Premier League

အသင်းအတွက် အကောင်းမြင်ပြီး ဆောင်းရာသီမှာ လူခေါ်ဖို့ လုပ်နေတဲ့ အာတီတာနဲ့ အီဒူး

အာဆင်နယ်အသင်းရဲ့ ရာသီအဖွင့်ရလဒ်တွေ ဆိုးရွားနေပေမယ့်လည်း အသင်းနည်းပြ မီခယ်လ် အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့ကတော့ သူတို့ရဲ့ Trust the process ဆောင်ပုဒ်အတိုင်း အကောင်းမြင်နေပြီး အသင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ပရိသတ်တွေဆီ ချပြသွားသလို ဆောင်းရာသီ ဈေးကွက်အတွက်ပါ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အာဆင်နယ်တို့အနေနဲ့ ဒီနွေရာသီမှာ ပေါင်သန်း ၁၅၀ သုံးခဲ့တာကို မတင်းတိမ်သေးဘဲ ဆောင်းရာသီမှာ ကစားသမားခေါ်ယူမှုတွေမှာ ထပ်မံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆိုနေပြီး ကွင်းလယ်ကစားသမားတစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက်က အာတီတာရဲ့ နောက်ထပ်ရွှေ့ကွက်ဖြစ်လာမယ်လို့ပါ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

လာမယ့်နှစ် နွေရာသီမှာ ၃၃ နှစ်ပြည့်မယ့် အူဘာမီယန်းနဲ့ အသင်းကနေ ထွက်ခွာတော့မယ့် လာကာဇက်တို့ကို အသင်းမှာ အခန်းကဏ္ဍပေးဖို့ မရှိတော့ဘူးလို့ ဆိုနေကြပြီး အသင်းအတွက် ဂိုးသွင်းစွမ်းရည်မြင့်မားတဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်နဲ့ ဆိုစီဒက်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်တို့ကို ပစ်မှတ်ထားနေတာပါ။

အာတီတာကတော့ လက်ရှိလူတွေနဲ့ မကျေနပ်ချိန်မှာ နည်းစနစ်ဒါရိုက်တာ အီဒူးကတော့ ပရိသတ်တွေ စိတ်ပျက်စေမယ့်စကားမျိုးကို ဆိုခဲ့ပြီး အူဘာမီယန်းနဲ့ လာကာဇက်တို့ဆီက ဒီရာသီမှာ အသင်းအတွက် ဂိုး ၄၀ ကနေ ၄၅ ဂိုးအထိ မျှော်လင့်ထားပြီး သူတို့နှစ်ဦးလုံးဟာ ချဲလ်ဆီးအသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်တိုက်စစ်မှူးဖြစ်တဲ့ ရိုမီလူ လူကာကူးကို ပြိုင်ဆိုင်နိုင်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

“သူတို့ကို ကျွန်တော်တော့ ယုံတယ်ဗျ။ အသင်းကို မီခယ်လ်(အာတီတာ)နဲ့အတူ ထိုင်ကြည့်နေရင်း အူဘာမီယန်းဟာ တစ်ရာသီ ၂၅ ဂိုးလောက် သွင်းပေးမယ့်သူလို့ ယုံသလို လာကာဇက်ကလည်း ၁၅ ဂိုးကနေ ဂိုး ၂၀ လောက်တော့ ရနိုင်တာပဲလေ။ ပြီးတော့ ကျွန်တော်တို့မှာ ငယ်ရွယ်ပေမယ့်လည်း ပေါက်ကွဲနှုန်းမြင့်တဲ့ ဆာကာနဲ့ စမစ်ရိုးတို့ကို ပိုင်ဆိုင်ထားသေးတယ်။ ဒီလူစာရင်းကို ကျွန်တော်တို့ ယုံပါတယ်”လို့ အီဒူးက ဆိုသွားခဲ့တာပါ။

အပြောင်းအရွှေ့ဈေးကွက်မှာ ဝီလော့ခ်တစ်ဦးတည်းကို ရောင်းထုတ်နိုင်ခဲ့လို့ ဝေဖန်ခံရမှုတွေကိုတော့ ကလပ်တွေရဲ့ တံခါးကို လိုက်ခေါက်ပြီး အိမ်တိုင်ယာရောက် ဈေးရောင်းတဲ့ ပုံစံနဲ့ ပေါပေါပဲပဲ လိုက်မပေးနိုင်တာကြောင့်လို့ ဘရာဇီးလ်သားက ဖြေရှင်းသွားခဲ့ပြီး အပြီးသတ် ခေါ်ယူခွင့်ပါဝင်နေတဲ့ အငှားချထားမှုတွေဖြစ်တဲ့ ဂန်ဒူဇီနဲ့ မာဗရိုပါနို့စ်တို့အတွက်တော့ ကျေနပ်ကြောင်းလည်း ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေအတွက်တော့ သူတို့နှစ်ဦးရဲ့ ရည်ရွယ်ချက်တွေကြားမှာ ဇဝေဇဝါဖြစ်ရဖို့ ရှိနေပြီး အာတီတာ လုပ်ချင်သမျှကို ပိုင်ရှင် အကြိုက် ကြိုးဆွဲရာကနေတဲ့ အီဒူးက နှောင့်ယှက်ဖျက်ဆီးနေတာမို့ တကယ်တမ်းပြစ်တင်ရမယ့်သူဟာ နည်းပြမဟုတ်ဘဲ နည်းစနစ်ဒါရိုက်တာဖြစ်တယ်လို့ ဆိုနေကြမှုတွေ မှန်ကန်မှာလား၊ ပိုင်ရှင်၊ နည်းပြ၊ နည်းစနစ်ဒါရိုက်တာ သုံးဦးပူးပေါင်းပြီး ပရိသတ်တွေကို စိတ်ချမ်းမြေ့နိုင်မယ့် လမ်းကြောင်းမှန်ပေါ်ကို ပြန်တင်ပေးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ရာသီအဖြင့္ရလဒ္ေတြ ဆိုး႐ြားေနေပမယ့္လည္း အသင္းနည္းျပ မီခယ္လ္ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔ကေတာ့ သူတို႔ရဲ႕ Trust the process ေဆာင္ပုဒ္အတိုင္း အေကာင္းျမင္ေနၿပီး အသင္းနဲ႔ ပတ္သက္တဲ့ လုပ္ငန္းစဥ္ေတြကို ပရိသတ္ေတြဆီ ခ်ျပသြားသလို ေဆာင္းရာသီ ေဈးကြက္အတြက္ပါ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ ဒီေႏြရာသီမွာ ေပါင္သန္း ၁၅၀ သုံးခဲ့တာကို မတင္းတိမ္ေသးဘဲ ေဆာင္းရာသီမွာ ကစားသမားေခၚယူမႈေတြမွာ ထပ္မံ ရင္းႏွီးျမႇဳပ္ႏွံသြားမယ္လို႔ ဆိုေနၿပီး ကြင္းလယ္ကစားသမားတစ္ေယာက္နဲ႔ တိုက္စစ္မႉးတစ္ေယာက္က အာတီတာရဲ႕ ေနာက္ထပ္ေ႐ႊ႕ကြက္ျဖစ္လာမယ္လို႔ပါ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

လာမယ့္ႏွစ္ ေႏြရာသီမွာ ၃၃ ႏွစ္ျပည့္မယ့္ အူဘာမီယန္းနဲ႔ အသင္းကေန ထြက္ခြာေတာ့မယ့္ လာကာဇက္တို႔ကို အသင္းမွာ အခန္းက႑ေပးဖို႔ မရွိေတာ့ဘူးလို႔ ဆိုေနၾကၿပီး အသင္းအတြက္ ဂိုးသြင္းစြမ္းရည္ျမင့္မားတဲ့ အင္တာမီလန္တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ဆိုစီဒက္တိုက္စစ္မႉး အလက္ဇန္းဒါး အီဆက္ခ္တို႔ကို ပစ္မွတ္ထားေနတာပါ။

အာတီတာကေတာ့ လက္ရွိလူေတြနဲ႔ မေက်နပ္ခ်ိန္မွာ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကေတာ့ ပရိသတ္ေတြ စိတ္ပ်က္ေစမယ့္စကားမ်ိဳးကို ဆိုခဲ့ၿပီး အူဘာမီယန္းနဲ႔ လာကာဇက္တို႔ဆီက ဒီရာသီမွာ အသင္းအတြက္ ဂိုး ၄၀ ကေန ၄၅ ဂိုးအထိ ေမွ်ာ္လင့္ထားၿပီး သူတို႔ႏွစ္ဦးလုံးဟာ ခ်ဲလ္ဆီးအသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္တိုက္စစ္မႉးျဖစ္တဲ့ ႐ိုမီလူ လူကာကူးကို ၿပိဳင္ဆိုင္ႏိုင္တယ္လို႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

“သူတို႔ကို ကြၽန္ေတာ္ေတာ့ ယုံတယ္ဗ်။ အသင္းကို မီခယ္လ္(အာတီတာ)နဲ႔အတူ ထိုင္ၾကည့္ေနရင္း အူဘာမီယန္းဟာ တစ္ရာသီ ၂၅ ဂိုးေလာက္ သြင္းေပးမယ့္သူလို႔ ယုံသလို လာကာဇက္ကလည္း ၁၅ ဂိုးကေန ဂိုး ၂၀ ေလာက္ေတာ့ ရႏိုင္တာပဲေလ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔မွာ ငယ္႐ြယ္ေပမယ့္လည္း ေပါက္ကြဲႏႈန္းျမင့္တဲ့ ဆာကာနဲ႔ စမစ္႐ိုးတို႔ကို ပိုင္ဆိုင္ထားေသးတယ္။ ဒီလူစာရင္းကို ကြၽန္ေတာ္တို႔ ယုံပါတယ္”လို႔ အီဒူးက ဆိုသြားခဲ့တာပါ။

အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ဝီေလာ့ခ္တစ္ဦးတည္းကို ေရာင္းထုတ္ႏိုင္ခဲ့လို႔ ေဝဖန္ခံရမႈေတြကိုေတာ့ ကလပ္ေတြရဲ႕ တံခါးကို လိုက္ေခါက္ၿပီး အိမ္တိုင္ယာေရာက္ ေဈးေရာင္းတဲ့ ပုံစံနဲ႔ ေပါေပါပဲပဲ လိုက္မေပးႏိုင္တာေၾကာင့္လို႔ ဘရာဇီးလ္သားက ေျဖရွင္းသြားခဲ့ၿပီး အၿပီးသတ္ ေခၚယူခြင့္ပါဝင္ေနတဲ့ အငွားခ်ထားမႈေတြျဖစ္တဲ့ ဂန္ဒူဇီနဲ႔ မာဗ႐ိုပါႏို႔စ္တို႔အတြက္ေတာ့ ေက်နပ္ေၾကာင္းလည္း ဆိုသြားခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ သူတို႔ႏွစ္ဦးရဲ႕ ရည္႐ြယ္ခ်က္ေတြၾကားမွာ ဇေဝဇဝါျဖစ္ရဖို႔ ရွိေနၿပီး အာတီတာ လုပ္ခ်င္သမွ်ကို ပိုင္ရွင္ အႀကိဳက္ ႀကိဳးဆြဲရာကေနတဲ့ အီဒူးက ေႏွာင့္ယွက္ဖ်က္ဆီးေနတာမို႔ တကယ္တမ္းျပစ္တင္ရမယ့္သူဟာ နည္းျပမဟုတ္ဘဲ နည္းစနစ္ဒါ႐ိုက္တာျဖစ္တယ္လို႔ ဆိုေနၾကမႈေတြ မွန္ကန္မွာလား၊ ပိုင္ရွင္၊ နည္းျပ၊ နည္းစနစ္ဒါ႐ိုက္တာ သုံးဦးပူးေပါင္းၿပီး ပရိသတ္ေတြကို စိတ္ခ်မ္းေျမ့ႏိုင္မယ့္ လမ္းေၾကာင္းမွန္ေပၚကို ျပန္တင္ေပးႏိုင္မလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.