La Liga Ligue1

နံပါတ် ၁၀ ကို အန်ဆူ ဖာတီဆီ ပေးခဲ့တဲ့ ဘာစီလိုနာကြောင့် မက်ဆီပရိသတ်တွေ ပေါက်ကွဲ

ဘာစီလိုနာအသင်းအနေနဲ့ အသင်းကနေ ထွက်ခွာခဲ့ရတဲ့ လီယွန်နယ် မက်ဆီရဲ့ ကျောနံပါတ် ၁၀ ကို ဂုဏ်ပြုတဲ့ အနေနဲ့တောင် တစ်နှစ်လောက် သီးသန့်ဖယ်ရှားထားမပေးဘဲ လူငယ်ကစားသမား အန်ဆူ ဖာတီဆီကို ပေးအပ်လိုက်တဲ့ လုပ်ရပ်ကြောင့် အာဂျင်တီးနားသားကြီးရဲ့ ပရိသတ်နဲ့ နူးကမ့်ပရိသတ်တွေက ပေါက်ကွဲခဲ့ကြပြီး ဒီအသင်းမှာ ပေးဆပ်ခဲ့ရတာတွေက မတန်ဘူးလို့ ဆိုနေကြပါတယ်။

မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းက ထွက်ခွာခဲ့ရတာဟာ သူက အသင်းမှာ နေချင်ပေမယ့် အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေနဲ့ လွဲမှားနေဆဲဖြစ်တဲ့ စီမံခန့်ခွဲမှုကြောင့်လည်းဖြစ်ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းကမှ တိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်းကို အက်သလက်တီကိုဆီ အငှားချခဲ့မှုကြောင့် ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီလိုမျိုး လက်လွတ်စပယ်လုပ်ရပ်ကို ထပ်မံကျူးလွန်ခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ နံပါတ် ၁၀ ကို ရရှိဖို့ မက်ဆီလို ကစားသမားမျိုးတောင်မှ ၄ နှစ် စောင့်ဆိုင်းခဲ့ရချိန်မှာ ဒီနံပါတ်ကို ခြေစွမ်းမြင့်မားတဲ့ စီနီယာ ကစားသမားတွေကို ပေးရမယ့်အစား အသင်းအတွက် ပွဲ ၄၀ သာ ကစားရသေးတဲ့ ၁၈ နှစ်သားကို ပေးအပ်ခဲ့တာကတော့ ပရိသတ်တွေအတွက် စော်ကားသလိုလည်းဖြစ်နေခဲ့တာပါ။

ဘာစီလိုနာပရိသတ်တွေကြားမှာတော့ သူတို့အသင်းအနေနဲ့ ဂန္ထဝင်တွေကို ပိုပြီး တန်ဖိုးထားသင့်တယ်လို့ ဝေဖန်နေကြပြီး နံပါတ် ၁၀ လို အမြတ်တနိုး
ကိုးကွယ်ရမယ့် အရာတစ်ခုကို ဒီလိုကလေးတစ်ယောက်ဆီကို ပေးလိုက်တာဟာ အသင်းရဲ့ ပုံရိပ်၊ ဂုဏ်သိက္ခာနဲ့ အစဉ်အလာမှန်သမျှကို ရိုက်ချိုးပစ်လိုက်တာပဲလို့ ဆိုနေကြပါတယ်။

မက်ဆီရဲ့ ပရိသတ်တွေကတော့ ကာတာလန်သားတွေကိုယ်တိုင် လစာမပေးနိုင်၊ စာချုပ်သစ်မချုပ်နိုင်လို့ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားမှုအပေါ် မကျေနပ်မှုကို ဒီလောက်နဲ့တင် ရပ်တန့်မထားခဲ့ဘဲ အငုံ့စိတ်ကို ပြသပြီး စော်ကားလိုက်တဲ့ လုပ်ရပ်လို့ဆိုနေကြပြီး ထာဝရ အနားပေးသင့်တဲ့ နံပါတ်မျိုးကို တစ်ရာသီလောက် အလွတ်ထားဖို့ မပြောနဲ့၊ ဒီလိုမျိုး လူငယ်တစ်ယောက်ကို ပေးအပ်ခဲ့တာက နားလည်ပေးနိုင်စရာ မရှိဘူးလို့လည်း ဆိုနေကြပါတယ်။

သေချာတာကတော့ ဘာစီလိုနာအသင်းနဲ့ အန်ဆူ ဖာတီတို့အနေနဲ့ ဒီရာသီမှာ လုံးဝခြေလှမ်းမှားလို့ မရတော့သလို မီဒီယာတွေနဲ့ ပရိသတ်တွေရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းကို ခံရတော့မှာဖြစ်ပြီး ဝေဖန်မှု ဗုံးတွေကို ကြဲချဖို့ အဆင်သင့်ဖြစ်နေခဲ့သလို မက်ဆီပရိသတ်တွေနဲ့ နူးကမ့်ကြားမှာ စစ်ကြေငြာမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာနောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ရော်နယ်လ် ကိုးမန်းရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေကလည်း နူးကမ့်ရှေ့ရေးအတွက် ရင်လေးစရာဖြစ်နေပြီး အန်ဆူ ဖာတီကတော့ ဒီရာသီမှာ လုံးဝ ဒဏ်ရာရခွင့်တောင် မရှိတော့ဘဲ ကြိုးစားပြရတော့မှာဖြစ်သလို Daily Mail ကတော့ ဖိအားမရှိဘဲ ခြေစွမ်းပြဖို့ ရေးသားခဲ့ပေမယ့် ဆန့်ကျင်ဘက်လိုပဲ ဖိအားတွေ တစ်လှေကြီးကို အသင်းဥက္ကဋ္ဌ လာပေါ်တာနဲ့အတူ ထမ်းပိုးရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းအေနနဲ႔ အသင္းကေန ထြက္ခြာခဲ့ရတဲ့ လီယြန္နယ္ မက္ဆီရဲ႕ ေက်ာနံပါတ္ ၁၀ ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ေတာင္ တစ္ႏွစ္ေလာက္ သီးသန႔္ဖယ္ရွားထားမေပးဘဲ လူငယ္ကစားသမား အန္ဆူ ဖာတီဆီကို ေပးအပ္လိုက္တဲ့ လုပ္ရပ္ေၾကာင့္ အာဂ်င္တီးနားသားႀကီးရဲ႕ ပရိသတ္နဲ႔ ႏူးကမ့္ပရိသတ္ေတြက ေပါက္ကြဲခဲ့ၾကၿပီး ဒီအသင္းမွာ ေပးဆပ္ခဲ့ရတာေတြက မတန္ဘူးလို႔ ဆိုေနၾကပါတယ္။

မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းက ထြက္ခြာခဲ့ရတာဟာ သူက အသင္းမွာ ေနခ်င္ေပမယ့္ အသင္းရဲ႕ ဘဏၰာေရးအေျခအေနနဲ႔ လြဲမွားေနဆဲ ျဖစ္တဲ့ စီမံခန႔္ခြဲမႈေၾကာင့္လည္းျဖစ္ၿပီး လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းကမွ တိုက္စစ္မႉး အြန္ထြာ ဂရိဇ္မန္းကို အက္သလက္တီကိုဆီ အငွားခ်ခဲ့မႈေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ဒီလိုမ်ိဳး လက္လြတ္စပယ္လုပ္ရပ္ကို ထပ္မံက်ဴးလြန္ခဲ့တာျဖစ္ပါတယ္။

အသင္းရဲ႕ နံပါတ္ ၁၀ ကို ရရွိဖို႔ မက္ဆီလို ကစားသမားမ်ိဳးေတာင္မွ ၄ ႏွစ္ ေစာင့္ဆိုင္းခဲ့ရခ်ိန္မွာ ဒီနံပါတ္ကို ေျခစြမ္းျမင့္မားတဲ့ စီနီယာ ကစားသမားေတြကို ေပးရမယ့္အစား အသင္းအတြက္ ပြဲ ၄၀ သာ ကစားရေသးတဲ့ ၁၈ ႏွစ္သားကို ေပးအပ္ခဲ့တာကေတာ့ ပရိသတ္ေတြအတြက္ ေစာ္ကားသလိုလည္းျဖစ္ေနခဲ့တာပါ။

ဘာစီလိုနာပရိသတ္ေတြၾကားမွာေတာ့ သူတို႔အသင္းအေနနဲ႔ ဂႏၴဝင္ေတြကို ပိုၿပီး တန္ဖိုးထားသင့္တယ္လို႔ ေဝဖန္ေနၾကၿပီး နံပါတ္ ၁၀ လို အျမတ္တႏိုး
ကိုးကြယ္ရမယ့္ အရာတစ္ခုကို ဒီလိုကေလးတစ္ေယာက္ဆီကို ေပးလိုက္တာဟာ အသင္းရဲ႕ ပုံရိပ္၊ ဂုဏ္သိကၡာနဲ႔ အစဥ္အလာမွန္သမွ်ကို ႐ိုက္ခ်ိဳးပစ္လိုက္တာပဲလို႔ ဆိုေနၾကပါတယ္။

မက္ဆီရဲ႕ ပရိသတ္ေတြကေတာ့ ကာတာလန္သားေတြကိုယ္တိုင္ လစာမေပးႏိုင္၊ စာခ်ဳပ္သစ္မခ်ဳပ္ႏိုင္လို႔ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕သြားမႈအေပၚ မေက်နပ္မႈကို ဒီေလာက္နဲ႔တင္ ရပ္တန႔္မထားခဲ့ဘဲ အငုံ႔စိတ္ကို ျပသၿပီး ေစာ္ကားလိုက္တဲ့ လုပ္ရပ္လို႔ဆိုေနၾကၿပီး ထာဝရ အနားေပးသင့္တဲ့ နံပါတ္မ်ိဳးကို တစ္ရာသီေလာက္ အလြတ္ထားဖို႔ မေျပာနဲ႔၊ ဒီလိုမ်ိဳး လူငယ္တစ္ေယာက္ကို ေပးအပ္ခဲ့တာက နားလည္ေပးႏိုင္စရာ မရွိဘူးလို႔လည္း ဆိုေနၾကပါတယ္။

ေသခ်ာတာကေတာ့ ဘာစီလိုနာအသင္းနဲ႔ အန္ဆူ ဖာတီတို႔အေနနဲ႔ ဒီရာသီမွာ လုံးဝေျခလွမ္းမွားလို႔ မရေတာ့သလို မီဒီယာေတြနဲ႔ ပရိသတ္ေတြရဲ႕ မ်က္စိေဒါက္ေထာက္ ေစာင့္ၾကည့္ျခင္းကို ခံရေတာ့မွာျဖစ္ၿပီး ေဝဖန္မႈ ဗုံးေတြကို ႀကဲခ်ဖို႔ အဆင္သင့္ျဖစ္ေနခဲ့သလို မက္ဆီပရိသတ္ေတြနဲ႔ ႏူးကမ့္ၾကားမွာ စစ္ေၾကျငာမႈလည္း ျဖစ္လာခဲ့ပါတယ္။

ဘာစီလိုနာေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ ေရာ္နယ္လ္ ကိုးမန္းရဲ႕ ကစားသမားသစ္ ေခၚယူမႈေတြကလည္း ႏူးကမ့္ေရွ႕ေရးအတြက္ ရင္ေလးစရာျဖစ္ေနၿပီး အန္ဆူ ဖာတီကေတာ့ ဒီရာသီမွာ လုံးဝ ဒဏ္ရာရခြင့္ေတာင္ မရွိေတာ့ဘဲ ႀကိဳးစားျပရေတာ့မွာျဖစ္သလို Daily Mail ကေတာ့ ဖိအားမရွိဘဲ ေျခစြမ္းျပဖို႔ ေရးသားခဲ့ေပမယ့္ ဆန႔္က်င္ဘက္လိုပဲ ဖိအားေတြ တစ္ေလွႀကီးကို အသင္းဥကၠ႒ လာေပၚတာနဲ႔အတူ ထမ္းပိုးရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.