International Premier League

ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီတို့အတွက် ချဲလ်ဆီးရဲ့ လူကာကူးနဲ့ ဗာနာတို့ ဂိုးသွင်းခြေစွမ်းပြ

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှာ သူတို့နှစ်ဦးများ တွဲကစားလိုက်ရင်လို့ ရင်ခုန်နေရတဲ့ တိုက်စစ်မှူးနှစ်ဦးဖြစ်ကြတဲ့ ရိုမီလူ လူကာကူးနဲ့ တီမို ဗာနာတို့အနေနဲ့ သူတို့ရဲ့ နိုင်ငံတွေဖြစ်ကြတဲ့ ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီတို့အတွက် ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲစဉ်တွေမှာ အသီးသီးခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့ကြပါတယ်။

ဘယ်လ်ဂျီယမ်အသင်းအနေနဲ့ အက်စ်တိုးနီးယားကို ငါးဂိုး-နှစ်ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ပွဲအစကနေ ၇၄ မိနစ်အထိ ပါဝင်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူးအနေနဲ့ နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ခြေစစ်ပွဲတစ်လျှောက် ၃ ပွဲမှာ ၄ ဂိုးသွင်းယူထားခဲ့ပြီး ဘီလာရုစ်ကို ရှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မပါဝင်ခဲ့လို့သာ ဒီလောက်နဲ့ ကျေနပ်နေရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂ မိနစ်မှာ ဆယ်လီမိတ်ကာစ်ရဲ့ အမှားကနေ အက်စ်တိုးနီးယားတို့ အဖွင့်ဂိုးသွင်းလို့ ဂိုးသမား ကူထွာ ပျားထုတ်ခံခဲ့ရပေမယ့် ပွဲချိန် ၂၁ မိနစ်မှာ ဗာနာကင်က ခေါင်းတိုက်ချေပခဲ့ပြီး ပွဲချိန် ၂၉ မိနစ်မှာတော့ တစ်ဖက်နောက်ခံလူတွေ ရှင်းထုတ်ပုံ မသေသပ်ရာကနေ ထွက်လာတဲ့ ဘောလုံးကို လူကာကူးက တစ်ပတ်လှည့်ကန်ပြီး ဦးဆောင်ဂိုးစတင်သွင်းယူပေးခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်မှာလည်း လူကာကူးကပဲ ဗာနာကင် ပေးတဲ့ ဘောလုံးကို တစ်ဖက်ခံစစ်တန်းရှေ့မှာ ကျောပေးရယူပြီး အေးအေးဆေးဆေး ဘောလုံးကိုင်ပြီးမှ ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ အာဆင်နယ်လူငယ်ဂိုးသမား ကားလ်ဟိန်း မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်သလို ပွဲချိန် ၆၅ မိနစ်မှာ ဝစ်ဆယ်လ်နဲ့ ၇၆ မိနစ်မှာ ဖိုကေးတို့က ဘယ်လ်ဂျီယမ်ကို ငါးဂိုးပြည့်စေခဲ့ပြီး အက်စတိုးနီးယားတို့ကတော့ ဒုတိယချေပဂိုးကို ပွဲချိန် ၈၃ မိနစ်မှာ ဆော်ဂါက သွင်းယူသွားခဲ့တာပါ။

ဂျာမနီနဲ့ လစ်ချင်စတိန်းတို့ရဲ့ ဆွစ်ဇာလန်နိုင်ငံ စိန့်ဂယ်လင်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အာရိယန်သားတွေက နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၄၁ မိနစ်မှာ လူငယ်ကွင်းလယ်လူ မူဆီယာလာပေးတဲ့ ဘောလုံးကို တိုက်စစ်မှူး တီမို ဗာနာက ဂိုးသမားရဲ့ ပေါင်ကြားထဲကနေ ကန်သွင်းပြီး သွင်းယူပေးခဲ့တာပါ။ ချဲလ်ဆီးတိုက်စစ်မှူးအနေနဲ့ ပွဲချိန် ၇ မိနစ်မှာပါ ဂိုးရဖို့ နီးစပ်ခဲ့သေးတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ သောမတ် တူဟယ်လ်အတွက်တော့ လူကာကူး ရောက်လာမှုနဲ့အတူ ဗာနာပါ ဂိုးပေါက် ပြန်ရှာတွေခဲ့တာက အားတက်စရာ ဖြစ်လာခဲ့ပြီး သူတို့နှစ်ဦးကို တွဲပေးထားတဲ့ မြန်နှုန်းမြင့်တိုက်စစ်ကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်လည်း ပေါက်ကွဲအားကြမ်းတဲ့ ဘယ်လ်ဂျီယမ်-ဂျာမန် အတွဲအဖက်ကို ဘယ်တော့ မြင်ရမလဲဆိုတာ မစောင့်နိုင်အောင်ဖြစ်ခဲ့ရတာပါ။

လက်ရှိမှာတော့ အသင်းတိုက်စစ်မှာ ဟာဗတ်ဇ်နဲ့ လူကာကူးကို တူဟယ်လ်က တွဲထုတ်နေပြီး မေဆန်မောင့်နဲ့ နောက်က လိုက်ကစားခိုင်းခဲ့သလို ပူလီရှစ်ချ်နဲ့ ဇီးယက်ရှ်တို့ကိုလည်း ရာသီသစ်မှာ အရေးပါတဲ့သူတွေအဖြစ် မမြင်ရသေးတာကြောင့် နောက်လာမယ့် အစီအစဉ်တွေအတွက် ဘယ်လို ဝှက်ဖဲတွေ ချပြဦးမလဲလို့ အတွေးပွားနေချိန်မှာ အင်အားပြခဲ့တဲ့ တိုက်စစ်ပိုင်းကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်တစ်ကြိမ်ရယူဖို့ ရင်ခုန်စရာဖြစ်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မွာ သူတို႔ႏွစ္ဦးမ်ား တြဲကစားလိုက္ရင္လို႔ ရင္ခုန္ေနရတဲ့ တိုက္စစ္မႉးႏွစ္ဦးျဖစ္ၾကတဲ့ ႐ိုမီလူ လူကာကူးနဲ႔ တီမို ဗာနာတို႔အေနနဲ႔ သူတို႔ရဲ႕ ႏိုင္ငံေတြျဖစ္ၾကတဲ့ ဘယ္လ္ဂ်ီယမ္နဲ႔ ဂ်ာမနီတို႔အတြက္ ကမာၻ႔ဖလား ဥေရာပဇုန္ ေျခစစ္ပြဲစဥ္ေတြမွာ အသီးသီးေျခစြမ္းျပၿပီး ဂိုးေတြ သြင္းယူႏိုင္ခဲ့ၾကပါတယ္။

ဘယ္လ္ဂ်ီယမ္အသင္းအေနနဲ႔ အက္စ္တိုးနီးယားကို ငါးဂိုး-ႏွစ္ဂိုးနဲ႔ အေဝးကြင္းမွာ အႏိုင္ယူခဲ့တဲ့ ပြဲစဥ္မွာ ပြဲအစကေန ၇၄ မိနစ္အထိ ပါဝင္ခဲ့တဲ့ တိုက္စစ္မႉး လူကာကူးအေနနဲ႔ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့သလို ေျခစစ္ပြဲတစ္ေလွ်ာက္ ၃ ပြဲမွာ ၄ ဂိုးသြင္းယူထားခဲ့ၿပီး ဘီလာ႐ုစ္ကို ရွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရတဲ့ပြဲမွာ မပါဝင္ခဲ့လို႔သာ ဒီေလာက္နဲ႔ ေက်နပ္ေနရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၂ မိနစ္မွာ ဆယ္လီမိတ္ကာစ္ရဲ႕ အမွားကေန အက္စ္တိုးနီးယားတို႔ အဖြင့္ဂိုးသြင္းလို႔ ဂိုးသမား ကူထြာ ပ်ားထုတ္ခံခဲ့ရေပမယ့္ ပြဲခ်ိန္ ၂၁ မိနစ္မွာ ဗာနာကင္က ေခါင္းတိုက္ေခ်ပခဲ့ၿပီး ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ တစ္ဖက္ေနာက္ခံလူေတြ ရွင္းထုတ္ပုံ မေသသပ္ရာကေန ထြက္လာတဲ့ ေဘာလုံးကို လူကာကူးက တစ္ပတ္လွည့္ကန္ၿပီး ဦးေဆာင္ဂိုးစတင္သြင္းယူေပးခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၂ မိနစ္မွာလည္း လူကာကူးကပဲ ဗာနာကင္ ေပးတဲ့ ေဘာလုံးကို တစ္ဖက္ခံစစ္တန္းေရွ႕မွာ ေက်ာေပးရယူၿပီး ေအးေအးေဆးေဆး ေဘာလုံးကိုင္ၿပီးမွ ညာေျခနဲ႔ ကန္သြင္းခဲ့ရာမွာ အာဆင္နယ္လူငယ္ဂိုးသမား ကားလ္ဟိန္း မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္သလို ပြဲခ်ိန္ ၆၅ မိနစ္မွာ ဝစ္ဆယ္လ္နဲ႔ ၇၆ မိနစ္မွာ ဖိုေကးတို႔က ဘယ္လ္ဂ်ီယမ္ကို ငါးဂိုးျပည့္ေစခဲ့ၿပီး အက္စတိုးနီးယားတို႔ကေတာ့ ဒုတိယေခ်ပဂိုးကို ပြဲခ်ိန္ ၈၃ မိနစ္မွာ ေဆာ္ဂါက သြင္းယူသြားခဲ့တာပါ။

ဂ်ာမနီနဲ႔ လစ္ခ်င္စတိန္းတို႔ရဲ႕ ဆြစ္ဇာလန္ႏိုင္ငံ စိန႔္ဂယ္လင္မွာ ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့ အာရိယန္သားေတြက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရယူခဲ့ၿပီး အသင္းအတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္ ၄၁ မိနစ္မွာ လူငယ္ကြင္းလယ္လူ မူဆီယာလာေပးတဲ့ ေဘာလုံးကို တိုက္စစ္မႉး တီမို ဗာနာက ဂိုးသမားရဲ႕ ေပါင္ၾကားထဲကေန ကန္သြင္းၿပီး သြင္းယူေပးခဲ့တာပါ။ ခ်ဲလ္ဆီးတိုက္စစ္မႉးအေနနဲ႔ ပြဲခ်ိန္ ၇ မိနစ္မွာပါ ဂိုးရဖို႔ နီးစပ္ခဲ့ေသးတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပ ေသာမတ္ တူဟယ္လ္အတြက္ေတာ့ လူကာကူး ေရာက္လာမႈနဲ႔အတူ ဗာနာပါ ဂိုးေပါက္ ျပန္ရွာေတြခဲ့တာက အားတက္စရာ ျဖစ္လာခဲ့ၿပီး သူတို႔ႏွစ္ဦးကို တြဲေပးထားတဲ့ ျမန္ႏႈန္းျမင့္တိုက္စစ္ကို ၾကည့္ခ်င္တဲ့ ပရိသတ္ေတြအတြက္လည္း ေပါက္ကြဲအားၾကမ္းတဲ့ ဘယ္လ္ဂ်ီယမ္-ဂ်ာမန္ အတြဲအဖက္ကို ဘယ္ေတာ့ ျမင္ရမလဲဆိုတာ မေစာင့္ႏိုင္ေအာင္ျဖစ္ခဲ့ရတာပါ။

လက္ရွိမွာေတာ့ အသင္းတိုက္စစ္မွာ ဟာဗတ္ဇ္နဲ႔ လူကာကူးကို တူဟယ္လ္က တြဲထုတ္ေနၿပီး ေမဆန္ေမာင့္နဲ႔ ေနာက္က လိုက္ကစားခိုင္းခဲ့သလို ပူလီရွစ္ခ်္နဲ႔ ဇီးယက္ရွ္တို႔ကိုလည္း ရာသီသစ္မွာ အေရးပါတဲ့သူေတြအျဖစ္ မျမင္ရေသးတာေၾကာင့္ ေနာက္လာမယ့္ အစီအစဥ္ေတြအတြက္ ဘယ္လို ဝွက္ဖဲေတြ ခ်ျပဦးမလဲလို႔ အေတြးပြားေနခ်ိန္မွာ အင္အားျပခဲ့တဲ့ တိုက္စစ္ပိုင္းကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ေနာက္တစ္ႀကိမ္ရယူဖို႔ ရင္ခုန္စရာျဖစ္ေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.