Analysis La Liga Other

တီကိုဆီ ပြန်သွားတဲ့ ဂရိဇ်မန်းရဲ့ခွက်စျေးကြောင့် ဘာဆာပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

ဘာစီလိုနာတိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်းဟာ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းကို ကနဦး တစ်ရာသီအငှားနဲ့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သလို ဘာဆာပရိသတ်တွေကတော့ ပြင်သစ်သားအတွက် အပြီးသတ်ဝယ်ယူခွင့် ပါဝင်တဲ့ ကလပ်နှစ်သင်းကြားက စာချုပ်မှာ ယူရိုသန်း ၄၀ ပမာဏ ထည့်သွင်းထားလို့ မိမိတို့ ဂျင်းထည့်ခံလိုက်ရပြီလို့ လူမှုကွန်ရက်မှာ အကြီးအကျယ်လောင်မြိုက်နေကြတာပါ။

ဘာစီလိုနာအတွက် ၁၀၅ ပွဲကစားပြီး ၃၅ ဂိုးသွင်းယူပေးခဲ့တဲ့ ဂရိဇ်မန်းဟာ ၂၀၁၉ ခုနှစ်က ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂ နှစ်အကြာမှာတော့ အဆိုပါစံချိန်တင်ကြေးရဲ့ ၃ ပုံ ၁ ပုံကိုသာ နူးကမ့်ဘက်က အဖတ်ပြန်ဆယ်နိုင်တော့မှာဖြစ်သလို ဒါက အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒဟာ ဘယ်လောက်တောင် အဆင့်အတန်းမဲ့သလဲဆိုတာ မီးမောင်းထိုးပြခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ခံနေရပါတယ်။

ဘဏ္ဍာရေးအခြေအနေအရ လစာလျှော့ချဖို့ ကြိုးစားနေရတဲ့ ဘာဆာဘက်က “ဟာသ”ဖြစ်ရပ်တွေကို လုပ်ဆောင်နေသလို ဘာဆာပရိသတ်တွေရဲ့ လှောင်ပြောင်ခံဘဝကို ရောက်ရှိနေတာဖြစ်ပြီး တိုက်စစ်မှူး လူးဝစ်ဇ် ဆွာရက်ဇ်ကိုလည်း အသက်အရွယ်ကို အ​ကြောင်းပြပြီး အက်သလက်တီကို မက်ဒရစ်အသင်းဆီ အလွတ်နဲ့ ပို့ပစ်ခဲ့ဖူးတာပါ။

ဒါ့အပြင် အသင်းမှာ ဆက်နေဖို့ ဘာမဆိုလုပ်ခဲ့တဲ့ ဘာစီလိုနာသစ္စာခံ GOAT ကြီး လီယွန်နယ် မက်ဆီကိုလည်း ငွေမရှိတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလွတ်နဲ့ပဲ ထပ်မံလက်လွှတ်ခဲ့ရတဲ့အပြင် အခုတစ်ကြိမ်မှာတော့ ခြေစွမ်းအပြနိုင်ဆုံး မဟုတ်ရင်တောင် ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အရှိန်အဝါတစ်ခုရှိနေတဲ့ ဘလွန်ဒေါ ဆန်ကာတင်စာရင်းဝင် တိုက်စစ်မှူး ဂရိဇ်မန်းကိုပါ အချောင်နှိုက်ခံလိုက်ရပြီလို့ သုံးသပ်နေကြပါတယ်။

ဘာဆာပရိသတ်တစ်ဦးကတော့ ဥက္ကဋ္ဌနှစ်ဆက်ဖြစ်တဲ့ ဟိုဆေး မာရီယာ ဘာတိုမြူနဲ့ ဂျိုအန်း လာပေါ်တာတို့ရဲ့ အဆင့်အတန်းလုံးဝမရှိတဲ့ လုပ်ရပ်မျိုးပဲလို့ ဝေဖန်သွားခဲ့သလို ပေါင်သန်း ၆၀ အောက်ထစ် ရသင့်ကြောင်း ဆိုသွားခဲ့ပြီး နောက်ထပ်တစ်ဦးကတော့ သန်း ၄၀ ဆိုတာ ခွက်စျေးတစ်ခုဖြစ်နေပြီး မိမိတို့အသင်းအနေနဲ့ ပေါ်လင်ညိုလို ကစားသမားမျိုးကိုတောင် သန်း ၄၀ နဲ့ ဝယ်ယူခဲ့ရဖူးကြောင်း တုပ်သွားခဲ့ပါတယ်။

အခြားပရိသတ်တစ်ဦးရဲ့ တွစ်တာက ရေးသားမှုမှာတော့ “ငါတို့အသင်းက ခွေးဖြစ်သွားပြီ။ သန်း ၁၀၀ ကျော်ပေးဝယ်ထားရတဲ့ တိုက်စစ်မှူးမျိုးက သန်း ၄၀ နဲ့ အချိုအချောင် အနှိုက်ခံလိုက်ရ​ပြီ။ ငါတို့ဓားပြတိုက်ခံလိုက်ရတာပဲဟေ့။ တော်ပြီ၊ ဒီနေ့ကစလို့ လာပေါ့တာကို ငါလုံးဝအယုံအကြည်မရှိတော့ဘူး”လို့လည်း ပျစ်ပျစ်နှစ်နှစ် ပေါက်ကွဲသွားခဲ့ပါသေးတယ်။

ဂရိဇ်မန်းနေရာမှာ အစားထိုးဖို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ဆီဗီလာတိုက်စစ်မှူး လုခ် ဒီဂျောင်ကို တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့သလို နောက်နှစ်ဇွန်လမှာ အပြီးသတ်ဝယ်ယူခွင့် ပါဝင်နေပြီး အသက် ၃၁ နှစ်သားအနေနဲ့ ပြီးခဲ့တဲ့နှစ်ရာသီအတွင်း ဆီဗီလားမှာ အကောင်းဆုံးခြေစွမ်းကိုတော့ မပြသနိုင်ခဲ့ဘဲ လာလီဂါ ၆၉ ပွဲမှာ ၁၀ ဂိုးသာရထားသလို နည်းပြ ကိုးမန်းအပြင် မမ်းဖစ္စ ဒီပိုင်းနဲ့ပါ ဒတ်ချ်တွေ ပေါင်းစည်းမယ့် အလားအလာကိုတော့ စောင့်ကြည့်ရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာတိုက္စစ္မႉး အြန္ထြာ ဂရိဇ္မန္းဟာ အသင္းေဟာင္း အက္သလက္တီကို မက္ဒရစ္အသင္းကို ကနဦး တစ္ရာသီအငွားနဲ႔ အံ့အားသင့္ဖြယ္ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္သလို ဘာဆာပရိသတ္ေတြကေတာ့ ျပင္သစ္သားအတြက္ အၿပီးသတ္ဝယ္ယူခြင့္ ပါဝင္တဲ့ ကလပ္ႏွစ္သင္းၾကားက စာခ်ဳပ္မွာ ယူ႐ိုသန္း ၄၀ ပမာဏ ထည့္သြင္းထားလို႔ မိမိတို႔ ဂ်င္းထည့္ခံလိုက္ရၿပီလို႔ လူမႈကြန္ရက္မွာ အႀကီးအက်ယ္ေလာင္ၿမိဳက္ေနၾကတာပါ။

ဘာစီလိုနာအတြက္ ၁၀၅ ပြဲကစားၿပီး ၃၅ ဂိုးသြင္းယူေပးခဲ့တဲ့ ဂရိဇ္မန္းဟာ ၂၀၁၉ ခုႏွစ္က ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၁၂၀ နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ၂ ႏွစ္အၾကာမွာေတာ့ အဆိုပါစံခ်ိန္တင္ေၾကးရဲ႕ ၃ ပုံ ၁ ပုံကိုသာ ႏူးကမ့္ဘက္က အဖတ္ျပန္ဆယ္ႏိုင္ေတာ့မွာျဖစ္သလို ဒါက အသင္းရဲ႕ အေျပာင္းအေ႐ႊ႕မူဝါဒဟာ ဘယ္ေလာက္ေတာင္ အဆင့္အတန္းမဲ့သလဲဆိုတာ မီးေမာင္းထိုးျပခဲ့ျခင္းျဖစ္ေၾကာင္း ေဝဖန္ခံေနရပါတယ္။

ဘ႑ာေရးအေျခအေနအရ လစာေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနရတဲ့ ဘာဆာဘက္က “ဟာသ”ျဖစ္ရပ္ေတြကို လုပ္ေဆာင္ေနသလို ဘာဆာပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ခံဘဝကို ေရာက္ရွိေနတာျဖစ္ၿပီး တိုက္စစ္မႉး လူးဝစ္ဇ္ ဆြာရက္ဇ္ကိုလည္း အသက္အ႐ြယ္ကို အ​ေၾကာင္းျပၿပီး အက္သလက္တီကို မက္ဒရစ္အသင္းဆီ အလြတ္နဲ႔ ပို႔ပစ္ခဲ့ဖူးတာပါ။

ဒါ့အျပင္ အသင္းမွာ ဆက္ေနဖို႔ ဘာမဆိုလုပ္ခဲ့တဲ့ ဘာစီလိုနာသစၥာခံ GOAT ႀကီး လီယြန္နယ္ မက္ဆီကိုလည္း ေငြမရွိေတာ့ဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အလြတ္နဲ႔ပဲ ထပ္မံလက္လႊတ္ခဲ့ရတဲ့အျပင္ အခုတစ္ႀကိမ္မွာေတာ့ ေျခစြမ္းအျပႏိုင္ဆုံး မဟုတ္ရင္ေတာင္ ကမာၻ႔ဖလားခ်န္ပီယံအျဖစ္ အရွိန္အဝါတစ္ခုရွိေနတဲ့ ဘလြန္ေဒါ ဆန္ကာတင္စာရင္းဝင္ တိုက္စစ္မႉး ဂရိဇ္မန္းကိုပါ အေခ်ာင္ႏႈိက္ခံလိုက္ရၿပီလို႔ သုံးသပ္ေနၾကပါတယ္။

ဘာဆာပရိသတ္တစ္ဦးကေတာ့ ဥကၠ႒ႏွစ္ဆက္ျဖစ္တဲ့ ဟိုေဆး မာရီယာ ဘာတိုျမဴနဲ႔ ဂ်ိဳအန္း လာေပၚတာတို႔ရဲ႕ အဆင့္အတန္းလုံးဝမရွိတဲ့ လုပ္ရပ္မ်ိဳးပဲလို႔ ေဝဖန္သြားခဲ့သလို ေပါင္သန္း ၆၀ ေအာက္ထစ္ ရသင့္ေၾကာင္း ဆိုသြားခဲ့ၿပီး ေနာက္ထပ္တစ္ဦးကေတာ့ သန္း ၄၀ ဆိုတာ ခြက္ေစ်းတစ္ခုျဖစ္ေနၿပီး မိမိတို႔အသင္းအေနနဲ႔ ေပၚလင္ညိဳလို ကစားသမားမ်ိဳးကိုေတာင္ သန္း ၄၀ နဲ႔ ဝယ္ယူခဲ့ရဖူးေၾကာင္း တုပ္သြားခဲ့ပါတယ္။

အျခားပရိသတ္တစ္ဦးရဲ႕ တြစ္တာက ေရးသားမႈမွာေတာ့ “ငါတို႔အသင္းက ေခြးျဖစ္သြားၿပီ။ သန္း ၁၀၀ ေက်ာ္ေပးဝယ္ထားရတဲ့ တိုက္စစ္မႉးမ်ိဳးက သန္း ၄၀ နဲ႔ အခ်ိဳအေခ်ာင္ အႏႈိက္ခံလိုက္ရ​ၿပီ။ ငါတို႔ဓားျပတိုက္ခံလိုက္ရတာပဲေဟ့။ ေတာ္ၿပီ၊ ဒီေန႔ကစလို႔ လာေပါ့တာကို ငါလုံးဝအယုံအၾကည္မရွိေတာ့ဘူး”လို႔လည္း ပ်စ္ပ်စ္ႏွစ္ႏွစ္ ေပါက္ကြဲသြားခဲ့ပါေသးတယ္။

ဂရိဇ္မန္းေနရာမွာ အစားထိုးဖို႔ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက ဆီဗီလာတိုက္စစ္မႉး လုခ္ ဒီေဂ်ာင္ကို တစ္ရာသီအငွားနဲ႔ ျပန္လည္ေခၚယူႏိုင္ခဲ့သလို ေနာက္ႏွစ္ဇြန္လမွာ အၿပီးသတ္ဝယ္ယူခြင့္ ပါဝင္ေနၿပီး အသက္ ၃၁ ႏွစ္သားအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ရာသီအတြင္း ဆီဗီလားမွာ အေကာင္းဆုံးေျခစြမ္းကိုေတာ့ မျပသႏိုင္ခဲ့ဘဲ လာလီဂါ ၆၉ ပြဲမွာ ၁၀ ဂိုးသာရထားသလို နည္းျပ ကိုးမန္းအျပင္ မမ္းဖစၥ ဒီပိုင္းနဲ႔ပါ ဒတ္ခ်္ေတြ ေပါင္းစည္းမယ့္ အလားအလာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.