Analysis La Liga Premier League

ဆာအူးလ်ကို ချဲလ်ဆီးတို့ ဘာဖြစ်လို့ မရမနေ ခေါ်ယူခဲ့တာလဲဆိုတဲ့ အချက် ၅ ချက်

ချဲလ်ဆီးအသင်းအနေနဲ့ ဆာအူးလ် ညီးရက်ဇ်ကို အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်ကနေ တစ်နှစ်အငှားကြေး ယူရို ၄ သန်း(ပေါင် ၃.၄ သန်း) ပေးချေပြီး ဘာကြောင့် အရခေါ်ယူခဲ့တာလဲဆိုတာကို ဘောလုံးကျွမ်းကျင်သူတွေရဲ့ အမြင် ၅ ချက်ကို ထုတ်နှုတ်ရေးသားဖော်ပြလိုက်ပါတယ်။

၁။ အသင်းရဲ့ လူအင်အားနက်ရှိုင်းစေဖို့
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်အထိုင်မှာ ကမ္ဘာ့အဆင့်ကစား ၂ ဦးအဖြစ် ဂျော်ဂျင်ညိုနဲ့ အန်ဂိုလို ကွန်တေတို့နှစ်ဦးသာ ရှိနေပြီး မက်တီယို ကိုဗာချစ်ကတော့ နိုင်ငံတွေရဲ့ အဆင့်အတန်းအရ ခရိုအေးရှားကို ထိပ်တန်းလို့ မမှတ်ယူနိုင်ချိန်မှာ တစ်ဆင့်လောက် နောက်ကျန်နေတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကွင်းလယ်မှာ နှစ်ယောက်တွဲပဲဖြစ်ဖြစ် သုံးယောက်တွဲပဲဖြစ်ဖြစ် ဒေါင်ဒေါင်မြည် ခင်းကျင်းနိုင်ဖို့ ဆာအူးလ်ဟာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်လာဖို့ ရည်ရွယ်ခဲ့တာပါ။

၂။ ကွန်တေရဲ့ ဒဏ်ရာနဲ့ ပွဲပန်းမှုကို ကာမိစေဖို့
လီဗာပူးလ်နဲ့ပွဲမှာ ခြေကျင်းဝတ်ပေါ် ဆာဒီယို မာနေးရဲ့ ဝိတ်နဲ့ ပိခဲ့တာကြောင့် ဒဏ်ရာရရှိသွားခဲ့တဲ့ အန်ဂိုလို ကွန်တေဟာ ပြင်သစ်ရဲ့ လူစာရင်းကပါ နုတ်ထွက်ခဲ့ရပါတယ်။ ကွင်းလယ်မှာ ကိုဗာချစ်ကို လိုတာထက်ပိုပြီး အားမကိုးချင်တဲ့ တူဟယ်လ်အတွက် ဆာအူးလ်ကို ရမှဖြစ်တော့မယ်လို့ တောင်းဆိုခဲ့ပုံလည်းရပြီး ဒါကြောင့် မာရီနာအနေနဲ့ မခေါ်တော့ဘူးလို့တောင် အသံထွက်နေတဲ့ စပိန်သားအတွက် အက်သလက်တီကိုနဲ့ ပြန်ညှိခဲ့တာပါ။

၃။ အတွေ့အကြုံနဲ့ ပိုမိုမာကျောစေဖို့
ဆာအူးလ် ညီးရက်ဇ်ဟာ ကွင်းလယ်အဖျက်နဲ့ Box to Box တွေမှာ အကောင်းဆုံးအသုံးပြုနိုင်ပြီး လိုအပ်ရင် ဗဟိုနောက်ခံလူနဲ့ ကွင်းလယ်တိုက်စစ်တွေပါ ကစားနိုင်သူဖြစ်ပါတယ်။ ဒီယေဂို ဆီမီယွန်နီရဲ့ လူစာရင်းမှာ အမာကျောဆုံး ကစားသမားတစ်ဦးဖြစ်သလို ချန်ပီယံလိဂ်နဲ့ လာလီဂါတွေမှာ မှတ်ကျောက်တင်ခံထားတဲ့ ၂၆ နှစ်သားအနေနဲ့ လက်ရှိမှာလည်း ချဲလ်ဆီးကွင်းလယ်က လူတိုင်းထက် ကိုယ်လုံးကိုယ်ထည်နဲ့ အရပ်အမောင်းသာလွန်သူဖြစ်လို့ တိုက်စစ်ကောင်းတဲ့ အသင်းတွေနဲ့တွေ့ရင် သူ့ကို ပိုမိုယုံစားလို့ ရနိုင်မှာပါ။

၄။ ခံစစ်ကနေ တိုက်စစ်ကို အမြန်ကူးပြောင်းနိုင်ဖို့
ဥရောပမှာ အပြည့်စုံဆုံး ကွင်းလယ်လူလို့ ဆိုနေကြပြီး ဘယ်အပိုင်းမှာမှ အားနည်းတယ်လို့ မဆိုနိုင်တဲ့ ကစားသမားရဲ့ အကောင်းဆုံးသော အရည်အသွေးက ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းရာမှာ အသိဉာဏ်မြင့်မားလွန်းပြီး စက္ကန့်ပိုင်းအတွင်း တိုက်စစ်ကို ဘောလုံးတွေ ခင်းကျင်းနိုင်သလို နောက်ကနေ တစ်ပါတည်း လိုက်ပါနိုင်တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီလိုပုံစံက ဆရာကြီးလုပ်ပြီး ဘောလုံးကိုင်ကစားတဲ့ အသင်းတွေကို ထိုးနှက်ဖို့ အကောင်းဆုံးလက်နက်လည်းဖြစ်ပြီး တူဟယ်လ်ရဲ့ ကစားကွက်မှာ ကွန်တေနဲ့ ဂျော်ဂျင်ညိုကို ပေါင်းစပ်ထားတဲ့သူမျိုးအဖြစ် မြင်ရနိုင်ပါတယ်။

၅။ ငွေကြေးချွေတာနိုင်စေဖို့
ဒီနောက်ဆုံးအချက်ကလည်း အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဈေးကြီးတဲ့ ကွင်းလယ်လူကောင်းတွေကြားမှာ ဆာအူးလ်ကို ယူရိုသန်း ၄၀(ပေါင် ၃၄ သန်း)နဲ့ ချက်ချင်း ခေါ်ယူနိုင်တာထက်ကို ချွေတာနိုင်တဲ့အချက်က ကစားသမားရဲ့ အသင်းက သိပ်ကို ထွက်ချင်နေပြီး တားမရဆီးမရ ဖြစ်နေတဲ့ ပုံစံကြောင့် လက်ငင်းမှာ ယူရို ၄ သန်း(ပေါင် ၃.၄ သန်း) တစ်ရာသီ အငှားခေါ်ယူခွင့် ရှိနေတာပါပဲ။ နာမည်ကြီး ကစားသမားတစ်ယောက်ကို အံဝင်မဝင် စမ်းသပ်ပြီးမှ ခေါ်ယူခွင့်ရှိနေတာကလည်း အားသာချက်ဖြစ်ပြီး အပြောင်းအရွှေ့အမှားမျိုးလည်း ဖြစ်မလာနိုင်တော့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဆာအူးလ္ ညီးရက္ဇ္ကို အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ စပိန္ကလပ္ အက္သလက္တီကို မက္ဒရစ္ကေန တစ္ႏွစ္အငွားေၾကး ယူ႐ို ၄ သန္း(ေပါင္ ၃.၄ သန္း) ေပးေခ်ၿပီး ဘာေၾကာင့္ အရေခၚယူခဲ့တာလဲဆိုတာကို ေဘာလုံးကြၽမ္းက်င္သူေတြရဲ႕ အျမင္ ၅ ခ်က္ကို ထုတ္ႏႈတ္ေရးသားေဖာ္ျပလိုက္ပါတယ္။

၁။ အသင္းရဲ႕ လူအင္အားနက္ရႈိင္းေစဖို႔
ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္အထိုင္မွာ ကမာၻ႔အဆင့္ကစား ၂ ဦးအျဖစ္ ေဂ်ာ္ဂ်င္ညိဳနဲ႔ အန္ဂိုလို ကြန္ေတတို႔ႏွစ္ဦးသာ ရွိေနၿပီး မက္တီယို ကိုဗာခ်စ္ကေတာ့ ႏိုင္ငံေတြရဲ႕ အဆင့္အတန္းအရ ခ႐ိုေအးရွားကို ထိပ္တန္းလို႔ မမွတ္ယူႏိုင္ခ်ိန္မွာ တစ္ဆင့္ေလာက္ ေနာက္က်န္ေနတဲ့ ကစားသမားမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ ကြင္းလယ္မွာ ႏွစ္ေယာက္တြဲပဲျဖစ္ျဖစ္ သုံးေယာက္တြဲပဲျဖစ္ျဖစ္ ေဒါင္ေဒါင္ျမည္ ခင္းက်င္းႏိုင္ဖို႔ ဆာအူးလ္ဟာ အေရးပါတဲ့ အစိတ္အပိုင္းျဖစ္လာဖို႔ ရည္႐ြယ္ခဲ့တာပါ။

၂။ ကြန္ေတရဲ႕ ဒဏ္ရာနဲ႔ ပြဲပန္းမႈကို ကာမိေစဖို႔
လီဗာပူးလ္နဲ႔ပြဲမွာ ေျခက်င္းဝတ္ေပၚ ဆာဒီယို မာေနးရဲ႕ ဝိတ္နဲ႔ ပိခဲ့တာေၾကာင့္ ဒဏ္ရာရရွိသြားခဲ့တဲ့ အန္ဂိုလို ကြန္ေတဟာ ျပင္သစ္ရဲ႕ လူစာရင္းကပါ ႏုတ္ထြက္ခဲ့ရပါတယ္။ ကြင္းလယ္မွာ ကိုဗာခ်စ္ကို လိုတာထက္ပိုၿပီး အားမကိုးခ်င္တဲ့ တူဟယ္လ္အတြက္ ဆာအူးလ္ကို ရမွျဖစ္ေတာ့မယ္လို႔ ေတာင္းဆိုခဲ့ပုံလည္းရၿပီး ဒါေၾကာင့္ မာရီနာအေနနဲ႔ မေခၚေတာ့ဘူးလို႔ေတာင္ အသံထြက္ေနတဲ့ စပိန္သားအတြက္ အက္သလက္တီကိုနဲ႔ ျပန္ညႇိခဲ့တာပါ။

၃။ အေတြ႕အႀကဳံနဲ႔ ပိုမိုမာေက်ာေစဖို႔
ဆာအူးလ္ ညီးရက္ဇ္ဟာ ကြင္းလယ္အဖ်က္နဲ႔ Box to Box ေတြမွာ အေကာင္းဆုံးအသုံးျပဳႏိုင္ၿပီး လိုအပ္ရင္ ဗဟိုေနာက္ခံလူနဲ႔ ကြင္းလယ္တိုက္စစ္ေတြပါ ကစားႏိုင္သူျဖစ္ပါတယ္။ ဒီေယဂို ဆီမီယြန္နီရဲ႕ လူစာရင္းမွာ အမာေက်ာဆုံး ကစားသမားတစ္ဦးျဖစ္သလို ခ်န္ပီယံလိဂ္နဲ႔ လာလီဂါေတြမွာ မွတ္ေက်ာက္တင္ခံထားတဲ့ ၂၆ ႏွစ္သားအေနနဲ႔ လက္ရွိမွာလည္း ခ်ဲလ္ဆီးကြင္းလယ္က လူတိုင္းထက္ ကိုယ္လုံးကိုယ္ထည္နဲ႔ အရပ္အေမာင္းသာလြန္သူျဖစ္လို႔ တိုက္စစ္ေကာင္းတဲ့ အသင္းေတြနဲ႔ေတြ႕ရင္ သူ႔ကို ပိုမိုယုံစားလို႔ ရႏိုင္မွာပါ။

၄။ ခံစစ္ကေန တိုက္စစ္ကို အျမန္ကူးေျပာင္းႏိုင္ဖို႔
ဥေရာပမွာ အျပည့္စုံဆုံး ကြင္းလယ္လူလို႔ ဆိုေနၾကၿပီး ဘယ္အပိုင္းမွာမွ အားနည္းတယ္လို႔ မဆိုႏိုင္တဲ့ ကစားသမားရဲ႕ အေကာင္းဆုံးေသာ အရည္အေသြးက ခံစစ္ကေန တိုက္စစ္ကို ကူးေျပာင္းရာမွာ အသိဉာဏ္ျမင့္မားလြန္းၿပီး စကၠန႔္ပိုင္းအတြင္း တိုက္စစ္ကို ေဘာလုံးေတြ ခင္းက်င္းႏိုင္သလို ေနာက္ကေန တစ္ပါတည္း လိုက္ပါႏိုင္တာပဲျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ဒီလိုပုံစံက ဆရာႀကီးလုပ္ၿပီး ေဘာလုံးကိုင္ကစားတဲ့ အသင္းေတြကို ထိုးႏွက္ဖို႔ အေကာင္းဆုံးလက္နက္လည္းျဖစ္ၿပီး တူဟယ္လ္ရဲ႕ ကစားကြက္မွာ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳကို ေပါင္းစပ္ထားတဲ့သူမ်ိဳးအျဖစ္ ျမင္ရႏိုင္ပါတယ္။

၅။ ေငြေၾကးေခြၽတာႏိုင္ေစဖို႔
ဒီေနာက္ဆုံးအခ်က္ကလည္း အေရးပါတဲ့ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ေဈးႀကီးတဲ့ ကြင္းလယ္လူေကာင္းေတြၾကားမွာ ဆာအူးလ္ကို ယူ႐ိုသန္း ၄၀(ေပါင္ ၃၄ သန္း)နဲ႔ ခ်က္ခ်င္း ေခၚယူႏိုင္တာထက္ကို ေခြၽတာႏိုင္တဲ့အခ်က္က ကစားသမားရဲ႕ အသင္းက သိပ္ကို ထြက္ခ်င္ေနၿပီး တားမရဆီးမရ ျဖစ္ေနတဲ့ ပုံစံေၾကာင့္ လက္ငင္းမွာ ယူ႐ို ၄ သန္း(ေပါင္ ၃.၄ သန္း) တစ္ရာသီ အငွားေခၚယူခြင့္ ရွိေနတာပါပဲ။ နာမည္ႀကီး ကစားသမားတစ္ေယာက္ကို အံဝင္မဝင္ စမ္းသပ္ၿပီးမွ ေခၚယူခြင့္ရွိေနတာကလည္း အားသာခ်က္ျဖစ္ၿပီး အေျပာင္းအေ႐ႊ႕အမွားမ်ိဳးလည္း ျဖစ္မလာႏိုင္ေတာ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.