La Liga Premier League Transfer News

ေသာမတ္စ္ ပါေတးကို ကစားသမားေဟာင္း ခ်ိမ္ဘာလိန္အတြက္ လက္လႊတ္ရႏုိင္တဲ့ အာဆင္နယ္

စပိန္ကလပ္ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ အေျပာင္းအေရႊ႕လုပ္ေဆာင္မွဳကေတာ့ အာဆင္နယ္အသင္းအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး လီဗာပူးလ္ရဲ႕ အဲလက္စ္-ေအာက္ဇလိတ္ ခ်ိမ္ဘာလိန္ကို ေခၚယူခ်င္ေနရာမွာ ဂါနာသား ေသာမတ္စ္ ပါေတးကို အလိုက္ေပးၿပီး ကမ္းလွမ္းသြားဖို႔ ရွိေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဒါဟာ အာဆင္နယ္အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ ပစ္မွတ္ကို အက္သလက္တီကိုဘက္က ေရာင္းခ်ဖို႔ မပူးေပါင္းတဲ့အျပင္ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ခ်ိမ္ဘာလိန္ကို ေခၚယူရာမွာ အသုံးခ်သြားမွာျဖစ္တဲ့အတြက္ ဒီအေျပာင္းအေရႊ႕သာ ျဖစ္ေျမာက္လာခဲ့ရင္ေတာ့ ပရိသတ္ေတြအေနနဲ႔ ေတာ္ေတာ္ေလး ေဒါသထြက္စရာလည္း ျဖစ္လာႏုိင္ပါတယ္။

မက္ဒရစ္အေျခစိုက္ အသင္းဘက္က စာခ်ဳပ္သက္တမ္းတုိးၿပီး ေလ်ာ္ေၾကး ေပါင္ ၄၅ သန္းကေန ႏွစ္ဆျဖစ္တဲ့ ေပါင္သန္း ၉၀ အထိတုိးျမႇင့္ဖို႔ လုပ္ေဆာင္ခဲ့ရာမွာ ပါေတးဘက္က ႏွစ္ဆတန္ဖိုးအျဖစ္ လစာေငြကို တုိးတက္ေတာင္းဆုိခဲ့တာေၾကာင့္ သေဘာတူညီမွဳ ပ်က္ျပယ္ခဲ့ၿပီး ေရာင္းထုတ္ဖို႔နဲ႔ သူတုိ႔လိုခ်င္တဲ့ ပစ္မွတ္အတြက္ အသုံးခ်ဖို႔ ရွိလာခဲ့တာျဖစ္ပါတယ္။

ေငြေၾကးအသုံးျပဳၿပီး မဝယ္ႏုိင္တာ ေသခ်ာေနတဲ့ အာဆင္နယ္အသင္းကေတာ့ နည္းျပ ဒီေယဂို ဆီမီီယြန္နီ သေဘာက်ေနတဲ့ တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ကို အလိုက္ေပး ေဆြးေႏြးသြားဖို႔ အဆင္သင့္ရွိေနေပမယ့္ တီကိုဘက္ကေတာ့ တိုက္စစ္မွဴး ငါးဦးေလာက္ရွိေနတဲ့ ေရွ႕တန္းထက္ ကြင္းလယ္မွာ စြယ္စုံသုံးလို႔ရတဲ့ ခ်ိမ္ဘာလိန္ကို စဥ္းစားလာခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္အတြက္ေတာ့ စိတ္သက္သာစရာအျဖစ္ အဂၤလိပ္ကစားသမားတစ္ေယာက္အတြက္ ႏိုင္ငံျခားထြက္ကစားဖို႔ အလြယ္တကူ ေရြးခ်ယ္ေလ့မရွိတာေတြက အေကာင္းဘက္က ရွိေနႏုိင္ၿပီး တစ္ဖက္မွာလည္း စပါးစ္ရဲ႕ ကီရန္ ထရစ္ပီယာကို ေခၚယူသြားခဲ့တဲ့ မႏွစ္က လုပ္ရပ္ကို ခ်င့္ခ်ိန္လိုက္ရင္ေတာ့ သူတုိ႔ဘက္ကို ျပန္ပါႏုိင္ဖို႔က ၅၀-၅၀ ျဖစ္ေနၿပီး ကစားသမားေဟာင္း ခ်ိမ္ဘာလိန္ရဲ႕ ျငင္းပယ္မွဳတစ္ခုကသာ ေသခ်ာေစမွာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုကတော့ အာဆင်နယ်အသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး လီဗာပူးလ်ရဲ့ အဲလက်စ်-အောက်ဇလိတ် ချိမ်ဘာလိန်ကို ခေါ်ယူချင်နေရာမှာ ဂါနာသား သောမတ်စ် ပါတေးကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါဟာ အာဆင်နယ်အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး သူတို့ရဲ့ ပစ်မှတ်ကို အက်သလက်တီကိုဘက်က ရောင်းချဖို့ မပူးပေါင်းတဲ့အပြင် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ချိမ်ဘာလိန်ကို ခေါ်ယူရာမှာ အသုံးချသွားမှာဖြစ်တဲ့အတွက် ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်လာခဲ့ရင်တော့ ပရိသတ်တွေအနေနဲ့ တော်တော်လေး ဒေါသထွက်စရာလည်း ဖြစ်လာနိုင်ပါတယ်။

မက်ဒရစ်အခြေစိုက် အသင်းဘက်က စာချုပ်သက်တမ်းတိုးပြီး လျော်ကြေး ပေါင် ၄၅ သန်းကနေ နှစ်ဆဖြစ်တဲ့ ပေါင်သန်း ၉၀ အထိတိုးမြှင့်ဖို့ လုပ်ဆောင်ခဲ့ရာမှာ ပါတေးဘက်က နှစ်ဆတန်ဖိုးအဖြစ် လစာငွေကို တိုးတက်တောင်းဆိုခဲ့တာကြောင့် သဘောတူညီမှု ပျက်ပြယ်ခဲ့ပြီး ရောင်းထုတ်ဖို့နဲ့ သူတို့လိုချင်တဲ့ ပစ်မှတ်အတွက် အသုံးချဖို့ ရှိလာခဲ့တာဖြစ်ပါတယ်။

ငွေကြေးအသုံးပြုပြီး မဝယ်နိုင်တာ သေချာနေတဲ့ အာဆင်နယ်အသင်းကတော့ နည်းပြ ဒီယေဂို ဆီမီယွန်နီ သဘောကျနေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို အလိုက်ပေး ဆွေးနွေးသွားဖို့ အဆင်သင့်ရှိနေပေမယ့် တီကိုဘက်ကတော့ တိုက်စစ်မှူး ငါးဦးလောက်ရှိနေတဲ့ ရှေ့တန်းထက် ကွင်းလယ်မှာ စွယ်စုံသုံးလို့ရတဲ့ ချိမ်ဘာလိန်ကို စဉ်းစားလာခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အတွက်တော့ စိတ်သက်သာစရာအဖြစ် အင်္ဂလိပ်ကစားသမားတစ်ယောက်အတွက် နိုင်ငံခြားထွက်ကစားဖို့ အလွယ်တကူ ရွေးချယ်လေ့မရှိတာတွေက အကောင်းဘက်က ရှိနေနိုင်ပြီး တစ်ဖက်မှာလည်း စပါးစ်ရဲ့ ကီရန် ထရစ်ပီယာကို ခေါ်ယူသွားခဲ့တဲ့ မနှစ်က လုပ်ရပ်ကို ချင့်ချိန်လိုက်ရင်တော့ သူတို့ဘက်ကို ပြန်ပါနိုင်ဖို့က ၅၀-၅၀ ဖြစ်နေပြီး ကစားသမားဟောင်း ချိမ်ဘာလိန်ရဲ့ ငြင်းပယ်မှုတစ်ခုကသာ သေချာစေမှာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.