International Match Report Premier League

ပေါ်တူဂီကို နိုင်ပွဲယူပေးပြီး ဂိုးသွင်းသမိုင်းသစ် တစ်သုံးလုံးကိုပါ စံချိန်တင်ခဲ့တဲ့ CR7

၂၀၂၂ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပေါ်တူဂီတောင်ပိုင်းကမ်းခြေမြို့ဖြစ်တဲ့ ဖာရိုက အက်စတာဒီယို အယ်လ်ဂါ့ဗ်မှာ ကစားခဲ့တဲ့ အိုင်ယာလန်နဲ့ပွဲစဉ်မှာ အနိုင်ရရှိဖို့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကပဲ ခေါင်းတိုက်ဂိုးနှစ်ဂိုးနဲ့ ကယ်တင်ခဲ့ရပြန်ပြီး သူ့အတွက် နိုင်ငံတကာအဆင့်မှာ သမိုင်းသစ်ကိုလည်း ရေးထိုးသွားနိုင်ခဲ့ပါတယ်။

တောင်ပံက ဖန်တီးမှုတွေနဲ့ ဖြတ်တင်ဘောတွေက ပေါ်တူဂီတို့အတွက် တော်တော်လေး ဆိုးရွားနေခဲ့တဲ့ပွဲမှာ အိုင်ယာလန်ကတောင်မှ အဝေးကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာ ရှက်ဖီးလ်ဒ်နောက်ခံလူ ဂျွန်အီဂန်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့သလို နိုင်ငံမှာဆို အားကိုးမရတဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကတော့ အလွဲတွေပဲ များနေခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထိုးဖောက်မှုကို အိုင်ယာလန်ကွင်းလယ်လူ ဟန်းဒရစ် အဖျက်ကြမ်းလို့ ရရှိခဲ့တဲ့ ပင်နယ်တီကို ရော်နယ်လ်ဒို ကန်သွင်းခွင့်ရခဲ့ပေမယ့် မန်ချက်စတာစီးတီးလူငယ်ဂိုးသမား ၁၉ နှစ်သားလေး ဂေဗင် ဘာဇူနူက ကာကွယ်သွားနိုင်ခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပြီး ပေါ်တူဂီတို့ နစ်နာခဲ့ရပါတယ်။

ပေါ်တူဂီရဲ့ ဖြတ်တင်ဘောတွေကတော့ ဒီနေ့မှာ တော်တော်လေး ဆိုးရွားနေခဲ့ပြီး လိုရာမရောက်သလို အမြင့်ကနေ မျဉ်းကွေးဆန်ဆန် တင်ပေးရမယ့်အစား တိုက်ရိုက် Flat Ball နဲ့ Low Cross တွေဖြစ်နေလို့ ရော်နယ်လ်ဒိုနဲ့ ဂျိုတာတို့ အသုံးချရခက်ခဲနေချိန်မှာ ပထမပိုင်းမပြီးခင် ပွဲချိန် ၄၅ မိနစ်မှာတော့ အီဂန်က ထောင့်ကန်ဘောကနေ အိုင်ယာလန်တို့အတွက် ဂိုးသွင်းသွားခဲ့တာပါ။

ဒုတိယပိုင်းမှာ ရာဖာ ဆေးလ်ဗားအား အန်ဒရီ ဆေးလ်ဗား၊ ဂွာရဲရိုးအစား နူနို မန်ဒက်စ်၊ ဖာနန်ဒက်စ်အစား ဂျာအို မာရီယို၊ ပယ်လင်ညာအစား မော်တင်ညိုတို့ကို လူစားလဲခဲ့ပေမယ့် ပေါ်တူဂီတို့ ဂိုးပေါက်ကတော့ ရှာမတွေ့နိုင်ခဲ့ဘဲ အဖြေကတော့ ပွဲချိန် ၈၂ မှာ ဝင်လာတဲ့ ဂွန်ဆာလို ဂေးဒက်စ်ဆီမှာ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ လူစားဝင်ကစားသမား ဂေးဒက်စ်ရဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ရော်နယ်လ်ဒိုက သူ့ကို ကပ်ထားတဲ့ အိုင်ယာလန် နောက်ခံလူ ဒပ်ဖီကို ခွာထွက်ပြီး တစ်ဖက်ခံစစ်တွေကြားကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ သူ့ရဲ့ နိုင်ငံအတွက် ဂိုး ၁၁၀ မြောက်နဲ့ ပေါ်တူဂီတို့ သရေပြန်ရရှိခဲ့ပါတယ်။

နာကျင်အချိန်ပို ၆ မိနစ်မှာတော့ ပေါ်တူဂီတို့ ညာခြမ်းကပဲ ထိုးဖောက်လာခဲ့ကြပြီး ဂျာအို မာရီယိုက ဖြတ်တင်ပေးခဲ့ရာမှာ ၃၆ နှစ်သားကြီးကပဲ အိုင်ယာလန်နောက်ခံလူတွေကြားကနေ ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ သူ့ရဲ့ သွင်းဂိုးအရေအတွက်က ၁၁၁ ဂိုးဆိုတဲ့ ကိန်းဂဏန်းနဲ့ လှပခဲ့သလို ပေါ်တူဂီအသင်းပါ နိုင်ပွဲနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဘဝ ပွဲ ၁၈၀ ပြည့်မြောက်တဲ့ ဒီပွဲမှာတော ရော်နယ်လ်ဒိုအနေနဲ့ စံချိန်သစ်ကို တင်ရှိနိုင်ခဲ့တာဖြစ်သလို သူ့ရဲ့ မှတ်တမ်းတွေအရလည်း သွင်းဂိုး ၁၁၁ ဂိုးကို ခွဲစိတ်ကြည့်ရင် ပင်နယ်တီမပါရင် ၉၇ ဂိုး၊ ခြေစမ်းပွဲမပါ ပြိုင်ပွဲကြီးတွေမှာ ၉၁ ဂိုး၊ တည်ကန်ဘောတွေကနေ ရရှိသမျှတွေကို ထည့်မတွက်ဘူးဆိုရင် ၈၇ ဂိုး ရှိခဲ့ပြီး ပွတ်ရှ်ကပ်(ဟန်ဂေရီ၊ ၈၄ ဂိုး)နဲ့ ပီလီ(ဘရာဇီးလ်၊ ၇၇ ဂိုး)တို့ထက်ပါ များပြားနေခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ရလဒ်ကို ဆွဲတင်ပြီး ကူညီကယ်တင်ပေးနိုင်ခဲ့တာကတော့ တစ်ကျော့ပြန်အသင်းသစ် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဂုဏ်ယူစရာနဲ့ အားတက်စရာလည်းဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁၁ ရက်၊ စနေနေ့မှာ နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲထွက်နိုင်မယ့် GOAT အတွက်တော့ ရော်နယ်လ်ဒိုဆိုတဲ့ နာမည်ဟာ နာဇာရီယိုထက် ခရစ္စတီယာနိုနဲ့ ပိုမိုသက်ဆိုင်ကြောင်း ပြသနိုင်ခဲ့တာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၂ ကာတာကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ေပၚတူဂီေတာင္ပိုင္းကမ္းေျခၿမိဳ႕ျဖစ္တဲ့ ဖာ႐ိုက အက္စတာဒီယို အယ္လ္ဂါ့ဗ္မွာ ကစားခဲ့တဲ့ အိုင္ယာလန္နဲ႔ပြဲစဥ္မွာ အႏိုင္ရရွိဖို႔ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကပဲ ေခါင္းတိုက္ဂိုးႏွစ္ဂိုးနဲ႔ ကယ္တင္ခဲ့ရျပန္ၿပီး သူ႔အတြက္ ႏိုင္ငံတကာအဆင့္မွာ သမိုင္းသစ္ကိုလည္း ေရးထိုးသြားႏိုင္ခဲ့ပါတယ္။

ေတာင္ပံက ဖန္တီးမႈေတြနဲ႔ ျဖတ္တင္ေဘာေတြက ေပၚတူဂီတို႔အတြက္ ေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့တဲ့ပြဲမွာ အိုင္ယာလန္ကေတာင္မွ အေဝးကြင္းမွာ စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၅ မိနစ္မွာ ရွက္ဖီးလ္ဒ္ေနာက္ခံလူ ဂြၽန္အီဂန္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ခဲ့သလို ႏိုင္ငံမွာဆို အားကိုးမရတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကေတာ့ အလြဲေတြပဲ မ်ားေနခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ထိုးေဖာက္မႈကို အိုင္ယာလန္ကြင္းလယ္လူ ဟန္းဒရစ္ အဖ်က္ၾကမ္းလို႔ ရရွိခဲ့တဲ့ ပင္နယ္တီကို ေရာ္နယ္လ္ဒို ကန္သြင္းခြင့္ရခဲ့ေပမယ့္ မန္ခ်က္စတာစီးတီးလူငယ္ဂိုးသမား ၁၉ ႏွစ္သားေလး ေဂဗင္ ဘာဇူႏူက ကာကြယ္သြားႏိုင္ခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရၿပီး ေပၚတူဂီတို႔ နစ္နာခဲ့ရပါတယ္။

ေပၚတူဂီရဲ႕ ျဖတ္တင္ေဘာေတြကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့ၿပီး လိုရာမေရာက္သလို အျမင့္ကေန မ်ဥ္းေကြးဆန္ဆန္ တင္ေပးရမယ့္အစား တိုက္႐ိုက္ Flat Ball နဲ႔ Low Cross ေတြျဖစ္ေနလို႔ ေရာ္နယ္လ္ဒိုနဲ႔ ဂ်ိဳတာတို႔ အသုံးခ်ရခက္ခဲေနခ်ိန္မွာ ပထမပိုင္းမၿပီးခင္ ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ အီဂန္က ေထာင့္ကန္ေဘာကေန အိုင္ယာလန္တို႔အတြက္ ဂိုးသြင္းသြားခဲ့တာပါ။

ဒုတိယပိုင္းမွာ ရာဖာ ေဆးလ္ဗားအား အန္ဒရီ ေဆးလ္ဗား၊ ဂြာရဲ႐ိုးအစား ႏူႏို မန္ဒက္စ္၊ ဖာနန္ဒက္စ္အစား ဂ်ာအို မာရီယို၊ ပယ္လင္ညာအစား ေမာ္တင္ညိဳတို႔ကို လူစားလဲခဲ့ေပမယ့္ ေပၚတူဂီတို႔ ဂိုးေပါက္ကေတာ့ ရွာမေတြ႕ႏိုင္ခဲ့ဘဲ အေျဖကေတာ့ ပြဲခ်ိန္ ၈၂ မွာ ဝင္လာတဲ့ ဂြန္ဆာလို ေဂးဒက္စ္ဆီမွာ က်န္ရွိေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ လူစားဝင္ကစားသမား ေဂးဒက္စ္ရဲ႕ ညာေတာင္ပံက ျဖတ္တင္ေဘာကို ေရာ္နယ္လ္ဒိုက သူ႔ကို ကပ္ထားတဲ့ အိုင္ယာလန္ ေနာက္ခံလူ ဒပ္ဖီကို ခြာထြက္ၿပီး တစ္ဖက္ခံစစ္ေတြၾကားကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ သူ႔ရဲ႕ ႏိုင္ငံအတြက္ ဂိုး ၁၁၀ ေျမာက္နဲ႔ ေပၚတူဂီတို႔ သေရျပန္ရရွိခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၆ မိနစ္မွာေတာ့ ေပၚတူဂီတို႔ ညာျခမ္းကပဲ ထိုးေဖာက္လာခဲ့ၾကၿပီး ဂ်ာအို မာရီယိုက ျဖတ္တင္ေပးခဲ့ရာမွာ ၃၆ ႏွစ္သားႀကီးကပဲ အိုင္ယာလန္ေနာက္ခံလူေတြၾကားကေန ေျပးထြက္ၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ သူ႔ရဲ႕ သြင္းဂိုးအေရအတြက္က ၁၁၁ ဂိုးဆိုတဲ့ ကိန္းဂဏန္းနဲ႔ လွပခဲ့သလို ေပၚတူဂီအသင္းပါ ႏိုင္ပြဲနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ဘဝ ပြဲ ၁၈၀ ျပည့္ေျမာက္တဲ့ ဒီပြဲမွာေတာ ေရာ္နယ္လ္ဒိုအေနနဲ႔ စံခ်ိန္သစ္ကို တင္ရွိႏိုင္ခဲ့တာျဖစ္သလို သူ႔ရဲ႕ မွတ္တမ္းေတြအရလည္း သြင္းဂိုး ၁၁၁ ဂိုးကို ခြဲစိတ္ၾကည့္ရင္ ပင္နယ္တီမပါရင္ ၉၇ ဂိုး၊ ေျခစမ္းပြဲမပါ ၿပိဳင္ပြဲႀကီးေတြမွာ ၉၁ ဂိုး၊ တည္ကန္ေဘာေတြကေန ရရွိသမွ်ေတြကို ထည့္မတြက္ဘူးဆိုရင္ ၈၇ ဂိုး ရွိခဲ့ၿပီး ပြတ္ရွ္ကပ္(ဟန္ေဂရီ၊ ၈၄ ဂိုး)နဲ႔ ပီလီ(ဘရာဇီးလ္၊ ၇၇ ဂိုး)တို႔ထက္ပါ မ်ားျပားေနခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ရလဒ္ကို ဆြဲတင္ၿပီး ကူညီကယ္တင္ေပးႏိုင္ခဲ့တာကေတာ့ တစ္ေက်ာ့ျပန္အသင္းသစ္ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ ဂုဏ္ယူစရာနဲ႔ အားတက္စရာလည္းျဖစ္ၿပီး လာမယ့္ စက္တင္ဘာလ ၁၁ ရက္၊ စေနေန႔မွာ နယူးကာဆယ္လ္နဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ပြဲထြက္ႏိုင္မယ့္ GOAT အတြက္ေတာ့ ေရာ္နယ္လ္ဒိုဆိုတဲ့ နာမည္ဟာ နာဇာရီယိုထက္ ခရစၥတီယာႏိုနဲ႔ ပိုမိုသက္ဆိုင္ေၾကာင္း ျပသႏိုင္ခဲ့တာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.