Other Premier League Transfer News

တိုမီယာစုနဲ့ ဂန်းနားတို့ ဂျင်းထည့်ခံလိုက်ရပြီလို့ လှောင်ပြောင်သွားခဲ့တဲ့ Sky Sports သတင်းထောက်

၂၀၂၁ ခုနှစ်ရဲ့ နွေရာသီဈေးကွက်မှာတော့ ကမ္ဘာ့ထိပ်သီးဘောလုံးကလပ်တွေထဲမှာ အပြောင်းအရွှေ့စရိတ်အကြမ်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပေါင်သန်း ၁၅၀ အထိ သုံးစွဲပြီး ကစားသမားသစ် ၆ ဦးအထိ ဖြည့်တင်းနိုင်ခဲ့သလို နည်းပြ မီခေးလ် အာတီတာကိုလည်း အသင်းတာဝန်ရှိသူတွေက ထောက်ခံမှုပေးထားတယ်ဆိုတဲ့သဘောလည်း သက်ရောက်ခဲ့တာပါ။

နောက်ဆုံးလူသစ်အဖြစ် စီးရီးအေကလပ် ဘိုလော့ညာအသင်းကနေ အမ်းမရိတ်စ် ရင်ခွင်ကို ခိုဝင်လာခဲ့တဲ့ ဂျပန်လူငယ်လေး တိုမီယာစုဟာတော့ ဂန်းနားတို့ကို ပြောင်းရွှေ့ကြေး ပေါင် ၁၉.၈ သန်းသာ ကျသင့်စေခဲ့ပြီး မြောက်လန်ဒန်ကလပ်မှာ ကြံ့ခိုင်မှုပိုင်းအရ တကယ်လိုအပ်နေတဲ့ အားကောင်းမောင်းသန်နောက်ခံလူတဦးကို ဖြည့်တင်းနိုင်ခဲ့လို့လည်း ထင်ကြေးအပေးခံထားရတာပါ။

ပြီးခဲ့တဲ့ရာသီက ဘိုလော့ညာမှာ ၆၄ ပွဲကစားထားတဲ့ ဂျပန်သားလေးဟာ လက်ရွေးစင်အသင်းအတွက်လည်း ၂၃ ပွဲကစားထားနိုင်ပြီဖြစ်သလို ဗဟိုခံစစ်မှူးနေရာအပြင် အပိုဆုအနေနဲ့ ညာနောက်ခံလူအဖြစ်ပါ ကျင်ကျင်လည်လည် ကစားနိုင်သူဖြစ်လို့ ခံစစ်ပိုင်းမှာတော့ စွယ်စုံရကစားသမားအဖြစ် အာဆင်နယ်အသင်းအတွက် အသုံးတော်ခံလာနိုင်တော့မယ်လို့ ယူဆခံထားရတာပါ။

ဒါပေမယ့် အပြောင်းအရွှေ့ Deadline Day မှာ နာမည်ကျော် Sky Sports သတင်းဌာနရဲ့ သတင်းထောက် ကာဗာဆိုလ်ဟီကောလ်က တိုမီယာစုအကြောင်း ရုပ်ပျက်ဆင်းပျက်ဝေဖန်သွားခဲ့သလို ဒီအပြောင်းအရွှေ့ထဲက အတွင်းသတင်းတွေကိုပါ လူသိရှင်ကြားဖောက်ချသွားခဲ့ပြီး ဂန်းနားပရိသတ်တွေရဲ့ တခဲနက်ဝေဖန်ခြင်းကို ခံနေရကြောင်း သိရပါတယ်။

သူကတော့ သူ့ဆီဝင်လာတဲ့ စာတစောင်အဖြစ် ရုပ်သံကနေ တင်ပြသွားခဲ့သလို ဒါဟာ တိုမီယာစုရဲ့ အပြောင်းအရွှေ့အစီအစဉ်မှာ ပရီးမီးယားလိဂ်ကလပ်တွေထဲက သူ့ကိုခေါ်ချင်တဲ့အသင်းတွေဆီ လိုက်စပ်ပေးခဲ့တဲ့ ကစားသမားရဲ့ အေးဂျင့်တဦးဆီကလို့ အဆိုပါဂျာနယ်လစ်ရဲ့အဆိုအရ သိရှိရပြီး ဒါဟာ အတွင်းသတင်းဖွခြင်းဟာ အေးဂျင့်တယောက် လုပ်သင့်လုပ်ထိုက်တဲ့လုပ်ရပ်မဟုတ်ဘူးလို့လည်း ထိုးနှက်ခံထားရတာပါ။

” ကျွန်တော့်ဆီကို မက်ဆေ့ချ်ရောက်လာပါတယ်။ တိုမီယာစုကို ပရီးမီးယားလိဂ်အသင်းတော်တော်များများဆီ ကမ်းလှမ်းခဲ့ပေမယ့် ဘယ်အသင်းကမှ မခေါ်ခဲ့ကြဘူးတဲ့။ သူက ကစားသမားကောင်းပါ… ဒါပေမယ့် ညာနောက်ခံလူကောင်းတယောက်မဟုတ်သလို ဗဟိုခံစစ်မှူးစစ်စစ်တယောက်လည်း မဟုတ်ပါဘူးတဲ့။ အဲဒီလိုရေးသားထားပါတယ် ”

” ဒါဟာ သူ့အတွက် အသင်းသစ်ရှာပေးပေမယ့် အေးဂျင့်တဦးဆီက ရောက်လာတဲ့စာပါဗျား ” လို့ Sky Sports ရုပ်သံအစီအစဉ်မှာ သူက ထုတ်ပြောသွားခဲ့ချိန်မှာ အာဆင်နယ်အသင်းကိုတော့ ” ကံဆိုးမသွားလို့ မိုးလိုက်လို့ရွာ ” သလို ကွင်းတွင်းရလဒ်ပိုင်းအရ အဆင့် ၂၀ မှာ ရပ်တည်နေရချိန်မှာ လူသစ်စုဆောင်းရေးအစီအစဉ်မှာလည်း ဂျင်းထပ်ထည့်ခံရပြီလို့ ပြိုင်ဘက်ပရိသတ်တွေက လှောင်ပြောင်မှုတွေလည်း ပြုလုပ်နေကြတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
၂၀၂၁ ခုႏွစ္ရဲ႕ ေႏြရာသီေဈးကြက္မွာေတာ့ ကမာၻ႔ထိပ္သီးေဘာလုံးကလပ္ေတြထဲမွာ အေျပာင္းအေ႐ႊ႕စရိတ္အၾကမ္းဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ အာဆင္နယ္အသင္းဟာ ေပါင္သန္း ၁၅၀ အထိ သုံးစြဲၿပီး ကစားသမားသစ္ ၆ ဦးအထိ ျဖည့္တင္းႏိုင္ခဲ့သလို နည္းျပ မီေခးလ္ အာတီတာကိုလည္း အသင္းတာဝန္ရွိသူေတြက ေထာက္ခံမႈေပးထားတယ္ဆိုတဲ့သေဘာလည္း သက္ေရာက္ခဲ့တာပါ။

ေနာက္ဆုံးလူသစ္အျဖစ္ စီးရီးေအကလပ္ ဘိုေလာ့ညာအသင္းကေန အမ္းမရိတ္စ္ ရင္ခြင္ကို ခိုဝင္လာခဲ့တဲ့ ဂ်ပန္လူငယ္ေလး တိုမီယာစုဟာေတာ့ ဂန္းနားတို႔ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၉.၈ သန္းသာ က်သင့္ေစခဲ့ၿပီး ေျမာက္လန္ဒန္ကလပ္မွာ ႀကံ့ခိုင္မႈပိုင္းအရ တကယ္လိုအပ္ေနတဲ့ အားေကာင္းေမာင္းသန္ေနာက္ခံလူတဦးကို ျဖည့္တင္းႏိုင္ခဲ့လို႔လည္း ထင္ေၾကးအေပးခံထားရတာပါ။

ၿပီးခဲ့တဲ့ရာသီက ဘိုေလာ့ညာမွာ ၆၄ ပြဲကစားထားတဲ့ ဂ်ပန္သားေလးဟာ လက္ေ႐ြးစင္အသင္းအတြက္လည္း ၂၃ ပြဲကစားထားႏိုင္ၿပီျဖစ္သလို ဗဟိုခံစစ္မႉးေနရာအျပင္ အပိုဆုအေနနဲ႔ ညာေနာက္ခံလူအျဖစ္ပါ က်င္က်င္လည္လည္ ကစားႏိုင္သူျဖစ္လို႔ ခံစစ္ပိုင္းမွာေတာ့ စြယ္စုံရကစားသမားအျဖစ္ အာဆင္နယ္အသင္းအတြက္ အသုံးေတာ္ခံလာႏိုင္ေတာ့မယ္လို႔ ယူဆခံထားရတာပါ။

ဒါေပမယ့္ အေျပာင္းအေ႐ႊ႕ Deadline Day မွာ နာမည္ေက်ာ္ Sky Sports သတင္းဌာနရဲ႕ သတင္းေထာက္ ကာဗာဆိုလ္ဟီေကာလ္က တိုမီယာစုအေၾကာင္း ႐ုပ္ပ်က္ဆင္းပ်က္ေဝဖန္သြားခဲ့သလို ဒီအေျပာင္းအေ႐ႊ႕ထဲက အတြင္းသတင္းေတြကိုပါ လူသိရွင္ၾကားေဖာက္ခ်သြားခဲ့ၿပီး ဂန္းနားပရိသတ္ေတြရဲ႕ တခဲနက္ေဝဖန္ျခင္းကို ခံေနရေၾကာင္း သိရပါတယ္။

သူကေတာ့ သူ႔ဆီဝင္လာတဲ့ စာတေစာင္အျဖစ္ ႐ုပ္သံကေန တင္ျပသြားခဲ့သလို ဒါဟာ တိုမီယာစုရဲ႕ အေျပာင္းအေ႐ႊ႕အစီအစဥ္မွာ ပရီးမီးယားလိဂ္ကလပ္ေတြထဲက သူ႔ကိုေခၚခ်င္တဲ့အသင္းေတြဆီ လိုက္စပ္ေပးခဲ့တဲ့ ကစားသမားရဲ႕ ေအးဂ်င့္တဦးဆီကလို႔ အဆိုပါဂ်ာနယ္လစ္ရဲ႕အဆိုအရ သိရွိရၿပီး ဒါဟာ အတြင္းသတင္းဖြျခင္းဟာ ေအးဂ်င့္တေယာက္ လုပ္သင့္လုပ္ထိုက္တဲ့လုပ္ရပ္မဟုတ္ဘူးလို႔လည္း ထိုးႏွက္ခံထားရတာပါ။

” ကြၽန္ေတာ့္ဆီကို မက္ေဆ့ခ်္ေရာက္လာပါတယ္။ တိုမီယာစုကို ပရီးမီးယားလိဂ္အသင္းေတာ္ေတာ္မ်ားမ်ားဆီ ကမ္းလွမ္းခဲ့ေပမယ့္ ဘယ္အသင္းကမွ မေခၚခဲ့ၾကဘူးတဲ့။ သူက ကစားသမားေကာင္းပါ… ဒါေပမယ့္ ညာေနာက္ခံလူေကာင္းတေယာက္မဟုတ္သလို ဗဟိုခံစစ္မႉးစစ္စစ္တေယာက္လည္း မဟုတ္ပါဘူးတဲ့။ အဲဒီလိုေရးသားထားပါတယ္ ”

” ဒါဟာ သူ႔အတြက္ အသင္းသစ္ရွာေပးေပမယ့္ ေအးဂ်င့္တဦးဆီက ေရာက္လာတဲ့စာပါဗ်ား ” လို႔ Sky Sports ႐ုပ္သံအစီအစဥ္မွာ သူက ထုတ္ေျပာသြားခဲ့ခ်ိန္မွာ အာဆင္နယ္အသင္းကိုေတာ့ ” ကံဆိုးမသြားလို႔ မိုးလိုက္လို႔႐ြာ ” သလို ကြင္းတြင္းရလဒ္ပိုင္းအရ အဆင့္ ၂၀ မွာ ရပ္တည္ေနရခ်ိန္မွာ လူသစ္စုေဆာင္းေရးအစီအစဥ္မွာလည္း ဂ်င္းထပ္ထည့္ခံရၿပီလို႔ ၿပိဳင္ဘက္ပရိသတ္ေတြက ေလွာင္ေျပာင္မႈေတြလည္း ျပဳလုပ္ေနၾကတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.