Premier League

CR7ကြောင့် မန်ယူနိုက်တက် ဟန်ချက်ပျက်မယ်လို့ ဆိုးလ်ရှားကို အာဆင်ဝင်းဂါး သတိပေး

အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်း အာဆင်ဝင်းဂါးက မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကြောင့် ရင်ဆိုင်ရမယ့် အကြီးမားဆုံး စိန်ခေါ်မှုအကြောင်း ထောက်ပြသွားခဲ့ပြီး အဲဒါကတော့ အသင်းရဲ့ကစားဟန်ဟာ ပေါ်တူဂီသားတစ်ဦးတည်းကြောင့် ဟန်ချက်ပျက်သွားနိုင်ကြောင်း သတိပေးသွားခဲ့တာဖြစ်ပါတယ်။

တူရင်မြေကို စွန့်ခွာပြီး ဂျူဗင်တပ်စ်အသင်းကနေ အိုးထရက်ဖို့ဒ်မြေကို အ​ပြောင်းအရွှေ့နောက်ဆုံးအချိန်မှာမှ အံ့အားသင့်ဖွယ်ရာ ရောက်ရှိလာတဲ့ ရော်နယ်လ်ဒိုဟာ ဆိုးလ်ရှား ရင်ဆိုင်ရမယ့် အကြီးမားဆုံးဒုက္ခတခုဖြစ်သလို ၁၂ နှစ်ကြာမှ အိပ်မက်ကဇာတ်ရုံနဲ့ ပြန်ပေါင်းထုပ်ခဲ့တဲ့ ဇာတ်လမ်းဟာ စိတ်ခံစားမှုကို အသားပေးခဲ့လွန်းခြင်းဖြစ်ကြောင်းလည်း ဝေဖန်သွားခဲ့တာပါ။

“ဒါဟာ ခင်ဗျားတို့ မြင်ချင်နေကြတဲ့ အချစ်ဇာတ်လမ်းပုံပြင်တပုဒ်သက်သက်ပါပဲ။ ရော်နယ်လ်ဒိုကို အခုချိန်မှာ ခေါ်ယူလိုက်တာဟာ အားကစားယှဥ်ပြိုင်မှုအရ အကြောင်းပြချက်တွေ သိပ်မရှိလှပါဘူး။ ဒီထက်ပိုများတာက စိတ်ခံစားမှုတွေကို အသားပေးခဲ့ကြခြင်းပါ။ ကျွန်တော်ထင်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ရာနှုန်းပြည့် အကျိုးသင့် အကြောင်းသင့် ဆင်ခြင်ဉာဏ်နဲ့ ချမှတ်ပြီး ခေါ်ယူခဲ့ခြင်း မဟုတ်ပါဘူး”

“အခုတော့ အသင်းတွင်းမှာ ဟန်ချက်ညီမျှမှုရှိနေဖို့က ကြီးမားတဲ့ ပြဿနာတရပ်လိုဖြစ်လာပါပြီ။ ဒါပေမယ့် အတွေ့အကြုံရင့်၊ ဝါရင့်သမ္ဘာရင့် ကစားသမားအတွက်တော့ ဂိုးတွေတဒိုင်းဒိုင်းသွင်းယူနိုင်ပါလိမ့်ဦးမယ်”လို့ အာဆင်ဝင်းဂါးက BILD သတင်းဌာနကို ပြောပြသွားခဲ့တာပါ။

ယူနိုက်တက်တို့အနေနဲ့ ပရိသတ်တွေက အသင်းမှာ အဓိကလိုအပ်နေတယ်လို့ ဖိအားပေးနေတဲ့ ကွင်းလယ်အဖျက်နေရာကို ဦးစားပေးပြီး မဖြည့်တင်းဘဲ CR7 ကို စွန့်စားပြီး ခေါ်ယူခဲ့ခြင်းဖြစ်သလို လက်ရှိမှာတော့ ဂျေဒန် ဆန်ချိုပါ ရောက်ရှိထားတဲ့ သရဲနီတိုက်စစ်ပိုင်းဟာ လူတွေစုပုံနေပြီး “ဆရာများ သားသေ”တဲ့ အခြေကို ဆိုက်လာတော့မလားလို့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုတွေလည်း ရှိလာပါတယ်။

ဒါ့အပြင် အာဆင်ဝင်းဂါးအနေနဲ့ ရော်နယ်လ်ဒိုကို စပို့တင်း လစ္စဘွန်းကနေ ခေါ်ယူဖို့ ဘယ်လောက်ထိနီးစပ်ခဲ့ဖူးလဲဆိုတဲ့ အနေအထားကိုလည်း ရှင်းပြသွားခဲ့ပြီး “သူက ကျွန်တော်တို့အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ပြီး အာဆင်နယ်ဂျာစီကိုတောင် ဝတ်ဆင်ပြီးနေပါပြီ။ ဒါပေမယ့် အသင်းဘက်က သူ့အတွက် ယူရို ၄ သန်း ပေးဖို့သာ တတ်နိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားတစ်ယောက်အတွက် အဲဒီခေတ်က စျေးပေါ့”

“ဒီလိုနဲ့ ဖာဂူဆန်က ကျွန်တော့်ဆီကနေ ကြားဖြတ်လုသွားတော့တာပါပဲ။ သူတို့က ယူရို ၁၂ သန်းအထိ ပြောင်းရွေ့ကြေးပေးပစ်နိုင်ခဲ့တာပါ”လို့ သူနဲ့ ဖာဂူဆန်၊ ရော်နယ်လ်ဒိုတို့ရဲ့ ၃ ပွင့်ဆိုင် အတိတ်ကိုလည်း ပြန်ပြောင်းပြောကြားခဲ့သလို ၂၀၀၃ ခုနှစ်က CR7 ဖြစ်လာမယ့် ချာတိတ်လေးကို ခေါ်ယူနိုင်ခဲ့တာဟာလည်း စကော့တလန် ဆာဘွဲ့ရှင်ရဲ့ နည်းပြဘဝသက်တမ်းတလျှောက် တန်ဖိုးအရှိဆုံး၊ အအောင်မြင်ဆုံးနဲ့ ကျေနပ်ပီတိဖြစ်စရာအကောင်းဆုံး အဆင့်မြင့်ထိပ်တန်း ခေါ်ယူမှုတစ်ခုဖြစ်ခဲ့တယ်လို့ အားလုံးက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၴဝင္နည္းျပေဟာင္း အာဆင္ဝင္းဂါးက မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုေၾကာင့္ ရင္ဆိုင္ရမယ့္ အႀကီးမားဆုံး စိန္ေခၚမႈအေၾကာင္း ေထာက္ျပသြားခဲ့ၿပီး အဲဒါကေတာ့ အသင္းရဲ႕ကစားဟန္ဟာ ေပၚတူဂီသားတစ္ဦးတည္းေၾကာင့္ ဟန္ခ်က္ပ်က္သြားႏိုင္ေၾကာင္း သတိေပးသြားခဲ့တာျဖစ္ပါတယ္။

တူရင္ေျမကို စြန္႔ခြာၿပီး ဂ်ဴဗင္တပ္စ္အသင္းကေန အိုးထရက္ဖို႔ဒ္ေျမကို အ​ေျပာင္းအေ႐ႊ႕ေနာက္ဆုံးအခ်ိန္မွာမွ အံ့အားသင့္ဖြယ္ရာ ေရာက္ရွိလာတဲ့ ေရာ္နယ္လ္ဒိုဟာ ဆိုးလ္ရွား ရင္ဆိုင္ရမယ့္ အႀကီးမားဆုံးဒုကၡတခုျဖစ္သလို ၁၂ ႏွစ္ၾကာမွ အိပ္မက္ကဇာတ္႐ုံနဲ႔ ျပန္ေပါင္းထုပ္ခဲ့တဲ့ ဇာတ္လမ္းဟာ စိတ္ခံစားမႈကို အသားေပးခဲ့လြန္းျခင္းျဖစ္ေၾကာင္းလည္း ေဝဖန္သြားခဲ့တာပါ။

“ဒါဟာ ခင္ဗ်ားတို႔ ျမင္ခ်င္ေနၾကတဲ့ အခ်စ္ဇာတ္လမ္းပုံျပင္တပုဒ္သက္သက္ပါပဲ။ ေရာ္နယ္လ္ဒိုကို အခုခ်ိန္မွာ ေခၚယူလိုက္တာဟာ အားကစားယွဥ္ၿပိဳင္မႈအရ အေၾကာင္းျပခ်က္ေတြ သိပ္မရွိလွပါဘူး။ ဒီထက္ပိုမ်ားတာက စိတ္ခံစားမႈေတြကို အသားေပးခဲ့ၾကျခင္းပါ။ ကြၽန္ေတာ္ထင္ပါတယ္။ ဒီဆုံးျဖတ္ခ်က္ဟာ ရာႏႈန္းျပည့္ အက်ိဳးသင့္ အေၾကာင္းသင့္ ဆင္ျခင္ဉာဏ္နဲ႔ ခ်မွတ္ၿပီး ေခၚယူခဲ့ျခင္း မဟုတ္ပါဘူး”

“အခုေတာ့ အသင္းတြင္းမွာ ဟန္ခ်က္ညီမွ်မႈရွိေနဖို႔က ႀကီးမားတဲ့ ျပႆနာတရပ္လိုျဖစ္လာပါၿပီ။ ဒါေပမယ့္ အေတြ႕အႀကဳံရင့္၊ ဝါရင့္သမာၻရင့္ ကစားသမားအတြက္ေတာ့ ဂိုးေတြတဒိုင္းဒိုင္းသြင္းယူႏိုင္ပါလိမ့္ဦးမယ္”လို႔ အာဆင္ဝင္းဂါးက BILD သတင္းဌာနကို ေျပာျပသြားခဲ့တာပါ။

ယူႏိုက္တက္တို႔အေနနဲ႔ ပရိသတ္ေတြက အသင္းမွာ အဓိကလိုအပ္ေနတယ္လို႔ ဖိအားေပးေနတဲ့ ကြင္းလယ္အဖ်က္ေနရာကို ဦးစားေပးၿပီး မျဖည့္တင္းဘဲ CR7 ကို စြန္႔စားၿပီး ေခၚယူခဲ့ျခင္းျဖစ္သလို လက္ရွိမွာေတာ့ ေဂ်ဒန္ ဆန္ခ်ိဳပါ ေရာက္ရွိထားတဲ့ သရဲနီတိုက္စစ္ပိုင္းဟာ လူေတြစုပုံေနၿပီး “ဆရာမ်ား သားေသ”တဲ့ အေျခကို ဆိုက္လာေတာ့မလားလို႔ ကြၽမ္းက်င္သူေတြရဲ႕ သုံးသပ္မႈေတြလည္း ရွိလာပါတယ္။

ဒါ့အျပင္ အာဆင္ဝင္းဂါးအေနနဲ႔ ေရာ္နယ္လ္ဒိုကို စပို႔တင္း လစၥဘြန္းကေန ေခၚယူဖို႔ ဘယ္ေလာက္ထိနီးစပ္ခဲ့ဖူးလဲဆိုတဲ့ အေနအထားကိုလည္း ရွင္းျပသြားခဲ့ၿပီး “သူက ကြၽန္ေတာ္တို႔အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို ေရာက္ၿပီး အာဆင္နယ္ဂ်ာစီကိုေတာင္ ဝတ္ဆင္ၿပီးေနပါၿပီ။ ဒါေပမယ့္ အသင္းဘက္က သူ႔အတြက္ ယူ႐ို ၄ သန္း ေပးဖို႔သာ တတ္ႏိုင္ခဲ့ပါတယ္။ လူငယ္ကစားသမားတစ္ေယာက္အတြက္ အဲဒီေခတ္က ေစ်းေပါ့”

“ဒီလိုနဲ႔ ဖာဂူဆန္က ကြၽန္ေတာ့္ဆီကေန ၾကားျဖတ္လုသြားေတာ့တာပါပဲ။ သူတို႔က ယူ႐ို ၁၂ သန္းအထိ ေျပာင္းေ႐ြ႕ေၾကးေပးပစ္ႏိုင္ခဲ့တာပါ”လို႔ သူနဲ႔ ဖာဂူဆန္၊ ေရာ္နယ္လ္ဒိုတို႔ရဲ႕ ၃ ပြင့္ဆိုင္ အတိတ္ကိုလည္း ျပန္ေျပာင္းေျပာၾကားခဲ့သလို ၂၀၀၃ ခုႏွစ္က CR7 ျဖစ္လာမယ့္ ခ်ာတိတ္ေလးကို ေခၚယူႏိုင္ခဲ့တာဟာလည္း စေကာ့တလန္ ဆာဘြဲ႕ရွင္ရဲ႕ နည္းျပဘဝသက္တမ္းတေလွ်ာက္ တန္ဖိုးအရွိဆုံး၊ အေအာင္ျမင္ဆုံးနဲ႔ ေက်နပ္ပီတိျဖစ္စရာအေကာင္းဆုံး အဆင့္ျမင့္ထိပ္တန္း ေခၚယူမႈတစ္ခုျဖစ္ခဲ့တယ္လို႔ အားလုံးက တစ္ညီတစ္ၫြတ္တည္း လက္ခံထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.