Other Leagues Premier League

႐ိုင္ယန္ဂစ္ ေထာက္ခံထားတဲ့ လူငယ္ေနာက္ခံလူကို ယူႏုိက္တက္ ေခၚယူဖို႔ စဥ္းစားေန

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီက လူသိပ္မသိတဲ့ ဆြမ္းဆီးေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ေခၚယူၿပီး ေျခစြမ္းျပသႏုိင္ခဲ့အၿပီးမွာ တူညီတဲ့ အေနအထားကေနပဲ ကစားသမားေဟာင္း ႐ိုင္ယန္ဂစ္ရဲ႕ ေထာက္ခံမွဳနဲ႔အတူ လူငယ္ေနာက္ခံလူတစ္ဦးကို ထပ္မံေခၚယူသြားဖို႔ စဥ္းစားေနပါတယ္။

လက္ရွိေဝးလ္စ္နည္းျပ ႐ိုင္ယန္ဂစ္ကေတာ့ သူတုိ႔ရဲ႕ ေျခစြမ္းရွိ ေဝလလူငယ္ေတြကို မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ကစားေစဖို႔ ၾကားထဲကေန ဆက္သြယ္ေပးေနတဲ့သေဘာလည္းျဖစ္ၿပီး လက္ရွိမွာေတာ့ ဆြမ္းဆီးေနာက္ခံလူ ဂ်ဳိး႐ိုဒန္ဟာ ေနာက္ထပ္ေျခလွမ္းတစ္လွမ္းလည္း ျဖစ္လာဖို႔ ရွိေနပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေဝးလ္စ္လက္ေရြးစင္အျဖစ္ ၄ ပြဲ ကစားထားခဲ့သူျဖစ္ၿပီး အရပ္ ၆ ေပ ၄ လက္မအထိ ျမင့္မားသူလည္း ျဖစ္သလို ခံစစ္မွာ Ball Playing Defender အျဖစ္ ေကာင္းေကာင္းကစားႏုိင္သလို မန္ခ်က္စတာစီးတီးအသင္းမွာ ကစားေနတဲ့ ဂၽြန္စတုန္းစ္နဲ႔ ႏွဳိင္းယွဥ္ခံရသူလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းေဟာင္း ဆြမ္းဆီးအသင္းရဲ႕ေနာက္တန္းမွာ ပြဲထြက္ကစားသမားအျဖစ္ ႏွစ္ရာသီ ကစားၿပီးခဲ့တဲ့ ႐ိုဒန္အတြက္ ေဝးလ္ကလပ္အသင္းဘက္ကေတာ့ ေပါင္သန္း ၂၀ ေတာင္းဆုိဖြယ္ရွိေနၿပီး အသင္းရဲ႕ ၿပီးဆုံးသြားတဲ့ ကစားသမား Deadwood ေတြျဖစ္တဲ့ ဖီးလ္ဂ်ဳံးစ္၊ ခရစၥ စေမာလင္းနဲ႔ မားကို႔စ္ ႐ိုဟိုတို႔ေနရာမွာ အစားထိုးသြားဖို႔လည္း ရည္ရြယ္ေနပါတယ္။

လိဂ္ခ်န္ပီယံရွစ္ရဲ႕ အထက္မေရာက္ ေအာက္မေရာက္ အဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနခဲ့တဲ့ ဆြမ္းဆီးစီးတီးအေနနဲ႔လည္း မန္ခ်က္စတာ ယူႏုိက္တက္နဲ႔ ေနာက္ထပ္စီးပြားေရးတစ္ခု လုပ္ေဆာင္သြားဖို႔ ဆႏၵရွိေနၿပီး ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္ခဲ့ရတဲ့ ဘဏၰာေရးအေျခအေနေတြကို ျပန္လည္ ထိန္းညႇိႏိုင္ဖို႔ ႐ိုဒန္ကို ေရာင္းခ်သြားဖို႔ ရွိေနသလို ဒန္နီယယ္လ္ ဂ်ိမ္းစ္လိုပဲ ႐ိုင္ယန္ဂစ္ရဲ႕ ေနာက္ထပ္ကစားသမားတစ္ဦးက အုိးလ္ထရက္ဖို႔ဒ္မွာ ေျခစြမ္းျပႏုိင္မလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလုိက္ပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက လူသိပ်မသိတဲ့ ဆွမ်းဆီးတောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်ကို ခေါ်ယူပြီး ခြေစွမ်းပြသနိုင်ခဲ့အပြီးမှာ တူညီတဲ့ အနေအထားကနေပဲ ကစားသမားဟောင်း ရိုင်ယန်ဂစ်ရဲ့ ထောက်ခံမှုနဲ့အတူ လူငယ်နောက်ခံလူတစ်ဦးကို ထပ်မံခေါ်ယူသွားဖို့ စဉ်းစားနေပါတယ်။

လက်ရှိဝေးလ်စ်နည်းပြ ရိုင်ယန်ဂစ်ကတော့ သူတို့ရဲ့ ခြေစွမ်းရှိ ဝေလလူငယ်တွေကို မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားစေဖို့ ကြားထဲကနေ ဆက်သွယ်ပေးနေတဲ့သဘောလည်းဖြစ်ပြီး လက်ရှိမှာတော့ ဆွမ်းဆီးနောက်ခံလူ ဂျိုးရိုဒန်ဟာ နောက်ထပ်ခြေလှမ်းတစ်လှမ်းလည်း ဖြစ်လာဖို့ ရှိနေပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝေးလ်စ်လက်ရွေးစင်အဖြစ် ၄ ပွဲ ကစားထားခဲ့သူဖြစ်ပြီး အရပ် ၆ ပေ ၄ လက်မအထိ မြင့်မားသူလည်း ဖြစ်သလို ခံစစ်မှာ Ball Playing Defender အဖြစ် ကောင်းကောင်းကစားနိုင်သလို မန်ချက်စတာစီးတီးအသင်းမှာ ကစားနေတဲ့ ဂျွန်စတုန်းစ်နဲ့ နှိုင်းယှဉ်ခံရသူလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းဟောင်း ဆွမ်းဆီးအသင်းရဲ့နောက်တန်းမှာ ပွဲထွက်ကစားသမားအဖြစ် နှစ်ရာသီ ကစားပြီးခဲ့တဲ့ ရိုဒန်အတွက် ဝေးလ်ကလပ်အသင်းဘက်ကတော့ ပေါင်သန်း ၂၀ တောင်းဆိုဖွယ်ရှိနေပြီး အသင်းရဲ့ ပြီးဆုံးသွားတဲ့ ကစားသမား Deadwood တွေဖြစ်တဲ့ ဖီးလ်ဂျုံးစ်၊ ခရစ္စ စမောလင်းနဲ့ မားကို့စ် ရိုဟိုတို့နေရာမှာ အစားထိုးသွားဖို့လည်း ရည်ရွယ်နေပါတယ်။

လိဂ်ချန်ပီယံရှစ်ရဲ့ အထက်မရောက် အောက်မရောက် အဆင့် ၁၁ နေရာမှာ ရပ်တည်နေခဲ့တဲ့ ဆွမ်းဆီးစီးတီးအနေနဲ့လည်း မန်ချက်စတာ ယူနိုက်တက်နဲ့ နောက်ထပ်စီးပွားရေးတစ်ခု လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေပြီး ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရတဲ့ ဘဏ္ဏာရေးအခြေအနေတွေကို ပြန်လည် ထိန်းညှိနိုင်ဖို့ ရိုဒန်ကို ရောင်းချသွားဖို့ ရှိနေသလို ဒန်နီယယ်လ် ဂျိမ်းစ်လိုပဲ ရိုင်ယန်ဂစ်ရဲ့ နောက်ထပ်ကစားသမားတစ်ဦးက အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.