International Premier League

No.7 ဝတ်ဖို့ ယူနိုက်တက်နဲ့ ခပ်စောစောပူးပေါင်းမှာဖြစ်ပြီး ကာဗာနီကို ကျေးဇူးတင်တဲ့ CR7

ပြီးခဲ့တဲ့ အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူခဲ့ပြီး လက်ရွေးစင်သွင်းဂိုးပေါင်း ၁၁၁ ဂိုးနဲ့ ကမ္ဘာ့စံချိန်ရှင်ဖြစ်လာခဲ့တဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ အဲ့ဒီပွဲမှာ အင်္ကျီချွတ် အောင်ပွဲခံရင်း ထိခဲ့တဲ့ အဝါကတ်ကြောင့် တစ်ကျော့ပြန်အသင်းသစ် မန်ချက်စတာယူနိုက်တက်နဲ့ စောစောစီးစီး ပူးပေါင်းနိုင်တော့မယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ ဆားဘီးယားနဲ့ပွဲမှာ ဂိုးစည်းကျော်ခဲ့ပြီး ဂိုးမရခဲ့တဲ့ဖြစ်ရပ်အတွက် စောဒကတက်တုန်းက ထိခဲ့တဲ့ တစ်ဝါနဲ့ အိုင်ယာလန်နဲ့ပွဲမှာ ထိခဲ့တဲ့ တစ်ဝါပေါင်းရင် ပွဲပယ်ခံရမယ့် ပမာဏကို ရောက်ရှိသွားခဲ့လို့ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ ကစားရမယ့် အဇာဘိုင်ဂျန်နဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်တော့မှာလည်းဖြစ်ပြီး ဒီတစ်ကြိမ်မှာ ပေါ်တူဂီရဲ့ နှစ်ပွဲသာ ကစားရမယ့် ပွဲစဉ်ရေးဆွဲမှုတွေမှာ ဆက်ကစားဖို့ ပွဲမရှိတော့တာလည်းဖြစ်ပါတယ်။

စံချိန်တွေကို တိုးမြှင့်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးကြီးကို နည်းပြ ဖာနန်ဒို ဆန်တို့စ်အနေနဲ့ အုပ်စု(A)က အသင်းတွေနဲ့ ခြေစမ်းမယ့် ကမ္ဘာ့ဖလားအိမ်ရှင် ကာတာနဲ့ ၄ ရက်နေ့ ပွဲစဉ်မှာလည်း ထည့်သွင်းကစားဖို့ ဆန္ဒမရှိတာကြောင့် သူ့အနေနဲ့ အသင်းသစ်မှာ ကျောနံပါတ် ၇ နဲ့ ကစားနိုင်ဖို့ စောစောစီးစီး အိမ်ပြန်လာတော့မှာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ အတွက်တော့ ရော်နယ်လ်ဒိုအနေနဲ့ သူ့ကို ဂျေဒန် ဆန်ချိုနဲ့တုန်းကလို မဟုတ်ဘဲ အသာတကြည် လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောနံပါတ် ၂၁ ကို ပြောင်းလဲရယူမယ့် အသင်းဖော်သစ် အက်ဒင်ဆန် ကာဗာနီကို ကျေးဇူးတင်စကားပြောကြားသွားခဲ့ပြီး သူ့ရဲ့ CR7 Tradition ကို ရှေ့ဆက်ဖို့ ဝမ်းသာနေပုံလည်းရှိပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီကျောနံပါတ်ကို ဒီအချိန်မှ အသင်းပြောင်းလာပြီး ရယူနိုင်မယ်လို့ တကယ်ပဲ မျှော်လင့်မထားဘဲ စိတ်လျှော့ထားခဲ့တာပါ။ ဒီအချိန်မှာ အက်ဒီ(အက်ဒင်ဆန် ကာဗာနီ)ရဲ့ မယုံနိုင်စရာ အပြုအမူအတွက် အံ့ဩချီးကျူးမိပြီး သိပ်ကို ကျေးဇူးတင်မိပါတယ်”လို့ ရော်နယ်လ်ဒိုက နံပါတ် ၇ အတွက် ကျေးဇူးတင်သွားခဲ့တာပါ။

အသင်းရဲ့ ဝါရင့်ကစားသမားတွေကြားမှာ အခုလိုမျိုး ပြေပြေလည်လည်နဲ့ နားလည်မှုရှိတဲ့အတွက်တော့ အိုးလ်ထရက်ဖို့ဒ်ပရိသတ်တွေအနေနဲ့ ဂုဏ်ယူနေကြပြီး ဒီကစားသမားတွေရဲ့ အတွေ့အကြုံက အသင်းကို ဆုဖလားတွေ ရရှိအောင် ဦးဆောင်ပေးနိုင်မယ်လို့လည်း မျှော်လင့်နေကြသလို ကာဗာနီကိုလည်း သူ့ရဲ့ စွန့်လွှတ်မှုအတွက် ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွက် ယူနိုက်တက်တို့နဲ့ ပြိုင်ပွဲစုံ ၂၉၂ ပွဲ ကစားခဲ့တဲ့ (ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါ ၂၉၂ ပွဲ ကစားခဲ့တာက ထူးခြားတဲ့ တိုက်ဆိုင်မှုဖြစ်နေ) မပြီးသေးတဲ့ ခရီးလမ်းကို လာမယ့် နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင်ရှေ့ဆက်နိုင်မယ်လို့ အားလုံးက မျှော်လင့်နေကြပြီး ကျောနံပါတ် ၇ နဲ့အတူ ခြေစွမ်းပြနိုင်ဖို့ စောစောစီးစီး ပူးပေါင်းမှုက အားတက်စရာဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ အိုင္ယာလန္နဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာ ႏွစ္ဂိုးသြင္းယူခဲ့ၿပီး လက္ေ႐ြးစင္သြင္းဂိုးေပါင္း ၁၁၁ ဂိုးနဲ႔ ကမာၻ႔စံခ်ိန္ရွင္ျဖစ္လာခဲ့တဲ့ ေပၚတူဂီ တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ အဲ့ဒီပြဲမွာ အက်ႌခြၽတ္ ေအာင္ပြဲခံရင္း ထိခဲ့တဲ့ အဝါကတ္ေၾကာင့္ တစ္ေက်ာ့ျပန္အသင္းသစ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေစာေစာစီးစီး ပူးေပါင္းႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ ၿပီးခဲ့တဲ့ ဆားဘီးယားနဲ႔ပြဲမွာ ဂိုးစည္းေက်ာ္ခဲ့ၿပီး ဂိုးမရခဲ့တဲ့ျဖစ္ရပ္အတြက္ ေစာဒကတက္တုန္းက ထိခဲ့တဲ့ တစ္ဝါနဲ႔ အိုင္ယာလန္နဲ႔ပြဲမွာ ထိခဲ့တဲ့ တစ္ဝါေပါင္းရင္ ပြဲပယ္ခံရမယ့္ ပမာဏကို ေရာက္ရွိသြားခဲ့လို႔ လာမယ့္ စက္တင္ဘာလ ၇ ရက္ေန႔မွာ ကစားရမယ့္ အဇာဘိုင္ဂ်န္နဲ႔ အေဝးကြင္းပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာလည္းျဖစ္ၿပီး ဒီတစ္ႀကိမ္မွာ ေပၚတူဂီရဲ႕ ႏွစ္ပြဲသာ ကစားရမယ့္ ပြဲစဥ္ေရးဆြဲမႈေတြမွာ ဆက္ကစားဖို႔ ပြဲမရွိေတာ့တာလည္းျဖစ္ပါတယ္။

စံခ်ိန္ေတြကို တိုးျမႇင့္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးႀကီးကို နည္းျပ ဖာနန္ဒို ဆန္တို႔စ္အေနနဲ႔ အုပ္စု(A)က အသင္းေတြနဲ႔ ေျခစမ္းမယ့္ ကမာၻ႔ဖလားအိမ္ရွင္ ကာတာနဲ႔ ၄ ရက္ေန႔ ပြဲစဥ္မွာလည္း ထည့္သြင္းကစားဖို႔ ဆႏၵမရွိတာေၾကာင့္ သူ႔အေနနဲ႔ အသင္းသစ္မွာ ေက်ာနံပါတ္ ၇ နဲ႔ ကစားႏိုင္ဖို႔ ေစာေစာစီးစီး အိမ္ျပန္လာေတာ့မွာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ အတြက္ေတာ့ ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ကို ေဂ်ဒန္ ဆန္ခ်ိဳနဲ႔တုန္းကလို မဟုတ္ဘဲ အသာတၾကည္ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ေက်ာနံပါတ္ ၂၁ ကို ေျပာင္းလဲရယူမယ့္ အသင္းေဖာ္သစ္ အက္ဒင္ဆန္ ကာဗာနီကို ေက်းဇူးတင္စကားေျပာၾကားသြားခဲ့ၿပီး သူ႔ရဲ႕ CR7 Tradition ကို ေရွ႕ဆက္ဖို႔ ဝမ္းသာေနပုံလည္းရွိပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ ဒီေက်ာနံပါတ္ကို ဒီအခ်ိန္မွ အသင္းေျပာင္းလာၿပီး ရယူႏိုင္မယ္လို႔ တကယ္ပဲ ေမွ်ာ္လင့္မထားဘဲ စိတ္ေလွ်ာ့ထားခဲ့တာပါ။ ဒီအခ်ိန္မွာ အက္ဒီ(အက္ဒင္ဆန္ ကာဗာနီ)ရဲ႕ မယုံႏိုင္စရာ အျပဳအမူအတြက္ အံ့ဩခ်ီးက်ဴးမိၿပီး သိပ္ကို ေက်းဇူးတင္မိပါတယ္”လို႔ ေရာ္နယ္လ္ဒိုက နံပါတ္ ၇ အတြက္ ေက်းဇူးတင္သြားခဲ့တာပါ။

အသင္းရဲ႕ ဝါရင့္ကစားသမားေတြၾကားမွာ အခုလိုမ်ိဳး ေျပေျပလည္လည္နဲ႔ နားလည္မႈရွိတဲ့အတြက္ေတာ့ အိုးလ္ထရက္ဖို႔ဒ္ပရိသတ္ေတြအေနနဲ႔ ဂုဏ္ယူေနၾကၿပီး ဒီကစားသမားေတြရဲ႕ အေတြ႕အႀကဳံက အသင္းကို ဆုဖလားေတြ ရရွိေအာင္ ဦးေဆာင္ေပးႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ေနၾကသလို ကာဗာနီကိုလည္း သူ႔ရဲ႕ စြန႔္လႊတ္မႈအတြက္ ပရိသတ္ေတြက ခ်ီးက်ဴးေနၾကပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၈ ခုႏွစ္အတြက္ ယူႏိုက္တက္တို႔နဲ႔ ၿပိဳင္ပြဲစုံ ၂၉၂ ပြဲ ကစားခဲ့တဲ့ (ရီးရဲလ္မက္ဒရစ္နဲ႔ လာလီဂါ ၂၉၂ ပြဲ ကစားခဲ့တာက ထူးျခားတဲ့ တိုက္ဆိုင္မႈျဖစ္ေန) မၿပီးေသးတဲ့ ခရီးလမ္းကို လာမယ့္ နယူးကာဆယ္လ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ စတင္ေရွ႕ဆက္ႏိုင္မယ္လို႔ အားလုံးက ေမွ်ာ္လင့္ေနၾကၿပီး ေက်ာနံပါတ္ ၇ နဲ႔အတူ ေျခစြမ္းျပႏိုင္ဖို႔ ေစာေစာစီးစီး ပူးေပါင္းမႈက အားတက္စရာျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.