Premier League

ရာသီဘယ္လိုသိမ္းသိမ္း လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံလို႔ အာဆင္ဝင္းဂါး ခ်ီးက်ဴး

အာဆင္နယ္အသင္းမွာ ႏွစ္ေပါင္းမ်ားစြာ နည္းျပခဲ့တဲ့ နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးက ဒီႏွစ္ေဘာလုံးရာသီ လက္က်န္ပြဲစဥ္ေတြကို ဘယ္လိုပုံစံနဲ႔ပဲ ပိတ္သိမ္းသည္ျဖစ္ေစ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံအျဖစ္ အားလုံးက ရွဳျမင္ၾကရမွာပဲျဖစ္ေၾကာင္း ေထာက္ခံၿပီး ခ်ီးက်ဴးေျပာၾကားလုိက္ပါတယ္။

ဝင္းဂါးက ဂ်ာမန္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းဟာ ဇယားထိပ္က ၂၅ မွတ္ေတာင္ ျဖတ္ၿပီး ဦးေဆာင္ေနတဲ့ အေနအထားအရ တာဝန္ရွိသူေတြအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို ေပးအပ္သည္ျဖစ္ေစ မေပးအပ္သည္ျဖစ္ေစ သူတုိ႔အေနနဲ႔ ခ်န္ပီယံအျဖစ္ တစ္ညီတစ္ညြတ္တည္း လက္ခံရမွာပဲျဖစ္တယ္လုိ႔လည္း ဆုိပါတယ္။

လီဗာပူးလ္အေနနဲ႔ ပရီးမီးယားလိဂ္ကို ကိုဗစ္-၁၉ ေၾကာင့္ မရပ္တန္႔ခင္က မန္ခ်က္စတာစီးတီးရဲ႕ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္မွဳကို ေစာင့္ဆုိင္းရင္း တစ္ပြဲမွ ထပ္မကစားဘဲ ခ်န္ပီယံျဖစ္ခြင့္ကို ေမွ်ာ္လင့္ႏုိင္ခဲ့ေသးေပမယ့္ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာရဲ႕ ကုိ႐ိုနာဗိုင္းရပ္စ္ကူးစက္မွဳကေန အေျခအေနေတြ တလြဲတေခ်ာ္ျဖစ္ခဲ့ရတာပါ။

လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ ျပန္လည္စတင္မယ့္ Project Restart အစီအစဥ္ကို က်န္းမာေရးအေထာက္အပံ့ေတြ ျပည့္စုံတဲ့ ေခတ္မီ ကြင္းႀကီးဆယ္ကြင္းေလာက္မွာ ကြင္းပိတ္ကစားဖို႔ စီစဥ္ေနၿပီး လီဗာပူးလ္တုိ႔ရဲ႕ ႏွစ္ ၃၀ အိပ္မက္ကို အသက္သြင္းႏုိင္ဖို႔ နီးစပ္ေနေပမယ့္ တန္းဆင္းရမွာ ေၾကာက္ေနၿပီး ျပန္လည္ကစားတာကို ေရွာင္လႊဲလိုတဲ့ အသင္းတခ်ဳိ႕ေၾကာင့္ အားလုံး စိတ္အေႏွာင့္အယွက္ျဖစ္ေနခဲ့ရပါတယ္။

အာဆင္ဝင္းဂါးကေတာ့ ယာဂန္ ကေလာ့ပ္ဟာ အသင္းရဲ႕ ႏွစ္ ၃၀ အိပ္မက္အတြက္ အေကာင္းဆုံးလုပ္ျပႏုိင္ခဲ့ၿပီျဖစ္ၿပီး မန္စီးတီးလိုအသင္းမ်ဳိးကို ၂၅ မွတ္ ျဖတ္ထားတယ္ဆိုတာ ႀကီးမားတဲ့ ေအာင္ျမင္မွဳျဖစ္ေၾကာင္း၊ အဂၤလန္ႏုိင္ငံအေနနဲ႔ ဒီႏွစ္ေဘာလုံးရာသီကို ဘယ္လိုပဲ ဆုံးျဖတ္ခဲ့သည္ျဖစ္ေစ လီဗာပူးလ္အသင္းဟာ အားလုံးရဲ႕ စိတ္ထဲက တစ္ညီတစ္ညြတ္တည္း ဝန္ခံၾကရမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေၾကာင္း Talk Sport ကုိ ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းမှာ နှစ်ပေါင်းများစွာ နည်းပြခဲ့တဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ဒီနှစ်ဘောလုံးရာသီ လက်ကျန်ပွဲစဉ်တွေကို ဘယ်လိုပုံစံနဲ့ပဲ ပိတ်သိမ်းသည်ဖြစ်စေ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံအဖြစ် အားလုံးက ရှုမြင်ကြရမှာပဲဖြစ်ကြောင်း ထောက်ခံပြီး ချီးကျူးပြောကြားလိုက်ပါတယ်။

ဝင်းဂါးက ဂျာမန်နည်းပြ ယာဂန် ကလော့ပ်ရဲ့ အသင်းဟာ ဇယားထိပ်က ၂၅ မှတ်တောင် ဖြတ်ပြီး ဦးဆောင်နေတဲ့ အနေအထားအရ တာဝန်ရှိသူတွေအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ပေးအပ်သည်ဖြစ်စေ မပေးအပ်သည်ဖြစ်စေ သူတို့အနေနဲ့ ချန်ပီယံအဖြစ် တစ်ညီတစ်ညွတ်တည်း လက်ခံရမှာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်ကို ကိုဗစ်-၁၉ ကြောင့် မရပ်တန့်ခင်က မန်ချက်စတာစီးတီးရဲ့ ခြေချော်လက်ချော်ဖြစ်မှုကို စောင့်ဆိုင်းရင်း တစ်ပွဲမှ ထပ်မကစားဘဲ ချန်ပီယံဖြစ်ခွင့်ကို မျှော်လင့်နိုင်ခဲ့သေးပေမယ့် အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကနေ အခြေအနေတွေ တလွဲတချော်ဖြစ်ခဲ့ရတာပါ။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ ပြန်လည်စတင်မယ့် Project Restart အစီအစဉ်ကို ကျန်းမာရေးအထောက်အပံ့တွေ ပြည့်စုံတဲ့ ခေတ်မီ ကွင်းကြီးဆယ်ကွင်းလောက်မှာ ကွင်းပိတ်ကစားဖို့ စီစဉ်နေပြီး လီဗာပူးလ်တို့ရဲ့ နှစ် ၃၀ အိပ်မက်ကို အသက်သွင်းနိုင်ဖို့ နီးစပ်နေပေမယ့် တန်းဆင်းရမှာ ကြောက်နေပြီး ပြန်လည်ကစားတာကို ရှောင်လွှဲလိုတဲ့ အသင်းတချို့ကြောင့် အားလုံး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရပါတယ်။

အာဆင်ဝင်းဂါးကတော့ ယာဂန် ကလော့ပ်ဟာ အသင်းရဲ့ နှစ် ၃၀ အိပ်မက်အတွက် အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီဖြစ်ပြီး မန်စီးတီးလိုအသင်းမျိုးကို ၂၅ မှတ် ဖြတ်ထားတယ်ဆိုတာ ကြီးမားတဲ့ အောင်မြင်မှုဖြစ်ကြောင်း၊ အင်္ဂလန်နိုင်ငံအနေနဲ့ ဒီနှစ်ဘောလုံးရာသီကို ဘယ်လိုပဲ ဆုံးဖြတ်ခဲ့သည်ဖြစ်စေ လီဗာပူးလ်အသင်းဟာ အားလုံးရဲ့ စိတ်ထဲက တစ်ညီတစ်ညွတ်တည်း ဝန်ခံကြရမယ့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ကြောင်း Talk Sport ကို ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.