La Liga Ligue1 Premier League Transfer News

အမ်ဘာပေ၊ ဟားလန်းနဲ့ ပေါ့ဘာတို့ ၃ ဦးကို လာမယ့်နွေမှာ ခေါ်ယူဖို့ စီစဉ်နေတဲ့ ရီးရဲလ်

စပိန်ကလာတဲ့သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေစျေးကွက်မှာ PSG တိုက်စစ်မှူး ခီလီယန် အမ်ဘာပေ၊ ဒေါ့မွန်ဂိုးသွင်းစက် အာလင်း ဟားလန်းနဲ့ မန်ယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာတို့ ၃ ဦးကို တပြိုင်နက်တည်း အပြီးသတ်ဝယ်ယူဖို့ စတင်လှုပ်ရှားနေပြီဖြစ်ကြောင်း သိရှိထားရပါတယ်။

အခုနွေမှာ ဘာနေဗျူးကို ပြောင်းကစားဖို့ အကြီးအကျယ် အိပ်မက်မက်နေတဲ့ အမ်ဘာပေကို ယူရိုသန်း ၂၂၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ စာချုပ်တနှစ်သာကျန်ရှိပြီး သက်တမ်းတိုးဖို့ ပယ်ချထားခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးကို နောက်နှစ်မှာတော့ အလွတ်ခေါ်ယူခွင့်အတွက် လက်ဦးနိုင်ဖို့ ကျားချောင်းချောင်းနေပြီလည်း ဖြစ်ပါတယ်။

မာကာရဲ့ အဆိုအရ အမ်ဘာပေဟာ လာမယ့် ဇန်နဝါရီလမှာ တော်ဝင်အဖြူရောင်တွေနဲ့ ညှိနှိုင်းပြီး တရားဝင်ဆွေးနွေးခွင့် ရရှိသွားတော့မှာဖြစ်ပြီး ဒါဟာ ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ရဲ့ စိတ်ကြိုက်ခွင်တခုအဖြစ်လည်း တည်ရှိနေသလို နောက်တဦးအနေနဲ့ လာမယ့်နွေမှာ စာချုပ်လျော်ကြေးအရ စျေးကျသွားတော့မယ့် ဟားလန်းကိုပါ တပါတည်း ဝယ်ယူသွားမယ်လို့ သိရပါတယ်။

နော်ဝေသားရဲ့ အနာဂတ်အိပ်မက်ဟာလည်း ဘာနေဗျူးကိုသာ ဆိုက်ရောက်နေကြောင်း သိရပြီး ရီးရဲလ်တို့နဲ့ ပလဲနံပသင့်လွန်းလှတဲ့ ကစားသမားရဲ့ အေးဂျင့် မီနို ရိုင်ယိုလာရဲ့အလိုအရ လစာကောင်းကောင်းပေးမယ်ဆိုရင်တော့ က,ပြီးတောင် ထစီစဥ်သွားပေးဖို့ ရှိနေသလို စာချုပ်အရ ဟားလန်းအတွက် ဒေါ့မန်အသင်းကို ပေါင်သန်း ၇၀ ဝန်းကျင်သာ ပေးချေသွားရဖွယ်ရှိနေတာ​ပါ။

ဒါ့အပြင် ပီရက်ဇ်ရဲ့ ခြေလှမ်းတခုအနေနဲ့ အသင်းရဲ့ ကာလရှည်ပစ်မှတ်တခုဖြစ်သလို နောက်နှစ်မှာ စာချုပ်ကုန်ဆုံးဦးမယ်ဆိုတဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စာရင်းသွင်းထားသလို စည်းရုံးမှုတွေ စတင်နေပြီဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။.

ကမ္ဘာ့ဖလားချန်ပီယံ အသက် ၂၈ နှစ်သားကိုတော့ ရီးရဲလ်အသင်းရဲ့ကွင်းလယ်မှာ ဒီရာသီမှ လူသစ်အဖြစ် ပူးပေါင်းလာတဲ့ အီဒူယာဒို ကာမာဗင်ဂါနဲ့ တွဲဖက်ပေးပြီး ပြင်သစ်ကွင်းလယ်အထိုင်ကို တည်ဆောက်မယ်လို့ စဥ်းစားနေသလို ရင်းနေးကနေ ယူရို ၃၁ သန်းနဲ့ ရောက်လာခဲ့တဲ့ ပြင်သစ်သားကလည်း အမ်ဘာပေနဲ့အတူ တနိုင်ငံတည်းသားတွေအဖြစ် ပေါ့ဘာရဲ့ မျက်စိကျစရာဖြစ်နေတယ်လို့ သုံးသပ်ခံထားရပါတယ်။

ပီရက်ဇ်အနေနဲ့ ၂ နှစ်အတွင်း ကာမာဗင်ဂါတဦးတည်းကိုသာ အင်အားဖြည့်ခဲ့ခြင်းဟာ လာမယ့်ရာသီသစ်မှာတော့ ကြယ်စင်စုအသင်းသစ်အဖြစ် တကျော့ပြန် အရောင်တင်သွားဖို့ လျှို့ဝှက်ကြံစည်နေတာဖြစ်ပြီး ဘာစီလိုနာအပါအဝင် ပြိုင်ဘက်အသင်းကြီးတွေ ဘဏ္ဍာရေးအရ ကပ်ဆိုက်ပြီး ဒုက္ခရောက်နေချိန်မှာ ပွဲလန့်တုန်း ဖျာဝင်ခင်းဖို့ ဖြစ်လာစေတဲ့ ငွေထုပ်ပိုက်ထားမှုက ပရိသတ်တိုင်း သွားရေကျနေရတဲ့ အမ်ဘာပေ၊ ဟားလန်းနဲ့အတူ ပေါ့ဘာတို့ကို တစ်ခါတည်း ခေါ်ယူနိုင်ဖို့ လုံလောက်နေကြောင်းလည်း သိရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္ကလာတဲ့သတင္းေတြအရ ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ေႏြေစ်းကြက္မွာ PSG တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပ၊ ေဒါ့မြန္ဂိုးသြင္းစက္ အာလင္း ဟားလန္းနဲ႔ မန္ယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာတို႔ ၃ ဦးကို တၿပိဳင္နက္တည္း အၿပီးသတ္ဝယ္ယူဖို႔ စတင္လႈပ္ရွားေနၿပီျဖစ္ေၾကာင္း သိရွိထားရပါတယ္။

အခုေႏြမွာ ဘာေနဗ်ဴးကို ေျပာင္းကစားဖို႔ အႀကီးအက်ယ္ အိပ္မက္မက္ေနတဲ့ အမ္ဘာေပကို ယူ႐ိုသန္း ၂၂၀ နဲ႔ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ ပ်က္ျပယ္ခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ စာခ်ဳပ္တႏွစ္သာက်န္ရွိၿပီး သက္တမ္းတိုးဖို႔ ပယ္ခ်ထားခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉးကို ေနာက္ႏွစ္မွာေတာ့ အလြတ္ေခၚယူခြင့္အတြက္ လက္ဦးႏိုင္ဖို႔ က်ားေခ်ာင္းေခ်ာင္းေနၿပီလည္း ျဖစ္ပါတယ္။

မာကာရဲ႕ အဆိုအရ အမ္ဘာေပဟာ လာမယ့္ ဇန္နဝါရီလမွာ ေတာ္ဝင္အျဖဴေရာင္ေတြနဲ႔ ညႇိႏႈိင္းၿပီး တရားဝင္ေဆြးေႏြးခြင့္ ရရွိသြားေတာ့မွာျဖစ္ၿပီး ဒါဟာ ရီးရဲလ္ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ရဲ႕ စိတ္ႀကိဳက္ခြင္တခုအျဖစ္လည္း တည္ရွိေနသလို ေနာက္တဦးအေနနဲ႔ လာမယ့္ေႏြမွာ စာခ်ဳပ္ေလ်ာ္ေၾကးအရ ေစ်းက်သြားေတာ့မယ့္ ဟားလန္းကိုပါ တပါတည္း ဝယ္ယူသြားမယ္လို႔ သိရပါတယ္။

ေနာ္ေဝသားရဲ႕ အနာဂတ္အိပ္မက္ဟာလည္း ဘာေနဗ်ဴးကိုသာ ဆိုက္ေရာက္ေနေၾကာင္း သိရၿပီး ရီးရဲလ္တို႔နဲ႔ ပလဲနံပသင့္လြန္းလွတဲ့ ကစားသမားရဲ႕ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာရဲ႕အလိုအရ လစာေကာင္းေကာင္းေပးမယ္ဆိုရင္ေတာ့ က,ၿပီးေတာင္ ထစီစဥ္သြားေပးဖို႔ ရွိေနသလို စာခ်ဳပ္အရ ဟားလန္းအတြက္ ေဒါ့မန္အသင္းကို ေပါင္သန္း ၇၀ ဝန္းက်င္သာ ေပးေခ်သြားရဖြယ္ရွိေနတာ​ပါ။

ဒါ့အျပင္ ပီရက္ဇ္ရဲ႕ ေျခလွမ္းတခုအေနနဲ႔ အသင္းရဲ႕ ကာလရွည္ပစ္မွတ္တခုျဖစ္သလို ေနာက္ႏွစ္မွာ စာခ်ဳပ္ကုန္ဆုံးဦးမယ္ဆိုတဲ့ ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာကိုပါ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ စာရင္းသြင္းထားသလို စည္း႐ုံးမႈေတြ စတင္ေနၿပီျဖစ္တယ္လို႔ သတင္းေတြကဆိုပါတယ္။.

ကမာၻ႔ဖလားခ်န္ပီယံ အသက္ ၂၈ ႏွစ္သားကိုေတာ့ ရီးရဲလ္အသင္းရဲ႕ကြင္းလယ္မွာ ဒီရာသီမွ လူသစ္အျဖစ္ ပူးေပါင္းလာတဲ့ အီဒူယာဒို ကာမာဗင္ဂါနဲ႔ တြဲဖက္ေပးၿပီး ျပင္သစ္ကြင္းလယ္အထိုင္ကို တည္ေဆာက္မယ္လို႔ စဥ္းစားေနသလို ရင္းေနးကေန ယူ႐ို ၃၁ သန္းနဲ႔ ေရာက္လာခဲ့တဲ့ ျပင္သစ္သားကလည္း အမ္ဘာေပနဲ႔အတူ တႏိုင္ငံတည္းသားေတြအျဖစ္ ေပါ့ဘာရဲ႕ မ်က္စိက်စရာျဖစ္ေနတယ္လို႔ သုံးသပ္ခံထားရပါတယ္။

ပီရက္ဇ္အေနနဲ႔ ၂ ႏွစ္အတြင္း ကာမာဗင္ဂါတဦးတည္းကိုသာ အင္အားျဖည့္ခဲ့ျခင္းဟာ လာမယ့္ရာသီသစ္မွာေတာ့ ၾကယ္စင္စုအသင္းသစ္အျဖစ္ တေက်ာ့ျပန္ အေရာင္တင္သြားဖို႔ လွ်ိဳ႕ဝွက္ႀကံစည္ေနတာျဖစ္ၿပီး ဘာစီလိုနာအပါအဝင္ ၿပိဳင္ဘက္အသင္းႀကီးေတြ ဘ႑ာေရးအရ ကပ္ဆိုက္ၿပီး ဒုကၡေရာက္ေနခ်ိန္မွာ ပြဲလန္႔တုန္း ဖ်ာဝင္ခင္းဖို႔ ျဖစ္လာေစတဲ့ ေငြထုပ္ပိုက္ထားမႈက ပရိသတ္တိုင္း သြားေရက်ေနရတဲ့ အမ္ဘာေပ၊ ဟားလန္းနဲ႔အတူ ေပါ့ဘာတို႔ကို တစ္ခါတည္း ေခၚယူႏိုင္ဖို႔ လုံေလာက္ေနေၾကာင္းလည္း သိရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.