International

ဟန်ဂေရီ ပေးတဲ့ ဘီယာနဲ့ ကတိမတည်ဘူးလို့ စနောက်ခံခဲ့ရတဲ့ ကွင်းလယ်လူ ရိုက်စ်

အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အနေနဲ့ သူ့ဘဝမှာ ဘီယာတစ်ခါမှ မသောက်ဖူးကြောင်းနဲ့ အင်္ဂလန်တို့ ယူရိုချန်ပီယံဖြစ်ရင်တော့ အောင်ပွဲခံတဲ့အနေနဲ့ သောက်မယ်လို့ ပြောခဲ့ဖူးပေမယ့် ဒီနေ့မှာ သူ့ရဲ့ ဆိုးသွမ်းအိမ်ရှင်ပရိသတ်တွေကို တုံ့ပြန်ခဲ့တဲ့ လုပ်ဆောင်မှုက ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများနေကြကြောင်း သိရပါတယ်။

ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာ သွားရောက်ကစားခဲ့ရတဲ့ အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ဒုတိယပိုင်းကို ရောက်မှ နိုင်ပွဲရှာဖွေနိုင်ခဲ့တာလည်း ဖြစ်ပြီး ပွဲချိန် ၅၅ မိနစ်မှာ မန်စီးတီးတောင်ပံကစားသမား ရာဟင်းမ် စတာလင်ရဲ့ သွင်းဂိုးနဲ့ စတင်ပွဲခံနိုင်ခဲ့တာဖြစ်သလို ဒီအချိန်မှာ အိမ်ရှင်ပရိသတ်တွေ ကတော့ ဘီယာထည့်တဲ့ ခွက်တွေနဲ့ ထောင့်ကန်အလံတိုင်နားမှာ တဖွဲဖွဲပစ်ပေါက်နေခဲ့ကြတာပါ။

ပွဲအပြီးမှာ ဘောလုံးပွဲတွေကို ဟန်ဂေရီနိုင်ငံမှာ ဆက်လက်ကျင်းပဖို့ မသင့်တော့ဘူးလို့ အင်္ဂလန်မီဒီယာတွေက ပြင်းပြင်းထန်ထန်ပြစ်တင်ခဲ့ကြတဲ့ ဒီပွဲမှာ လူမည်းကစားသမားတွေအနေနဲ့လည်း လူမျိုးရေးခွဲခြားခံခဲ့ရချိန်မှာ ဝက်စ်ဟမ်းကွင်းလယ်လူကတော့ အသင်းဖော် စတာလင်ရဲ့ ဂိုးအတွက် အောင်ပွဲခံမှုမှာ ရှေ့နားကျလာတဲ့ ဘီယာခွက်ကို ကောက်မော့ပြပြီး တုံ့ပြန်ပြသွားခဲ့တာပါ။

သူနဲ့ ထပ်တူထပ်တူ ထပ်မျှလုပ်ရပ်မျိုးကို မန်စီးတီးကစားသမားသစ် ဂရီးလစ်ရှ်ကလည်း လုပ်ဆောင်သွားခဲ့ပေမယ့် ရိုက်စ်ရဲ့ ကနဦးပုံစံကတော့ သူပြောဖူးတဲ့ စကားနဲ့အတူ ပိုမိုထင်ရှားခဲ့ပြီး မီဒီယာတွေအပေါ်မှာ ပိုမိုပျံ့နှံ့ခဲ့သလို “အင်္ဂလန် ယူရိုရမှ သောက်မယ်ဆိုပြီး ကတိမတည်ဘူး”လို့ ချစ်စနိုးနဲ့ စနောက်မှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ကျောနံပါတ် ၄ ပိုင်ရှင် ကွင်းလယ်လူအနေနဲ့လည်း ပွဲချိန် ၈၇ မိနစ်မှာ ဂရီးလစ်ရှ် ချပေးတဲ့ ဘောလုံးကနေ တစ်ဂိုး ပါဝင် အားပေးနိုင်ခဲ့ပြီး စတာလင်နဲ့ ဘယ်လင်ဂမ်တို့ကို မျောက်လိုအော်ပြီး လှောင်ပြောင်ခဲ့တဲ့ အိမ်ရှင်ဟန်ဂေရီတွေရဲ့ ဆိုးသွမ်းပရိသတ်တွေကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သလို အသင်းကိုလည်း လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရစေခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကတော့ ဒီပွဲကို အနီရောင်စာရင်းမှာ ထည့်သွင်းလိုက်ပြီး လူမျိုးရေးခွဲခြားမှုတွေနဲ့ လူလူချင်း မုန်းတီးမှု သဘောထားတွေ ဖော်ဆောင်နေတဲ့ ပရိသတ်တွေကို အရေးယူမှုတွေ ပြုလုပ်သွားဖို့ ရှိနေသလို ဒီနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာလည်း သုံးပွဲကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရဖူးတာပါ။

အင်္ဂလန်ပရိသတ်တွေကတော့ ဒီပွဲက ဟန်ဂေရီတွေကို ကန့်ကွက်နေကြချိန်မှာ တစ်ချိန်တည်းမှာပဲ ဒက်ကလန် ရိုက်စ်ကို ဘီယာ မသောက်ဘူးဆိုပြီး ကတိမတည်ဘူးလို့ စနောက်သွားခဲ့ကြပြီး အကောင်းဆုံး တုံ့ပြန်မှုအဖြစ်လည်း ချီးကျူးခဲ့ကြသလို တစ်ဦးကတော့ “မင်းကွာ… သေးပေါက်ထည့်ထားမှ ခက်နေမယ်”လို့ ရေးသားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္အေနနဲ႔ သူ႔ဘဝမွာ ဘီယာတစ္ခါမွ မေသာက္ဖူးေၾကာင္းနဲ႔ အဂၤလန္တို႔ ယူ႐ိုခ်န္ပီယံျဖစ္ရင္ေတာ့ ေအာင္ပြဲခံတဲ့အေနနဲ႔ ေသာက္မယ္လို႔ ေျပာခဲ့ဖူးေပမယ့္ ဒီေန႔မွာ သူ႔ရဲ႕ ဆိုးသြမ္းအိမ္ရွင္ပရိသတ္ေတြကို တုံ႔ျပန္ခဲ့တဲ့ လုပ္ေဆာင္မႈက ဆိုရွယ္မီဒီယာေပၚမွာ လူေျပာမ်ားေနၾကေၾကာင္း သိရပါတယ္။

ဟန္ေဂရီႏိုင္ငံ ဘူဒါပက္စ္ၿမိဳ႕မွာ သြားေရာက္ကစားခဲ့ရတဲ့ အဂၤလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဒုတိယပိုင္းကို ေရာက္မွ ႏိုင္ပြဲရွာေဖြႏိုင္ခဲ့တာလည္း ျဖစ္ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာ မန္စီးတီးေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ရဲ႕ သြင္းဂိုးနဲ႔ စတင္ပြဲခံႏိုင္ခဲ့တာျဖစ္သလို ဒီအခ်ိန္မွာ အိမ္ရွင္ပရိသတ္ေတြ ကေတာ့ ဘီယာထည့္တဲ့ ခြက္ေတြနဲ႔ ေထာင့္ကန္အလံတိုင္နားမွာ တဖြဲဖြဲပစ္ေပါက္ေနခဲ့ၾကတာပါ။

ပြဲအၿပီးမွာ ေဘာလုံးပြဲေတြကို ဟန္ေဂရီႏိုင္ငံမွာ ဆက္လက္က်င္းပဖို႔ မသင့္ေတာ့ဘူးလို႔ အဂၤလန္မီဒီယာေတြက ျပင္းျပင္းထန္ထန္ျပစ္တင္ခဲ့ၾကတဲ့ ဒီပြဲမွာ လူမည္းကစားသမားေတြအေနနဲ႔လည္း လူမ်ိဳးေရးခြဲျခားခံခဲ့ရခ်ိန္မွာ ဝက္စ္ဟမ္းကြင္းလယ္လူကေတာ့ အသင္းေဖာ္ စတာလင္ရဲ႕ ဂိုးအတြက္ ေအာင္ပြဲခံမႈမွာ ေရွ႕နားက်လာတဲ့ ဘီယာခြက္ကို ေကာက္ေမာ့ျပၿပီး တုံ႔ျပန္ျပသြားခဲ့တာပါ။

သူနဲ႔ ထပ္တူထပ္တူ ထပ္မွ်လုပ္ရပ္မ်ိဳးကို မန္စီးတီးကစားသမားသစ္ ဂရီးလစ္ရွ္ကလည္း လုပ္ေဆာင္သြားခဲ့ေပမယ့္ ႐ိုက္စ္ရဲ႕ ကနဦးပုံစံကေတာ့ သူေျပာဖူးတဲ့ စကားနဲ႔အတူ ပိုမိုထင္ရွားခဲ့ၿပီး မီဒီယာေတြအေပၚမွာ ပိုမိုပ်ံ႕ႏွံ႔ခဲ့သလို “အဂၤလန္ ယူ႐ိုရမွ ေသာက္မယ္ဆိုၿပီး ကတိမတည္ဘူး”လို႔ ခ်စ္စႏိုးနဲ႔ စေနာက္မႈေတြလည္း ရွိေနခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ေက်ာနံပါတ္ ၄ ပိုင္ရွင္ ကြင္းလယ္လူအေနနဲ႔လည္း ပြဲခ်ိန္ ၈၇ မိနစ္မွာ ဂရီးလစ္ရွ္ ခ်ေပးတဲ့ ေဘာလုံးကေန တစ္ဂိုး ပါဝင္ အားေပးႏိုင္ခဲ့ၿပီး စတာလင္နဲ႔ ဘယ္လင္ဂမ္တို႔ကို ေမ်ာက္လိုေအာ္ၿပီး ေလွာင္ေျပာင္ခဲ့တဲ့ အိမ္ရွင္ဟန္ေဂရီေတြရဲ႕ ဆိုးသြမ္းပရိသတ္ေတြကို အေကာင္းဆုံး တုံ႔ျပန္ႏိုင္ခဲ့သလို အသင္းကိုလည္း ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေစခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာကေတာ့ ဒီပြဲကို အနီေရာင္စာရင္းမွာ ထည့္သြင္းလိုက္ၿပီး လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ လူလူခ်င္း မုန္းတီးမႈ သေဘာထားေတြ ေဖာ္ေဆာင္ေနတဲ့ ပရိသတ္ေတြကို အေရးယူမႈေတြ ျပဳလုပ္သြားဖို႔ ရွိေနသလို ဒီႏိုင္ငံအေနနဲ႔ ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲေတြမွာလည္း သုံးပြဲကြင္းပိတ္ျပစ္ဒဏ္ ခ်မွတ္ခံရဖူးတာပါ။

အဂၤလန္ပရိသတ္ေတြကေတာ့ ဒီပြဲက ဟန္ေဂရီေတြကို ကန႔္ကြက္ေနၾကခ်ိန္မွာ တစ္ခ်ိန္တည္းမွာပဲ ဒက္ကလန္ ႐ိုက္စ္ကို ဘီယာ မေသာက္ဘူးဆိုၿပီး ကတိမတည္ဘူးလို႔ စေနာက္သြားခဲ့ၾကၿပီး အေကာင္းဆုံး တုံ႔ျပန္မႈအျဖစ္လည္း ခ်ီးက်ဴးခဲ့ၾကသလို တစ္ဦးကေတာ့ “မင္းကြာ… ေသးေပါက္ထည့္ထားမွ ခက္ေနမယ္”လို႔ ေရးသားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.