La Liga Ligue1 Transfer News UCL&UEL

ငွေက အရေးမကြီးဘဲ အမ်ဘာပေကို မရောင်းချင်လို့ကို မရောင်းတာလို့ ချေပြခဲ့တဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ကစားသမားသစ် လီယွန်နယ် မက်ဆီနဲ့ အစေးမကပ်လို့ ကြိုက်ဈေးပေးရင် အသင်းကနေ ရောင်းထုတ်နိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှု မှန်သမျှကို ပယ်ချထိန်းသိမ်းသွားခဲ့ပြီး သူတို့ရဲ့ ခိုင်မာတဲ့ ရည်မှန်းချက်တွေအတွက် ပြင်ဆင်မှုကို ပြသခဲ့ပါတယ်။

ပါရီသားတွေရဲ့ ချန်ပီယံလိဂ် ရယူဖို့ စီမံကိန်းမှာ အဓိက ဒေါက်တိုင်တစ်ဦးဖြစ်တဲ့ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အချိုအချောင် ဝင်နှိုက်ခဲ့တဲ့ လုပ်ရပ်က ရှက်စရာဖြစ်ခဲ့အပြီးမှာ ဖလော်ရင်တီနို ပီရက်ဇ်အနေနဲ့ ယူရိုသန်း ၂၂၀ (ပေါင် ၁၈၉ သန်း)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အောင်မြင်မှုမရဘဲ ဖြစ်ခဲ့ရသလို မရေရာနိုင်သေးတဲ့ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ဖို့ကိုသာ မျက်ခြေပြတ်မခံဘဲ အာရုံစိုက်ရတော့မှာပါ။

ဒီအတွက် စောစောစီးစီးမှာ လေးစားမှု မပြသတဲ့ ရီးရဲလ်ရဲ့ လုပ်ရပ်ကို ပြစ်တင်ရမှာဖြစ်ပေမယ့် ဒီအကြောင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ဘဲ ပီအက်စ်ဂျီအသင်းကို ပိုင်ဆိုင်ထားတဲ့ ကာတာသူဌေးတွေအနေနဲ့ မရောင်းချင်လို့ကို မရောင်းတာဖြစ်ပြီး လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြင်သစ်တိုက်စစ်မှူးကို ဆုံးရှုံးရမယ်ဆိုရင်လည်း စိတ်မဝင်စားတာလို့ ပီတာဘားရားအသင်းပိုင်ရှင် ဒါရာ မက်အန်ထော်နီက သုံးသပ်သွားခဲ့ပါတယ်။

“အားလုံးကတော့ နှိုင်းရဂုဏ်သတ္တိတွေချည်းပါပဲ။ ကာတာတွေအနေနဲ့ ယူရိုသန်း ၂၂၀ ကို အလွတ်ပြောင်းရွှေ့ကြေးအတွက် ငြင်းလိုက်တယ် ဆိုတာက ကျွန်တော်တို့လို လူတွေ ကာစီနိုမှာ တစ်ညတည်း ပေါင်တစ်သောင်းရှုံးတဲ့ အဆင့်လောက်ပဲ ရှိပါတယ်။ သူတို့တွေ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် ဒါက ဘယ်လောက်မှ မရှိပါဘူး။ သူတို့တွေအနေနဲ့ အမ်ဘာပေကို ဆက်ထိန်းပြီး ချန်ပီယံလိဂ်ကို ဗိုလ်စွဲနိုင်ရင် ရလာမယ့် ဂုဏ်သိက္ခာနဲ့ဆိုရင် ဒါက မပြောပလောက်ပါဘူး”

“ကာတာသူဌေးတွေအတွက်တော့ ဒီပိုက်ဆံတွေဆိုတာက မိုနိုပိုလီထဲက ပိုက်ဆံနဲ့ တူတူပဲဗျ။ စာချုပ်တစ်နှစ်ကျန် ကစားသမားဆိုရင် ကျွန်တော့်တုန်းက အိုင်ဗန် တိုနီကို ရောင်းပစ်ခဲ့ရပေမယ့် သူတို့အတွက်ကတော့ မရောင်းဘဲ နေနိုင်လို့ နေတာပါပဲ။ ပြီးတော့ အမ်ဘာပေကို ရောင်းလိုက်ရင် အချိန်တိုအတွင်း ဘယ်သူနဲ့ ပြန်အစားထိုးမလဲ။ ဈေးကွက်ထဲမှာရော ဘောလုံးလောကမှာပါ နံပါတ် ၉ တိုက်စစ်မှူးက ရှားပါးကုန်ပဲဗျ… ဒါကြောင့် စပါးစ်က ဟာရီကိန်းကို ပက်ပက်စက်စက် ဈေးကိုင်ခဲ့တာပေါ့။ သူတို့ကို ငွေနဲ့ အစားထိုးဖို့ မလွယ်ဘူးလေ” လို့ မက်အန်ထော်နီက ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့ရဲ့ တဖြည်းဖြည်း မြင့်မားလာတဲ့ ပုံရိပ်နဲ့အတူ ငွေထက်အရေးကြီးတဲ့အရာတွေ ရှိနေခဲ့ပြီး ရီးရဲလ်မက်ဒရစ်လို ဥရောပဘုရင်တစ်ဆူကို တွန်းလှန်နိုင်ခဲ့သလို မက်ဆီ၊ ဆာဂျီယို ရာမို့စ်နဲ့ ဂျန်လွီဂီ ဒွန်နာရမ်မာတို့လို ကစားသမားကောင်းတွေက စုဆောင်းထားနိုင်ခဲ့တာ ကလည်း ခုလိုမျိုး ချေပြနိုင်တဲ့ အထောက်အပံ့ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် မက်အန်ထော်နီပြောသွားတဲ့အထဲက ကာတာတွေ(နက်ဆာ အယ်လ်ခယ်လိုင်ဖီတို့အုပ်စု)အနေနဲ့ ဘောလုံးဟာ မိုနိုပိုလီလို ဂိမ်းတစ်ခု ဖြစ်နေတာကြောင့် ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ အမ်ဘာပေအတွက် ယူရိုသန်း ၂၂၀ ကို လောင်းကစားလုပ်လိုက်မှုနဲ့အတူ သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်သွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်လာခဲ့ပြီး စီမံကိန်းတွေ အကောင်အထည်ပေါ်လာမလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ကစားသမားသစ္ လီယြန္နယ္ မက္ဆီနဲ႔ အေစးမကပ္လို႔ ႀကိဳက္ေဈးေပးရင္ အသင္းကေန ေရာင္းထုတ္ႏိုင္တယ္လို႔ ခန႔္မွန္းေနၾကတဲ့ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကမ္းလွမ္းမႈ မွန္သမွ်ကို ပယ္ခ်ထိန္းသိမ္းသြားခဲ့ၿပီး သူတို႔ရဲ႕ ခိုင္မာတဲ့ ရည္မွန္းခ်က္ေတြအတြက္ ျပင္ဆင္မႈကို ျပသခဲ့ပါတယ္။

ပါရီသားေတြရဲ႕ ခ်န္ပီယံလိဂ္ ရယူဖို႔ စီမံကိန္းမွာ အဓိက ေဒါက္တိုင္တစ္ဦးျဖစ္တဲ့ အမ္ဘာေပကို ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ အခ်ိဳအေခ်ာင္ ဝင္ႏႈိက္ခဲ့တဲ့ လုပ္ရပ္က ရွက္စရာျဖစ္ခဲ့အၿပီးမွာ ဖေလာ္ရင္တီႏို ပီရက္ဇ္အေနနဲ႔ ယူ႐ိုသန္း ၂၂၀ (ေပါင္ ၁၈၉ သန္း)နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမရဘဲ ျဖစ္ခဲ့ရသလို မေရရာႏိုင္ေသးတဲ့ ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚဖို႔ကိုသာ မ်က္ေျချပတ္မခံဘဲ အာ႐ုံစိုက္ရေတာ့မွာပါ။

ဒီအတြက္ ေစာေစာစီးစီးမွာ ေလးစားမႈ မျပသတဲ့ ရီးရဲလ္ရဲ႕ လုပ္ရပ္ကို ျပစ္တင္ရမွာျဖစ္ေပမယ့္ ဒီအေၾကာင္းတစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္ဘဲ ပီအက္စ္ဂ်ီအသင္းကို ပိုင္ဆိုင္ထားတဲ့ ကာတာသူေဌးေတြအေနနဲ႔ မေရာင္းခ်င္လို႔ကို မေရာင္းတာျဖစ္ၿပီး လာမယ့္ ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ျပင္သစ္တိုက္စစ္မႉးကို ဆုံးရႈံးရမယ္ဆိုရင္လည္း စိတ္မဝင္စားတာလို႔ ပီတာဘားရားအသင္းပိုင္ရွင္ ဒါရာ မက္အန္ေထာ္နီက သုံးသပ္သြားခဲ့ပါတယ္။

“အားလုံးကေတာ့ ႏႈိင္းရဂုဏ္သတၱိေတြခ်ည္းပါပဲ။ ကာတာေတြအေနနဲ႔ ယူ႐ိုသန္း ၂၂၀ ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးအတြက္ ျငင္းလိုက္တယ္ ဆိုတာက ကြၽန္ေတာ္တို႔လို လူေတြ ကာစီႏိုမွာ တစ္ညတည္း ေပါင္တစ္ေသာင္းရႈံးတဲ့ အဆင့္ေလာက္ပဲ ရွိပါတယ္။ သူတို႔ေတြ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ပမာဏနဲ႔ ႏႈိင္းယွဥ္ရင္ ဒါက ဘယ္ေလာက္မွ မရွိပါဘူး။ သူတို႔ေတြအေနနဲ႔ အမ္ဘာေပကို ဆက္ထိန္းၿပီး ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲႏိုင္ရင္ ရလာမယ့္ ဂုဏ္သိကၡာနဲ႔ဆိုရင္ ဒါက မေျပာပေလာက္ပါဘူး”

“ကာတာသူေဌးေတြအတြက္ေတာ့ ဒီပိုက္ဆံေတြဆိုတာက မိုႏိုပိုလီထဲက ပိုက္ဆံနဲ႔ တူတူပဲဗ်။ စာခ်ဳပ္တစ္ႏွစ္က်န္ ကစားသမားဆိုရင္ ကြၽန္ေတာ့္တုန္းက အိုင္ဗန္ တိုနီကို ေရာင္းပစ္ခဲ့ရေပမယ့္ သူတို႔အတြက္ကေတာ့ မေရာင္းဘဲ ေနႏိုင္လို႔ ေနတာပါပဲ။ ၿပီးေတာ့ အမ္ဘာေပကို ေရာင္းလိုက္ရင္ အခ်ိန္တိုအတြင္း ဘယ္သူနဲ႔ ျပန္အစားထိုးမလဲ။ ေဈးကြက္ထဲမွာေရာ ေဘာလုံးေလာကမွာပါ နံပါတ္ ၉ တိုက္စစ္မႉးက ရွားပါးကုန္ပဲဗ်… ဒါေၾကာင့္ စပါးစ္က ဟာရီကိန္းကို ပက္ပက္စက္စက္ ေဈးကိုင္ခဲ့တာေပါ့။ သူတို႔ကို ေငြနဲ႔ အစားထိုးဖို႔ မလြယ္ဘူးေလ” လို႔ မက္အန္ေထာ္နီက ဆိုပါတယ္။

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ သူတို႔ရဲ႕ တျဖည္းျဖည္း ျမင့္မားလာတဲ့ ပုံရိပ္နဲ႔အတူ ေငြထက္အေရးႀကီးတဲ့အရာေတြ ရွိေနခဲ့ၿပီး ရီးရဲလ္မက္ဒရစ္လို ဥေရာပဘုရင္တစ္ဆူကို တြန္းလွန္ႏိုင္ခဲ့သလို မက္ဆီ၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ ဂ်န္လြီဂီ ဒြန္နာရမ္မာတို႔လို ကစားသမားေကာင္းေတြက စုေဆာင္းထားႏိုင္ခဲ့တာ ကလည္း ခုလိုမ်ိဳး ေခ်ျပႏိုင္တဲ့ အေထာက္အပံ့ျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္ မက္အန္ေထာ္နီေျပာသြားတဲ့အထဲက ကာတာေတြ(နက္ဆာ အယ္လ္ခယ္လိုင္ဖီတို႔အုပ္စု)အေနနဲ႔ ေဘာလုံးဟာ မိုႏိုပိုလီလို ဂိမ္းတစ္ခု ျဖစ္ေနတာေၾကာင့္ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏိုင္ဖို႔ အမ္ဘာေပအတြက္ ယူ႐ိုသန္း ၂၂၀ ကို ေလာင္းကစားလုပ္လိုက္မႈနဲ႔အတူ သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြ ေအာင္ျမင္သြားႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာျဖစ္လာခဲ့ၿပီး စီမံကိန္းေတြ အေကာင္အထည္ေပၚလာမလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.