Bundesliga Premier League

လူငယ္ေတာင္ပံကစားသမားအတြက္ ေဒါ့မြန္အသင္းရဲ႕ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေအာင္ျမင္တဲ့ အကယ္ဒမီတစ္ခုကို တည္ေဆာက္ႏိုင္ခဲ့အၿပီးမွာ အသင္းႀကီးဆီကို လူငယ္ကစားသမားေတြကို အမ်ားအျပား ျဖည့္ဆည္းေပးႏုိင္ခဲ့သလို ေက်နပ္စရာ အေျခအေနရွိခဲ့ေပမယ့္ တျခားအသင္းေတြရဲ႕ အႏၲရာယ္ေၾကာင့္ ေျခစြမ္းရွိ လူငယ္ေတာင္ပံသမားတစ္ဦးကို လက္လႊတ္ရဖို႔ ရွိေနခဲ့ပါတယ္။

တမ္မီ ေအဘရာဟမ္၊ ေမဆန္ေမာင့္၊ ဖီကာယို တိုမိုရီ၊ ရိစ္ ဂ်ိမ္းစ္နဲ႔ ဘီလီ ဂီးလ္မုိးတို႔ဟာ အကယ္ဒမီရဲ႕ အသီးအပြင့္ေတြျဖစ္ၾကၿပီး အသင္းႀကီးနည္းျပ ဖရန္႔ လမ္းပတ္ကို ဒါဘီေကာင္တီမွာ ကိုင္တြယ္စဥ္ကတည္းက အက်ဳိးျပဳႏုိင္ခဲ့သလို လက္ရွိမွာလည္း တျဖည္းျဖည္း အမာခံေတြ ျဖစ္လာေနၾကတာပါ။

လက္ရွိမွာေတာ့ လူငယ္အသင္းရဲ႕ ေျခစြမ္းျမင့္မားတဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ခ်ာလီ ဝက္ဘ္စတာကို ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ မခ်ဳပ္ႏုိင္ေသးတာေၾကာင့္ အလြယ္တကူ ဆုံးရွဳံးရမယ့္ အေျခအေနနဲ႔ ရင္ဆုိင္ေနရၿပီး အသင္းက ေနရာမေပးႏုိင္ေသးခ်ိန္မွာ ေခၚယူေနရာေပးမယ့္ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းရဲ႕ ခ်ဥ္းကပ္မွဳနဲ႔ ႀကဳံေနရတယ္လို႔ ဆုိပါတယ္။

ေဒါ့မြန္အသင္းကေတာ့ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ လူငယ္ေတြကို ႏွဳိက္ယူရာမွာ အျမင္စူးရွလြန္းတယ္လုိ႔ ဆုိရမွာျဖစ္ၿပီး ဒီတစ္ခါမွာလည္း အနာဂတ္မွာ ေဂ်ဒန္ ဆန္ခ်ဳိလိုျဖစ္လာမယ့္ အရည္အေသြးေတြ ရွိေနတဲ့ ဝက္ဘ္စတာကို ေခၚယူလိုေနတာျဖစ္ၿပီး ခ်ဲလ္ဆီးဘက္ကေတာ့ ေျပာင္းေရႊ႕ေၾကး အနည္းငယ္နဲ႔ လက္လႊတ္ရမယ့္ အေျခအေနကိုလည္း ရင္ဆုိင္ေနရတာပါ။

ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ လူငယ္ကစားသမားေတြကို ေနရာေပးႏိုင္မွဳနဲ႔ ကစားခြင့္ရမွဳက နည္းပါးတာေၾကာင့္ ခ်န္ပီယံရွစ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ဘာမင္ဂမ္လို ဂ်ဳဒ္ ဘယ္လင္ဂမ္ကို ေပါင္ ၃၅ သန္းေတာင္းတာမ်ဳိး မလုပ္ႏုိင္ဘဲ ေပါင္ ၁၀ သန္းေအာက္သာ ရရွိႏိုင္မယ့္အခ်ိန္မွာ ေဒါ့မြန္နဲ႔ ဘြန္ဒက္စ္လီဂါအသင္းေတြက ကစားခြင့္ေပးၿပီး ျပန္လည္ေရာင္းခ်တာမ်ဳိးနဲ႔ ႏွစ္ခါနစ္နာေနရၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ ဝက္ဘ္စတာကို အသင္းက မထြက္ေအာင္ စည္း႐ုံးသြားဖို႔ ရွိေနတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ အောင်မြင်တဲ့ အကယ်ဒမီတစ်ခုကို တည်ဆောက်နိုင်ခဲ့အပြီးမှာ အသင်းကြီးဆီကို လူငယ်ကစားသမားတွေကို အများအပြား ဖြည့်ဆည်းပေးနိုင်ခဲ့သလို ကျေနပ်စရာ အခြေအနေရှိခဲ့ပေမယ့် တခြားအသင်းတွေရဲ့ အန္တရာယ်ကြောင့် ခြေစွမ်းရှိ လူငယ်တောင်ပံသမားတစ်ဦးကို လက်လွှတ်ရဖို့ ရှိနေခဲ့ပါတယ်။

တမ်မီ အေဘရာဟမ်၊ မေဆန်မောင့်၊ ဖီကာယို တိုမိုရီ၊ ရိစ် ဂျိမ်းစ်နဲ့ ဘီလီ ဂီးလ်မိုးတို့ဟာ အကယ်ဒမီရဲ့ အသီးအပွင့်တွေဖြစ်ကြပြီး အသင်းကြီးနည်းပြ ဖရန့် လမ်းပတ်ကို ဒါဘီကောင်တီမှာ ကိုင်တွယ်စဉ်ကတည်းက အကျိုးပြုနိုင်ခဲ့သလို လက်ရှိမှာလည်း တဖြည်းဖြည်း အမာခံတွေ ဖြစ်လာနေကြတာပါ။

လက်ရှိမှာတော့ လူငယ်အသင်းရဲ့ ခြေစွမ်းမြင့်မားတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ချာလီ ဝက်ဘ်စတာကို ပရော်ဖက်ရှင်နယ်စာချုပ် မချုပ်နိုင်သေးတာကြောင့် အလွယ်တကူ ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အသင်းက နေရာမပေးနိုင်သေးချိန်မှာ ခေါ်ယူနေရာပေးမယ့် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ ချဉ်းကပ်မှုနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒေါ့မွန်အသင်းကတော့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ လူငယ်တွေကို နှိုက်ယူရာမှာ အမြင်စူးရှလွန်းတယ်လို့ ဆိုရမှာဖြစ်ပြီး ဒီတစ်ခါမှာလည်း အနာဂတ်မှာ ဂျေဒန် ဆန်ချိုလိုဖြစ်လာမယ့် အရည်အသွေးတွေ ရှိနေတဲ့ ဝက်ဘ်စတာကို ခေါ်ယူလိုနေတာဖြစ်ပြီး ချဲလ်ဆီးဘက်ကတော့ ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ လက်လွှတ်ရမယ့် အခြေအနေကိုလည်း ရင်ဆိုင်နေရတာပါ။

ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ လူငယ်ကစားသမားတွေကို နေရာပေးနိုင်မှုနဲ့ ကစားခွင့်ရမှုက နည်းပါးတာကြောင့် ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘာမင်ဂမ်လို ဂျုဒ် ဘယ်လင်ဂမ်ကို ပေါင် ၃၅ သန်းတောင်းတာမျိုး မလုပ်နိုင်ဘဲ ပေါင် ၁၀ သန်းအောက်သာ ရရှိနိုင်မယ့်အချိန်မှာ ဒေါ့မွန်နဲ့ ဘွန်ဒက်စ်လီဂါအသင်းတွေက ကစားခွင့်ပေးပြီး ပြန်လည်ရောင်းချတာမျိုးနဲ့ နှစ်ခါနစ်နာနေရပြီး ချဲလ်ဆီးအသင်းအနေနဲ့တော့ ဝက်ဘ်စတာကို အသင်းက မထွက်အောင် စည်းရုံးသွားဖို့ ရှိနေတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.