International Premier League

ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းနဲ့ တရားဝင် ဂုဏ်ပြုခံခဲ့ရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

ပြီးခဲ့တဲ့ အိုင်ယာလန်နဲ့ပွဲမှာ သွင်းဂိုးနှစ်ဂိုး ရယူပြီး နိုင်ငံတကာအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးစံချိန်ကို ရရှိသွားခဲ့တဲ့ ပေါ်တူဂီနဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဂင်းနက်စ် စံချိန်မှတ်တမ်းများ ပြုစုရေးအဖွဲ့က တရားဝင်ထည့်သွင်းပြီး ဂုဏ်ပြုမှတ်တမ်းကို ပေးပို့သွားခဲ့ပါတယ်။

ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သွင်းဂိုးနှစ်ဂိုး ထပ်မံရရှိခဲ့တဲ့ ရော်နယ်လ်ဒိုဟာ သူနဲ့အတူ ဒီမတိုင်ခင်မှာ သွင်းဂိုး ၁၀၉ ဂိုးနဲ့ ရှိနေခဲ့တဲ့ အီရန် တိုက်စစ်မှူးဟောင်းကြီး အလီ ဒါယီကို ကျော်ဖြတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေရှေ့ အောင်ပွဲခံမှုက အဝါထိခဲ့အပြီးမှာ တစ်ပွဲပယ်ခံခဲ့ရတာအတွက်တော့ တရားဝင် တောင်းပန်စကားဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီမှတ်တမ်းကို ရယူရာမှာ အီရန်သားကြီးရဲ့ ၁၈ နှစ်ကြာ ရပ်တည်နေခဲ့တဲ့ မှတ်တမ်းဟောင်းကို ချိုးဖျက်ခဲ့ရတာလည်းဖြစ်ပြီး ၂၀၀၃ ခုနှစ်၊ ပေါ်တူဂီသားရဲ့ အသက် ၁၈ နှစ်အရွယ်မှာကတည်းက ရှိနေခဲ့တဲ့ ဖြစ်တည်မှုကို ကျော်ဖြတ်ခဲ့ရတာက ၁၈ ဂဏန်းတွေရဲ့ တိုက်ဆိုင်မှုလည်း ဖြစ်ခဲ့ပြီး သူ့ရဲ့ စံချိန်သစ် ၁၁၁ ဂိုးကို ရရှိခဲ့တာဟာ ထူးထူးခြားခြား ပွဲပေါင်း ၁၈၀ ပြည့်တဲ့ ပွဲလည်းဖြစ်နေခဲ့တာပါ။

အင်စတာဂရမ်မှာ ရော်နယ်လ်ဒိုက သူ့ဆီကို ရောက်ရှိလာခဲ့တဲ့ ဂင်းနက်စ်ရဲ့ ဂုဏ်ပြုမှုကို ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာလည်းဖြစ်ပြီး “ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းများ ပြုစုရေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ကမ္ဘာနဲ့ချီခဲ့တဲ့ စံချိန်နဲ့အတူ လူတွေ မှတ်မိနေကြမယ်ဆိုတာကတော့ သိပ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ဒီထက် မြင့်မားတဲ့ ကိန်းဂဏန်းတွေကို ရရှိဖို့ ကြိုးစားသွားပါဦးမယ်”လို့ ရေးသားသွားခဲ့တာပါ။

ဂင်းနက်စ်ဘက်က ထုတ်ပြန်ခဲ့တဲ့ တရားဝင်လက်မှတ်မှာတော့ “နိုင်ငံတကာ ဘောလုံးပွဲစဉ်တွေမှာ တစ်ဦးချင်း ဂိုးအများဆုံးသွင်းခဲ့ပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကြားမှာ ရရှိခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စံချိန်”လို့ ဖော်ပြထားခဲ့ပြီး ပေါ်တူဂီ GOAT အနေနဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း ဒီအဖွဲ့က ပေးအပ်တဲ့ စံချိန်မှတ်တမ်း ၅ ခုကို သိမ်းကျုံးရယူခဲ့ဖူးတာလည်းဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီသွင်းဂိုးပေါင်း ၁၁၁ ဂိုးကို ညာခြေနဲ့ ၅၈ ဂိုး၊ ဘယ်ခြေနဲ့ ၂၅ ဂိုး၊ ခေါင်းတိုက်ဂိုး ၂၈ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဟက်ထရစ် ၉ ကြိမ် ပါဝင်ခဲ့သလို ပင်နယ်တီ ၁၄ ကြိမ်နဲ့ ဖရီးကစ် ၁၀ ကြိမ်ပါဝင်ခဲ့ပြီး ဂိုးဧရိယာထဲမှာ သွင်းယူတဲ့ ဂိုးက ၉၀ ရှိခဲ့ချိန်မှာ ကျန်တဲ့ ၂၁ ဂိုးကိုတော့ ဧရိယာ ပြင်ပကနေ ကန်သွင်းရယူခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီသားကြီးအနေနဲ့ သူ့ရဲ့ စံချိန်တွေကို ဆက်လက်တိုးမြှင့်နိုင်ဖို့ ကြိုးစားသွားဦးမှာလို့ အားလုံးက တစ်ညီတစ်ညွတ်တည်း ယုံကြည်နေကြပြီး နိုင်ငံတကာဘောလုံးလောက၊ ကလပ်အသင်းဘောလုံးလောက၊ ချန်ပီယံလိဂ်ဘောလုံးလောက၊ ရီးရဲလ်မက်ဒရစ် သမိုင်း၊ ပေါ်တူဂီသမိုင်းနဲ့ ယူရိုပြိုင်ပွဲတွေရဲ့ သမိုင်းတွေမှာလည်း ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းတွေက အကောင်းတကာ့အကောင်းဆုံးအဖြစ် ထောက်ခံထားနိုင်ခဲ့ကြပြီဖြစ်ကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ အိုင္ယာလန္နဲ႔ပြဲမွာ သြင္းဂိုးႏွစ္ဂိုး ရယူၿပီး ႏိုင္ငံတကာအဆင့္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲေတြမွာ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ကို ရရွိသြားခဲ့တဲ့ ေပၚတူဂီနဲ႔ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဂင္းနက္စ္ စံခ်ိန္မွတ္တမ္းမ်ား ျပဳစုေရးအဖြဲ႕က တရားဝင္ထည့္သြင္းၿပီး ဂုဏ္ျပဳမွတ္တမ္းကို ေပးပို႔သြားခဲ့ပါတယ္။

ဥေရာပဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲမွာ သြင္းဂိုးႏွစ္ဂိုး ထပ္မံရရွိခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ သူနဲ႔အတူ ဒီမတိုင္ခင္မွာ သြင္းဂိုး ၁၀၉ ဂိုးနဲ႔ ရွိေနခဲ့တဲ့ အီရန္ တိုက္စစ္မႉးေဟာင္းႀကီး အလီ ဒါယီကို ေက်ာ္ျဖတ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ပရိသတ္ေတြေရွ႕ ေအာင္ပြဲခံမႈက အဝါထိခဲ့အၿပီးမွာ တစ္ပြဲပယ္ခံခဲ့ရတာအတြက္ေတာ့ တရားဝင္ ေတာင္းပန္စကားဆိုသြားခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဒီမွတ္တမ္းကို ရယူရာမွာ အီရန္သားႀကီးရဲ႕ ၁၈ ႏွစ္ၾကာ ရပ္တည္ေနခဲ့တဲ့ မွတ္တမ္းေဟာင္းကို ခ်ိဳးဖ်က္ခဲ့ရတာလည္းျဖစ္ၿပီး ၂၀၀၃ ခုႏွစ္၊ ေပၚတူဂီသားရဲ႕ အသက္ ၁၈ ႏွစ္အ႐ြယ္မွာကတည္းက ရွိေနခဲ့တဲ့ ျဖစ္တည္မႈကို ေက်ာ္ျဖတ္ခဲ့ရတာက ၁၈ ဂဏန္းေတြရဲ႕ တိုက္ဆိုင္မႈလည္း ျဖစ္ခဲ့ၿပီး သူ႔ရဲ႕ စံခ်ိန္သစ္ ၁၁၁ ဂိုးကို ရရွိခဲ့တာဟာ ထူးထူးျခားျခား ပြဲေပါင္း ၁၈၀ ျပည့္တဲ့ ပြဲလည္းျဖစ္ေနခဲ့တာပါ။

အင္စတာဂရမ္မွာ ေရာ္နယ္လ္ဒိုက သူ႔ဆီကို ေရာက္ရွိလာခဲ့တဲ့ ဂင္းနက္စ္ရဲ႕ ဂုဏ္ျပဳမႈကို ဓာတ္ပုံနဲ႔တကြ ေဖာ္ျပခဲ့တာလည္းျဖစ္ၿပီး “ဂင္းနက္စ္ ကမာၻ႔စံခ်ိန္မွတ္တမ္းမ်ား ျပဳစုေရးအဖြဲ႕ကို ေက်းဇူးတင္ပါတယ္။ ကမာၻနဲ႔ခ်ီခဲ့တဲ့ စံခ်ိန္နဲ႔အတူ လူေတြ မွတ္မိေနၾကမယ္ဆိုတာကေတာ့ သိပ္ေကာင္းတဲ့ အေတြ႕အႀကဳံတစ္ခုပါပဲ။ ဒီထက္ ျမင့္မားတဲ့ ကိန္းဂဏန္းေတြကို ရရွိဖို႔ ႀကိဳးစားသြားပါဦးမယ္”လို႔ ေရးသားသြားခဲ့တာပါ။

ဂင္းနက္စ္ဘက္က ထုတ္ျပန္ခဲ့တဲ့ တရားဝင္လက္မွတ္မွာေတာ့ “ႏိုင္ငံတကာ ေဘာလုံးပြဲစဥ္ေတြမွာ တစ္ဦးခ်င္း ဂိုးအမ်ားဆုံးသြင္းခဲ့ၿပီး ၂၀၀၃ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္ၾကားမွာ ရရွိခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္”လို႔ ေဖာ္ျပထားခဲ့ၿပီး ေပၚတူဂီ GOAT အေနနဲ႔ ၂၀၁၅ ခုႏွစ္တုန္းကလည္း ဒီအဖြဲ႕က ေပးအပ္တဲ့ စံခ်ိန္မွတ္တမ္း ၅ ခုကို သိမ္းက်ဳံးရယူခဲ့ဖူးတာလည္းျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဒီသြင္းဂိုးေပါင္း ၁၁၁ ဂိုးကို ညာေျခနဲ႔ ၅၈ ဂိုး၊ ဘယ္ေျခနဲ႔ ၂၅ ဂိုး၊ ေခါင္းတိုက္ဂိုး ၂၈ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဟက္ထရစ္ ၉ ႀကိမ္ ပါဝင္ခဲ့သလို ပင္နယ္တီ ၁၄ ႀကိမ္နဲ႔ ဖရီးကစ္ ၁၀ ႀကိမ္ပါဝင္ခဲ့ၿပီး ဂိုးဧရိယာထဲမွာ သြင္းယူတဲ့ ဂိုးက ၉၀ ရွိခဲ့ခ်ိန္မွာ က်န္တဲ့ ၂၁ ဂိုးကိုေတာ့ ဧရိယာ ျပင္ပကေန ကန္သြင္းရယူခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးအေနနဲ႔ သူ႔ရဲ႕ စံခ်ိန္ေတြကို ဆက္လက္တိုးျမႇင့္ႏိုင္ဖို႔ ႀကိဳးစားသြားဦးမွာလို႔ အားလုံးက တစ္ညီတစ္ၫြတ္တည္း ယုံၾကည္ေနၾကၿပီး ႏိုင္ငံတကာေဘာလုံးေလာက၊ ကလပ္အသင္းေဘာလုံးေလာက၊ ခ်န္ပီယံလိဂ္ေဘာလုံးေလာက၊ ရီးရဲလ္မက္ဒရစ္ သမိုင္း၊ ေပၚတူဂီသမိုင္းနဲ႔ ယူ႐ိုၿပိဳင္ပြဲေတြရဲ႕ သမိုင္းေတြမွာလည္း ဂိုးအမ်ားဆုံး သြင္းယူႏိုင္ခဲ့သူအျဖစ္ မွတ္တမ္းေတြက အေကာင္းတကာ့အေကာင္းဆုံးအျဖစ္ ေထာက္ခံထားႏိုင္ခဲ့ၾကၿပီျဖစ္ေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.