Analysis Premier League

ကွင်းပိတ်ပြီး အနိုင်ယူတဲ့ အာဆင်နယ် 4-0 ဘရန့်ဖို့ဒ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ပုံပြောင်းသွားတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ လက်ရှိလူစာရင်းနဲ့ ပိုမိုကိုက်ညီတဲ့ ၃-၄-၃ ကစားခဲ့ရုံတင် မဟုတ်ဘဲ ခံစစ်တောင်ပံသမားတွေကိုလည်း ပုံစံပြောင်းပြီး စမ်းသပ်သွားခဲ့တာပါ။ နိုင်ငံတကာပွဲစဉ်တွေမှာ အဝေးရောက်နေတဲ့ ကစားသမားတွေ မပါဝင်တဲ့ အသင်းလူစာရင်းမှာ ရှိတဲ့သူတွေကို နည်းပြ အာတီတာအနေနဲ့ ကောင်းကောင်းလေ့လာခွင့်ရခဲ့ပြီး အသက်ကယ်ဆေးလို့ ခေါ်နိုင်တဲ့ 3 Back ကစားကွက်မှာ သူ့ရဲ့ ရလဒ်ဆိုးတွေကို ပြောင်းလဲပြီး မန်စီးတီးနဲ့ လီဗာပူးလ်ကို အနိုင်ရတဲ့ ပုံစံမျိုးဆီ ပြန်ဆွဲတင်နိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

လူပြန်စုံလာတဲ့ ခံစစ်ပိုင်း
အာဆင်နယ်အသင်းရဲ့ ခံစစ်မှာ မန်စီးတီးနဲ့ပွဲကို ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လွဲချော်ခဲ့တဲ့ ဘန်ဝှိုက်နဲ့ ဘရာဇီးလ်အိုလံပစ်အသင်းနဲ့အတူ ဒဏ်ရာလက်ဆောင် ပြန်ပါလာတဲ့ ဂါဘရီယယ်တို့ ပြန်ပါလာတာက အားတက်စရာဖြစ်ပါတယ်။ ရာသီအဖွင့် ပွဲစဉ်တွေမှာ ဘရာဇီးလ်သား မပါဝင်မှုကို လူတွေက ထောက်ပြခဲ့ကြပြီး လျော့ရဲတဲ့ ခံစစ်မှာ ပါဘလို မာရီဟာ အသင်းကို ဦးဆောင်ဖို့ မထိုက်တန်တော့ချိန်မှာ ဂန်းနားတွေရဲ့ ဦးစားပေးခံစစ်အတွဲက ဘန်ဝှိုက်+ဟိုးလ်ဒင်း+ဂါဘရီယယ်လ်များလားလို့ အဖြေရှာနေကြတာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် တစ်ဂိုးမှ မပေးရသေးတဲ့ ရမ်းစ်ဒေးလ်
အသင်းရဲ့ ဂိုးသမားသစ် အာရွန် ရမ်းစ်ဒေးလ်ကတော့ ဒီနေ့မှာ ဘရန့်ဖို့ဒ်နဲ့ ကွင်းပိတ်ကစားချိန်မှာရော၊ ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းအရန်တွေနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းပွဲမှာပါ တစ်ဂိုးမှ ခွင့်ပြုမထားရသေးဘဲ တင်းမာထားနိုင်ခဲ့တာပါ။ အာဆင်နယ်ပရိသတ်တွေအနေနဲ့ လီနိုကို စိတ်ဒုံးဒုံးချပြီး ယုံဖို့ မရဲချိန်မှာ ပြီးခဲ့တဲ့ ရာသီက ဂိုးကာကွယ်မှုနှုန်း မြင့်မားခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမားဟောင်းဟာ “လိမ္မာရင် မင်းဖို့ချည်းပဲ”ဆိုတဲ့ အနေအထားမှာ ရှိနေပြီး ကောင်းတဲ့နေ့ ကောင်းတတ်ပေမယ့် ဆိုးရွားရင် လူရွှင်တော်လို ဟဒယရွှင်ဆေး တိုက်ကျွေးတတ်တဲ့ ဂျာမန်သားကို ဖယ်ထုတ်ဖို့ ကြိုးစားနိုင်မလား စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

မိတ်လန်းနိုင်းလ်စ်အတွက် အာတီတာ ကတိတည်မှာလား
အာဆင်နယ်အသင်းမှာ ကစားချင်တဲ့ နေရာကို ကစားခွင့်ပေးမယ်လို့ အာမခံချက်နဲ့ အဲဗာတန်အသင်းဆီ မသွားအောင် တားဆီးခဲ့ရတဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ဟာ သူ့ရဲ့ မူလနေရာမှန်ဖြစ်တဲ့ ကွင်းလယ်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ညာနောက်ခံလူနေရာအတွက် တိုမီယာစု ရောက်ရှိလာခြင်းကတော့ သူ့အတွက် သတင်းကောင်းဖြစ်နိုင်ပြီး သူအားသန်ခြင်းမရှိတဲ့ ဖြတ်တင်ဘောတွေနဲ့ ကွင်းဘေးစည်းမှာ အချိန်မကုန်တော့ဘဲဖြစ်နိုင်သလို ဒီနေ့ပွဲရဲ့ ၃-၄-၃ ပုံစံက အရင်နှစ်ကလို ဘယ်တောင်ပံမှာ ပွဲထွက်ပြီး ခံစစ်မှာ ဘယ်နောက်ခံ၊ တိုက်စစ်မှာ ကွင်းလယ်ကစားသမားအသွင်လည်း ပြန်လည်မြင်တွေ့ရနိုင်တာပါ။

အရေးထဲ အရာပေါ်ပြီး ပါတီနိုနဲ့ အစားထိုးရတဲ့ အယ်လ်နန်နီ
အီဂျစ်လက်ရွေးစင်အသင်းမှာ မပါဝင်ခဲ့တဲ့ ကွင်းလယ်လူ အယ်လ်နန်နီဟာ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ လူစားဝင်ကစားပြီး ချာကာ ကိုဗစ်ထိ+ပွဲပယ်၊ ပါတေး ဒဏ်ရာရနေတဲ့ အနေအထားတွေမှာ အသင်းကို ဝါရင့်အနေနဲ့ ထောက်ကန်ပေးမလားလို့ ထင်ခဲ့ပေမယ့် ဒီပွဲမှာ ၃၃ မိနစ်သာ ကစားခဲ့ပြီး လူငယ် ကွင်းလယ်လူ ချာလီ ပါတီနိုနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ သတင်းတွေအရ ဒဏ်ရာရသွားကြောင်း အတည်ပြုတာမျိုး မရှိသေးပေမယ့် ပုံစံကတော့ သိပ်ပြီး အားရစရာမရှိဘူးလို့ မြင်တွေ့လိုက်သူတွေက ဆိုနေခဲ့ကြတာပါ။

သွင်းဂိုးနှစ်ဂိုးနဲ့ တောက်ပတဲ့ ဆီးဒရစ်
ပေါ်တူဂီလက်ရွေးစင်အသင်းကနေ ချန်လှပ်ခံထားရတဲ့ ဆီးဒရစ် ဆွာရက်စ်ကတော့ ဒီနေ့ပွဲရဲ့ ပွဲချိန် ၇၆ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဘယ်ခြမ်း Wing Back နေရာကနေ ခြေစွမ်းပြနိုင်ခဲ့သလို လာမယ့်ပွဲတွေမှာ သူ့ရဲ့ ပွဲထွက်တစ်နေရာအတွက် စိန်ခေါ်နိုင်မလား ကြည့်ရဖို့ ရှိနေပါတယ်။ လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ တူရကီကလပ်တွေကလည်း စိတ်ဝင်စားနေတာကြောင့် ဆောက်သမ်တန်နောက်ခံလူဟောင်းရဲ့ အနာဂတ်က ပြောင်းလဲသွားမလား တည်ငြိမ်လားတော့ စောင့်ကြည့်ရမှာပါ။

တွစ်တာမှာ ဝိုင်းလှောင်ခံနေရတဲ့ အာဆင်နယ်
ဒီပွဲကို ဂိုးပြတ်အနိုင်ရခဲ့တယ်လို့ အသင်းရဲ့ တရားဝင်တွစ်တာအကောင့်မှာ တင်လိုက်ချိန်မှာ အာဆင်နယ်တို့ကို အသင်းပရိသတ်တွေ အပါအဝင် ဆိုရှယ်မီဒီယာအသုံးပြုသူ ဘောလုံးပရိသတ်တွေကပါ ဝိုင်းလှောင်လိုက်ပြီး ဒီလို ကွင်းပိတ်ပွဲအတွက် ဂုဏ်ယူရမှာလားဆိုတာနဲ့ ကွင်းဖွင့်ပြီး ပရိသတ်တွေရှေ့ ကစားခဲ့တဲ့ပွဲမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့တယ် မဟုတ်လားလို့ မေးခွန်းထုတ်ခဲ့ကြတာပါ။ အာဆင်နယ်အသင်းအနေနဲ့ အခုလို နိမ့်ပါးနေစဉ်မှာ လှောင်ပြောင်ခံရမှုတွေ ကြုံတွေ့ရမှာကတော့ သဘာဝပဲဖြစ်ပြီး ဒါကို ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်သွားနိုင်မလဲဆိုတာကပဲ အရေးပါနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပုံေျပာင္းသြားတဲ့ အာဆင္နယ္
အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိလူစာရင္းနဲ႔ ပိုမိုကိုက္ညီတဲ့ ၃-၄-၃ ကစားခဲ့႐ုံတင္ မဟုတ္ဘဲ ခံစစ္ေတာင္ပံသမားေတြကိုလည္း ပုံစံေျပာင္းၿပီး စမ္းသပ္သြားခဲ့တာပါ။ ႏိုင္ငံတကာပြဲစဥ္ေတြမွာ အေဝးေရာက္ေနတဲ့ ကစားသမားေတြ မပါဝင္တဲ့ အသင္းလူစာရင္းမွာ ရွိတဲ့သူေတြကို နည္းျပ အာတီတာအေနနဲ႔ ေကာင္းေကာင္းေလ့လာခြင့္ရခဲ့ၿပီး အသက္ကယ္ေဆးလို႔ ေခၚႏိုင္တဲ့ 3 Back ကစားကြက္မွာ သူ႔ရဲ႕ ရလဒ္ဆိုးေတြကို ေျပာင္းလဲၿပီး မန္စီးတီးနဲ႔ လီဗာပူးလ္ကို အႏိုင္ရတဲ့ ပုံစံမ်ိဳးဆီ ျပန္ဆြဲတင္ႏိုင္မလား ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

လူျပန္စုံလာတဲ့ ခံစစ္ပိုင္း
အာဆင္နယ္အသင္းရဲ႕ ခံစစ္မွာ မန္စီးတီးနဲ႔ပြဲကို ကိုဗစ္ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ ဘန္ဝႈိက္နဲ႔ ဘရာဇီးလ္အိုလံပစ္အသင္းနဲ႔အတူ ဒဏ္ရာလက္ေဆာင္ ျပန္ပါလာတဲ့ ဂါဘရီယယ္တို႔ ျပန္ပါလာတာက အားတက္စရာျဖစ္ပါတယ္။ ရာသီအဖြင့္ ပြဲစဥ္ေတြမွာ ဘရာဇီးလ္သား မပါဝင္မႈကို လူေတြက ေထာက္ျပခဲ့ၾကၿပီး ေလ်ာ့ရဲတဲ့ ခံစစ္မွာ ပါဘလို မာရီဟာ အသင္းကို ဦးေဆာင္ဖို႔ မထိုက္တန္ေတာ့ခ်ိန္မွာ ဂန္းနားေတြရဲ႕ ဦးစားေပးခံစစ္အတြဲက ဘန္ဝႈိက္+ဟိုးလ္ဒင္း+ဂါဘရီယယ္လ္မ်ားလားလို႔ အေျဖရွာေနၾကတာလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ တစ္ဂိုးမွ မေပးရေသးတဲ့ ရမ္းစ္ေဒးလ္
အသင္းရဲ႕ ဂိုးသမားသစ္ အာ႐ြန္ ရမ္းစ္ေဒးလ္ကေတာ့ ဒီေန႔မွာ ဘရန႔္ဖို႔ဒ္နဲ႔ ကြင္းပိတ္ကစားခ်ိန္မွာေရာ၊ ၿပီးခဲ့တဲ့ ဝက္စ္ဘ႐ြန္းအရန္ေတြနဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းပြဲမွာပါ တစ္ဂိုးမွ ခြင့္ျပဳမထားရေသးဘဲ တင္းမာထားႏိုင္ခဲ့တာပါ။ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ လီႏိုကို စိတ္ဒုံးဒုံးခ်ၿပီး ယုံဖို႔ မရဲခ်ိန္မွာ ၿပီးခဲ့တဲ့ ရာသီက ဂိုးကာကြယ္မႈႏႈန္း ျမင့္မားခဲ့တဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဂိုးသမားေဟာင္းဟာ “လိမၼာရင္ မင္းဖို႔ခ်ည္းပဲ”ဆိုတဲ့ အေနအထားမွာ ရွိေနၿပီး ေကာင္းတဲ့ေန႔ ေကာင္းတတ္ေပမယ့္ ဆိုး႐ြားရင္ လူ႐ႊင္ေတာ္လို ဟဒယ႐ႊင္ေဆး တိုက္ေကြၽးတတ္တဲ့ ဂ်ာမန္သားကို ဖယ္ထုတ္ဖို႔ ႀကိဳးစားႏိုင္မလား စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။

မိတ္လန္းႏိုင္းလ္စ္အတြက္ အာတီတာ ကတိတည္မွာလား
အာဆင္နယ္အသင္းမွာ ကစားခ်င္တဲ့ ေနရာကို ကစားခြင့္ေပးမယ္လို႔ အာမခံခ်က္နဲ႔ အဲဗာတန္အသင္းဆီ မသြားေအာင္ တားဆီးခဲ့ရတဲ့ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ဟာ သူ႔ရဲ႕ မူလေနရာမွန္ျဖစ္တဲ့ ကြင္းလယ္မွာ ပြဲထြက္ခြင့္ရခဲ့ပါတယ္။ ညာေနာက္ခံလူေနရာအတြက္ တိုမီယာစု ေရာက္ရွိလာျခင္းကေတာ့ သူ႔အတြက္ သတင္းေကာင္းျဖစ္ႏိုင္ၿပီး သူအားသန္ျခင္းမရွိတဲ့ ျဖတ္တင္ေဘာေတြနဲ႔ ကြင္းေဘးစည္းမွာ အခ်ိန္မကုန္ေတာ့ဘဲျဖစ္ႏိုင္သလို ဒီေန႔ပြဲရဲ႕ ၃-၄-၃ ပုံစံက အရင္ႏွစ္ကလို ဘယ္ေတာင္ပံမွာ ပြဲထြက္ၿပီး ခံစစ္မွာ ဘယ္ေနာက္ခံ၊ တိုက္စစ္မွာ ကြင္းလယ္ကစားသမားအသြင္လည္း ျပန္လည္ျမင္ေတြ႕ရႏိုင္တာပါ။

အေရးထဲ အရာေပၚၿပီး ပါတီႏိုနဲ႔ အစားထိုးရတဲ့ အယ္လ္နန္နီ
အီဂ်စ္လက္ေ႐ြးစင္အသင္းမွာ မပါဝင္ခဲ့တဲ့ ကြင္းလယ္လူ အယ္လ္နန္နီဟာ ၿပီးခဲ့တဲ့ မန္စီးတီးနဲ႔ပြဲမွာ လူစားဝင္ကစားၿပီး ခ်ာကာ ကိုဗစ္ထိ+ပြဲပယ္၊ ပါေတး ဒဏ္ရာရေနတဲ့ အေနအထားေတြမွာ အသင္းကို ဝါရင့္အေနနဲ႔ ေထာက္ကန္ေပးမလားလို႔ ထင္ခဲ့ေပမယ့္ ဒီပြဲမွာ ၃၃ မိနစ္သာ ကစားခဲ့ၿပီး လူငယ္ ကြင္းလယ္လူ ခ်ာလီ ပါတီႏိုနဲ႔ လူစားလဲခဲ့ရတာျဖစ္ပါတယ္။ သတင္းေတြအရ ဒဏ္ရာရသြားေၾကာင္း အတည္ျပဳတာမ်ိဳး မရွိေသးေပမယ့္ ပုံစံကေတာ့ သိပ္ၿပီး အားရစရာမရွိဘူးလို႔ ျမင္ေတြ႕လိုက္သူေတြက ဆိုေနခဲ့ၾကတာပါ။

သြင္းဂိုးႏွစ္ဂိုးနဲ႔ ေတာက္ပတဲ့ ဆီးဒရစ္
ေပၚတူဂီလက္ေ႐ြးစင္အသင္းကေန ခ်န္လွပ္ခံထားရတဲ့ ဆီးဒရစ္ ဆြာရက္စ္ကေတာ့ ဒီေန႔ပြဲရဲ႕ ပြဲခ်ိန္ ၇၆ မိနစ္နဲ႔ ၈၉ မိနစ္ေတြမွာ ႏွစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ဘယ္ျခမ္း Wing Back ေနရာကေန ေျခစြမ္းျပႏိုင္ခဲ့သလို လာမယ့္ပြဲေတြမွာ သူ႔ရဲ႕ ပြဲထြက္တစ္ေနရာအတြက္ စိန္ေခၚႏိုင္မလား ၾကည့္ရဖို႔ ရွိေနပါတယ္။ လက္ရွိမွာ သူ႔ကို ေခၚယူဖို႔ တူရကီကလပ္ေတြကလည္း စိတ္ဝင္စားေနတာေၾကာင့္ ေဆာက္သမ္တန္ေနာက္ခံလူေဟာင္းရဲ႕ အနာဂတ္က ေျပာင္းလဲသြားမလား တည္ၿငိမ္လားေတာ့ ေစာင့္ၾကည့္ရမွာပါ။

တြစ္တာမွာ ဝိုင္းေလွာင္ခံေနရတဲ့ အာဆင္နယ္
ဒီပြဲကို ဂိုးျပတ္အႏိုင္ရခဲ့တယ္လို႔ အသင္းရဲ႕ တရားဝင္တြစ္တာအေကာင့္မွာ တင္လိုက္ခ်ိန္မွာ အာဆင္နယ္တို႔ကို အသင္းပရိသတ္ေတြ အပါအဝင္ ဆိုရွယ္မီဒီယာအသုံးျပဳသူ ေဘာလုံးပရိသတ္ေတြကပါ ဝိုင္းေလွာင္လိုက္ၿပီး ဒီလို ကြင္းပိတ္ပြဲအတြက္ ဂုဏ္ယူရမွာလားဆိုတာနဲ႔ ကြင္းဖြင့္ၿပီး ပရိသတ္ေတြေရွ႕ ကစားခဲ့တဲ့ပြဲမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးခဲ့တယ္ မဟုတ္လားလို႔ ေမးခြန္းထုတ္ခဲ့ၾကတာပါ။ အာဆင္နယ္အသင္းအေနနဲ႔ အခုလို နိမ့္ပါးေနစဥ္မွာ ေလွာင္ေျပာင္ခံရမႈေတြ ႀကဳံေတြ႕ရမွာကေတာ့ သဘာဝပဲျဖစ္ၿပီး ဒါကို ဘယ္လိုပုံစံနဲ႔ ေက်ာ္ျဖတ္သြားႏိုင္မလဲဆိုတာကပဲ အေရးပါေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.