသင်းတွေအနေနဲ့ ပြီးခဲ့တဲ့ ရာသီကထက်တော့ ပိုကောင်းအောင် ပြင်ဆင်အားဖြည့်ကြရမှာပဲဗျ။ အဲ့ဒီလို ပိုမိုတိုးတက်အောင် အပြောင်းအရွှေ့ဈေးကွက်မှာ လုပ်နိုင်ခဲ့တဲ့အသင်းက ချဲလ်ဆီးတစ်သင်းပဲရှိတယ်။ မန်ချက်စတာစီးတီးကို ကျော်ဖြတ်နိုင်မယ့် အသင်းကို ရွေးပါဆို သူတို့ကိုပဲ ရွေးရမှာပါပဲ”လို့ ဂျွန်ဆန်က ဆိုလိုက်ပါတယ်။

တူဟယ်လ်ရဲ့ အသင်းဟာ ဝါရင့်ကစားသမားတွေကို အခြေခံပြီး လက်ဖျားခါလောက်တဲ့ လူငယ်တွေကို ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် လက်ရှိမှာ ပုံစံကောင်းကိုလည်း ထိန်းသိမ်းထားနိုင်ပြီး တိုက်စစ်မှူး ရိုမီလူ လူကာကူး ရောက်လာတာကတော့ အသင်းကို တောင့်တင်းသွားစေတယ်လို့ ချဲလ်ဆီး၊ ပို့စ်မောက်နဲ့ လီဗာပူးလ်အသင်းတွေမှာ ကစားဖူးခဲ့တဲ့ နောက်ခံလူဟောင်းက ဆိုခဲ့တာပါ။

“လီဗာပူးလ်အသင်းကတော့ ဒီရာသီမှာ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ လူအင်အားကို လိုက်မမီနိုင်ပါဘူး။ သူတို့အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရခဲ့ရင် အခြေအနေက တစ်မျိုးပြောင်းသွားပါလိမ့်မယ်။ သူတို့အသင်းမှာ ကစားသမားကောင်း ၁၅ ယောက် ၁၆ ယောက်လောက် ရှိနေပေမယ့် သူတို့တွေအားလုံး ဒဏ်ရာမရဖို့တော့ လိုပါလိမ့်မယ်”လို့ နောက်ထပ်အသင်းဟောင်းအတွက်တော့ သဘောမကျတဲ့ ပုံစံကို ပြသွားခဲ့ပါတယ်။

ဂျွန်ဆန်က လီဗာပူးလ်အသင်းအနေနဲ့ နှစ်ယောက်သုံးယောက်လောက်ပဲ ဒဏ်ရာရဦး သူတို့အသင်းကို ထိခိုက်သွားမှာဖြစ်ပြီး ဒီအချိန်မှာ တောင့်တင်းတဲ့ အခြားတစ်သင်းဖြစ်တဲ့ နည်းပြ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးကတော့ အသင်းကြီး ၆ သင်းထဲမှာ ရလဒ်ကောင်းတွေကို ရယူနိုင်မယ့် အသင်းဖြစ်ကြောင်းလည်း သုံးသပ်သွားပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးကို အနိုင်ရရှိဖို့ အခြေအနေကောင်းခဲ့တာဖြစ်ပြီး အန်းဖီးလ်မှာ လီဗာပူးလ်ကို ထိရောက်တဲ့ ပုံစံနဲ့ ကစားနိုင်ခဲ့ပေမယ့် ဒိုင်လူကြီး အန်ထော်နီ တေလာရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေကြောင့်သာ သရေကျခဲ့ရတာဖြစ်သလို ပွဲချိန်အတွင်းမှာ လီဗာပူးလ်တို့ကို ပင်နယ်တီကလွဲလို့ ဂိုးမပေးရအောင် ခံစစ်စွမ်းအားကိုလည်း ပြသွားနိုင်ခဲ့တာပါ။

ဒီခံစစ်မျိုးနဲ့ တိုက်စစ်မှာ အသစ်ရောက်လာတဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူး လူကာကူးတို့ဟာ အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ဂလင်း ဂျွန်ဆန်က ယုံကြည်နေပြီး မန်စီးတီးကို ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ သုံးကြိမ်စလုံး အလဲထိုးနိုင်ခဲ့သလိုမျိုးပဲ ဒီရာသီမှာ သာလွန်ခြေစွမ်းနဲ့ ကျော်ဖြတ်သွားနိုင်မယ်လို့ ခန့်မှန်းသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီႏွစ္ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာစီးတီးလက္ထဲက ခ်န္ပီယံဆုကို လုယူႏိုင္မယ့္အသင္းက ခ်ဲလ္ဆီးအသင္းပဲျဖစ္ၿပီး သူတို႔ရဲ႕ လူအင္အားနဲ႔ အသင္းရဲ႕ တည္ၿငိမ္နက္ရႈိင္းမႈက အေကာင္းဆုံးအေနအထားတစ္ရပ္မွာ ရွိေနတယ္လို႔ ေနာက္ခံလူေဟာင္း ဂလင္း ဂြၽန္ဆန္က ေျပာၾကားလိုက္ၿပီး ေသာမတ္စ္ တူဟယ္လ္တို႔အဖြဲ႕ကသာ အဂၤလန္မွာ သရဖူေဆာင္းႏိုင္ဖို႔ ျဖစ္ႏိုင္မယ္လို႔လည္း ခန႔္မွန္းလိုက္ပါတယ္။

“မန္ခ်က္စတာစီးတီးအသင္းကို စိန္ေခၚမယ့္အသင္းေတြအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကထက္ေတာ့ ပိုေကာင္းေအာင္ ျပင္ဆင္အားျဖည့္ၾကရမွာပဲဗ်။ အဲ့ဒီလို ပိုမိုတိုးတက္ေအာင္ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ လုပ္ႏိုင္ခဲ့တဲ့အသင္းက ခ်ဲလ္ဆီးတစ္သင္းပဲရွိတယ္။ မန္ခ်က္စတာစီးတီးကို ေက်ာ္ျဖတ္ႏိုင္မယ့္ အသင္းကို ေ႐ြးပါဆို သူတို႔ကိုပဲ ေ႐ြးရမွာပါပဲ”လို႔ ဂြၽန္ဆန္က ဆိုလိုက္ပါတယ္။

တူဟယ္လ္ရဲ႕ အသင္းဟာ ဝါရင့္ကစားသမားေတြကို အေျခခံၿပီး လက္ဖ်ားခါေလာက္တဲ့ လူငယ္ေတြကို ေပါင္းစပ္ထားတာျဖစ္တဲ့အတြက္ လက္ရွိမွာ ပုံစံေကာင္းကိုလည္း ထိန္းသိမ္းထားႏိုင္ၿပီး တိုက္စစ္မႉး ႐ိုမီလူ လူကာကူး ေရာက္လာတာကေတာ့ အသင္းကို ေတာင့္တင္းသြားေစတယ္လို႔ ခ်ဲလ္ဆီး၊ ပို႔စ္ေမာက္နဲ႔ လီဗာပူးလ္အသင္းေတြမွာ ကစားဖူးခဲ့တဲ့ ေနာက္ခံလူေဟာင္းက ဆိုခဲ့တာပါ။

“လီဗာပူးလ္အသင္းကေတာ့ ဒီရာသီမွာ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔ရဲ႕ လူအင္အားကို လိုက္မမီႏိုင္ပါဘူး။ သူတို႔အသင္းရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာရခဲ့ရင္ အေျခအေနက တစ္မ်ိဳးေျပာင္းသြားပါလိမ့္မယ္။ သူတို႔အသင္းမွာ ကစားသမားေကာင္း ၁၅ ေယာက္ ၁၆ ေယာက္ေလာက္ ရွိေနေပမယ့္ သူတို႔ေတြအားလုံး ဒဏ္ရာမရဖို႔ေတာ့ လိုပါလိမ့္မယ္”လို႔ ေနာက္ထပ္အသင္းေဟာင္းအတြက္ေတာ့ သေဘာမက်တဲ့ ပုံစံကို ျပသြားခဲ့ပါတယ္။

ဂြၽန္ဆန္က လီဗာပူးလ္အသင္းအေနနဲ႔ ႏွစ္ေယာက္သုံးေယာက္ေလာက္ပဲ ဒဏ္ရာရဦး သူတို႔အသင္းကို ထိခိုက္သြားမွာျဖစ္ၿပီး ဒီအခ်ိန္မွာ ေတာင့္တင္းတဲ့ အျခားတစ္သင္းျဖစ္တဲ့ နည္းျပ ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးကေတာ့ အသင္းႀကီး ၆ သင္းထဲမွာ ရလဒ္ေကာင္းေတြကို ရယူႏိုင္မယ့္ အသင္းျဖစ္ေၾကာင္းလည္း သုံးသပ္သြားပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲစလုံးကို အႏိုင္ရရွိဖို႔ အေျခအေနေကာင္းခဲ့တာျဖစ္ၿပီး အန္းဖီးလ္မွာ လီဗာပူးလ္ကို ထိေရာက္တဲ့ ပုံစံနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာရဲ႕ အျငင္းပြားဖြယ္ရာ ဆုံးျဖတ္ခ်က္ေတြေၾကာင့္သာ သေရက်ခဲ့ရတာျဖစ္သလို ပြဲခ်ိန္အတြင္းမွာ လီဗာပူးလ္တို႔ကို ပင္နယ္တီကလြဲလို႔ ဂိုးမေပးရေအာင္ ခံစစ္စြမ္းအားကိုလည္း ျပသြားႏိုင္ခဲ့တာပါ။

ဒီခံစစ္မ်ိဳးနဲ႔ တိုက္စစ္မွာ အသစ္ေရာက္လာတဲ့ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉး လူကာကူးတို႔ဟာ အသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္မယ္လို႔ ဂလင္း ဂြၽန္ဆန္က ယုံၾကည္ေနၿပီး မန္စီးတီးကို ၿပီးခဲ့တဲ့ ရာသီကုန္ခါနီးမွာ သုံးႀကိမ္စလုံး အလဲထိုးႏိုင္ခဲ့သလိုမ်ိဳးပဲ ဒီရာသီမွာ သာလြန္ေျခစြမ္းနဲ႔ ေက်ာ္ျဖတ္သြားႏိုင္မယ္လို႔ ခန႔္မွန္းသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.