Premier League Transfer News

ပရီးမီးယားလိဂ် Deadline Day အပြီးသတ် အပြောင်းအရွှေ့များ စုစည်းမှု

– တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်က စိတ်ဝင်စားခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ အီမာဆန် ရွိုင်ရယ်လ်ကို ခေါ်ယူနိုင်ခဲ့ပြီး ဘရာဇီးလ်သားအတွက် ပေါင် ၂၁.၅ သန်း ပေးချေခဲ့ရသလို အသင်းရဲ့ အိုင်ဗရီကို့စ်နောက်ခံလူ ဆာ့ဂျ် အော်ရီယေးကိုတော့ စာချုပ်ဖျက်သိမ်းသွားခဲ့။

– ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်အသင်းဆီ အငှားနဲ့ လာရောက်ကစားခဲ့တဲ့ အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမားဟောင်း အဒီမိုလာ လွတ်ခ်မန်းကို လက်စတာစီးတီးအသင်းက RB လိုက်ပ်ဇစ်အသင်းဆီကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့ ကွင်းလယ်လူ ဒင်းနစ် ပရက်ကိုတော့ စီးရီးအေကလပ် တိုရီနိုဆီ ပြန်လည်အငှားချသွားခဲ့။

– ဂီတာဖေးအသင်းမှာ ခြေစွမ်းပြနေတဲ့ စပိန်ဘယ်နောက်ခံလူ မာ့ခ် ကူကူရဲလားအတွက် ဘရိုက်တန်အသင်းအနေနဲ့ ကြီးကြီးမားမား ရင်းနှီး မြှုပ်နှံလိုက်ပြီး စာချုပ်လျော်ကြေး ယူရို ၁၈ သန်း (ပေါင် ၁၅.၄ သန်း)ကို ပေးချေခဲ့သလို အသင်းရဲ့ အဓိက ကစားသမားအဖြစ် နေရာပေးသွားဖို့ရှိနေ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ ရုရှားပရီးမီးယားလိဂ်ကလပ် စပါးတပ် မော်စကိုအသင်းရဲ့ ကွင်းလယ်လူ အဲလက်စ် ခရယ်လ်ကို တစ်ရာသီ အငှားနဲ့ ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းရရှိနိုင်ခဲ့ပြီး CSKA မော်စကိုအသင်းရဲ့ ကွင်းလယ်တိုက်စစ်သမား နီကိုလာ ဗလာရှစ်ချ်ကိုလည်း ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ + အနာဂတ်ခံစားခွင့် ယူရို ၉ သန်းနဲ့ ခေါ်ယူနိုင်ခဲ့။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတချို့က စိတ်ဝင်စားခဲ့ဖူးတဲ့ ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းနဲ့ အနာဂတ်ခံစားခွင့် ပေါင် ၄.၅ သန်း ထည့်သွင်းပြီး ၄ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့သလို နည်းပြ ပက်ထရစ် ဗီယာရာအတွက် အားတက်စရာဖြစ်လာ။

– အဲဗာတန်အသင်းအနေနဲ့ ဈေးကွက်ထဲမှာ ပါးနပ်လွန်းတဲ့ ပေါချောင်ကောင်း ခေါ်ယူမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး သူတို့ရဲ့ ပေါင်တစ်သန်းခွဲတန် တိုက်စစ်မှူး ဒီမာရိုင် ဂရေးက ခြေစွမ်းပြနေချိန်မှာ တရုတ်ဆူပါလိဂ်ကလပ် တလျန်တိုက်စစ်မှူး ဆလိုမွန် ရွန်ဒွန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး နည်းပြ ဘင်နီတက်ဇ်နဲ့ နယူးကာဆယ်လ်၊ တလျန်အသင်းတွေနဲ့အပြီး တတိယအကြိမ် လက်တွဲမှုဖြစ်လာ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲမှာ ၂ ပွဲ ပွဲထွက်ခွင့်ရခဲ့လို့ အမာခံတစ်ယောက် ဖြစ်လာတော့မယ်လို့ ထင်မြင်နေကြတဲ့ တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်ကို လိဒ်စ်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ရောင်းချသွားခဲ့ပြီး လိုအပ်နေတဲ့ ကွင်းလယ်အဖျက်ကစားသမားကိုတော့ မရရှိဘဲ လွဲချော်ခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားပုံ လျော့ရဲနေလို့ ဝေဖန်ခံနေရတဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို လာလီဂါကလပ် ရီးရဲလ်ဘက်တစ်ဆီကို တစ်ရာသီအငှားနဲ့ ပို့ဆောင်နိုင်ခဲ့ပြီး ကစားသမားအနေနဲ့ သူ့ရဲ့ ငယ်ဘဝက အားပေးခဲ့တဲ့ အသင်းကို သွားရောက်ခွင့် အတွက် လစာလျှော့ယူသွားခဲ့။

– ချဲလ်ဆီးအသင်းအနေနဲ့ နောက်ဆုံးနေ့မှာ လူငယ်ကွင်းလယ်အဖျက်ကစားသမား အီသန် အမ်ပါဒူးကို ဆာအူးလ် ညီးရက်ဇ် ရောက်လာလို့ အငှားချသွားနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားခွင့်မရတဲ့ လုပ်ခမြင့် ကစားသမားတွေဖြစ်ကြတဲ့ ရော့စ် ဘာကလီနဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ်တို့ကို ရှင်းမထုတ်နိုင်ဘဲ ပိုက်ဘောမိသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္က စိတ္ဝင္စားခဲ့တဲ့ ဘာစီလိုနာေနာက္ခံလူ အီမာဆန္ ႐ြိဳင္ရယ္လ္ကို ေခၚယူႏိုင္ခဲ့ၿပီး ဘရာဇီးလ္သားအတြက္ ေပါင္ ၂၁.၅ သန္း ေပးေခ်ခဲ့ရသလို အသင္းရဲ႕ အိုင္ဗရီကို႔စ္ေနာက္ခံလူ ဆာ့ဂ်္ ေအာ္ရီေယးကိုေတာ့ စာခ်ဳပ္ဖ်က္သိမ္းသြားခဲ့။

– ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္မွာ ဖူလ္ဟမ္အသင္းဆီ အငွားနဲ႔ လာေရာက္ကစားခဲ့တဲ့ အဂၤလန္ ယူ-၂၁ ေတာင္ပံကစားသမားေဟာင္း အဒီမိုလာ လြတ္ခ္မန္းကို လက္စတာစီးတီးအသင္းက RB လိုက္ပ္ဇစ္အသင္းဆီကေန တစ္ရာသီအငွားနဲ႔ ေခၚယူခဲ့ၿပီး အသင္းရဲ႕ ကြင္းလယ္လူ ဒင္းနစ္ ပရက္ကိုေတာ့ စီးရီးေအကလပ္ တိုရီႏိုဆီ ျပန္လည္အငွားခ်သြားခဲ့။

– ဂီတာေဖးအသင္းမွာ ေျခစြမ္းျပေနတဲ့ စပိန္ဘယ္ေနာက္ခံလူ မာ့ခ္ ကူကူရဲလားအတြက္ ဘ႐ိုက္တန္အသင္းအေနနဲ႔ ႀကီးႀကီးမားမား ရင္းႏွီး ျမႇဳပ္ႏွံလိုက္ၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၁၈ သန္း (ေပါင္ ၁၅.၄ သန္း)ကို ေပးေခ်ခဲ့သလို အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ေနရာေပးသြားဖို႔ရွိေန။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ ႐ုရွားပရီးမီးယားလိဂ္ကလပ္ စပါးတပ္ ေမာ္စကိုအသင္းရဲ႕ ကြင္းလယ္လူ အဲလက္စ္ ခရယ္လ္ကို တစ္ရာသီ အငွားနဲ႔ ရာသီကုန္မွာ အၿပီးသတ္ေခၚယူခြင့္ ထည့္သြင္းရရွိႏိုင္ခဲ့ၿပီး CSKA ေမာ္စကိုအသင္းရဲ႕ ကြင္းလယ္တိုက္စစ္သမား နီကိုလာ ဗလာရွစ္ခ်္ကိုလည္း ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၃၀ + အနာဂတ္ခံစားခြင့္ ယူ႐ို ၉ သန္းနဲ႔ ေခၚယူႏိုင္ခဲ့။

– ခရစၥတယ္လ္ပဲေလ့စ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးတခ်ိဳ႕က စိတ္ဝင္စားခဲ့ဖူးတဲ့ ဆဲလ္တစ္တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၄ သန္းနဲ႔ အနာဂတ္ခံစားခြင့္ ေပါင္ ၄.၅ သန္း ထည့္သြင္းၿပီး ၄ ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူႏိုင္ခဲ့သလို နည္းျပ ပက္ထရစ္ ဗီယာရာအတြက္ အားတက္စရာျဖစ္လာ။

– အဲဗာတန္အသင္းအေနနဲ႔ ေဈးကြက္ထဲမွာ ပါးနပ္လြန္းတဲ့ ေပါေခ်ာင္ေကာင္း ေခၚယူမႈေတြ ဆက္တိုက္ျပဳလုပ္ေနၿပီး သူတို႔ရဲ႕ ေပါင္တစ္သန္းခြဲတန္ တိုက္စစ္မႉး ဒီမာ႐ိုင္ ဂေရးက ေျခစြမ္းျပေနခ်ိန္မွာ တ႐ုတ္ဆူပါလိဂ္ကလပ္ တလ်န္တိုက္စစ္မႉး ဆလိုမြန္ ႐ြန္ဒြန္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ၿပီး နည္းျပ ဘင္နီတက္ဇ္နဲ႔ နယူးကာဆယ္လ္၊ တလ်န္အသင္းေတြနဲ႔အၿပီး တတိယအႀကိမ္ လက္တြဲမႈျဖစ္လာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္အဖြင့္ ၃ ပြဲမွာ ၂ ပြဲ ပြဲထြက္ခြင့္ရခဲ့လို႔ အမာခံတစ္ေယာက္ ျဖစ္လာေတာ့မယ္လို႔ ထင္ျမင္ေနၾကတဲ့ ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို လိဒ္စ္ယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ ေရာင္းခ်သြားခဲ့ၿပီး လိုအပ္ေနတဲ့ ကြင္းလယ္အဖ်က္ကစားသမားကိုေတာ့ မရရွိဘဲ လြဲေခ်ာ္ခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကစားပုံ ေလ်ာ့ရဲေနလို႔ ေဝဖန္ခံေနရတဲ့ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို လာလီဂါကလပ္ ရီးရဲလ္ဘက္တစ္ဆီကို တစ္ရာသီအငွားနဲ႔ ပို႔ေဆာင္ႏိုင္ခဲ့ၿပီး ကစားသမားအေနနဲ႔ သူ႔ရဲ႕ ငယ္ဘဝက အားေပးခဲ့တဲ့ အသင္းကို သြားေရာက္ခြင့္ အတြက္ လစာေလွ်ာ့ယူသြားခဲ့။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေနာက္ဆုံးေန႔မွာ လူငယ္ကြင္းလယ္အဖ်က္ကစားသမား အီသန္ အမ္ပါဒူးကို ဆာအူးလ္ ညီးရက္ဇ္ ေရာက္လာလို႔ အငွားခ်သြားႏိုင္ခဲ့ေပမယ့္ အသင္းရဲ႕ ကစားခြင့္မရတဲ့ လုပ္ချမင့္ ကစားသမားေတြျဖစ္ၾကတဲ့ ေရာ့စ္ ဘာကလီနဲ႔ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္တို႔ကို ရွင္းမထုတ္ႏိုင္ဘဲ ပိုက္ေဘာမိသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.