Analysis Other Premier League

အာဆင်နယ်အသင်းက ခေါ်ယူလိုက်တဲ့ ဂျပန်သား တိုမီယာစုအကြောင်း သိကောင်းစရာ ၇ ချက်

အာဆင်နယ်အသင်းဟာ စီးရီးအေကလပ် ဘိုလော့ညာအသင်းကနေ အသက် ၂၂ နှစ်အရွယ် ဂျပန်သားလေး တာကဲဟီရို တိုမီယာစုကို ခေါ်ယူနိုင်ခဲ့ပြီလို့ သိရသလို အဆိုပါနောက်ခံလူနဲ့ ပတ်သက်လို့ သိကောင်းဖွယ်ရာအချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။ သူဟာ ဒီရာသီမှာ နည်းပြ မီခေးလ် အာတီတာရဲ့ ၆ ဦးမြောက် လူသစ်ကစားသမားအဖြစ်လည်း အင်အားဖြည့်လာခဲ့ခြင်းပါ။

၇။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ အထင်ကြီးစရာကောင်းနေတယ်
အရပ် ၆ ပေ ၂ လက်မမြင်တဲ့ ((မန်စီးတီးမှ ဒီးယက်စ်ထက်တောင် မဆိုစလောက်ပိုမြင့်တဲ့) ဂျပန်သားဟာ ခံစစ်ကြောင်းအတွက် ရှိန်လောက်စရာတံတိုင်းကြီးတခုလို့ ဆိုရမှာပါ။ ကစားပွဲကို ပိုပြီးလွှမ်းမိုးနိုင်စေတဲ့အားသာချက်ကနေ အမြန်နှုန်းနဲ့ ခွန်အားကလည်း ကြောက်ခမန်းလိလိပိုင်ဆိုင်ထားသလို အမြင့်ဘောကျွမ်းကျင်မှုကလည်း ပင်နယ်တီဧရိယာထဲမှာ သိပ်ကိုအားကိုးစရာကောင်းစေသလို ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ မိနစ် ၉၀ ပြည့်တိုင်း အမြင့်ဘောအသာစီးရယူမှု ၃ ကြိမ်အထိ ပြုလုပ်အောင်မြင်ထားတာကိုလည်း တွေ့ရပါတယ်။

၆။ စွယ်စုံရ ကစားသမား
ပြီးခဲ့တဲ့ရာသီရဲ့ ပြိုင်ပွဲစုံမှာ သူက ဗဟိုခံစစ်မှူးအဖြစ် ၁၇ ပွဲ၊ ညာနောက်ခံလူနေရာမှာ ၁၄ ပွဲနဲ့ ဘယ်နောက်ခံလူနေရာမှာ ၂ ပွဲကစားထားခဲ့သူပါ။ အသက် ၂၂ နှစ်သားဟာ ဘယ်​​ခြေညာခြေမရွေးအားသန်သူဖြစ်သလို ရုပ်ပိုင်းဆိုင်ရာအရ မာကျောမှု၊ ခံစစ်ပိုင်းနေရာယူမှုအမြင်စူးရှမှု၊ နည်းစနစ်ပိုင်းကျေညက်မှုကို လျင်မြင်ဖျတ်လတ်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဒီနေ့ခေတ်သစ်ဘောလုံးလောကရဲ့တောင်းဆိုမှုနဲ့ အံအဝင်ဆုံးနောက်ခံလူတဦးလို့ ဆိုရမှာပါ။

၅။ ဆယ်ကျော်သက်ဘဝကတည်းက ဥရောပမှာကျင်လည်နေသူ
တိုမီယာစုက အသက် ၁၉ နှစ်သားမှာပဲ ဂျပန်ကိုစွန့်ခွာပြီး ဘယ်လ်ဂျီယမ်ကို ရောက်ရှိလာခဲ့တယ်။ ပရိုလိဂ်ကလပ်အသင်းဖြစ်တဲ့ Sint-Truiden အသင်းနဲ့ ၂၀၁၈ ဇန်နဝါရီလမှာ စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ ရာသီပြည့်ပွဲထွက်ကစားနိုင်ခဲ့ပြီး ၂၀၁၉ နွေမှာတော့ စီးရီးအေကလပ် ဘိုလော့ညာအသင်းက သူ့ကို အရခေါ်ယူသွားနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရို ၉ သန်း ပေးချေခဲ့ပါတယ်။

၄။ ဂျပန်လက်ရွေးစင်အဆင့်အဆင့်ကို ကိုယ်စားပြုနိုင်ခဲ့သူ
သူက အသက် ၁၃ နှစ်အရွယ်ကတည်းက ဂျပန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုနိုင်ခဲ့တဲ့ကစားသမားပါ။ ယူ ၁၄ အသင်းကစလို့ စီနီယာလက်ရွေးစင်အဆင့်အထိ တဆင့်ချင်းတက်လာခဲ့သူဖြစ်သလို ဂျပန်အသင်းအတွက် အသက်အရွယ်အဆင့်တိုင်းမှာ ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသလို ၂၀၁၆ ခုနှစ်က ယူ၁၉ အသင်းနဲ့အတူ အာရှဘောလုံးဖက်ဒရေးရှင်းချန်ပီယံဖြစ်ခဲ့ပါတယ်။

အသက် ၂၂ မှာတော့ သူက စီနီယာလက်ရွေးစင်အဆင့်မှာ ၂၃ ပွဲအထိ ကစားပြီးဖြစ်သလို ၁ ဂိုးသွင်းယူထားကာ ပထမဦးစားပေးလူစာရင်းမှာ တစ်ပေးရွေးချယ်ခံနေရသူပါ။ ဆောက်သမ်တန်ကစားသမားဟောင်း မာယာ ယိုရှီဒါနဲ့အတူ ဗဟိုခံစစ်မှာ တွဲဖက်ကစားပြီး ပြီးခဲ့တဲ့ မတ်လက မွန်ဂိုလီးယားအသင်းကို အံ့အားသင့်ဖွယ်ရာ ၁၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါသေးတယ်။

၃။ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစား
၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ ဂျပန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရသူဖြစ်ပြီး အုပ်စုအဆင့်နောက်ဆုံးပွဲစဥ်မှာ ပြင်သစ်အသင်းကို ၄ ဂိုးပြတ်နဲ့တီးခဲ့ဖူးပြီး သူက မိနစ် ၉၀ အပြည့် ဝင်ကစားထားခဲ့ပါသေးတယ်။ ကွာတားဖိုင်နယအဆင့်နဲ့ တတိယနေရာလုပွဲတွေမှာ ဝင်ကစားခဲ့သလို အသင်းက ရွေတံဆိပ်နဲ့တော့ လွဲချော်ခဲ့ရပါတယ်။

၂။ ဆယ်စုနှစ်အတွင်း အကောင်းဆုံးအာရှအသင်းမှာ ရွေးချယ်ခံထားရသူ၊ အာရှတိုက်ဂုဏ်ဆောင်ကစားသမား
ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာလကမှ ဂျပန်လက်ရွေးစင်အသင်းကြီးနဲ့အတူ ပွဲဦးထွက်ခဲ့တဲ့ အသက် ၂၂ နှစ်သားကို ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ဆယ်စုနှစ်တခုအတွင်း အကောင်းဆုံး အာရှဘောလုံး ကွန်ဖက်ဒရေးရှင်းအသင်းမှာ ရွေးချယ်ထားခဲ့ပြီဖြစ်သလို ယိုရှိဒါ၊ ဟွန်ဒါ၊ ဆွန်ဟောင်မင်တို့နဲ့အတူ အာရှတိုက်ဂုဏ်ဆောင်အဖြစ် ဒီလူစာရင်းမှာ ပါဝင်လာခဲ့ကြတာပါ။

၁။ ဖီဖာအဆင့်သတ်မှတ်ချက်နဲ့ အလားအလာ
FIFA 21 Career Mode မှာတော့ သူက သိပ်ကိုစည်းကမ်းသေသပ်ပြီး သန့်ရှင်းတဲ့ကစားသမားအဖြစ် လယ်ဗယ် ၇၅ အဆင့်သတ်မှတ်ခံထားရသလို ၈၅ အထိ တက်လာဖို့လည်း မျှော်မှန်းခံထားရပါတယ်။ မြန်ဆန်သူ၊ သန်မာသူ၊ ကြံ့ခိုင်သူ၊ အားကိုးစရာကောင်းပြီး ခံစစ်ကို နောက်ကျောလုံစေသူ… စသဖြင့် ဒီလိုဂုဏ်ပုဒ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျပန်နောက်ခံလူရဲ့ ခြေစွမ်းခြေစနဲ့ တောက်ပနေတဲ့ အလားအလာကောင်းကို အာဆင်နယ်အသင်းရဲ့ လာမယ့်အနာဂတ်သစ်မှာ ဆက်လက်စောင့်ကြည့်သွားကြရတော့မှာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းဟာ စီးရီးေအကလပ္ ဘိုေလာ့ညာအသင္းကေန အသက္ ၂၂ ႏွစ္အ႐ြယ္ ဂ်ပန္သားေလး တာကဲဟီ႐ို တိုမီယာစုကို ေခၚယူႏိုင္ခဲ့ၿပီလို႔ သိရသလို အဆိုပါေနာက္ခံလူနဲ႔ ပတ္သက္လို႔ သိေကာင္းဖြယ္ရာအခ်က္ေတြကို တင္ဆက္ေပးသြားခ်င္ပါတယ္။ သူဟာ ဒီရာသီမွာ နည္းျပ မီေခးလ္ အာတီတာရဲ႕ ၆ ဦးေျမာက္ လူသစ္ကစားသမားအျဖစ္လည္း အင္အားျဖည့္လာခဲ့ျခင္းပါ။

၇။ ႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈမွာ အထင္ႀကီးစရာေကာင္းေနတယ္
အရပ္ ၆ ေပ ၂ လက္မျမင္တဲ့ ((မန္စီးတီးမွ ဒီးယက္စ္ထက္ေတာင္ မဆိုစေလာက္ပိုျမင့္တဲ့) ဂ်ပန္သားဟာ ခံစစ္ေၾကာင္းအတြက္ ရွိန္ေလာက္စရာတံတိုင္းႀကီးတခုလို႔ ဆိုရမွာပါ။ ကစားပြဲကို ပိုၿပီးလႊမ္းမိုးႏိုင္ေစတဲ့အားသာခ်က္ကေန အျမန္ႏႈန္းနဲ႔ ခြန္အားကလည္း ေၾကာက္ခမန္းလိလိပိုင္ဆိုင္ထားသလို အျမင့္ေဘာကြၽမ္းက်င္မႈကလည္း ပင္နယ္တီဧရိယာထဲမွာ သိပ္ကိုအားကိုးစရာေကာင္းေစသလို ၿပီးခဲ့တဲ့ရာသီက စီးရီးေအမွာ မိနစ္ ၉၀ ျပည့္တိုင္း အျမင့္ေဘာအသာစီးရယူမႈ ၃ ႀကိမ္အထိ ျပဳလုပ္ေအာင္ျမင္ထားတာကိုလည္း ေတြ႕ရပါတယ္။

၆။ စြယ္စုံရ ကစားသမား
ၿပီးခဲ့တဲ့ရာသီရဲ႕ ၿပိဳင္ပြဲစုံမွာ သူက ဗဟိုခံစစ္မႉးအျဖစ္ ၁၇ ပြဲ၊ ညာေနာက္ခံလူေနရာမွာ ၁၄ ပြဲနဲ႔ ဘယ္ေနာက္ခံလူေနရာမွာ ၂ ပြဲကစားထားခဲ့သူပါ။ အသက္ ၂၂ ႏွစ္သားဟာ ဘယ္​​ေျခညာေျခမေ႐ြးအားသန္သူျဖစ္သလို ႐ုပ္ပိုင္းဆိုင္ရာအရ မာေက်ာမႈ၊ ခံစစ္ပိုင္းေနရာယူမႈအျမင္စူးရွမႈ၊ နည္းစနစ္ပိုင္းေက်ညက္မႈကို လ်င္ျမင္ဖ်တ္လတ္မႈေတြနဲ႔ ေပါင္းစပ္လိုက္တဲ့အခါ ဒီေန႔ေခတ္သစ္ေဘာလုံးေလာကရဲ႕ေတာင္းဆိုမႈနဲ႔ အံအဝင္ဆုံးေနာက္ခံလူတဦးလို႔ ဆိုရမွာပါ။

၅။ ဆယ္ေက်ာ္သက္ဘဝကတည္းက ဥေရာပမွာက်င္လည္ေနသူ
တိုမီယာစုက အသက္ ၁၉ ႏွစ္သားမွာပဲ ဂ်ပန္ကိုစြန္႔ခြာၿပီး ဘယ္လ္ဂ်ီယမ္ကို ေရာက္ရွိလာခဲ့တယ္။ ပ႐ိုလိဂ္ကလပ္အသင္းျဖစ္တဲ့ Sint-Truiden အသင္းနဲ႔ ၂၀၁၈ ဇန္နဝါရီလမွာ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တယ္။ ရာသီျပည့္ပြဲထြက္ကစားႏိုင္ခဲ့ၿပီး ၂၀၁၉ ေႏြမွာေတာ့ စီးရီးေအကလပ္ ဘိုေလာ့ညာအသင္းက သူ႔ကို အရေခၚယူသြားႏိုင္ခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၉ သန္း ေပးေခ်ခဲ့ပါတယ္။

၄။ ဂ်ပန္လက္ေ႐ြးစင္အဆင့္အဆင့္ကို ကိုယ္စားျပဳႏိုင္ခဲ့သူ
သူက အသက္ ၁၃ ႏွစ္အ႐ြယ္ကတည္းက ဂ်ပန္လက္ေ႐ြးစင္အသင္းကို ကိုယ္စားျပဳႏိုင္ခဲ့တဲ့ကစားသမားပါ။ ယူ ၁၄ အသင္းကစလို႔ စီနီယာလက္ေ႐ြးစင္အဆင့္အထိ တဆင့္ခ်င္းတက္လာခဲ့သူျဖစ္သလို ဂ်ပန္အသင္းအတြက္ အသက္အ႐ြယ္အဆင့္တိုင္းမွာ ေ႐ြးခ်ယ္ျခင္းခံခဲ့ရေၾကာင္း သိရသလို ၂၀၁၆ ခုႏွစ္က ယူ၁၉ အသင္းနဲ႔အတူ အာရွေဘာလုံးဖက္ဒေရးရွင္းခ်န္ပီယံျဖစ္ခဲ့ပါတယ္။

အသက္ ၂၂ မွာေတာ့ သူက စီနီယာလက္ေ႐ြးစင္အဆင့္မွာ ၂၃ ပြဲအထိ ကစားၿပီးျဖစ္သလို ၁ ဂိုးသြင္းယူထားကာ ပထမဦးစားေပးလူစာရင္းမွာ တစ္ေပးေ႐ြးခ်ယ္ခံေနရသူပါ။ ေဆာက္သမ္တန္ကစားသမားေဟာင္း မာယာ ယိုရွီဒါနဲ႔အတူ ဗဟိုခံစစ္မွာ တြဲဖက္ကစားၿပီး ၿပီးခဲ့တဲ့ မတ္လက မြန္ဂိုလီးယားအသင္းကို အံ့အားသင့္ဖြယ္ရာ ၁၄ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ပါေသးတယ္။

၃။ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ပါဝင္ကစား
၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲရဲ႕ ဂ်ပန္လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံထားရသူျဖစ္ၿပီး အုပ္စုအဆင့္ေနာက္ဆုံးပြဲစဥ္မွာ ျပင္သစ္အသင္းကို ၄ ဂိုးျပတ္နဲ႔တီးခဲ့ဖူးၿပီး သူက မိနစ္ ၉၀ အျပည့္ ဝင္ကစားထားခဲ့ပါေသးတယ္။ ကြာတားဖိုင္နယအဆင့္နဲ႔ တတိယေနရာလုပြဲေတြမွာ ဝင္ကစားခဲ့သလို အသင္းက ေ႐ြတံဆိပ္နဲ႔ေတာ့ လြဲေခ်ာ္ခဲ့ရပါတယ္။

၂။ ဆယ္စုႏွစ္အတြင္း အေကာင္းဆုံးအာရွအသင္းမွာ ေ႐ြးခ်ယ္ခံထားရသူ၊ အာရွတိုက္ဂုဏ္ေဆာင္ကစားသမား
ၿပီးခဲ့တဲ့ ၂၀၁၈ ေအာက္တိုဘာလကမွ ဂ်ပန္လက္ေ႐ြးစင္အသင္းႀကီးနဲ႔အတူ ပြဲဦးထြက္ခဲ့တဲ့ အသက္ ၂၂ ႏွစ္သားကို ၂၀၁၁ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အတြင္း ဆယ္စုႏွစ္တခုအတြင္း အေကာင္းဆုံး အာရွေဘာလုံး ကြန္ဖက္ဒေရးရွင္းအသင္းမွာ ေ႐ြးခ်ယ္ထားခဲ့ၿပီျဖစ္သလို ယိုရွိဒါ၊ ဟြန္ဒါ၊ ဆြန္ေဟာင္မင္တို႔နဲ႔အတူ အာရွတိုက္ဂုဏ္ေဆာင္အျဖစ္ ဒီလူစာရင္းမွာ ပါဝင္လာခဲ့ၾကတာပါ။

၁။ ဖီဖာအဆင့္သတ္မွတ္ခ်က္နဲ႔ အလားအလာ
FIFA 21 Career Mode မွာေတာ့ သူက သိပ္ကိုစည္းကမ္းေသသပ္ၿပီး သန္႔ရွင္းတဲ့ကစားသမားအျဖစ္ လယ္ဗယ္ ၇၅ အဆင့္သတ္မွတ္ခံထားရသလို ၈၅ အထိ တက္လာဖို႔လည္း ေမွ်ာ္မွန္းခံထားရပါတယ္။ ျမန္ဆန္သူ၊ သန္မာသူ၊ ႀကံ့ခိုင္သူ၊ အားကိုးစရာေကာင္းၿပီး ခံစစ္ကို ေနာက္ေက်ာလုံေစသူ… စသျဖင့္ ဒီလိုဂုဏ္ပုဒ္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဂ်ပန္ေနာက္ခံလူရဲ႕ ေျခစြမ္းေျခစနဲ႔ ေတာက္ပေနတဲ့ အလားအလာေကာင္းကို အာဆင္နယ္အသင္းရဲ႕ လာမယ့္အနာဂတ္သစ္မွာ ဆက္လက္ေစာင့္ၾကည့္သြားၾကရေတာ့မွာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.