Premier League

ဗန္ဒိုက္ဟာ ပရီးမီးယားလိဂ္သမုိင္းမွာ အေကာင္းဆုံးကစားသမားလို႔ ကြန္ပနီေျပာ

မန္ခ်က္စတာစီးတီးေနာက္ခံလူေဟာင္း ဗင္းဆင့္ ကြန္ပနီက ပရီးမီးယားလိဂ္ရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အေကာင္းဆုံးေနာက္ခံလူဟာ တျခားကစားသမားေတြထက္ လီဗာပူးေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္လို႔ပဲ မွတ္ယူရမွာျဖစ္ေၾကာင္း အိမ္နီးခ်င္းႏုိင္ငံက ကစားသမားကိုပဲ ေရြးခ်ယ္ေျပာၾကားလုိက္ပါတယ္။

ပရီးမီးယားလိဂ္ကို မန္ခ်က္စတာစီးတီးအသင္းနဲ႔အတူ ေနာက္ဆုံးႏွစ္ႀကိမ္ဆက္ အသင္းေခါင္းေဆာင္အျဖစ္ ရယူထားႏုိင္ခဲ့တဲ့ ေနာက္ခံလူက ဗန္ဒိုက္ဟာ ဒီေနာက္ပုိင္းႏွစ္ေတြမွာ လီဗာပူးလ္အသင္းရဲ႕ ေအာင္ျမင္မွဳေတြမွာ အဓိကက်ခဲ့ေၾကာင္းနဲ႔ ဒါေၾကာင့္ပဲ အေကာင္းဆုံးလို႔ ေျပာခ်င္တာျဖစ္ေၾကာင္းလည္း ဆုိပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း ခ်န္ပီယံလိဂ္ဖလား၊ ယူအီးအက္ဖ္ေအဆူပါဖလားနဲ႔ ကမာၻ႕ကလပ္ခ်န္ပီယံဖလားေတြကို ရယူထားႏုိင္ခဲ့တဲ့ ဗန္ဒိုက္ဟာ တစ္ဦးခ်င္းဆုအျဖစ္လည္း ယူအီးအက္ဖ္ေအအေကာင္းဆုံးဆု၊ ေနာက္ခံလူဆု၊ ပရီးမီးယားလိဂ္အေကာင္းဆုံးဆုနဲ႔ ပီအက္ဖ္ေအအေကာင္းဆုံးဆုေတြကို ရယူႏုိင္ခဲ့တာပါ။

“လီဗာပူးလ္က ဗန္ဒိုက္မရွိခင္နဲ႔ သူေရာက္လာၿပီးမွက အရမ္းကို ကြာျခားလြန္းေနခဲ့တာဟာ သက္ေသတစ္ခုပါပဲ။ ရီယို ဖာဒီနန္နဲ႔ ဂၽြန္တယ္ရီတို႔ထက္ ဗန္ဒိုက္ရဲ႕ အသင္းအေပၚ သက္ေရာက္မွဳက ပုိမိုႀကီးမားပါတယ္။ ခံစစ္ကစားသမားေကာင္းဆုိတာ သူတစ္ဦးတည္း ေကာင္းေနဖို႔ထက္ တျခားကစားသမားေတြကိုပါ စုစည္းၿပီး က်စ္လ်စ္ေအာင္လုပ္ေပးႏုိင္မွ တကယ့္ကစားသမားေကာင္းပါ”လို႔ ကြန္ပနီက ဆုိပါတယ္။

ကြန္ပနီရဲ႕ စကားကေတာ့ ပရီးမီးယားလိဂ္မွာ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ခဲ့ၿပီး ဆုဖလား ၁၇ ခု ရယူခဲ့တဲ့ ဂၽြန္တယ္ရီနဲ႔ ၁၈ ခု ရယူခဲ့တဲ့ ရီယို ဖာဒီနန္တုိ႔ရဲ႕ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏုိက္တက္တုိ႔ရဲ႕ ပရိသတ္ေတြအတြက္ေတာ့ ရယ္စရာလည္းျဖစ္ေနခဲ့ၿပီး ေနာက္ပုိင္းႏွစ္အနည္းငယ္အတြင္းမွာ လီဗာပူးလ္နဲ႔ ေအာင္ျမင္မွဳတခ်ဳိ႕ ရယူႏုိင္ခဲ့တဲ့ ဗန္ဒိုက္ကို ေရြးခ်ယ္ခဲ့တာကေတာ့ အျငင္းပြားစရာလည္းျဖစ္ခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးနောက်ခံလူဟောင်း ဗင်းဆင့် ကွန်ပနီက ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးနောက်ခံလူဟာ တခြားကစားသမားတွေထက် လီဗာပူးနောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်လို့ပဲ မှတ်ယူရမှာဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံက ကစားသမားကိုပဲ ရွေးချယ်ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကို မန်ချက်စတာစီးတီးအသင်းနဲ့အတူ နောက်ဆုံးနှစ်ကြိမ်ဆက် အသင်းခေါင်းဆောင်အဖြစ် ရယူထားနိုင်ခဲ့တဲ့ နောက်ခံလူက ဗန်ဒိုက်ဟာ ဒီနောက်ပိုင်းနှစ်တွေမှာ လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကကျခဲ့ကြောင်းနဲ့ ဒါကြောင့်ပဲ အကောင်းဆုံးလို့ ပြောချင်တာဖြစ်ကြောင်းလည်း ဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေဆူပါဖလားနဲ့ ကမ္ဘာ့ကလပ်ချန်ပီယံဖလားတွေကို ရယူထားနိုင်ခဲ့တဲ့ ဗန်ဒိုက်ဟာ တစ်ဦးချင်းဆုအဖြစ်လည်း ယူအီးအက်ဖ်အေအကောင်းဆုံးဆု၊ နောက်ခံလူဆု၊ ပရီးမီးယားလိဂ်အကောင်းဆုံးဆုနဲ့ ပီအက်ဖ်အေအကောင်းဆုံးဆုတွေကို ရယူနိုင်ခဲ့တာပါ။

“လီဗာပူးလ်က ဗန်ဒိုက်မရှိခင်နဲ့ သူရောက်လာပြီးမှက အရမ်းကို ကွာခြားလွန်းနေခဲ့တာဟာ သက်သေတစ်ခုပါပဲ။ ရီယို ဖာဒီနန်နဲ့ ဂျွန်တယ်ရီတို့ထက် ဗန်ဒိုက်ရဲ့ အသင်းအပေါ် သက်ရောက်မှုက ပိုမိုကြီးမားပါတယ်။ ခံစစ်ကစားသမားကောင်းဆိုတာ သူတစ်ဦးတည်း ကောင်းနေဖို့ထက် တခြားကစားသမားတွေကိုပါ စုစည်းပြီး ကျစ်လျစ်အောင်လုပ်ပေးနိုင်မှ တကယ့်ကစားသမားကောင်းပါ”လို့ ကွန်ပနီက ဆိုပါတယ်။

ကွန်ပနီရဲ့ စကားကတော့ ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ဆုဖလား ၁၇ ခု ရယူခဲ့တဲ့ ဂျွန်တယ်ရီနဲ့ ၁၈ ခု ရယူခဲ့တဲ့ ရီယို ဖာဒီနန်တို့ရဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရိသတ်တွေအတွက်တော့ ရယ်စရာလည်းဖြစ်နေခဲ့ပြီး နောက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ လီဗာပူးလ်နဲ့ အောင်မြင်မှုတချို့ ရယူနိုင်ခဲ့တဲ့ ဗန်ဒိုက်ကို ရွေးချယ်ခဲ့တာကတော့ အငြင်းပွားစရာလည်းဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.