Premier League Transfer News

ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ နွေရာသီ အကောင်းဆုံး ခေါ်ယူမှု ၁၁ ဦး

ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ဒီနွေရာသီမှာ အကောင်းဆုံး ခေါ်ယူမှုလို့ သတ်မှတ်ရမယ့် ကစားသမားတွေထဲက လူစာရင်းပုံစံ ၁၁ ဦးကို ရွေးချယ်ခဲ့ရာမှာ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းအသင်းတွေရဲ့ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။

ဂိုး – အာရွန် ရမ်းစ်ဒေးလ် (အာဆင်နယ်)
အာဆင်နယ်အသင်းရဲ့ ခေါ်ယူမှုကောင်းတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ထားခဲ့ကြတဲ့ ရမ်းစ်ဒေးလ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ယူရို ၂၀၂၀ ပြိုင်ပွဲကို သွားရောက်ခွင့်ရခဲ့ပြီး ကစားခွင့်တော့ မရခဲ့ပေမယ့် သူ့ရဲ့ ပရီးမီးယားလိဂ်က ကာကွယ်မှုတွေက လူစာရင်းနဲ့ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။ သူ့အတွက် ရှက်ဖီးလ်ဒ်ယူနိုက်တက်ဆီ အာဆင်နယ်တို့ ပေါင် ၂၅ သန်း ပေးချေခဲ့ရပြီး ကာရာဘောင်းဖလားမှာ တစ်ပွဲကစားပြီးဖြစ်သလို ဂိုးသမား ဘန်းဒ် လီနိုရဲ့ နေရာကို လုယူနိုင်မလား စောင့်ကြည့်ရမှာပါ။

နောက်တန်း – အီဘရာဟီမာ ကိုနာတေ (လီဗာပူးလ်)
လီဗာပူးလ်အသင်းရဲ့ ဒီနွေရာသီမှာ တစ်ခုတည်းသော နာမည်ကြီးကစားသမားခေါ်ယူမှုဖြစ်တဲ့ ကိုနာတေဟာ အသင်းနဲ့ တရားဝင်ပွဲကြီးတွေမှာ ကစားခွင့်ရဖို့တော့ စောင့်ဆိုင်းနေရသူဖြစ်ပြီး လာမယ့် ဖလားပွဲတွေမှာတော့ စတင်ပွဲထွက်ခွင့်ရနိုင်သလို ပေါင် ၃၄ သန်းဆိုတဲ့ တန်ကြေးက ကင်းမရွန်း နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ကို ကျော်ဖြတ်ဖို့ အခွင့်အရေးတစ်ခုတော့ဖြစ်နေခဲ့ပါတယ်။ ယာဂန် ကလော့ပ် အကြိုက်တွေ့တဲ့ ဘွန်ဒက်စ်လီဂါနောက်ခံလူ ပြင်သစ်သားဟာ သူတို့ရဲ့ ဒီရာသီ ခရီးရှည်မှာတော့ အရေးပါလာဖို့ ရှိနေပါတယ်။

နောက်တန်း – ရာဖေးလ် ဗာရွန်း (မန်ချက်စတာယူနိုက်တက်)
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းခေါ်ယူခြင်းခံခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် နောက်ခံလူဟာ ဝုလ်ဗ်စ်နဲ့ပွဲမှာ စတင်ပွဲထွက်ခွင့်ရထားသလို ဂရင်းဝုဒ်ရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့လို့ ဒီရာသီမှာ ဘယ်လောက်ခြေစွမ်းပြနိုင်မလဲဆိုတာ စောင့်ကြည့်ဖို့ ထိုက်တန်တယ်လို့ ဆိုနေကြပါတယ်။ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းရဲ့ အန္တရာယ်အနံ့ကို အမြဲတစေ ကြိုတင်ရရှိတတ်တဲ့ အာရုံသိစိတ်က ပရီးမီးယားလိဂ်မှာလည်း အောင်မြင်နိုင်ဦးမှာဖြစ်ပြီး ပေါင် ၃၄ သန်းဆိုတာတော့ တန်လွန်းနေဦးမှာပါ။

နောက်တန်း – ကတ်ဇူးမား (ဝက်စ်ဟမ်း)
ဝက်စ်ဟမ်းအသင်းရဲ့ ကျောနံပါတ် ၄ အသစ်ဖြစ်လာတဲ့ ဇူးမားဟာ ချဲလ်ဆီးအသင်းမှာ ခံစစ်ကို ဦးဆောင်ကစားနိုင်မယ့် နည်းစနစ်ပိုင်းဆိုင်ရာ အရည်အသွေးမရှိဘူးလို့ ယူဆခံရတာကြောင့် ရောင်းထုတ်ခံခဲ့ရပြီး ဒီအသင်းကတော့ အငှားနှစ်သင်းဖြစ်တဲ့ စတုတ်၊ အဲဗာတန်တို့နောက်မှာ စတုတ္ထမြောက် ပရီးမီးယားလိဂ်အသင်းလည်း ဖြစ်လာခဲ့ပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၂၉.၈ သန်းအထိ ကျသင့်ခဲ့တဲ့ ပြင်သစ်သားအတွက် နည်းပြ ဒေးဗစ် မွိုက်စ်ရဲ့ ရည်မှန်းချက်မြင့်မားတဲ့ ဟမ်းမားတွေဆီမှာ ခြေစွမ်းပြအံဝင်နိုင်မယ်လို့ ဆိုနေကြပြီး နှစ်ဦးနှစ်ဖက်ကောင်းသော ပူးပေါင်းမှုလည်းဖြစ်လာနိုင်ပါတယ်။

အလယ်တန်း – ဂျေဒန် ဆန်ချို (မန်ချက်စတာယူနိုက်တက်)
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါင် ၇၅ သန်းတန် ခေါ်ယူမှုဖြစ်တဲ့ ဆန်ချိုဟာ လက်ရှိအချိန်အထိတော့ အသင်းမှာ ရုန်းကန်နေရပြီး လောက်လောက်လားလား ခြေစွမ်းမပြနိုင်သေးပေမယ့် ပရီးမီးယားလိဂ်နဲ့ အသားကျလာတာနဲ့အမျှ ဒေါ့မွန်က ခြေစွမ်းမျိုးကို ရရှိလာလိမ့်မယ်လို့ ယုံကြည် ခံထားရပါတယ်။ သူနဲ့ ဂရင်းဝုဒ်တို့ဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ မျှော်လင့်ချက်တွေနဲ့ တိုက်စစ်တောင်ပံတစ်စုံဖြစ်ပြီး ဆိုးလ်ရှားကို ဆုဖလားတွေ ယူပေးမယ်လို့ ဆိုနေကြသမျှကို ဖြည့်ဆည်းနိုင်မလား စောင်ကြည့်ရပါလိမ့်မယ်။

အလယ်တန်း – အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါ (အာဆင်နယ်)
အာဆင်နယ်အသင်းအနေနဲ့ ဒီကစားသမားကို ရရှိလိုက်တာဟာ တန်လွန်းတယ်လို့ ဆိုနေကြသလို သူ့ရဲ့ နည်းပြဟောင်း အန်ဒါလက်ချ်မန်နေဂျာ ဗင်းဆန့် ကွန်ပနီနဲ့ ဟိုက်ဘာရီဂန္ထဝင် သီယာရီ အွန်နရီတို့ကပါ သူ့ရဲ့ အရည်အသွေးအတွက် တစ်ညီတစ်ညွတ်တည်း ထောက်ခံထားကြတာပါ။ ပေါင် ၁၅ သန်းတန် အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားဟာ ပရီးမီးယားလိဂ်မှာ ပွဲရှိန်မနေဘဲ အင်တိုက်အားတိုက် ကစားပြနိုင်သလို အသင်းအနာဂတ်ကို ဦးဆောင်နိုင်မယ့်သူတစ်ဦးလို့ ယူခံထားရပါတယ်။

အလယ်တန်း – ဆာအူးလ် ညီးရက်ဇ် (ချဲလ်ဆီး)
ဥရောပနဲ့ လာလီဂါအတွေ့အကြုံတွေ ရင့်ကျက်တဲ့ စပိန်သားကို ခေါ်ယူလိုက်နိုင်တာကတော့ ချဲလ်ဆီးတို့အတွက် ရွှေဖြစ်ပြီး သူ့ရဲ့ ဝန်ဆောင်မှုကို တစ်နှစ်မှာ ယူရို ၄ သန်း (၅ သန်းဟုလည်း ကြားရ)နဲ့ ရရှိနိုင်မယ်ဆိုတာကတော့ တော်တော်လေး တန်လွန်းနေခဲ့တာပါ။ ကွင်းလယ်မှာ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့နှစ်ဦးကို ပြိုင်တူ အနားပေးလို့မရတဲ့ ပြဿနာကို ဆာအူးလ်အနေနဲ့ ဖြေရှင်းပေးနိုင်ဖို့ရှိနေပြီး ရာသီကုန်မှာလည်း ပေါင် ၃၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီထားနိုင်တဲ့အတွက် တူဟယ်လ်အတွက် ခြေစွမ်းပြပြီဆိုတာနဲ့ အပြီးသတ် ရောက်လာနိုင်မှာလည်းဖြစ်ပါတယ်။

အလယ်တန်း – ဂျိုး ဝီလော့ခ် (နယူးကာဆယ်လ်)
ဂျိုးဝီလော့ခ်ကတော့ အာဆင်နယ်က အေးဂျင့်ဆေးထိုးခံရတဲ့ အသင်းဖော် နကီးတီးယားလို မဟုတ်ဘဲ သူ့ရဲ့ နေရာမှန်ကို ရွေးချယ်သွားခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က အငှားနဲ့ သွားရောက်ကစားပြီး စံချိန်တွေ ရရှိခဲ့တဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ဟာ သူ့အတွက် ကစားသမားဘဝကို တစ်ဆင့်တိုးနိုင်မယ့် နေရာလည်း ဖြစ်နေပြီး နည်းပြ စတိဗ် ဘရုစ်လက်အောက်မှာ ကစားဖို့ လူငယ်ဘဝအသင်းကို လမ်းခွဲခဲ့အပြီးမှာတော့ ပြီးခဲ့တဲ့ ရာသီကလို ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာပါ။

အလယ်တန်း – ဂျက်ခ် ဂရီးလစ်ရှ် (မန်ချက်စတာစီးတီး)
ဒီနွေရာသီ ဈေးကွက်ရဲ့ ဈေးအကြီးဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဂရီးလစ်ရှ်ဟာ အက်စတန်ဗီလာအသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့အပြီးမှာ လေးပွဲကစား တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးထားနိုင်ပြီး အသင်းရဲ့ ဘယ်တောင်ပံတစ်နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် ပေါင်သန်း ၁၀၀ နဲ့ ခြေစွမ်းနဲ့က မကိုက်ညီသေးဘူးလို့ ဝေဖန်ခံထားရပါတယ်။ ဒါပေမယ့် အသင်းသစ်မှာ ဒီထက် ပိုအသားကျလာရင် ကွင်းဘေးစည်းမှာ ကပ်ပြီး နေရာယူလို့ Linesman လို့ နောက်ပြောင်ခံနေရတဲ့ ပုံစံထက်တော့ ကစားကွက်ထဲ ပိုမိုသီးပွင့်လာဖွယ်ရှိပြီး စီးတီးတို့နဲ့ ဘာဖလားတွေရမလဲ ရင်ခုန်နိုင်မှာဖြစ်ပါတယ်။

ရှေ့တန်း – ရိုမီလူ လူကာကူး (ချဲလ်ဆီး)
အီတလီမှာ ပညာတွေ စုံလာပြီး ချဲလ်ဆီးအသင်းကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ပေါင် ၉၇.၅ သန်းတန် တိုက်စစ်မှူးဟာ သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲထွက်နှစ်ပွဲမှာ အသင်းကြီးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးလ်တို့နဲ့ ဆက်တိုက်တွေ့ဆုံခဲ့ပြီး နှစ်ပွဲမှာ တစ်ဂိုး ရရှိထားခဲ့ပါတယ်။ သူ့ကို လီဗာပူးလ်နဲ့ပွဲမှာ ဂိုးမရလို့ လှောင်ပြောင်ခံခဲ့ရပေမယ့် သူ့စိတ်ကြိုက် ဖန်တီးမပေးနိုင်ခဲ့တဲ့ အသင်းဖော်နှစ်ယောက်ကို အပြစ်တင်ရမှာဖြစ်ပြီး ဒီရာသီမှာတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်အောင် သွင်းဂိုး ၂၀ နဲ့ အထက်တော့ မျှော်လင့်ထားကြတာပါ။

ရှေ့တန်း – ခရစ္စတီယာနို ရော်နယ်လ်ဒို (မန်ချက်စတာယူနိုက်တက်)
မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၁၉.၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီသားကြီးဟာ သူ့ရဲ့ လက်ရွေးစင်အသင်းနဲ့ အိုင်ယာလန်တို့ရဲ့ ပွဲမှာ ကမ္ဘာ့ဂိုးသွင်းစံချိန် ချိုးခဲ့ပြီး တက်ကြွလန်းဆန်းနေသလို ပွဲချိန်ပြည့် ထိုးဖောက်ရုန်းကန်ပြသွားတဲ့ ပုံစံက အိုးလ်ထရက်ဖို့ဒ်က ပရိသတ်တွေအတွက် အားတက်စရာလည်းဖြစ်ခဲ့ပါတယ်။ ၂၀၀၆-၀၇ ရာသီကတည်းကနေ တစ်ရာသီကို သွင်းဂိုး ၂၀ အောက် မကျဖူးသေးတဲ့ ပုံစံကောင်းကို ဆက်ထိန်းနိုင်ဦးမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကို နံပါတ် ၉ တိုက်စစ်မှူးအဖြစ် ဖြတ်သန်းဖို့ကိုတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ဒီေႏြရာသီမွာ အေကာင္းဆုံး ေခၚယူမႈလို႔ သတ္မွတ္ရမယ့္ ကစားသမားေတြထဲက လူစာရင္းပုံစံ ၁၁ ဦးကို ေ႐ြးခ်ယ္ခဲ့ရာမွာ အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္၊ မန္ခ်က္စတာစီးတီး၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္နဲ႔ ဝက္စ္ဟမ္းအသင္းေတြရဲ႕ ကစားသမားေတြ ပါဝင္လာခဲ့ပါတယ္။

ဂိုး – အာ႐ြန္ ရမ္းစ္ေဒးလ္ (အာဆင္နယ္)
အာဆင္နယ္အသင္းရဲ႕ ေခၚယူမႈေကာင္းတစ္ခုျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားခဲ့ၾကတဲ့ ရမ္းစ္ေဒးလ္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းမွာလည္း ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို သြားေရာက္ခြင့္ရခဲ့ၿပီး ကစားခြင့္ေတာ့ မရခဲ့ေပမယ့္ သူ႔ရဲ႕ ပရီးမီးယားလိဂ္က ကာကြယ္မႈေတြက လူစာရင္းနဲ႔ ထိုက္တန္ခဲ့တာျဖစ္ပါတယ္။ သူ႔အတြက္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဆီ အာဆင္နယ္တို႔ ေပါင္ ၂၅ သန္း ေပးေခ်ခဲ့ရၿပီး ကာရာေဘာင္းဖလားမွာ တစ္ပြဲကစားၿပီးျဖစ္သလို ဂိုးသမား ဘန္းဒ္ လီႏိုရဲ႕ ေနရာကို လုယူႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

ေနာက္တန္း – အီဘရာဟီမာ ကိုနာေတ (လီဗာပူးလ္)
လီဗာပူးလ္အသင္းရဲ႕ ဒီေႏြရာသီမွာ တစ္ခုတည္းေသာ နာမည္ႀကီးကစားသမားေခၚယူမႈျဖစ္တဲ့ ကိုနာေတဟာ အသင္းနဲ႔ တရားဝင္ပြဲႀကီးေတြမွာ ကစားခြင့္ရဖို႔ေတာ့ ေစာင့္ဆိုင္းေနရသူျဖစ္ၿပီး လာမယ့္ ဖလားပြဲေတြမွာေတာ့ စတင္ပြဲထြက္ခြင့္ရႏိုင္သလို ေပါင္ ၃၄ သန္းဆိုတဲ့ တန္ေၾကးက ကင္းမ႐ြန္း ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ကို ေက်ာ္ျဖတ္ဖို႔ အခြင့္အေရးတစ္ခုေတာ့ျဖစ္ေနခဲ့ပါတယ္။ ယာဂန္ ကေလာ့ပ္ အႀကိဳက္ေတြ႕တဲ့ ဘြန္ဒက္စ္လီဂါေနာက္ခံလူ ျပင္သစ္သားဟာ သူတို႔ရဲ႕ ဒီရာသီ ခရီးရွည္မွာေတာ့ အေရးပါလာဖို႔ ရွိေနပါတယ္။

ေနာက္တန္း – ရာေဖးလ္ ဗာ႐ြန္း (မန္ခ်က္စတာယူႏိုက္တက္)
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စိတ္ရွည္လက္ရွည္နဲ႔ ေစာင့္ဆိုင္းေခၚယူျခင္းခံခဲ့ရတဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ဝုလ္ဗ္စ္နဲ႔ပြဲမွာ စတင္ပြဲထြက္ခြင့္ရထားသလို ဂရင္းဝုဒ္ရဲ႕ သြင္းဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့လို႔ ဒီရာသီမွာ ဘယ္ေလာက္ေျခစြမ္းျပႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ဖို႔ ထိုက္တန္တယ္လို႔ ဆိုေနၾကပါတယ္။ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္းရဲ႕ အႏၲရာယ္အနံ႔ကို အၿမဲတေစ ႀကိဳတင္ရရွိတတ္တဲ့ အာ႐ုံသိစိတ္က ပရီးမီးယားလိဂ္မွာလည္း ေအာင္ျမင္ႏိုင္ဦးမွာျဖစ္ၿပီး ေပါင္ ၃၄ သန္းဆိုတာေတာ့ တန္လြန္းေနဦးမွာပါ။

ေနာက္တန္း – ကတ္ဇူးမား (ဝက္စ္ဟမ္း)
ဝက္စ္ဟမ္းအသင္းရဲ႕ ေက်ာနံပါတ္ ၄ အသစ္ျဖစ္လာတဲ့ ဇူးမားဟာ ခ်ဲလ္ဆီးအသင္းမွာ ခံစစ္ကို ဦးေဆာင္ကစားႏိုင္မယ့္ နည္းစနစ္ပိုင္းဆိုင္ရာ အရည္အေသြးမရွိဘူးလို႔ ယူဆခံရတာေၾကာင့္ ေရာင္းထုတ္ခံခဲ့ရၿပီး ဒီအသင္းကေတာ့ အငွားႏွစ္သင္းျဖစ္တဲ့ စတုတ္၊ အဲဗာတန္တို႔ေနာက္မွာ စတုတၳေျမာက္ ပရီးမီးယားလိဂ္အသင္းလည္း ျဖစ္လာခဲ့ပါတယ္။ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၉.၈ သန္းအထိ က်သင့္ခဲ့တဲ့ ျပင္သစ္သားအတြက္ နည္းျပ ေဒးဗစ္ မြိဳက္စ္ရဲ႕ ရည္မွန္းခ်က္ျမင့္မားတဲ့ ဟမ္းမားေတြဆီမွာ ေျခစြမ္းျပအံဝင္ႏိုင္မယ္လို႔ ဆိုေနၾကၿပီး ႏွစ္ဦးႏွစ္ဖက္ေကာင္းေသာ ပူးေပါင္းမႈလည္းျဖစ္လာႏိုင္ပါတယ္။

အလယ္တန္း – ေဂ်ဒန္ ဆန္ခ်ိဳ (မန္ခ်က္စတာယူႏိုက္တက္)
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပါင္ ၇၅ သန္းတန္ ေခၚယူမႈျဖစ္တဲ့ ဆန္ခ်ိဳဟာ လက္ရွိအခ်ိန္အထိေတာ့ အသင္းမွာ ႐ုန္းကန္ေနရၿပီး ေလာက္ေလာက္လားလား ေျခစြမ္းမျပႏိုင္ေသးေပမယ့္ ပရီးမီးယားလိဂ္နဲ႔ အသားက်လာတာနဲ႔အမွ် ေဒါ့မြန္က ေျခစြမ္းမ်ိဳးကို ရရွိလာလိမ့္မယ္လို႔ ယုံၾကည္ ခံထားရပါတယ္။ သူနဲ႔ ဂရင္းဝုဒ္တို႔ဟာ အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ တိုက္စစ္ေတာင္ပံတစ္စုံျဖစ္ၿပီး ဆိုးလ္ရွားကို ဆုဖလားေတြ ယူေပးမယ္လို႔ ဆိုေနၾကသမွ်ကို ျဖည့္ဆည္းႏိုင္မလား ေစာင္ၾကည့္ရပါလိမ့္မယ္။

အလယ္တန္း – အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါ (အာဆင္နယ္)
အာဆင္နယ္အသင္းအေနနဲ႔ ဒီကစားသမားကို ရရွိလိုက္တာဟာ တန္လြန္းတယ္လို႔ ဆိုေနၾကသလို သူ႔ရဲ႕ နည္းျပေဟာင္း အန္ဒါလက္ခ်္မန္ေနဂ်ာ ဗင္းဆန႔္ ကြန္ပနီနဲ႔ ဟိုက္ဘာရီဂႏၴဝင္ သီယာရီ အြန္နရီတို႔ကပါ သူ႔ရဲ႕ အရည္အေသြးအတြက္ တစ္ညီတစ္ၫြတ္တည္း ေထာက္ခံထားၾကတာပါ။ ေပါင္ ၁၅ သန္းတန္ အသက္ ၂၁ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားဟာ ပရီးမီးယားလိဂ္မွာ ပြဲရွိန္မေနဘဲ အင္တိုက္အားတိုက္ ကစားျပႏိုင္သလို အသင္းအနာဂတ္ကို ဦးေဆာင္ႏိုင္မယ့္သူတစ္ဦးလို႔ ယူခံထားရပါတယ္။

အလယ္တန္း – ဆာအူးလ္ ညီးရက္ဇ္ (ခ်ဲလ္ဆီး)
ဥေရာပနဲ႔ လာလီဂါအေတြ႕အႀကဳံေတြ ရင့္က်က္တဲ့ စပိန္သားကို ေခၚယူလိုက္ႏိုင္တာကေတာ့ ခ်ဲလ္ဆီးတို႔အတြက္ ေ႐ႊျဖစ္ၿပီး သူ႔ရဲ႕ ဝန္ေဆာင္မႈကို တစ္ႏွစ္မွာ ယူ႐ို ၄ သန္း (၅ သန္းဟုလည္း ၾကားရ)နဲ႔ ရရွိႏိုင္မယ္ဆိုတာကေတာ့ ေတာ္ေတာ္ေလး တန္လြန္းေနခဲ့တာပါ။ ကြင္းလယ္မွာ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ႏွစ္ဦးကို ၿပိဳင္တူ အနားေပးလို႔မရတဲ့ ျပႆနာကို ဆာအူးလ္အေနနဲ႔ ေျဖရွင္းေပးႏိုင္ဖို႔ရွိေနၿပီး ရာသီကုန္မွာလည္း ေပါင္ ၃၄ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီထားႏိုင္တဲ့အတြက္ တူဟယ္လ္အတြက္ ေျခစြမ္းျပၿပီဆိုတာနဲ႔ အၿပီးသတ္ ေရာက္လာႏိုင္မွာလည္းျဖစ္ပါတယ္။

အလယ္တန္း – ဂ်ိဳး ဝီေလာ့ခ္ (နယူးကာဆယ္လ္)
ဂ်ိဳးဝီေလာ့ခ္ကေတာ့ အာဆင္နယ္က ေအးဂ်င့္ေဆးထိုးခံရတဲ့ အသင္းေဖာ္ နကီးတီးယားလို မဟုတ္ဘဲ သူ႔ရဲ႕ ေနရာမွန္ကို ေ႐ြးခ်ယ္သြားခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္က အငွားနဲ႔ သြားေရာက္ကစားၿပီး စံခ်ိန္ေတြ ရရွိခဲ့တဲ့ စိန႔္ဂ်ိမ္းစ္ပါ့ခ္ဟာ သူ႔အတြက္ ကစားသမားဘဝကို တစ္ဆင့္တိုးႏိုင္မယ့္ ေနရာလည္း ျဖစ္ေနၿပီး နည္းျပ စတိဗ္ ဘ႐ုစ္လက္ေအာက္မွာ ကစားဖို႔ လူငယ္ဘဝအသင္းကို လမ္းခြဲခဲ့အၿပီးမွာေတာ့ ၿပီးခဲ့တဲ့ ရာသီကလို ေျခစြမ္းျပႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

အလယ္တန္း – ဂ်က္ခ္ ဂရီးလစ္ရွ္ (မန္ခ်က္စတာစီးတီး)
ဒီေႏြရာသီ ေဈးကြက္ရဲ႕ ေဈးအႀကီးဆုံး ကစားသမားျဖစ္ခဲ့တဲ့ ဂရီးလစ္ရွ္ဟာ အက္စတန္ဗီလာအသင္းကေန မန္စီးတီးကို ေျပာင္းေ႐ႊ႕အၿပီးမွာ ေလးပြဲကစား တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးထားႏိုင္ၿပီး အသင္းရဲ႕ ဘယ္ေတာင္ပံတစ္ေနရာကို သိမ္းပိုက္ထားႏိုင္ခဲ့ေပမယ့္ ေပါင္သန္း ၁၀၀ နဲ႔ ေျခစြမ္းနဲ႔က မကိုက္ညီေသးဘူးလို႔ ေဝဖန္ခံထားရပါတယ္။ ဒါေပမယ့္ အသင္းသစ္မွာ ဒီထက္ ပိုအသားက်လာရင္ ကြင္းေဘးစည္းမွာ ကပ္ၿပီး ေနရာယူလို႔ Linesman လို႔ ေနာက္ေျပာင္ခံေနရတဲ့ ပုံစံထက္ေတာ့ ကစားကြက္ထဲ ပိုမိုသီးပြင့္လာဖြယ္ရွိၿပီး စီးတီးတို႔နဲ႔ ဘာဖလားေတြရမလဲ ရင္ခုန္ႏိုင္မွာျဖစ္ပါတယ္။

ေရွ႕တန္း – ႐ိုမီလူ လူကာကူး (ခ်ဲလ္ဆီး)
အီတလီမွာ ပညာေတြ စုံလာၿပီး ခ်ဲလ္ဆီးအသင္းကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့တဲ့ ေပါင္ ၉၇.၅ သန္းတန္ တိုက္စစ္မႉးဟာ သူ႔ရဲ႕ ပရီးမီးယားလိဂ္ပြဲထြက္ႏွစ္ပြဲမွာ အသင္းႀကီးႏွစ္သင္းျဖစ္တဲ့ အာဆင္နယ္၊ လီဗာပူးလ္တို႔နဲ႔ ဆက္တိုက္ေတြ႕ဆုံခဲ့ၿပီး ႏွစ္ပြဲမွာ တစ္ဂိုး ရရွိထားခဲ့ပါတယ္။ သူ႔ကို လီဗာပူးလ္နဲ႔ပြဲမွာ ဂိုးမရလို႔ ေလွာင္ေျပာင္ခံခဲ့ရေပမယ့္ သူ႔စိတ္ႀကိဳက္ ဖန္တီးမေပးႏိုင္ခဲ့တဲ့ အသင္းေဖာ္ႏွစ္ေယာက္ကို အျပစ္တင္ရမွာျဖစ္ၿပီး ဒီရာသီမွာေတာ့ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထိုက္တန္ေအာင္ သြင္းဂိုး ၂၀ နဲ႔ အထက္ေတာ့ ေမွ်ာ္လင့္ထားၾကတာပါ။

ေရွ႕တန္း – ခရစၥတီယာႏို ေရာ္နယ္လ္ဒို (မန္ခ်က္စတာယူႏိုက္တက္)
မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေပါင္ ၁၉.၈ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ေပၚတူဂီသားႀကီးဟာ သူ႔ရဲ႕ လက္ေ႐ြးစင္အသင္းနဲ႔ အိုင္ယာလန္တို႔ရဲ႕ ပြဲမွာ ကမာၻ႔ဂိုးသြင္းစံခ်ိန္ ခ်ိဳးခဲ့ၿပီး တက္ႂကြလန္းဆန္းေနသလို ပြဲခ်ိန္ျပည့္ ထိုးေဖာက္႐ုန္းကန္ျပသြားတဲ့ ပုံစံက အိုးလ္ထရက္ဖို႔ဒ္က ပရိသတ္ေတြအတြက္ အားတက္စရာလည္းျဖစ္ခဲ့ပါတယ္။ ၂၀၀၆-၀၇ ရာသီကတည္းကေန တစ္ရာသီကို သြင္းဂိုး ၂၀ ေအာက္ မက်ဖူးေသးတဲ့ ပုံစံေကာင္းကို ဆက္ထိန္းႏိုင္ဦးမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ကို နံပါတ္ ၉ တိုက္စစ္မႉးအျဖစ္ ျဖတ္သန္းဖို႔ကိုေတာ့ တစ္ကမာၻလုံးက ပရိသတ္ေတြ ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.