Ligue1 Premier League

ဒမ္ဘီလီကို ေရာင္းခ်ႏိုင္တယ္လို႔ လီယြန္ဥကၠဌ ဝန္ခံခဲ့လို႔ မန္ယူနဲ႔ ခ်ဲလ္ဆီးတို႔ ေစာင့္ၾကည့္

ကိုဗစ္-၁၉ ေၾကာင့္ နယ္သာလန္ႏုိင္ငံလိုပဲ ေစာေစာစီးစီး ရပ္နားလိုက္ရတဲ့ ျပင္သစ္လီဂူးဝမ္းကလပ္ လီယြန္အသင္းရဲ႕ ဥကၠဌ ယြန္း-မီရွယ္ အိုလာက သူတုိ႔အေနနဲ႔ ကစာသမားေကာင္းတခ်ဳိ႕နဲ႔ တုိက္စစ္မွဴး မူဆာ ဒမ္ဘီလီကို ေရာင္းခ်ေကာင္း ေရာင္းခ်ရႏိုင္တယ္လို႔ ဆုိခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတုိ႔အတြက္ သတိေပးသံျဖစ္လာခဲ့ပါတယ္။

ဖူလ္ဟမ္အသင္းနဲ႔အတူ လူသိမ်ားလာခဲ့ၿပီး ဆဲလ္တစ္အသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ေနာက္ ထြန္းေတာက္လာတဲ့ လူငယ္တိုက္စစ္မွဴးဟာ လီယြန္အသင္းကို ေရာက္ရွိလာခဲ့အၿပီးမွာေတာ့ ရင့္က်က္တဲ့ တုိက္စစ္မွဴးတစ္ဦးအျဖစ္ ေျခစြမ္းျပသေနၿပီး သူ႕ရဲ႕ တန္ေၾကးကလည္း ေပါင္သန္း ၆၀ ေလာက္ ရွိေနၿပီျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ မာလီႏြယ္ဖြား ျပင္သစ္တုိက္စစ္မွဴးဟာ လီယြန္အသင္းကို ေပါင္သန္း ၂၀ နဲ႔ ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ စုစုေပါင္း ၈၈ ပြဲမွာ ၄၂ ဂိုးသြင္းယူထားႏုိင္သူျဖစ္သလို အဓိကအားျဖင့္ လူကၽြံေထာင္ေခ်ာက္ေတြကို ျဖတ္ေက်ာ္ရာမွာ ကၽြမ္းက်င္သူလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ့္အေနနဲ႔ေတာ့ ကစားသမားေတြကို ထိန္းသိမ္းႏိုင္ဖို႔ တတ္စြမ္းသမွ် လုပ္ေဆာင္သြားမွာပါ။ ဥေရာပၿပဳိင္ပြဲေတြကို ကစားခ်င္တဲ့သူေတြကိုေတာ့ အသင္းကေန ေျပာင္းေရႊ႕ခြင့္ေပးသြားမွာျဖစ္ၿပီး ကၽြန္ေတာ္တုိ႔ရဲ႕ ကစားခြင့္မရွိတဲ့ အေျခအေနမွာ နားလည္မွဳေပးသြားဖို႔ စိတ္ကူးထားပါတယ္”လို႔ အိုလာက ေျပာၾကားခဲ့ပါတယ္။

ဥေရာပၿပဳိင္ပြဲေတြကို ကစားဖို႔အတြက္ ထိုက္တန္တဲ့ စြမ္းရည္ကို ပိုင္ဆုိင္ထားတဲ့ ဒမ္ဘီလီရဲ႕ လီယြန္အသင္းကေတာ့ ဒီရာသီမွာ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနခဲ့ၿပီး ယူ႐ိုပါလိဂ္ကိုေတာင္ ကစားခြင့္မရွိတဲ့ အေျခအေနျဖစ္ေနလို႔ သူတို႔ရဲ႕ ရည္မွန္းခ်က္အတြက္ေရာ၊ အသင္းရဲ႕ ဘဏၰာေရး ထိန္းညႇိမွဳအတြက္ပါ ေရာင္းခ်သြားရဖို႔ ရွိတယ္လို႔ ဥကၠဌျဖစ္သူ အိုလာက ရည္ညႊန္းခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုဗစ်-၁၉ ကြောင့် နယ်သာလန်နိုင်ငံလိုပဲ စောစောစီးစီး ရပ်နားလိုက်ရတဲ့ ပြင်သစ်လီဂူးဝမ်းကလပ် လီယွန်အသင်းရဲ့ ဥက္ကဌ ယွန်း-မီရှယ် အိုလာက သူတို့အနေနဲ့ ကစာသမားကောင်းတချို့နဲ့ တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို ရောင်းချကောင်း ရောင်းချရနိုင်တယ်လို့ ဆိုခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့အတွက် သတိပေးသံဖြစ်လာခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းနဲ့အတူ လူသိများလာခဲ့ပြီး ဆဲလ်တစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့နောက် ထွန်းတောက်လာတဲ့ လူငယ်တိုက်စစ်မှူးဟာ လီယွန်အသင်းကို ရောက်ရှိလာခဲ့အပြီးမှာတော့ ရင့်ကျက်တဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် ခြေစွမ်းပြသနေပြီး သူ့ရဲ့ တန်ကြေးကလည်း ပေါင်သန်း ၆၀ လောက် ရှိနေပြီဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် မာလီနွယ်ဖွား ပြင်သစ်တိုက်စစ်မှူးဟာ လီယွန်အသင်းကို ပေါင်သန်း ၂၀ နဲ့ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ၈၈ ပွဲမှာ ၄၂ ဂိုးသွင်းယူထားနိုင်သူဖြစ်သလို အဓိကအားဖြင့် လူကျွံထောင်ချောက်တွေကို ဖြတ်ကျော်ရာမှာ ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့တော့ ကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့ တတ်စွမ်းသမျှ လုပ်ဆောင်သွားမှာပါ။ ဥရောပပြိုင်ပွဲတွေကို ကစားချင်တဲ့သူတွေကိုတော့ အသင်းကနေ ပြောင်းရွှေ့ခွင့်ပေးသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကစားခွင့်မရှိတဲ့ အခြေအနေမှာ နားလည်မှုပေးသွားဖို့ စိတ်ကူးထားပါတယ်”လို့ အိုလာက ပြောကြားခဲ့ပါတယ်။

ဥရောပပြိုင်ပွဲတွေကို ကစားဖို့အတွက် ထိုက်တန်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ဒမ်ဘီလီရဲ့ လီယွန်အသင်းကတော့ ဒီရာသီမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပြီး ယူရိုပါလိဂ်ကိုတောင် ကစားခွင့်မရှိတဲ့ အခြေအနေဖြစ်နေလို့ သူတို့ရဲ့ ရည်မှန်းချက်အတွက်ရော၊ အသင်းရဲ့ ဘဏ္ဏာရေး ထိန်းညှိမှုအတွက်ပါ ရောင်းချသွားရဖို့ ရှိတယ်လို့ ဥက္ကဌဖြစ်သူ အိုလာက ရည်ညွှန်းခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.