International Match Report Premier League

ဒုတိယပိုင်းမှာ လေးဂိုးသွင်းပြီး ဟန်ဂေရီကို အဝေးကွင်းမှာ ချေမှုန်းခဲ့တဲ့ အင်္ဂလန်

ယူရို ၂၀၂၀ ဖိုင်နယ်ရောက် ဥရောပရဲ့ ဆရာကြီး အင်္ဂလန်တို့အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု(I)မှာ အမှားအယွင်းမရှိ အောင်ပွဲခံနိုင်ခဲ့ပြီး လေးပွဲကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲရလဒ်ကောင်းကို အဝေးကွင်း ဘူဒါပက်စ်မှာ ဟန်ဂေရီကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ချေမှုန်းခဲ့ပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ ဟာရီကိန်းလည်း တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

၄-၅-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ အင်္ဂလန်အသင်းမှာ ကယ်လ်ဗင် ဖိလစ်နဲ့ ဒက်ကလန် ရိုက်စ်တို့ ကွင်းလယ်အထိုင်ကိုပဲ ဆက်သုံးခဲ့ပြီး ဟာရီကိန်းရဲ့ နောက်ကနေ စတာလင်၊ မေဆန်မောင့်နဲ့ ဂရီးလစ်ရှ်တို့က လိုက်ပါကစားခဲ့ကြသလို ဟန်ဂေရီဘက်ကတော့ လူငယ်ကွင်းလယ်ကြယ်ပွင့် ဆိုဘော့ဆ်လိုင်အီရဲ့ အင်အားနဲ့ တုံ့ပြန်လာခဲ့ပါတယ်။

ဟန်ဂေရီနောက်တန်းက တစ်ချိန်လုံး ဆင်းခံနေပြီး ပိတ်ဆို့ကာကွယ်နေခဲ့သလို ကိန်း၊ မောင့်၊ စတာလင်တို့ကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းက ဂိုးမရှိသရေပဲဖြစ်နေခဲ့ပြီး ဂိုးဧရိယာထဲကို အကုန်ဆင်းခံနေခဲ့တဲ့ နည်းပြ မာကို ရော့စီရဲ့ အိမ်ရှင်အသင်းက အင်္ဂလန်အသင်းကို မခံချင်စရာ လုပ်ပြသွားနိုင်ခဲ့တာပါ။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် မိနစ် ၅၀ မှာ ဟာရီကိန်းတစ်ယောက်တည်း လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ကန်ခွင့်ရတာကို ဂိုးသမား ပီတာ ဂူလာချီ ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဂရီးလစ်ရှ်ပေးတာကို ဂိုးဧရိယာအတွင်းကို ချိုးပေးတဲ့ မေဆန်မောင့်ရဲ့ ဘောလုံးကို စတာလင်က အနီးကပ်ပိတ်သွင်းပြီး အင်္ဂလန်တို့ကို စတင်ဦးဆောင်စေခဲ့ပါတယ်။

ဟန်ဂေရီပရိသတ်တွေကတော့ ဂိုးသွင်းပြီး အင်္ကျီချွတ်အောင်ပွဲခံတဲ့ စတာလင်ကို ဘီယာဘူးတွေ၊ ခွက်တွေနဲ့ တစ်ဖွဲဖွဲနဲ့ ဂုဏ်ပြုပေးခဲ့တာကိုလည်း တွေ့ရပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ အိမ်ရှင်တွေ လူပေးမှားရာကနေ အလျင်အမြန် တိုက်စစ်ဆင်ခဲ့တဲ့ အင်္ဂလန်တို့အတွက် ဒုတိယဂိုးကို စတာလင်ကပဲ ဖြတ်တင်ပေးတာကတစ်ဆင့် ဟာရီကိန်းက အနီးကပ်ခေါင်းတိုက်ပြီး ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ဟာရီကိန်းရဲ့ အနီးကပ် ဘယ်ခြေကန်ချက်က အလဟဿဖြစ်ခဲ့ပြန်ပြီး ပွဲချိန် ၆၉ မိနစ်မှာတော့ လုခ်ရှောက ကန်ပို့ပေးတဲ့ ထောင့်ကန်ဘောကို သူ့ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဖော် နောက်ခံလူ ဟာရီ မက်ဂွိုင်းယားက ခေါင်းတိုက်ပြီး အင်္ဂလန်တို့အတွက် သုံးဂိုး-ဂိုးမရှိ ဖြစ်စေခဲ့ပါတယ်။

အသင်းခေါင်းဆောင်တိုက်စစ်မှူး ဟာရီကိန်းကတော့ One on One တွေမှာ ယုံကြည်မှုနဲ့ ထက်မြက်မှု ကျဆင်းနေတာကိုလည်း တွေ့ရပြီး အခွင့်အရေးတော်တော်များများမှာ ဂိုးသမားရဲ့ အားနည်းချက်တွေကို မထိုးနှက်နိုင်ဘဲ ဖြုန်းတီးနေခဲ့တာကြောင့် ဂိုးထပ်မရခဲ့ဘဲဖြစ်နေခဲ့ပြီး ဟန်ဂေရီတို့ကလည်း တုံ့ပြန်နိုင်စွမ်းတော့ ကင်းမဲ့နေခဲ့တာပါ။

အင်္ဂလန်တို့ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ရယူပြီး ဖိကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် ၈၇ မိနစ်မှာမှ ညာတောင်ပံကနေ ထိုးဖောက်နေတဲ့ ကွင်းလယ်လူ ဂရီးလစ်ရှ်က ဂိုးဧရိယာထဲ ကျပ်နေလို့ နောက်ပြန်ချပေးတဲ့ ဘောလုံးကို ဒက်ကလန် ရိုက်စ်က အနိမ့်ဘောကန်သွင်းနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာ အင်္ဂလန်တို့ စတုတ္ထဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(I) မှာ အင်္ဂလန်တို့ ၄ ပွဲကစား၊ ၄ ပွဲနိုင်၊ သွင်းဂိုး ၁၃ ဂိုး၊ ပေးဂိုး ၁ ဂိုး၊ ရမှတ် ၁၂ မှတ်နဲ့ အနီးစပ်ဆုံး ပြိုင်ဘက်တွေဖြစ်ကြတဲ့ ပိုလန်နဲ့ ဟန်ဂေရီတို့ကို ၅ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီး အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲအောင်မြင်ဖို့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၀ ဖိုင္နယ္ေရာက္ ဥေရာပရဲ႕ ဆရာႀကီး အဂၤလန္တို႔အေနနဲ႔ ကမာၻ႔ဖလား ေျခစစ္ပြဲ အုပ္စု(I)မွာ အမွားအယြင္းမရွိ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ေလးပြဲကစားအၿပီးမွာ ရာႏႈန္းျပည့္ႏိုင္ပြဲရလဒ္ေကာင္းကို အေဝးကြင္း ဘူဒါပက္စ္မွာ ဟန္ေဂရီကို ဒုတိယပိုင္းသြင္းဂိုးေတြနဲ႔ ေခ်မႈန္းခဲ့ၿပီး ဖိအားေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ ဟာရီကိန္းလည္း တစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

၄-၅-၁ ပုံစံနဲ႔ ပြဲထြက္လာခဲ့တဲ့ အဂၤလန္အသင္းမွာ ကယ္လ္ဗင္ ဖိလစ္နဲ႔ ဒက္ကလန္ ႐ိုက္စ္တို႔ ကြင္းလယ္အထိုင္ကိုပဲ ဆက္သုံးခဲ့ၿပီး ဟာရီကိန္းရဲ႕ ေနာက္ကေန စတာလင္၊ ေမဆန္ေမာင့္နဲ႔ ဂရီးလစ္ရွ္တို႔က လိုက္ပါကစားခဲ့ၾကသလို ဟန္ေဂရီဘက္ကေတာ့ လူငယ္ကြင္းလယ္ၾကယ္ပြင့္ ဆိုေဘာ့ဆ္လိုင္အီရဲ႕ အင္အားနဲ႔ တုံ႔ျပန္လာခဲ့ပါတယ္။

ဟန္ေဂရီေနာက္တန္းက တစ္ခ်ိန္လုံး ဆင္းခံေနၿပီး ပိတ္ဆို႔ကာကြယ္ေနခဲ့သလို ကိန္း၊ ေမာင့္၊ စတာလင္တို႔ကလည္း အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းက ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၿပီး ဂိုးဧရိယာထဲကို အကုန္ဆင္းခံေနခဲ့တဲ့ နည္းျပ မာကို ေရာ့စီရဲ႕ အိမ္ရွင္အသင္းက အဂၤလန္အသင္းကို မခံခ်င္စရာ လုပ္ျပသြားႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာ ဟာရီကိန္းတစ္ေယာက္တည္း လူကြၽံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္ၿပီး ကန္ခြင့္ရတာကို ဂိုးသမား ပီတာ ဂူလာခ်ီ ကာကြယ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ဂရီးလစ္ရွ္ေပးတာကို ဂိုးဧရိယာအတြင္းကို ခ်ိဳးေပးတဲ့ ေမဆန္ေမာင့္ရဲ႕ ေဘာလုံးကို စတာလင္က အနီးကပ္ပိတ္သြင္းၿပီး အဂၤလန္တို႔ကို စတင္ဦးေဆာင္ေစခဲ့ပါတယ္။

ဟန္ေဂရီပရိသတ္ေတြကေတာ့ ဂိုးသြင္းၿပီး အက်ႌခြၽတ္ေအာင္ပြဲခံတဲ့ စတာလင္ကို ဘီယာဘူးေတြ၊ ခြက္ေတြနဲ႔ တစ္ဖြဲဖြဲနဲ႔ ဂုဏ္ျပဳေပးခဲ့တာကိုလည္း ေတြ႕ရၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ အိမ္ရွင္ေတြ လူေပးမွားရာကေန အလ်င္အျမန္ တိုက္စစ္ဆင္ခဲ့တဲ့ အဂၤလန္တို႔အတြက္ ဒုတိယဂိုးကို စတာလင္ကပဲ ျဖတ္တင္ေပးတာကတစ္ဆင့္ ဟာရီကိန္းက အနီးကပ္ေခါင္းတိုက္ၿပီး ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ဟာရီကိန္းရဲ႕ အနီးကပ္ ဘယ္ေျခကန္ခ်က္က အလဟႆျဖစ္ခဲ့ျပန္ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ လုခ္ေရွာက ကန္ပို႔ေပးတဲ့ ေထာင့္ကန္ေဘာကို သူ႔ရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားက ေခါင္းတိုက္ၿပီး အဂၤလန္တို႔အတြက္ သုံးဂိုး-ဂိုးမရွိ ျဖစ္ေစခဲ့ပါတယ္။

အသင္းေခါင္းေဆာင္တိုက္စစ္မႉး ဟာရီကိန္းကေတာ့ One on One ေတြမွာ ယုံၾကည္မႈနဲ႔ ထက္ျမက္မႈ က်ဆင္းေနတာကိုလည္း ေတြ႕ရၿပီး အခြင့္အေရးေတာ္ေတာ္မ်ားမ်ားမွာ ဂိုးသမားရဲ႕ အားနည္းခ်က္ေတြကို မထိုးႏွက္ႏိုင္ဘဲ ျဖဳန္းတီးေနခဲ့တာေၾကာင့္ ဂိုးထပ္မရခဲ့ဘဲျဖစ္ေနခဲ့ၿပီး ဟန္ေဂရီတို႔ကလည္း တုံ႔ျပန္ႏိုင္စြမ္းေတာ့ ကင္းမဲ့ေနခဲ့တာပါ။

အဂၤလန္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၅ ရာခိုင္ႏႈန္းအထိ ရယူၿပီး ဖိကစားခဲ့တဲ့ ပြဲစဥ္မွာ ပြဲခ်ိန္ ၈၇ မိနစ္မွာမွ ညာေတာင္ပံကေန ထိုးေဖာက္ေနတဲ့ ကြင္းလယ္လူ ဂရီးလစ္ရွ္က ဂိုးဧရိယာထဲ က်ပ္ေနလို႔ ေနာက္ျပန္ခ်ေပးတဲ့ ေဘာလုံးကို ဒက္ကလန္ ႐ိုက္စ္က အနိမ့္ေဘာကန္သြင္းႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာ အဂၤလန္တို႔ စတုတၳဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ဥေရာပဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စု(I) မွာ အဂၤလန္တို႔ ၄ ပြဲကစား၊ ၄ ပြဲႏိုင္၊ သြင္းဂိုး ၁၃ ဂိုး၊ ေပးဂိုး ၁ ဂိုး၊ ရမွတ္ ၁၂ မွတ္နဲ႔ အနီးစပ္ဆုံး ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ ပိုလန္နဲ႔ ဟန္ေဂရီတို႔ကို ၅ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့ၿပီး အုပ္စုဗိုလ္အျဖစ္ ေျခစစ္ပြဲေအာင္ျမင္ဖို႔ ေျခစြမ္းေကာင္းေတြကို ျပသႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.