Premier League Transfer News

တိုမီယာစုကြောင့် စပါးစ်လူထွက် အော်ရီယေးကိုပါ ခေါ်ယူသွားဦးမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ဂျင်းခံလိုက်ရပြန်ပြီလို့ လူတွေက ပြောနေကြပြီး နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ခေါ်ယူခဲ့တဲ့ ဂျပန်နောက်ခံလူ တာကဲဟီရို တိုမီယာစုဟာ သူတို့ လိုအပ်နေတဲ့ ညာနောက်ခံ ကစားသမားမျိုး မဟုတ်ဘူးလို့ ဆိုနေကြတာကြောင့် ဘေးဆီးရန်ကာအနေနဲ့ စပါးစ်အသင်းက ထွက်လာတဲ့ နောက်ခံလူကို ခေါ်ယူသွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

တိုမီယာစုကို အေးဂျင့်တွေ ကောင်းမှုကို သာဓုခေါ်နေကျ သဘောကောင်းလွန်းသူကြီး အီဒူးက ညာနောက်ခံလူမှတ်လို့ ခေါ်ယူခဲ့ပေမယ့် သူ့ရဲ့ ကစားခဲ့တဲ့ မှတ်တမ်းတွေနဲ့ ကိုယ်အလေးချိန်၊ အရပ်အမောင်းတွေက အစွန်လူနဲ့ မတူဘဲ ဗဟိုနောက်ခံလူနဲ့ပဲ ပိုကိုက်ညီနေတဲ့အခါမှာ အာဆင်နယ်အသင်းအနေနဲ့ တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးရဲ့ အကျတွေကို ကောက်ယူနေကျပုံစံအတိုင်းပဲ နောက်တစ်သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ အကျ၊ စာချုပ်ဖျက်သိမ်းထားခဲ့တဲ့ နောက်ခံလူ ဆာ့ဂျ် အော်ရီယေးကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီး ဗြိတိန်နိုင်ငံမှာ ဆက်လက်ရှိနေတဲ့ သူ့အတွက်တော့ ဗီဇာ ပြန်လျှောက်ဖို့က လွယ်ကူနိုင်မှာလည်းဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံလူအနေနဲ့ သူ့ရဲ့ လက်ရွေးစင်အသင်းဖော် နီကိုလာ ပေပေနဲ့ အာဆင်နယ်အသင်းမှာ ပူးပေါင်းနိုင်ခွင့်လည်းရှိနေပြီး နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ရဲ့ လူစာရင်းကို အင်အားတောင့်တင်းစေဖို့ ပြီးခဲ့တဲ့ ရာသီက ဆီးဒရစ် ဆွာရက်စ်ကို ခေါ်ယူခဲ့တာနဲ့ ပုံစံတူလိမ့်မယ်လို့လည်း သုံးသပ်နေကြတာပါ။

ပြင်သစ်ကလပ် တူးလူးစ်အသင်းမှာ ကစားနေစဉ်က အာဆင်နယ်အသင်းကို ပြောင်း‌ရွှေ့ကစားချင်ကြောင်း တွစ်တာမှာ ဆိုဖူးတဲ့ အော်ရီယေးကို ပီအက်စ်ဂျီအသင်းက အငှားနဲ့ ကနဦးခေါ်ယူပြီး ပေါင် ၂၃ သန်းနဲ့ အပြီးသတ် သိမ်းပိုက်သွားခဲ့တာကြောင့် ပို့စ်ပြန်ဖျက်ပြီး အမ်းမရိတ်နဲ့ လွဲခဲ့ရဖူးတဲ့ ကစားသမားဟာ ၂၀၁၇ ခုနှစ်မှာတော့ မြို့ခံပြိုင်ဘက် စပါးစ်ကို ပြောင်းရွှေ့လာခဲ့ပြီး ၄ နှစ်အကြာမှာတော့ လမ်းခွဲထားခဲ့တာလည်းဖြစ်ပါတယ်။

အော်ရီယေးဟာ တိုက်စစ်လိုက်ပါမှုတွေမှာ ကောင်းမွန်ပြီး ကြံ့ခိုင်တဲ့ ကိုယ်လုံးကိုယ်ထည်ရှိပေမယ့် ခံစစ်ပိုင်းမှာတော့ အာရုံစူးစိုက်မှု လျော့ရဲတတ်တာကို တွေ့ရပြီး ၄ ယောက်တန်းခံစစ်တွေမှာတော့ ပြဿနာရှိနိုင်ပေမယ့် အာဆင်နယ်နည်းပြ အာတီတာ ပြောင်းကစားမယ့် ၃ ယောက်တန်း ခံစစ်မှာတော့ အံဝင်နိုင်မယ့်သူမျိုးလည်းဖြစ်နေပါတယ်။

စကိုင်းစပို့စ်ရဲ့ အဆိုအရတော့ ကစားသမားအနေနဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ကိစ္စကို လမ်းဖွင့်ထားပြီး အင်္ဂလန်နဲ့ လန်ဒန်မှာ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေချိန်မှာ သူတို့တွေ နှစ်ဦးနှစ်ဖက်အနေနဲ့ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတွေ့သလို အံဝင်ခွင်ကျ အဆင်ပြေသွားနိုင်ကြောင်းလည်း စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ဂ်င္းခံလိုက္ရျပန္ၿပီလို႔ လူေတြက ေျပာေနၾကၿပီး ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးေန႔မွာ ေခၚယူခဲ့တဲ့ ဂ်ပန္ေနာက္ခံလူ တာကဲဟီ႐ို တိုမီယာစုဟာ သူတို႔ လိုအပ္ေနတဲ့ ညာေနာက္ခံ ကစားသမားမ်ိဳး မဟုတ္ဘူးလို႔ ဆိုေနၾကတာေၾကာင့္ ေဘးဆီးရန္ကာအေနနဲ႔ စပါးစ္အသင္းက ထြက္လာတဲ့ ေနာက္ခံလူကို ေခၚယူသြားမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

တိုမီယာစုကို ေအးဂ်င့္ေတြ ေကာင္းမႈကို သာဓုေခၚေနက် သေဘာေကာင္းလြန္းသူႀကီး အီဒူးက ညာေနာက္ခံလူမွတ္လို႔ ေခၚယူခဲ့ေပမယ့္ သူ႔ရဲ႕ ကစားခဲ့တဲ့ မွတ္တမ္းေတြနဲ႔ ကိုယ္အေလးခ်ိန္၊ အရပ္အေမာင္းေတြက အစြန္လူနဲ႔ မတူဘဲ ဗဟိုေနာက္ခံလူနဲ႔ပဲ ပိုကိုက္ညီေနတဲ့အခါမွာ အာဆင္နယ္အသင္းအေနနဲ႔ တုံ႔ျပန္ေဆာင္႐ြက္ဖို႔ လိုအပ္လာခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ လန္ဒန္ၿပိဳင္ဘက္ ခ်ဲလ္ဆီးရဲ႕ အက်ေတြကို ေကာက္ယူေနက်ပုံစံအတိုင္းပဲ ေနာက္တစ္သင္းျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ အက်၊ စာခ်ဳပ္ဖ်က္သိမ္းထားခဲ့တဲ့ ေနာက္ခံလူ ဆာ့ဂ်္ ေအာ္ရီေယးကို ေခၚယူႏိုင္ဖို႔ ျပင္ဆင္ေနၿပီး ၿဗိတိန္ႏိုင္ငံမွာ ဆက္လက္ရွိေနတဲ့ သူ႔အတြက္ေတာ့ ဗီဇာ ျပန္ေလွ်ာက္ဖို႔က လြယ္ကူႏိုင္မွာလည္းျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ေနာက္ခံလူအေနနဲ႔ သူ႔ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ နီကိုလာ ေပေပနဲ႔ အာဆင္နယ္အသင္းမွာ ပူးေပါင္းႏိုင္ခြင့္လည္းရွိေနၿပီး နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ရဲ႕ လူစာရင္းကို အင္အားေတာင့္တင္းေစဖို႔ ၿပီးခဲ့တဲ့ ရာသီက ဆီးဒရစ္ ဆြာရက္စ္ကို ေခၚယူခဲ့တာနဲ႔ ပုံစံတူလိမ့္မယ္လို႔လည္း သုံးသပ္ေနၾကတာပါ။

ျပင္သစ္ကလပ္ တူးလူးစ္အသင္းမွာ ကစားေနစဥ္က အာဆင္နယ္အသင္းကို ေျပာင္း‌ေ႐ႊ႕ကစားခ်င္ေၾကာင္း တြစ္တာမွာ ဆိုဖူးတဲ့ ေအာ္ရီေယးကို ပီအက္စ္ဂ်ီအသင္းက အငွားနဲ႔ ကနဦးေခၚယူၿပီး ေပါင္ ၂၃ သန္းနဲ႔ အၿပီးသတ္ သိမ္းပိုက္သြားခဲ့တာေၾကာင့္ ပို႔စ္ျပန္ဖ်က္ၿပီး အမ္းမရိတ္နဲ႔ လြဲခဲ့ရဖူးတဲ့ ကစားသမားဟာ ၂၀၁၇ ခုႏွစ္မွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္ကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ၄ ႏွစ္အၾကာမွာေတာ့ လမ္းခြဲထားခဲ့တာလည္းျဖစ္ပါတယ္။

ေအာ္ရီေယးဟာ တိုက္စစ္လိုက္ပါမႈေတြမွာ ေကာင္းမြန္ၿပီး ႀကံ့ခိုင္တဲ့ ကိုယ္လုံးကိုယ္ထည္ရွိေပမယ့္ ခံစစ္ပိုင္းမွာေတာ့ အာ႐ုံစူးစိုက္မႈ ေလ်ာ့ရဲတတ္တာကို ေတြ႕ရၿပီး ၄ ေယာက္တန္းခံစစ္ေတြမွာေတာ့ ျပႆနာရွိႏိုင္ေပမယ့္ အာဆင္နယ္နည္းျပ အာတီတာ ေျပာင္းကစားမယ့္ ၃ ေယာက္တန္း ခံစစ္မွာေတာ့ အံဝင္ႏိုင္မယ့္သူမ်ိဳးလည္းျဖစ္ေနပါတယ္။

စကိုင္းစပို႔စ္ရဲ႕ အဆိုအရေတာ့ ကစားသမားအေနနဲ႔ အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ကိစၥကို လမ္းဖြင့္ထားၿပီး အဂၤလန္နဲ႔ လန္ဒန္မွာ ဆက္လက္ရွိေနဖို႔ ဆႏၵရွိေနခ်ိန္မွာ သူတို႔ေတြ ႏွစ္ဦးႏွစ္ဖက္အေနနဲ႔ ေၾကာင္ခံတြင္းပ်က္နဲ႔ ဆက္ရက္ေတာင္ပံက်ိဳးေတြ႕သလို အံဝင္ခြင္က် အဆင္ေျပသြားႏိုင္ေၾကာင္းလည္း ေစာင့္ၾကည့္ေလ့လာသူေတြက ခန႔္မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.