Analysis Premier League

ယူနိုက်တက်အသင်းရဲ့ ပယ်နယ်တီနဲ့ဖရီးကစ်ကန်သွင်းခွင့်တွေကို ပေါ်တူဂီညီနောင်နှစ်ယောက်ကို ဘယ်လိုခွဲဝေပေးတော့မလဲ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းကနေ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ရာမှာ ပရိသတ်တွေအတွက်တော့ အကြီးအကျယ် အောင်ပွဲခံစရာတခုဖြစ်ခဲ့ပြီး CR7 ကတော့ လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့မှာ အိုးထရက်ဖို့မှာ တကျော့ပြန် ပွဲဦးထွက်လာဖွယ်ရှိနေပါတယ်။

အသက် ၃၆ နှစ်သားဟာ ဖာဂီခေတ်လွန်မှာ ပျောက်ဆုံးနေတဲ့ ‘အောင်စိတ်’ ကို အိုးထရက်ဖို့ဒ်မှာ တကျော့ပြန်အသက်သွင်းပေးနိုင်မယ်လို့ မျှော်လင့်ခံနေရပြီး သရဲနီတို့အတွက်တော့ သူ့ကို ဂိုးတွေအမြောက်အမြားသွင်းယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဖလားကို ဒီရာသီမှာ ဆွတ်ခူးပေးနိုင်စေဖို့ ပုံအပ်အားကိုးသွားတော့မယ့် အနေအထားကိုလည်း တွေ့မြင်နေရပါတယ်။

ပေါ်တူဂီအသင်းဖော် ဘရူနို ဖာနန်ဒက်စ်အပါအဝင် အသင်းသားတွေအားလုံးက သူ့ကို သောင်းသောင်းဖျဖျ ကြိုဆိုရင်း နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားရဲ့ရွေးချယ်မှုမှာ ဘယ်သူက ပင်နယ်တီကန်သွင်းခွင့်ကို ဒိုင်ခံတာဝန်ယူသွားသင့်လဲဆိုတဲ့ ဆွေးနွေးချက်တွေကလည်း ထွက်ပေါ်လာခဲ့ပြီလို့ ဆိုရမှာပါ။

နိုင်ငံအသင်းပေါ်တူဂီမှာတော့ ပယ်နယ်တီကန်သွင်းယူမှုကို အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကသာ တာဝန်ယူ သွင်းယူလေ့ရှိပြီး ဘရူနိုအနေနဲ့ ယနေ့ထိ တခါမှ နိုင်ငံအသင်းအတွက်ကန်သွင်းခွင့်မရသေးတာတွေ့ရှိရပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့စဉ်ကာလမှာ ၂၉၂ ပွဲမှာ ၁၁၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီထဲမှ ၁၇ ဂိုးသာ ပယ်နယ်တီမှ သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။

ဒီပေါ်တူဂီသား နှစ်ဦးရဲ့ ကလပ်အသင်းကိုယ်စီမှာ ၂၀၁၇ က စတင်ခဲ့တဲ့ ပယ်နယ်တီကန်သွင်းယူမှု မှတ်တမ်းတွေအရတော့ ဘရူနိုက ၂၆ ခါကန်သွင်းယူရာမှာ hop-skip-jump technique ဖြင့်သွင်းယူလေ့ရှိပြီး ၁ ခါသာ လွဲချော်ခဲ့ပြီး ပယ်နယ်တီကန်သွင်းယူခြင်း တိကျမှု ၉၆.၁၅ ရာခိုင်နှုန်းရှိပြီး ရော်နယ်လ်ဒိုကတော့ ၃၁ ခါ ကန်သွင်းယူခဲ့ရာမှာ ၂၆ ဂိုးသာ ဂိုးအဖြစ်ရရှိခဲ့လို့ ပယ်နယ်တီကန်သွင်းယူခြင်း တိကျမှု ၈၃.၈၇ ရာခိုင်နှုန်းသာရှိခဲ့အတွက် ဘရူနိုထက် တိကျသေချာမှုလျော့နည်းနေတာတွေ့ရှိရပါတယ်။

ဒီအဖြစ်ကိုတော့ မျက်ကွယ်ပြုထားလို့မရနိုင်ဘဲ ဆိုးလ်ရှားအနေနဲ့ ပြေလည်အောင် ဖြေရှင်းရမယ့် ပြဿနာတရပ်ဖြစ်သလို ၂၀၂၀ ဇန်နဝါရီကတည်းက ယူနိုက်တက်နဲ့ စတင်ပူးပေါင်းလာခဲ့ချိန်မှာ ဘရူနိုဟာ ပင်နယ်တီသွင်းဂိုး ၂၂ ဂိုးကန်သွင်းယူရာမှာ ၂၁ ဂိုးအထိ ရရှိခဲ့ပြီး ယူနိုက်တက်အတွက် သူရဲ့ သွင်းဂိုးစုစုပေါင်း ၄၃ ဂိုးရဲ့ ၄၉% ရှိခဲ့ကာ ” ဘရူနို ပင်နယ်ဒက်စ် ” လို့ နာမည်ပြောင်အတပ်ခံထားရတဲ့ ဘရူနိုအတွက်တော့ အနည်းငယ်စိတ်မသက်မသာဖြစ်လာနိုင်ဖွယ် ရှိနေသလို CR7 ကသာ ပင်နယ်တီကန်သွင်းရာမှာ ဦးဆောင်သင့်တယ်လို့ ရီယို ဖာဒီနန်ကလည်း တထစ်ချယူဆနေပါတယ်။

” ကျွန်တော့်အထင်ကတော့ ဘရူနိုက ပင်နယ်တီတွေကို လက်လျှော့ရလိမ့်မယ်။ ဒါပေမယ့် ဖရီးကစ်ကန်ခွင့်တွေကိုတော့ သူအပိုင်စားရဦးမှာပါ။ ရော်နယ်ဒိုကပဲ ပင်နယ်တီတွေကို ဒိုင်ခံတာဝန်ယူသွားလိမ့်မယ်။ ဧရိယာတဝိုက်က ဖရီးကစ်တွေကိုတော့ ဘရူနိုက အပိုင်စားယူထားဦးမှာပါ ”

” သူ့ရဲ့ဖရီးကစ်မှတ်တမ်းက သိပ်ကောင်းမွန်နေပြီး သူက အကောင်းဆုံးအရာတွေကိုလည်း ကြီးကြီးမားမား မြင်နိုင်စွမ်းရှိသူပါ။ ကျွန်တော်တို့အသင်းကို ဆုဖလားတွေရအောင် ဘရူနိုက တွန်းပို့ပေးပါလိမ့်မယ်။ သူရမယ့်ဂိုးတွေတော့ နစ်နာသွားပေမယ့် အသင်းက ဖလားကိုင်​မြှောက်နိုင်မယ်ဆိုရင် သူက ဘာမဆိုလုပ်မယ့်သူပါ” လို့ ဖာဒီနန်က ဆိုသွားခဲ့ပါတယ်။

ဖာဒီနန်ရဲ့ထောက်ပြမှုက မျှတမှုနဲ့ လိုက်လျောညီထွေရှိနေတယ်လို့ မှတ်ချက်အပေးခံလာရချိန်မှာ ဝေခွဲရခက်နေတဲ့ သရဲနီပရိသတ်တွေအတွက်လည်း စိတ်ကျေနပ်စရာဖြစ်ခဲ့ရပြီး အိုးထရက်ဖို့ဒ်ရပ်ဝန်းမှာတော့ ” ခရစ္စတီယာနိုဂိုးသွင်းပြီး အောင်ပွဲခံပုံတွေနဲ့ အမြဲပြန်လည်လွှမ်းမိုးလာဖို့ရှိနေသလို ဂိုးတွေနည်းနည်းလျော့သွားတော့မယ့် ” ဘရူနိုကတော့ ဖရီးကစ်သွင်းဂိုးတွေ ပိုတက်လာမယ်ဆိုရင်လည်း အသင်းရဲ့ရလဒ်ပိုင်းအတွက် ပိုအကျိုးရှိလာပြီး မန်ချက်ယူနိုက်တက်အသင်းအနေနဲ့ ဆုဖလားများစွာ မကြာမီကိုင်မြောက်နိုင်တော့မယ်လို့လည်း သုံးသပ်ရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဂ်ဴဗင္တပ္စ္အသင္းကေန GOAT ႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူခဲ့ရာမွာ ပရိသတ္ေတြအတြက္ေတာ့ အႀကီးအက်ယ္ ေအာင္ပြဲခံစရာတခုျဖစ္ခဲ့ၿပီး CR7 ကေတာ့ လာမယ့္ စက္တင္ဘာ ၁၁ ရက္ေန႔မွာ အိုးထရက္ဖို႔မွာ တေက်ာ့ျပန္ ပြဲဦးထြက္လာဖြယ္ရွိေနပါတယ္။

အသက္ ၃၆ ႏွစ္သားဟာ ဖာဂီေခတ္လြန္မွာ ေပ်ာက္ဆုံးေနတဲ့ ‘ေအာင္စိတ္’ ကို အိုးထရက္ဖို႔ဒ္မွာ တေက်ာ့ျပန္အသက္သြင္းေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ခံေနရၿပီး သရဲနီတို႔အတြက္ေတာ့ သူ႔ကို ဂိုးေတြအေျမာက္အျမားသြင္းယူၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဖလားကို ဒီရာသီမွာ ဆြတ္ခူးေပးႏိုင္ေစဖို႔ ပုံအပ္အားကိုးသြားေတာ့မယ့္ အေနအထားကိုလည္း ေတြ႕ျမင္ေနရပါတယ္။

ေပၚတူဂီအသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္အပါအဝင္ အသင္းသားေတြအားလုံးက သူ႔ကို ေသာင္းေသာင္းဖ်ဖ် ႀကိဳဆိုရင္း နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားရဲ႕ေ႐ြးခ်ယ္မႈမွာ ဘယ္သူက ပင္နယ္တီကန္သြင္းခြင့္ကို ဒိုင္ခံတာဝန္ယူသြားသင့္လဲဆိုတဲ့ ေဆြးေႏြးခ်က္ေတြကလည္း ထြက္ေပၚလာခဲ့ၿပီလို႔ ဆိုရမွာပါ။

ႏိုင္ငံအသင္းေပၚတူဂီမွာေတာ့ ပယ္နယ္တီကန္သြင္းယူမႈကို အသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒိုကသာ တာဝန္ယူ သြင္းယူေလ့ရွိၿပီး ဘ႐ူႏိုအေနနဲ႔ ယေန႔ထိ တခါမွ ႏိုင္ငံအသင္းအတြက္ကန္သြင္းခြင့္မရေသးတာေတြ႕ရွိရပါတယ္။ ေရာ္နယ္လ္ဒိုအေနနဲ႔ ၂၀၀၃ ကေန ၂၀၀၉ ခုႏွစ္အထိ မန္ခ်က္စတာယူႏိုက္တက္မွာ ကစားခဲ့စဥ္ကာလမွာ ၂၉၂ ပြဲမွာ ၁၁၈ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဲဒီထဲမွ ၁၇ ဂိုးသာ ပယ္နယ္တီမွ သြင္းယူခဲ့ျခင္းျဖစ္ပါတယ္။

ဒီေပၚတူဂီသား ႏွစ္ဦးရဲ႕ ကလပ္အသင္းကိုယ္စီမွာ ၂၀၁၇ က စတင္ခဲ့တဲ့ ပယ္နယ္တီကန္သြင္းယူမႈ မွတ္တမ္းေတြအရေတာ့ ဘ႐ူႏိုက ၂၆ ခါကန္သြင္းယူရာမွာ hop-skip-jump technique ျဖင့္သြင္းယူေလ့ရွိၿပီး ၁ ခါသာ လြဲေခ်ာ္ခဲ့ၿပီး ပယ္နယ္တီကန္သြင္းယူျခင္း တိက်မႈ ၉၆.၁၅ ရာခိုင္ႏႈန္းရွိၿပီး ေရာ္နယ္လ္ဒိုကေတာ့ ၃၁ ခါ ကန္သြင္းယူခဲ့ရာမွာ ၂၆ ဂိုးသာ ဂိုးအျဖစ္ရရွိခဲ့လို႔ ပယ္နယ္တီကန္သြင္းယူျခင္း တိက်မႈ ၈၃.၈၇ ရာခိုင္ႏႈန္းသာရွိခဲ့အတြက္ ဘ႐ူႏိုထက္ တိက်ေသခ်ာမႈေလ်ာ့နည္းေနတာေတြ႕ရွိရပါတယ္။

ဒီအျဖစ္ကိုေတာ့ မ်က္ကြယ္ျပဳထားလို႔မရႏိုင္ဘဲ ဆိုးလ္ရွားအေနနဲ႔ ေျပလည္ေအာင္ ေျဖရွင္းရမယ့္ ျပႆနာတရပ္ျဖစ္သလို ၂၀၂၀ ဇန္နဝါရီကတည္းက ယူႏိုက္တက္နဲ႔ စတင္ပူးေပါင္းလာခဲ့ခ်ိန္မွာ ဘ႐ူႏိုဟာ ပင္နယ္တီသြင္းဂိုး ၂၂ ဂိုးကန္သြင္းယူရာမွာ ၂၁ ဂိုးအထိ ရရွိခဲ့ၿပီး ယူႏိုက္တက္အတြက္ သူရဲ႕ သြင္းဂိုးစုစုေပါင္း ၄၃ ဂိုးရဲ႕ ၄၉% ရွိခဲ့ကာ ” ဘ႐ူႏို ပင္နယ္ဒက္စ္ ” လို႔ နာမည္ေျပာင္အတပ္ခံထားရတဲ့ ဘ႐ူႏိုအတြက္ေတာ့ အနည္းငယ္စိတ္မသက္မသာျဖစ္လာႏိုင္ဖြယ္ ရွိေနသလို CR7 ကသာ ပင္နယ္တီကန္သြင္းရာမွာ ဦးေဆာင္သင့္တယ္လို႔ ရီယို ဖာဒီနန္ကလည္း တထစ္ခ်ယူဆေနပါတယ္။

” ကြၽန္ေတာ့္အထင္ကေတာ့ ဘ႐ူႏိုက ပင္နယ္တီေတြကို လက္ေလွ်ာ့ရလိမ့္မယ္။ ဒါေပမယ့္ ဖရီးကစ္ကန္ခြင့္ေတြကိုေတာ့ သူအပိုင္စားရဦးမွာပါ။ ေရာ္နယ္ဒိုကပဲ ပင္နယ္တီေတြကို ဒိုင္ခံတာဝန္ယူသြားလိမ့္မယ္။ ဧရိယာတဝိုက္က ဖရီးကစ္ေတြကိုေတာ့ ဘ႐ူႏိုက အပိုင္စားယူထားဦးမွာပါ ”

” သူ႔ရဲ႕ဖရီးကစ္မွတ္တမ္းက သိပ္ေကာင္းမြန္ေနၿပီး သူက အေကာင္းဆုံးအရာေတြကိုလည္း ႀကီးႀကီးမားမား ျမင္ႏိုင္စြမ္းရွိသူပါ။ ကြၽန္ေတာ္တို႔အသင္းကို ဆုဖလားေတြရေအာင္ ဘ႐ူႏိုက တြန္းပို႔ေပးပါလိမ့္မယ္။ သူရမယ့္ဂိုးေတြေတာ့ နစ္နာသြားေပမယ့္ အသင္းက ဖလားကိုင္​ေျမႇာက္ႏိုင္မယ္ဆိုရင္ သူက ဘာမဆိုလုပ္မယ့္သူပါ” လို႔ ဖာဒီနန္က ဆိုသြားခဲ့ပါတယ္။

ဖာဒီနန္ရဲ႕ေထာက္ျပမႈက မွ်တမႈနဲ႔ လိုက္ေလ်ာညီေထြရွိေနတယ္လို႔ မွတ္ခ်က္အေပးခံလာရခ်ိန္မွာ ေဝခြဲရခက္ေနတဲ့ သရဲနီပရိသတ္ေတြအတြက္လည္း စိတ္ေက်နပ္စရာျဖစ္ခဲ့ရၿပီး အိုးထရက္ဖို႔ဒ္ရပ္ဝန္းမွာေတာ့ ” ခရစၥတီယာႏိုဂိုးသြင္းၿပီး ေအာင္ပြဲခံပုံေတြနဲ႔ အၿမဲျပန္လည္လႊမ္းမိုးလာဖို႔ရွိေနသလို ဂိုးေတြနည္းနည္းေလ်ာ့သြားေတာ့မယ့္ ” ဘ႐ူႏိုကေတာ့ ဖရီးကစ္သြင္းဂိုးေတြ ပိုတက္လာမယ္ဆိုရင္လည္း အသင္းရဲ႕ရလဒ္ပိုင္းအတြက္ ပိုအက်ိဳးရွိလာၿပီး မန္ခ်က္ယူႏိုက္တက္အသင္းအေနနဲ႔ ဆုဖလားမ်ားစြာ မၾကာမီကိုင္ေျမာက္ႏိုင္ေတာ့မယ္လို႔လည္း သုံးသပ္ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.